< ဆာလံ 124 >

1 ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်ဟူသော စကားနှင့် ချီ၍၊ ဣသရေလအမျိုးဆိုရ သောစကား ဟူမူကား၊
Píseň stupňů, Davidova. Byť Hospodina s námi nebylo, rciž nyní, Izraeli,
2 ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်၊ လူတို့သည် ငါတို့ရန်ဘက်၌ နေကြသောအခါ၊
Byť Hospodina s námi nebylo, když lidé povstali proti nám:
3 အမျက်ထွက်၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား။
Tehdáž by nás byli za živa sehltili v rozpálení hněvu svého proti nám;
4 ထိုအခါ ငါတို့ကို ရေသည်၊ လွှမ်းမိုး၍ စီးသော ရေသည် ငါတို့ဝိညာဉ်အပေါ်မှာ ကျော်သွားပြီ တကား။
Tehdáž by nás byly přikvačily vody, proud zachvátil by byl duši naši;
5 စော်ကားသော ရေတို့သည် ငါတို့အသက် ဝိညာဉ်အပေါ်မှာ ကျော်သွားကြပြီတကား။
Tehdáž zachvátily by byly duši naši ty vody zduté.
6 သူတို့သွားနှင့် ကိုက်ခဲရာဘို့ ငါတို့ကို အပ်တော် မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။
Požehnaný Hospodin, kterýž nás nevydal v loupež zubům jejich.
7 ငှက်သည် မုဆိုးတို့၏ ကျော့ကွင်းထဲက လွတ် သကဲ့သို့၊ ငါတို့အသက်သည် လွတ်လျက်ရှိ၏။ ကျော့ကွင်း ပြတ်၍ ငါတို့သည် လွတ်ကြပြီ။
Duše naše jako ptáče znikla osídla ptáčníků; osídlo se ztrhalo, i vynikli jsme.
8 ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော ထာဝရဘုရား၏ နာမတော်အားဖြင့်၊ ငါတို့သည် မစခြင်းကျေးဇူးကို ခံရကြသတည်း။
Pomoc naše jest ve jménu Hospodinovu, kterýž učinil nebe i zemi.

< ဆာလံ 124 >