< ဆာလံ 125 >

1 ထာဝရဘုရားကို ခိုလှုံသော သူတို့သည် မတုန် မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ ၏။
שיר המעלות הבטחים ביהוה כהר ציון לא ימוט לעולם ישב׃
2 တောင်ရိုးတို့သည် ယေရုရှလင်မြို့ကို ဝန်းရံ သကဲ့သို့၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ၍၊ ကာလအစဉ်မပြတ်ဝန်းရံတော်မူ၏။
ירושלם הרים סביב לה ויהוה סביב לעמו מעתה ועד עולם׃
3 ဖြောင့်မတ်သော သူတို့သည် ဒုစရိုက်ကို ပြုသော အခွင့်မရှိစေခြင်းငှါ၊ မတရားသောသူတို့၏ လှံတံသည် ဖြောင့်မတ်သော သူတို့၏ အမွေခံရာအဘို့အပေါ်မှာ မတည်မနေရ။
כי לא ינוח שבט הרשע על גורל הצדיקים למען לא ישלחו הצדיקים בעולתה ידיהם׃
4 အိုထာဝရဘုရား၊ ကောင်းသောသူ၊ သဘော ဖြောင့်သော သူတို့အား ကျေးဇူးပြုတော်မူပါ။
היטיבה יהוה לטובים ולישרים בלבותם׃
5 ကောက်သောလမ်းများသို့ လွှဲသွားသော သူတို့ ကိုကား၊ ထာဝရဘုရားသည် မတရားသဖြင့်ပြုသော သူတို့နှင့်အတူ ထုတ်သွားတော်မူမည်။ ဣသရေလအမျိုး ၌ ငြိမ်ဝပ်ခြင်း ရှိပါစေသော။
והמטים עקלקלותם יוליכם יהוה את פעלי האון שלום על ישראל׃

< ဆာလံ 125 >