< သုတ္တံကျမ်း 12 >

1 နည်းဥပဒေကို ခံချင်သောသူသည် ပညာ အတတ်ကို နှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသော သူမူကား၊ တိရစ္ဆာန်သဘောရှိ၏။
אֹהֵ֣ב מ֖וּסָר אֹ֣הֵֽב דָּ֑עַת וְשֹׂנֵ֖א תֹוכַ֣חַת בָּֽעַר׃
2 သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သော သူမူကား၊ အပြစ်စီရင်တော်မူခြင်းကို ခံရ၏။
טֹ֗וב יָפִ֣יק רָ֭צֹון מֵיְהוָ֑ה וְאִ֖ישׁ מְזִמֹּ֣ות יַרְשִֽׁיעַ׃
3 လူသည်ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့ မရောက် ရာ။ ဖြောင့်မတ်သောသူ၏အမြစ်မူကား မရွေ့ရာ။
לֹא־יִכֹּ֣ון אָדָ֣ם בְּרֶ֑שַׁע וְשֹׁ֥רֶשׁ צַ֝דִּיקִ֗ים בַּל־יִמֹּֽוט׃
4 သီလရှိသော မိန်းမသည် မိမိလင်၌ ဦးရစ်သရဖူ ဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုး တို့၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏။
אֵֽשֶׁת־חַ֭יִל עֲטֶ֣רֶת בַּעְלָ֑הּ וּכְרָקָ֖ב בְּעַצְמֹותָ֣יו מְבִישָֽׁה׃
5 ဖြောင့်မတ်သော သူ၏အကြံသည် ဖြောင့်၏။ မတရားသော သူပေးသော အကြံမူကား မုသာဖြစ်၏။
מַחְשְׁבֹ֣ות צַדִּיקִ֣ים מִשְׁפָּ֑ט תַּחְבֻּלֹ֖ות רְשָׁעִ֣ים מִרְמָֽה׃
6 မတရားသော သူ၏စကားသည် သူ့အသက်ကို သတ်ခြင်းငှါ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သော သူ၏နှုတ်မူကား၊ သူတပါးတို့ကို ကယ်နှုတ်တတ်၏။
דִּבְרֵ֣י רְשָׁעִ֣ים אֱרָב־דָּ֑ם וּפִ֥י יְ֝שָׁרִ֗ים יַצִּילֵֽם׃
7 မတရားသော သူ၏အိမ်သည် ပြိုလဲပျောက် ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏ အိမ်မူကား၊ အမြဲတည် ခြင်းရှိတတ်၏။
הָפֹ֣וךְ רְשָׁעִ֣ים וְאֵינָ֑ם וּבֵ֖ית צַדִּיקִ֣ים יַעֲמֹֽד׃
8 လူသည်ဥာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်း ကိုခံရ၏။ သဘောကောက်သော သူမူကား၊ မထီမဲ့မြင် ပြုခြင်းကို ခံရ၏။
לְֽפִי־שִׂ֭כְלֹו יְהֻלַּל־אִ֑ישׁ וְנַעֲוֵה־לֵ֝֗ב יִהְיֶ֥ה לָבֽוּז׃
9 စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေ မရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသော သူသည်သာ၍ ကောင်း၏။
טֹ֣וב נִ֭קְלֶה וְעֶ֣בֶד לֹ֑ו מִ֝מְּתַכַּבֵּ֗ד וַחֲסַר־לָֽחֶם׃
10 ၁၀ ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက် ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာ အရာ၌ပင် ကြမ်းကြုတ်တတ်၏။
יֹודֵ֣עַ צַ֭דִּיק נֶ֣פֶשׁ בְּהֶמְתֹּ֑ו וְֽרַחֲמֵ֥י רְ֝שָׁעִ֗ים אַכְזָרִֽי׃
11 ၁၁ မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။
עֹבֵ֣ד אַ֭דְמָתֹו יִֽשְׂבַּֽע־לָ֑חֶם וּמְרַדֵּ֖ף רֵיקִ֣ים חֲסַר־לֵֽב׃
12 ၁၂ မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သော သူ၏အမြစ် မူကား၊ အသီးကိုသီးတတ်၏။
חָמַ֣ד רָ֭שָׁע מְצֹ֣וד רָעִ֑ים וְשֹׁ֖רֶשׁ צַדִּיקִ֣ים יִתֵּֽן׃
13 ၁၃ စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက် တတ်၏။
בְּפֶ֣שַׁע שְׂ֭פָתַיִם מֹוקֵ֣שׁ רָ֑ע וַיֵּצֵ֖א מִצָּרָ֣ה צַדִּֽיק׃
14 ၁၄ လူသည်မိမိနှုတ်ခမ်းအသီးကို ဝစွာစားရ၏။ မိမိလက်လုပ်ရာ အကျိုးအပြစ်ကိုလည်း ခံရ၏။
