< သုတ္တံကျမ်း 3 >

1 ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။
Oğlum, unutma öğrettiklerimi, Aklında tut buyruklarımı.
2 အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ်ခြင်းကို ၎င်း တိုးပွါးစေလိမ့်မည်။
Çünkü bunlar ömrünü uzatacak, Yaşam yıllarını, esenliğini artıracaktır.
3 ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့် မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ဆွဲထား လော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။
Sevgiyi, sadakati hiç yanından ayırma, Bağla onları boynuna, Yaz yüreğinin levhasına.
4 ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့လူတို့ရှေ့မှာ မျက်နှာရ၍၊ ကျေးဇူးကို ခံရလိမ့်မည်။
Böylece Tanrı'nın ve insanların gözünde Beğeni ve saygınlık kazanacaksın.
5 ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
RAB'be güven bütün yüreğinle, Kendi aklına bel bağlama.
6 သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
Yaptığın her işte RAB'bi an, O senin yolunu düze çıkarır.
7 ငါသည်ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။
Kendini bilge biri olarak görme, RAB'den kork, kötülükten uzak dur.
8 သို့ပြုလျှင်၊ သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။
Böylece bedenin sağlık Ve ferahlık bulur.
9 သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။
Servetinle ve ürününün turfandasıyla RAB'bi onurlandır.
10 ၁၀ သို့ပြုလျှင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံလိမ့်မည်။
O zaman ambarların tıka basa dolar, Teknelerin yeni şarapla dolup taşar.
11 ၁၁ ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသော အခါ စိတ်မပျက်စေနှင့်။
Oğlum, RAB'bin terbiye edişini hafife alma, O'nun azarlamasından usanma.
12 ၁၂ ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသော သူကို ဆုံးမ တော်မူတတ်၏။
Çünkü RAB, oğlundan hoşnut bir baba gibi, Sevdiğini azarlar.
13 ၁၃ ဥာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာ ရှိ၏။
Bilgeliğe erişene, Aklı bulana ne mutlu!
14 ၁၄ အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏။ ပညာကုန်သွယ် ၍ ရသောအမြတ်လည်း ရွှေစင်ထက် သာ၍ကောင်း၏။
Gümüş kazanmaktansa onu kazanmak daha iyidir. Onun yararı altından daha çoktur.
15 ၁၅ ပညာသည် ပတ္တမြားထက်သာ၍ အဘိုးထိုက် ပေ၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
Daha değerlidir mücevherden, Dileyeceğin hiçbir şey onunla kıyaslanamaz.
16 ၁၆ သူ၏လက်ျာလက်၌ အသက်တာရှည်သော ကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။
Sağ elinde uzun ömür, Sol elinde zenginlik ve onur vardır.
17 ၁၇ ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာ လမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။
Yolları sevinç yollarıdır, Evet, bütün yolları esenliğe çıkarır.
18 ၁၈ ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကို ရပြီ။ လက်မလွှတ်သော သူသည် မင်္ဂလာရှိ၏။
Bilgelik yaşam ağacıdır ona sarılanlara, Ne mutlu ona sımsıkı tutunanlara!
19 ၁၉ ထာဝရဘုရားသည် ပညာတော်အားဖြင့် မြေကြီးကိုတည်၍၊ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင် ကို ပြင်ဆင်တော်မူပြီ။
RAB dünyanın temelini bilgelikle attı, Gökleri akıllıca yerleştirdi.
20 ၂၀ သိပ္ပံအတတ်တော်အားဖြင့် နက်နဲသောအရပ် အက်ကွဲ၍၊ မိုဃ်းတိမ်မှလည်း နှင်းရည်ကျတတ်၏။
Bilgisiyle enginler yarıldı, Bulutlar suyunu verdi.
21 ၂၁ ငါ့သား၊ ပညာရတနာနှင့် သမ္မာသတိကို သင့် မျက်မှောက်မှ မကွာစေဘဲ၊ အစဉ်စောင့်ရှောက်လော့။
Oğlum, sağlam öğüde, sağgörüye tutun. Sakın gözünü ayırma onlardan.
