< ဆာလံ 123 >

1 ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော် မူသောဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် မျှော်ကြည့်ပါ၏။
שִׁ֗יר הַֽמַּ֫עֲלֹ֥ות אֵ֭לֶיךָ נָשָׂ֣אתִי אֶת־עֵינַ֑י הַ֝יֹּשְׁבִ֗י בַּשָּׁמָֽיִם׃
2 ကျွန်တို့သည် သခင်လက်ကို၎င်း၊ ကျွန်မတို့သည် သခင်မလက်ကို၎င်း မျှော်ကြည့်သည်နည်းတူ၊ အကျွန်ုပ်တို့ သည် ကယ်မသနားတော်မူခြင်းကျေးဇူးကို မခံမှီတိုင် အောင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်လျက်နေကြပါ၏။
הִנֵּ֨ה כְעֵינֵ֪י עֲבָדִ֡ים אֶל־יַ֤ד אֲ‍ֽדֹונֵיהֶ֗ם כְּעֵינֵ֣י שִׁפְחָה֮ אֶל־יַ֪ד גְּבִ֫רְתָּ֥הּ כֵּ֣ן עֵ֭ינֵינוּ אֶל־יְהוָ֣ה אֱלֹהֵ֑ינוּ עַ֝֗ד שֶׁיְּחָנֵּֽנוּ׃
3 အို ထာဝရဘုရား၊ ကယ်မသနားတော်မူပါ။ အကျွန်ုပ်တို့သည် အလွန်အရှက်ကွဲခြင်းကိုခံရပါသည် ဖြစ်၍၊ ကယ်မသနားတော်မူပါ။
חָנֵּ֣נוּ יְהוָ֣ה חָנֵּ֑נוּ כִּֽי־רַ֝֗ב שָׂבַ֥עְנוּ בֽוּז׃
4 မထီမဲ့မြင်ပြုသော သူတို့၏ ကဲ့ရဲ့ခြင်းကို၎င်း၊ မာနကြီးသော သူတို့၏ အရှက်ခွဲခြင်းကို၎င်း၊ အကျွန်ုပ်တို့ ၏ ဝိညာဉ်သည် အလွန်ခံရပါ၏။
רַבַּת֮ שָֽׂבְעָה־לָּ֪הּ נַ֫פְשֵׁ֥נוּ הַלַּ֥עַג הַשַּׁאֲנַנִּ֑ים הַ֝בּ֗וּז לִגְאֵ֥יֹונִֽים׃

< ဆာလံ 123 >