מִפְּרִ֣י פִי־אִ֭ישׁ יִשְׂבַּע־טֹ֑וב וּגְמ֥וּל יְדֵי־אָ֝דָ֗ם יָשׁוּב (יָשִׁ֥יב) לֹֽו׃
15 ၁၅ မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ၏။
דֶּ֣רֶךְ אֱ֭וִיל יָשָׁ֣ר בְּעֵינָ֑יו וְשֹׁמֵ֖עַ לְעֵצָ֣ה חָכָֽם׃
16 ၁၆ မိုက်သောသူ၏ အမျက်ဒေါသသည် ချက်ခြင်း ထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား၊ ရှက်စရာ အမှုကို ဖုံးတတ်၏။
אֱוִ֗יל בַּ֭יֹּום יִוָּדַ֣ע כַּעְסֹ֑ו וְכֹסֶ֖ה קָלֹ֣ון עָרֽוּם׃
17 ၁၇ မှန်သောစကားကို ပြောသောသူသည် ဖြောင့် မတ်ခြင်းတရား၊ မမှန်သောသက်သေကို ခံသောသူမူကား၊ မုသာတရားကို ပြသတတ်၏။
יָפִ֣יחַ אֱ֭מוּנָה יַגִּ֣יד צֶ֑דֶק וְעֵ֖ד שְׁקָרִ֣ים מִרְמָֽה׃
18 ၁၈ သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။
יֵ֣שׁ בֹּ֖וטֶה כְּמַדְקְרֹ֣ות חָ֑רֶב וּלְשֹׁ֖ון חֲכָמִ֣ים מַרְפֵּֽא׃
19 ၁၉ သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသာ လျှာမူကား ခဏသာတည်၏။
שְֽׂפַת־אֱ֭מֶת תִּכֹּ֣ון לָעַ֑ד וְעַד־אַ֝רְגִּ֗יעָה לְשֹׁ֣ון שָֽׁקֶר׃
20 ၂၀ မကောင်းသောအကြံကို ကြံသောသူတို့၏ စိတ် ထဲမှာ လှည့်စားတတ်သောသဘောရှိ၏။ ရန်ပြေစေခြင်း ငှါ အကြံပေးသော သူတို့၌ကား၊ ဝမ်းမြောက်စရာ အကြောင်းရှိ၏။
מִ֭רְמָה בְּלֶב־חֹ֣רְשֵׁי רָ֑ע וּֽלְיֹעֲצֵ֖י שָׁלֹ֣ום שִׂמְחָֽה׃
21 ၂၁ တရားသောသူ၌ အမင်္ဂလာမရောက်ရာ။ မတရားသော သူမူကား၊ အမင်္ဂလာနှင့်ပြည်ဝရလိမ့်မည်။
לֹא־יְאֻנֶּ֣ה לַצַּדִּ֣יק כָּל־אָ֑וֶן וּ֝רְשָׁעִ֗ים מָ֣לְאוּ רָֽע׃
22 ၂၂ မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာတရားကို စောင့် ရှောက်သောသူတို့မူကား၊ နှစ်သက်တော်မူဘွယ် ဖြစ်ကြ ၏။
תֹּועֲבַ֣ת יְ֭הוָה שִׂפְתֵי־שָׁ֑קֶר וְעֹשֵׂ֖י אֱמוּנָ֣ה רְצֹונֹֽו׃
23 ၂၃ ပညာသတိရှိသောသူသည် မိမိသိသောအရာ ကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ် အလိုအလျောက်မိုက်သောသဘောကို ထင်ရှားပြတတ် ၏။
אָדָ֣ם עָ֭רוּם כֹּ֣סֶה דָּ֑עַת וְלֵ֥ב כְּ֝סִילִ֗ים יִקְרָ֥א אִוֶּֽלֶת׃
24 ၂၄ လုံ့လဝိရိယ ပြုသောသူသည် အစိုးရတတ်၏။ ပျင်းရိသောသူမူကား၊ အခွန်ပေးရ၏။
יַד־חָרוּצִ֥ים תִּמְשֹׁ֑ול וּ֝רְמִיָּ֗ה תִּהְיֶ֥ה לָמַֽס׃
25 ၂၅ ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေ တတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ် ၏။
דְּאָגָ֣ה בְלֶב־אִ֣ישׁ יַשְׁחֶ֑נָּה וְדָבָ֖ר טֹ֣וב יְשַׂמְּחֶֽנָּה׃
26 ၂၆ ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။
יָתֵ֣ר מֵרֵעֵ֣הוּ צַדִּ֑יק וְדֶ֖רֶךְ רְשָׁעִ֣ים תַּתְעֵֽם׃
27 ၂၇ ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝိရိယပြုသော သူ၏ ဥစ္စာမူကား၊ အဘိုးထိုက်ပေ၏။
לֹא־יַחֲרֹ֣ךְ רְמִיָּ֣ה צֵידֹ֑ו וְהֹון־אָדָ֖ם יָקָ֣ר חָרֽוּץ׃
28 ၂၈ ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်း ဖြစ်၏။
בְּאֹֽרַח־צְדָקָ֥ה חַיִּ֑ים וְדֶ֖רֶךְ נְתִיבָ֣ה אַל־מָֽוֶת׃

< သုတ္တံကျမ်း 12 >