< ဆာလံ 115 >

1 အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ ကိုယ်တော်၏နာမ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေ သတည်း။
Sio kwetu, Yahwe, sio kwetu, bali kwa jina lako ulete heshima, kwa ajili ya uaminifu wa agano lako na uaminifu wako.
2 သူတို့၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း။
Kwa nini mataifa yalazimike kusema, “Yuko wapi Mungu wako?”
3 ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။
Mungu wetu aliye mbinguni; hufanya chochote apendacho.
4 သူတို့၏ရုပ်တုများမူကား ငွေလည်းဖြစ်၏။ ရွှေလည်း ဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။
Sanamu za mataifa ni fedha na dhahabu, kazi ya mikono ya wanadamu.
5 ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။
Sanamu hizo zina vinywa, lakini haziongei; zina macho, lakini hazioni;
6 နားရှိ၍မကြားတတ်။ နှာခေါင်းရှိ၍မနမ်းတတ်။
zina masikio, lakini hazisikii; zina pua lakini hazinusi.
7 လက်ရှိ၍ မကိုင်တတ်။ ခြေရှိ၍မသွားတတ်။ သူတို့လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား။
Sanamu hizo zina mikono, lakini hazishiki; zina miguu, lakini haziwezi kutembea; wala haziongei kutoka viywani mwao.
8 လုပ်သောသူတို့လည်း အတူတူပါတကား။
Wale wanao zitengeneza wanafanana nazo, vile vile yeyote anaye amini katika hizo.
9 အို ဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစား လော့။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသော သူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏။
Israeli, amini katika Yahwe; yeye ni msaada wako na ngao yako.
10 ၁၀ အိုအာရုန်အမျိုးအနွယ်၊ ထာဝရဘုရားကို ကိုးစားလော့။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။
Nyumba ya Haruni, amini katika Yahwe; yeye ni msaada wako na ngao yako.
11 ၁၁ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထိုဘုရားကို ကိုးစားကြလော့။ ထာဝရဘုရားသည် ထိုသို့ သော သူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော် မူ၏။
Ninyi mnao mheshumu Yahwe, mwamini yeye; yeye ni msaada wenu na ngao yenu.
12 ၁၂ ထာဝရဘုရားသည် ငါတို့ကို အောက်မေ့တော် မူ၏။ ကောင်းကြီးပေးတော်မူမည်။ ဣသရေလအမျိုးကို ကောင်းကြီးပေးတော်မူမည်။ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည်။
Yahwe hutukumbuka sisi na atatubariki; ataibariki familia ya Israeli; atabariki familia ya Haruni.
13 ၁၃ ထာဝရဘုရားကို ကြောက်ရွံ့သောသူ အကြီး အငယ်တို့ကို ကောင်းကြီးပေးတော်မူမည်။
Atawabariki wale wanao muheshimu yeye, wote vijana na wazee.
14 ၁၄ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ သားမြေးတို့၌ မင်္ဂလာကို တိုးပွားစေတော်မူမည်။
Yahwe na awaongeze ninyi zaidi na zaidi, ninyi pamoja na watoto wenu.
15 ၁၅ သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန် ဆင်းသော ထာဝရဘုရား ကောင်းကြီးပေးတော်မူသော သူ ဖြစ်ကြ၏။
Yahwe na awabariki, aliyeziumba mbingu na nchi.
16 ၁၆ ကောင်းကင်ကား၊ ထာဝရဘုရား၏ ကောင်း ကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော် မူပြီ။
Mbingu ni za Yahwe; lakini nchi amewapa wanadamu.
17 ၁၇ သေလွန်သောသူ၊ ငြိမ်းရာထဲသို့ ဆင်းသောသူ ရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ။
Wafu hawamsifu Yahwe, wala wote washukao chini kwenye ukimya;
18 ၁၈ ငါတို့မူကား၊ ထာဝရဘုရားကို ယခုမှစ၍ အစဉ် အဆက် ကောင်းကြီးပေးကြလေအံ့သတည်း။ ဟာလေ လုယ။
bali tutamtukuza Yahwe sasa na hata milele. Msifuni Yahwe.

< ဆာလံ 115 >