< ဆာလံ 135 >

1 ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြ လော့။
Msifuni Yahwe. Lisifuni jina la Yahwe. Msifuni yeye, enyi watumishi wa Yahwe,
2 ထာဝရဘုရား၏ အိမ်တော်၊ ငါတို့ ဘုရား သခင်၏ အိမ်တော်တန်တိုင်းတွင် အမှုစောင့်သော ထာဝရဘုရား၏ ကျွန်တော်တို့၊ ချီးမွမ်း ခြင်းကိုပြုကြ လော့။
ninyi msimamao katika nyumba ya Yahwe, katika nyua za nyumba ya Mungu wetu.
3 ထာဝရဘုရားသည် ကောင်းမြတ်တော်မူသော ကြောင့်၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ ထိုသို့သော အမှုသည် တင့်တယ်လျောက်ပတ်ပေ၏။
Msifuni Yahwe, kwa kuwa ni mwema; liimbieni sifa jina lake, maana ni vizuri kufanya hivyo.
4 အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော်အဘို့၎င်း၊ ဣသရေလအမျိုးကို ဘဏ္ဍာတော်ဖြစ်စေခြင်းငှါ၎င်း ရွေးကောက်တော်မူပြီ။
Kwa kuwa Yahwe amemchagua Yakobo kwa ajili yake mwenyewe, Israeli kama urithi wake.
5 ထာဝရဘုရားသည် ကြီးတော်မူကြောင်း၊ ငါတို့ ၏ဘုရားရှင်သည် ဘုရားတကာတို့ထက် မြတ်တော် မူကြောင်းကို ငါသိ၏။
Najua ya kuwa Yahwe ni mkuu, na kwamba Bwana wetu yuko juu ya miungu yote.
6 ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကို ပြုတော်မူ၏။
Chochote Yahwe apendacho, hufanya mbinguni, duniani, katika bahari na katika vilindi vyote.
7 မြေကြီးစွန်းမှ မိုဃ်းတိမ်တို့ကို တက်စေတော် မူ၏။ မိုဃ်းနှင့်တကွ လျှပ်စစ်ကို ဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ၏။
Hushusha mawingu kutoka mbali, akifanya mianga ya radi kuongozana na mvua na kuleta upepo toka katika ghala yake.
8 အဲဂုတ္တုပြည်၌ လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ၏။
Aliua mzaliwa wa kwanza wa Misri, wote wanadamu na wanyama.
9 အို အဲဂုတ္တုပြည်၊ သင်၏အထဲမှာ ဖာရောမင်းမှ စ၍၊ သူ၏ကျွန်အပေါင်းတို့၏အပေါ်သို့ လက္ခဏာ သက်သေ၊ အံ့ဘွယ်သောအမှုတို့ကို စေလွှတ်တော်မူ၏။
Alituma ishara na maajabu kati yako Misri, dhidi ya Farao na watumishi wake wote.
10 ၁၀ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်း၊
Aliwashambulia mataifa mengi na aliua wafalme wenye nguvu,
11 ၁၁ ဗာရှန်ပြည်ကို အစိုးရ သောဩဃမင်းနှင့်တကွ၊ ဘုန်းကြီးသော ရှင်ဘုရင်များကို ကွပ်မျက်၍၊ များပြား သော လူမျိုးနှင့်တကွ၊ ခါနာန်တိုင်းနိုင်ငံအပေါင်းတို့ကို လုပ်ကြံသဖြင့်၊
Sihoni mfalme wa Waamori na Ogu mfalme wa Bashani na falme zote za Kanaani.
12 ၁၂ သူတို့နေရာ မြေကိုလွှဲ၍၊ မိမိလူ ဣသရေလ အမျိုးအား အမွေကို ပေးချေတော်မူ၏။
Alitupatia sisi nchi yao kama urithi, urithi wa Israeli watu wake.
13 ၁၃ အိုထာဝရဘုရား၊ ကိုယ်တော်၏ အမည်သည် နိစ္စထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား၊ ဘွဲ့နာမတော် သည် ကာလအစဉ်အဆက် တည်ပါ၏။
Jina lako, Yahwe, inadumu milele; Yahwe, kumbukumbu lako vizazi hata vizazi.
14 ၁၄ ထာဝရဘုရားသည် မိမိကျွန်တို့၏ အတွက် နောင်တရ၍၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ၏။
Kwa kuwa Bwana huwatetea watu wake na anahuruma juu ya watumishi wake.
15 ၁၅ သာသနာပလူတို့ ကိုးကွယ်သော ရုပ်တုတို့ကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ် သော အရာပေတည်း။
Sanamu za mataifa ni fedha na dhahabu, kazi ya mikono ya wanadamu.
16 ၁၆ ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။
Sanamu hizo zina vinywa, lakini haziongei; zina macho, lakini hazioni;
17 ၁၇ နားရှိ၍ မကြားတတ်။ သူတို့ပစပ်၌လည်း ထွက်သက်ဝင်သက် မရှိပါတကား။
zina masikio, lakini hazisikii, wala vinywani mwao hamna pumzi.
18 ၁၈ လုပ်သော သူတို့လည်း အတူတူ၊ ကိုးစားသော သူအပေါင်းတို့လည်း အတူတူပါတကား။
Wale wazitengenezao wanafanana nazo, vilevile kila anaye zitumainia.
19 ၁၉ အိုဣသရေလ အမျိုး၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ အိုအာရုန် အမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။
Enyi kizazi cha Israeli, mtukuzeni Yahwe; kizazi cha Haruni, mtukuzeni Yahwe.
20 ၂၀ အိုလေဝိအမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်း ကြီးပေးလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။
Kizazi cha Lawi, mtukuzeni Yahwe.
21 ၂၁ ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ မင်္ဂလာရှိတော် မူစေသတည်း။ ဟာလေလုယ။
Atukuzwe Yahwe katika Sayuni, yeye aishiye Yerusalemu. Msifuni Yahwe.

< ဆာလံ 135 >