22 ၂၂ သို့ပြုလျှင်၊ ထိုရတနာတို့သည် သင်၏ဝိညာဉ်၌ အသက်၊ သင်၏လည်ပင်း၌ ဂုဏ်အသရေဖြစ်လိမ့်မည်။
Onlar sana yaşam verecek Ve boynuna güzel bir süs olacak.
23 ၂၃ သင်သည်ခရီးသွားရာ၌ ဘေးမရှိ။ ခြေမတိုက်မိ ဘဲ သွားလိမ့်မည်။
O zaman güvenlik içinde yol alırsın, Sendelemeden.
24 ၂၄ အိပ်သောအခါ ကြောက်စရာမရှိရ။ကောင်းမွန် စွာ အိပ်ပျော်ရလိမ့်မည်။
Korkusuzca yatar, Tatlı tatlı uyursun.
25 ၂၅ လျင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာ ဘေးကို ကြောက်စရာမရှိရ။
Beklenmedik felaketten, Ya da kötülerin uğradığı yıkımdan korkma.
26 ၂၆ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာဖြစ်၍၊ သင်၏ခြေကိုမကျော့မိ စေခြင်းငှါ စောင့်မတော်မူလိမ့်မည်။
Çünkü senin güvencen RAB'dir, Tuzağa düşmekten seni O koruyacaktır.
27 ၂၇ ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။
Elinden geldikçe, İyiliğe hakkı olanlardan iyiliği esirgeme.
28 ၂၈ အိမ်နီးချင်းကိုပေးစရာရှိလျက်ပင်၊ သွားတော့။ တဖန်လာဦးတော့။ နက်ဖြန်မှ ငါပေး မည်ဟု မပြောနှင့်။
Elinde varken komşuna, “Bugün git, yarın gel, o zaman veririm” deme.
29 ၂၉ စိုးရိမ်ခြင်းမရှိဘဲ သင့်အနားမှာနေသော အိမ်နီး ချင်း၌ မကောင်းသော အကြံကိုမကြံနှင့်။
Sana güvenerek yanında yaşayan komşuna Kötülük tasarlama.
30 ၃၀ သင်၌ အပြစ်မပြုသောသူကို အကြောင်းမရှိဘဲ ရန်မတွေ့
Sana kötülük etmemiş biriyle Yok yere çekişme.
31 ၃၁ ညှဉ်းဆဲတတ်သောသူ၏ စည်းစိမ်ကိုမတောင့်တ နှင့်။ သူလိုက်သော လမ်းတစုံတခုကိုမျှ အလိုမရှိနှင့်။
Zorba kişiye imrenme, Onun yollarından hiçbirini seçme.
32 ၃၂ အကြောင်းမူကား၊ ထာဝရဘုရားသည် သဘော ကောက်သော သူတို့ကို စက်ဆုပ်ရွံ့ရှာတော်မူ၏။ ဖြောင့် မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့်မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။
Çünkü RAB sapkınlardan tiksinir, Ama doğruların candan dostudur.
33 ၃၃ မတရားသောသူ၏ နေရာသည်ထာဝရဘုရား ကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏ နေရာကို ကားကောင်းကြီးပေးတော်မူ၏။
RAB kötülerin evini lanetler, Doğruların oturduğu yeriyse kutsar.
34 ၃၄ အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့ တော်မူ၏။ စိတ်နှိမ့်ချသော သူတို့အားကား၊ ကျေးဇူးပြု တော်မူ၏။
RAB alaycılarla alay eder, Ama alçakgönüllülere lütfeder.
35 ၃၅ ပညာရှိသောသူတို့သည် ဘုန်းအသရေကို အမွေခံရ၍၊ မိုက်သောသူတို့မူကား၊ အရှက်ကွဲခြင်းကို ထမ်းသွားရကြလိမ့်မည်။
Bilge kişiler onuru miras alacak, Akılsızlara yalnız utanç kalacak.

< သုတ္တံကျမ်း 3 >