< သုတ္တံကျမ်း 27 >

1 နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။
Yarınla övünme, Çünkü ne getireceğini bilemezsin.
2 ကိုယ်တိုင်ကိုယ်ကို မချီးမွမ်းဘဲ သူတပါးချီးမွမ်း ပါလေစေ။ ကိုယ်နှုတ်နှင့် ကိုယ်ကိုမချီးမွမ်းဘဲ၊ ကိုယ်နှင့် မဆိုင်သော သူတပါး ချီးမွမ်းပါလေစေ။
Seni kendi ağzın değil, başkaları övsün, Kendi dudakların değil, yabancı övsün.
3 ကျောက်နှင့်သဲသည်လေး၏။ မိုက်သောသူ၏ ဒေါသသည် ထိုနှစ်ပါးထက် သာ၍လေး၏။
Taş ağırdır, kum bir yüktür, Ama ahmağın kışkırtması ikisinden de ağırdır.
4 မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။
Öfke zalim, hiddet azgındır, Ama kıskançlığa kim dayanabilir?
5 ထင်ရှားစွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ်ခြင်းထက် သာ၍ကောင်း၏။
Açık bir azar, Gizli tutulan sevgiden iyidir.
6 အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာ စောင့်လျက်ပေး၏။ ရန်သူမူကား၊ နမ်းသောအခါ လှည့်စားတတ်၏။
Düşmanın öpücükleri aldatıcıdır, Ama dostun seni iyiliğin için yaralar.
7 စား၍ ဝသောသူသည် ပျားလပို့ကိုပင် ငြင်းပယ် လိမ့်မည်။ မွတ်သိပ်သောသူမူကား၊ ခါးသောအရာကို ချိုသည်ဟု ထင်တတ်၏။
Tok insanın canı balı bile çekmez, Aç kişiye en acı şey tatlı gelir.
8 မိမိနေရာကိုစွန့်၍ လည်သောသူသည် မိမိ အသိုက်ကို စွန့်၍လည်သော ငှက်နှင့်တူ၏။
Yuvasından uzak kalan kuş nasılsa, Yurdundan uzak kalan insan da öyledir.
9 နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့ သို့၊ ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေ ခင်ပွန်း၏ ချစ်ဘွယ်သော လက္ခဏာသည် ရွှင်လန်းစေ တတ်၏။
Güzel koku ve buhur canı ferahlatır, Dostun verdiği öğüt insana tatlı gelir.
10 ၁၀ ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏ အဆွေခင်ပွန်း ကို မစွန့်နှင့်။ အမှုရောက်သောကာလ၌၊ ညီအစ်ကို အိမ်သို့မသွားနှင့်။ နီသောအိမ်နီးချင်းသည် ဝေးသော ညီအစ်ကိုထက် သာ၍ကောင်း၏။
Kendi dostunu da babanın dostunu da bırakma Ve felakete uğradığın gün kardeşinin evine gitme; Yakın komşun uzaktaki kardeşten yeğdir.
11 ၁၁ ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။
Oğlum, bilgece davran ki yüreğim sevinsin, Beni ayıplayana yanıt vereyim.
12 ၁၂ သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍၊ ပုန်းရှောင်လျက်နေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
İhtiyatlı kişi tehlikeyi görünce saklanır, Bönse öne atılır ve zarar görür.
13 ၁၃ မကျွမ်းသော သူအတွက်၊ အမျိုးပျက်သော မိန်းမအတွက်၊ အာမခံတတ်သော သူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်ထားစေ။
Tanımadığı birine kefil olanın giysisini al; Bir yabancı için yapıyorsa bunu, Giysisini rehin tut.
14 ၁၄ နံနက်စောစောထ၍၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက်၏။
Sabah sabah komşuya verilen gürültülü bir selam Küfür sayılır.
15 ၁၅ ရန်တွေ့တတ်သော မယားသည် မိုဃ်းသည်း စွာ ရွာသောနေ့၌ အစက်စက်ကျသော မိုဃ်းပေါက်နှင့် တူ၏။
Kavgacı kadının dırdırı Yağmurlu günde damlaların dinmeyen sesi gibidir.
16 ၁၆ ထိုမိန်းမကို သိမ်းထားသောသူသည် လေကို သိမ်းထားသောသူနှင့်တူ၏။ လက်ျာလက်၌ လိမ်းသော နံ့သာဆီကို ဝှက်၍မထားနိုင်။
Böyle bir kadını dizginlemeye kalkmak, Rüzgarı ya da yağı avuçta tutmaya çalışmak gibidir.
17 ၁၇ သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။
Demir demiri biler, İnsan da insanı...
18 ၁၈ သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။
İncir ağacını budayan meyvesini yer, Efendisine hizmet eden onurlandırılır.
19 ၁၉ ရေ၌လူမျက်နှာချင်းတူသကဲ့သို့၊ လူတယောက် နှင့်တယောက် စိတ်သဘောတူကြ၏။
Su görüntümüzü nasıl yansıtıyorsa, Yürek de insanın içini yansıtır.
20 ၂၀ မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့် စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။ (Sheol h7585)
Ölüm ve yıkım diyarı insana doymaz, İnsanın gözü de hiç doymaz. (Sheol h7585)
21 ၂၁ ငွေစစ်စရာဘို့ မိုက်ရှိ၏။ ရွှေစစ်စရာဘို့ မီးဖို ရှိ၏။ လူကိုစစ်စရာဘို့ သူတပါးချီးမွမ်းခြင်းရှိ၏။
Altın ocakta, gümüş potada sınanır, İnsansa aldığı övgüyle sınanır.
22 ၂၂ မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်သော်လည်း၊ မိုက်သောသဘောမထွက်တတ်။
Ahmağı buğdayla birlikte dibekte tokmakla dövsen bile, Ahmaklığından kurtulmaz.
23 ၂၃ သင်၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။
Davarına iyi bak, Sığırlarına dikkat et.
24 ၂၄ စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏ စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည် တတ်။
Çünkü zenginlik kalıcı değildir Ve taç kuşaktan kuşağa geçmez.
25 ၂၅ မြက်ပင်ပေါက်တတ်၏။ ပျိုးပင်လည်း ထင်ရှား တတ်၏။ တောင်ယာအသီးကိုလည်း သိမ်းရ၏။
Çayır biçilince, yeni çimen çıkınca, Dağlardaki otlar toplanınca,
26 ၂၆ သိုးသငယ်တို့သည် သင်ဝတ်စရာဘို့၊ ဆိတ်တို့သည် လည်း မြေအဘိုးကိုဖြေစရာဘို့ ပြစ်၏။
Kuzular seni giydirir, Tekeler tarlanın bedeli olur.
27 ၂၇ သင်စားစရာဘို့၊ အိမ်သူအိမ်သားစားစရာဘို့၊ ကျွန်မိန်းမများကို ကျွေးစရာဘို့ ဆိတ်နို့လောက်လိမ့်မည်။
Keçilerin sütü yalnız seni değil, Ev halkını, hizmetçilerini de doyurmaya yeter.

< သုတ္တံကျမ်း 27 >