< သုတ္တံကျမ်း 30 >

1 ယာကေသားအာဂုရသည် ဣသေလနှင့် ဥကလ ကို ဆုံးမသောတရားစကား ဟူမူကား၊
Maneno ya Aguri mwana wa Yake - mausia: Mtu huyu alimwambia Ithieli, kwa Ithiel na Ukali:
2 အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူဥာဏ်နှင့် မပြည့်စုံ။
Hakika nipo kama mnyama kuliko mwanadamu na sina ufahamu wa wanadamu.
3 ပညာတရားကို မသင်၊ သန့်ရှင်းသော အရာ တို့ကို မလေ့ကျက်။
Sijajifunza hekima, wala sina maarifa ya Mtakatifu.
4 ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။
Je ni nani amekwenda juu mbinguni na kurudi chini? Je ni nani aliyekusanya upepo kwenye mikono yake? Je ni nani aliyekusanya maji kwenye kanzu? Je ni nani aliyeziimarisha ncha za dunia yote? Jina lake ni nani, na jina la mtoto wake ni nani? Hakika unajua!
5 ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။
Kila neno la Mungu limejaribiwa, yeye ni ngao kwa wale wanaokimbilia kwake.
6 စကားတော်၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည်။
Usiyaongezee maneno haya, au atakukemea, na utathibitishwa kuwa mwongo.
7 ကိုယ်တော်ထံမှာ ဆုနှစ်ပါးကို အကျွန်ုပ်တောင်း ပါ၏။ အကျွန်ုပ်မသေမှီတိုင်အောင် ငြင်းတော်မမူပါနှင့်။
Vitu viwili ninakuomba, usivikatalie kwangu kabla sijafa:
8 အကျွန်ုပ်မှ အနတ္တနှင့် မုသာကိုပယ်တော်မူပါ။ ဆင်း ရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောပညာကိုသာ ပေးတော်မူပါ။
Majivuno na uongo viweke mbali nami. Usinipe umasikini wala utajiri, nipe tu chakula ninachohitaji.
9 သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
Maana nikipata vingi zaidi, nitakukana wewe na kusema, “Yehova ni nani?” Au kama nitakuwa masikini, nitaiba na kukufuru jina la Mungu wangu.
10 ၁၀ ကျွန်၏ အကျိုးကိုဖျက်ခြင်းငှါ သူ၏သခင်ကို မပြောနှင့်။ ပြောလျှင်ကျွန်သည် သင့်ကိုကျိန်ဆဲ၍၊ သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
Usimkashifu mtumwa mbele ya bwana wake, au atakulaani na utapata hatia.
11 ၁၁ အဘကိုကျိန်ဆဲ၍ အမိကိုလည်း ကောင်းကြီး မပေးတတ်သောလူတမျိုး၊
Kizazi ambacho kinachomlaa baba yao na hakimbariki mama yao,
12 ၁၂ ငါသည် စင်ကြယ်၏ဟု မိမိကိုယ်ထင်သော် လည်း၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတမျိုး၊
kizazi hicho ni safi katika macho yao wenyewe, lakini hawajaoshwa uchafu wao.
13 ၁၃ အလွန်စိတ်မြင့်၍ မော်ကြည့်တတ်သော လူတမျိုး၊
Hicho ni kizazi- jinsi gani macho yao yanakiburi na kope zao zimeinuka juu! -
14 ၁၄ ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။
kuna kizazi ambacho meno yao ni upanga, na mifupa ya taya zao ni visu, ili waweze kumrarua masikini wamtoe duniani na mhitaji atoke miongoni mwa wanadamu.
15 ၁၅ မျှော့ကောင်၌ပေးပါနှင့်ပေးပါဟူသော သမီးနှစ် ကောင်ရှိ၏။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား၊
Ruba anamabinti wawili, “Toa na Toa” wanalia. Kuna vitu vitatu ambavyo havitosheki, vinne ambavyo havisememi, “Inatosha”:
16 ၁၆ သင်္ချိုင်းတပါး၊ မြုံသောမိန်းမဝမ်းတပါး၊ ရေမဝ နိုင်သောမြေတပါး၊ တန်တော့ဟု မဆိုတတ်သော မီးတပါးတည်း။ (Sheol h7585)
Kuzimu, tumbo tasa, nchi yenye kiu kwa maji, na moto usiosema, “Inatosha.” (Sheol h7585)
17 ၁၇ အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။
Jicho ambalo linamdhihaki baba na kudharau utii kwa mama, macho yake yatadonolewa na kunguru wa bondeni, na ataliwa na tai.
