< ဆာလံ 128 >

1 ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော် သို့ လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။
שיר המעלות אשרי כל ירא יהוה ההלך בדרכיו׃
2 ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ် ဆောင်၍ရသော အစာကို စားရလိမ့်မည်။ မင်္ဂလာရှိ၍ ကောင်းစားရလိမ့်မည်။
יגיע כפיך כי תאכל אשריך וטוב לך׃
3 သင်၏မယားသည် သင့်အိမ်နားမှာ များစွာ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီး တို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင် များကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
אשתך כגפן פריה בירכתי ביתך בניך כשתלי זיתים סביב לשלחנך׃
4 ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် ထိုသို့ သော မင်္ဂလာရှိရလိမ့်မည်။
הנה כי כן יברך גבר ירא יהוה׃
5 ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းကြီးပေးတော်မူ၍၊ ယေရုရှလင်မြို့ခံရသော ကောင်းကျိုးကို တသက်လုံးမြင်ရလိမ့်မည်။
יברכך יהוה מציון וראה בטוב ירושלם כל ימי חייך׃
6 မိမိသားသမီးတို့၌ ဘွားမြင်သော သားသမီး တို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလအမျိုး၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော။
וראה בנים לבניך שלום על ישראל׃

< ဆာလံ 128 >