< ဆာလံ 137 >

1 ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည်ထိုင်၍၊ ဇိအုန်မြို့ကို အောက်မေ့လျက် ငိုကြွေးကြ၏။
Babil torpağında olanda Sionu yada salardıq, Çay kənarında oturaraq ağlayardıq,
2 ငါတို့စောင်းများကိုလည်း ထိုအရပ်တွင် မိုဃ်း မခပင်တို့၌ ဆွဲထားကြ၏။
Liralarımızı söyüd ağaclarından asardıq.
3 အကြောင်းမူကား၊ ထိုအရပ်၌ ငါတို့ကို ဘမ်း သွားချုပ်ထားသော သူနှင့်၊ ငါတို့ကိုညှဉ်းဆဲသောသူတို့က၊ ဇိအုန်သီချင်းကို ငါတို့အား ဆိုကြလော့ဟု၊ သီချင်းဆိုသံကို ၎င်း၊ ရွှင်လန်းသော အသံကို၎င်း ငါတို့၌ တောင်းကြပါ သည်တကား။
Bizi əsir edənlər Nəğmə oxumağımızı əmr edirdilər, Bizə zülm verənlər Onları şənləndirməyimizi istəyirdilər, «Bizim üçün Sion nəğmələrini oxuyun» deyirdilər.
4 တကျွန်းတနိုင်ငံ၌ ထာဝရဘုရား၏ သီချင်းကို အဘယ်သို့ ဆိုရပါမည်နည်း။
Axı yad ölkədə Rəbbin nəğmələrini necə oxuyaq?
5 အိုယေရုရှလင်မြို့၊ သင့်ကို ငါမေ့လျှင် ငါ့လက်ျာ လက်သည် မိမိအတတ်ကိုမေ့ပါစေ။
Ey Yerusəlim, əgər səni unutsam, Qoy sağ əlim qurusun.
6 သင့်ကိုငါမအောက်မေ့၊အမြတ်ဆုံးသော ဝမ်း မြောက်ခြင်းအကြောင်းထက်၊ ယေရုရှလင်မြို့ကို အမြတ် မထားလျှင်၊ ငါ့လျှာသည် အာခေါင်၌ထပ်ပါစေ။
Ey Yerusəlim, Səni anmasam, ən böyük sevincim olmasan, Qoy dilim damağıma yapışsın.
7 အိုထာဝရဘုရား၊ ယေရုရှလင်မြို့၏နေ့ရက် အချိန်ရောက်သောအခါ၊ မြို့ရိုးကို အမြစ်တိုင်အောင် ရှင်းလိုက်ကြ၊ ရှင်းလိုက်ကြဟု ဆိုကြသော ဧဒုံအမျိုးသား တို့ကို အောက်မေ့တော်မူပါ။
Ya Rəbb, Edomluları bir yada sal, Məğlubiyyət günü Yerusəlimdən danışırdılar, Deyirdilər: «Gəlin oranı uçuraq, təməlindən dağıdaq!»
8 ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး၊ သင် သည် ငါတို့၌ ပြုသည်အတိုင်း၊ သင်၌အပြစ်ကိုဆပ်ပေး သောသူသည် မင်္ဂလာရှိ၏။
Ey Babil qızı, xaraba qalacaqsan. Bizə etdiyinin əvəzini sənə verən qoy bəxtiyar olsun!
9 သင်၏သူငယ်တို့ကိုကိုင်ယူ၍၊ ကျောက်ပေါ်မှာ ဆောင့်သော သူသည် မင်္ဂလာရှိ၏။
Körpələrini daşa çırpıb öldürən bəxtiyar olsun!

< ဆာလံ 137 >