18 ၁၈ ငါ့ဥာဏ်မမှီနိုင်သော အရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သော အရာလေးပါးဟူမူကား၊
Kuna vitu vitatu ambavyo vinanishangaza, vinne ambavyo sivifahamu:
19 ၁၉ လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။
njia ya tai angani; njia ya nyoka juu ya mwamba; njia ya meli kwenye moyo wa bahari; na njia ya mtu pamoja mwanake kijana.
20 ၂၀ မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ်၏။ အစာစားပြီးမှ မိမိပစပ်ကိုသတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟုဆိုတတ်၏။
Hii ni njia ya mzinzi- anakula na kufuta kinywa chake na kusema, “sijafanya ubaya wowote.”
21 ၂၁ မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက၊ မြေကြီးမခံနိုင်သော အရာလေးပါးဟူမူကား၊
Chini ya vitu vitatu dunia hutetemeka na vinne haiwezi kuvivumilia:
22 ၂၂ မင်းပြုသောကျွန်တပါး၊ ဝစွာစားရသော လူမိုက် တပါး၊
mtumwa anapokuwa mfalme; mpumbavu anaposhiba vyakula;
23 ၂၃ လက်ထပ်သော မိန်းမဆိုးတပါး၊ သခင်မ ဥစ္စာ ကို အမွေခံရသော ကျွန်မတပါးတည်း။
mwanamke anayechukiwa anapoolewa; kijakazi anapochukua nafasi ya mkuu wake.
24 ၂၄ မြေကြီးပေါ်မှာ သေးနုပ်သော်လည်း၊ အထူး သဖြင့် ပညာရှိသော အရာလေးပါးဟူမူကား၊
Vitu vinne duniani ni vidogo na bado vinabusara:
25 ၂၅ ခွန်အားမရှိသောအမျိုးဖြစ်သော်လည်း၊ နွေ ကာလ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပရွက်ဆိတ် တပါး၊
mchwa ni viumbe ambao sio imara, lakini huandaa chakula chao wakati wa hari,
26 ၂၆ မသန်စွမ်းသော အမျိုးဖြစ်သော်လည်း၊ ကျောက် တွင်း၌ နေရာချတတ်သော ရှာဖန်ယုန်တပါး၊
Wibari siyo viumbe wenye nguvu, lakini hutengeneza makazi yake kwenye miamba.
27 ၂၇ မင်းမရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်း သွားတတ်သောကျိုင်းတပါး၊
Nzige hawana mfalme, lakini wote wanamwendo wa mpangilio.
28 ၂၈ လက်ဖြင့်ကိုင်ဆွဲ၍၊ နန်းတော်၌ပင် နေတတ် သော အိမ်မြှောင်တပါးတည်း။
Kama mjusi, unaweza kumkunja kwa mikono yako miwili, lakini wanapatikana katika majumba ya wafalme.
29 ၂၉ ကောင်းစွာသွားတတ်သော အရာသုံးပါးမက၊ အသွားလှသော အရာလေးပါးဟူမူကား၊
Kuna vitu vitatu ambavyo ni fahari katika mwendo na vinne ambavyo ni fahari katika namna ya kutembea:
30 ၃၀ တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး၍၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တပါး၊
simba, aliyeimara miongoni mwa wanyama- wala hajiepushi na kitu chochote;
31 ၃၁ စစ်မြင်းတပါး၊ ဆိတ်ထီးတပါး၊ အဘယ်သူမျှ မဆီးတားနိုင်သော ရှင်ဘုရင်တပါးတည်း။
jogoo anayetembea kwa mikogo; mbuzi; na mfalme ambaye askari wapo kando yake.
32 ၃၂ သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှု ကို ပြုမိသော်၎င်း၊ မကောင်းသော အကြံကိုကြံမိ သော်၎င်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။
Kama umekuwa mpumbavu, jitukuze mwenyewe, au kama umekuwa ukisimamia vibaya- weka mkono wako juu ya kinywa chako.
33 ၃၃ အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်တွက် တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။
Kama kusuka maziwa hufanya siagi na pua ya mtu hutoa damu kama imepigwa, basi matendo yanayofanywa kwa hasira huzalisha mafarakano.

< သုတ္တံကျမ်း 30 >