< ဖိလေမုန် 1 >

1 ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရသော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊ ငါတို့ ချစ်သော လုပ်ဘော်ဆောင်ဘက်ချင်းဖိလေမုန်၊
Bulu fucuna ker yeecu kriti kange yiice Timoti a ne Filimon ma cuiti cuiye farnge kange far nangene nye kange.
2 ငါတို့ချစ်သော နှမအပ္ပိ၊ ငါတို့စစ်သူရဲချင်း အာခိပ္ပုမှစ၍ သင်၏ အိမ်၌ရှိသော အသင်းတော်ကို ကြားလိုက်ပါ၏။
Afiya nin korya nye kange Akifuc far nangene tarkwene, yaciko nubo bwantan kwama ti mwer kanti lo mwe.
3 ငါတို့သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
Luma kange fwor nered fiye kwama tebe, kange teluwe yeecu kriti luma kange for nered ayi kange mo wuro fiye kwama tebe kange teluwe kriti
4 သင်သည်သခင် ယေရှုခရစ်ကို ယုံကြည်၍ သန့်ရှင်းသူအပေါင်းတို့ကို ချစ်သည်ဟု ငါသည်ကြားလျှင်၊
Kir kir mi bũ kwama nin kanti. mi yo komti mor dilo mi kwobtiye.
5 ငါ၏ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဘို့ အလိုငှါ ဆုတောင်းပဌနာ ပြုလျက်နေ၏။
Min nuwa fulen cwikanka mweko kange bileng ke mwe mo ciko mor teluwe yeecu kange gwam yitobbo wo bwan cinen tiye.
6 ဆုတောင်းသောအချက်ဟူမူကား၊ သင်သည် ယုံကြည်ခြင်းကို ဆက်ဆံသော အရှိန်ကြီး၍၊ သူတပါးတို့ သည် ယေရှုခရစ်အဘို့အလိုငှါ ငါတို့၌ ကောင်းသောအရာ ရှိသမျှတို့ကို ဝန်ခံမည်အကြောင်း ဆုတောင်း ပဌနာပြု၏။
Mi kwob dilo tibilen ker mwero ayilam dike abou ti ki mũka nymka dikero gwam yoryore more bemor kriti.
7 အချင်းငါ့ညီ၊ သင်သည် သန့်ရှင်းသူတို့၏ စိတ်နှလုံးကို သက်သာစေသောကြောင့်၊ သင်၏မေတ္တာကို ထောက်၍ ငါတို့သည် အလွန်ဝမ်းမြောက်ချမ်းသာခြင်းရှိ၏။
Min nuwa fornered ducce, take min fiya birum nere morcuika mweko, nyori ner nubo bwam kwama nin tiye dãken fiye mu wiye yice.
8 ထိုကြောင့်၊ သင်သည်ပြုသင့်သောအမှုအရာကို ပညတ်ထားခြင်းငှါ၊ ငါသည် ခရစ်တော်အားဖြင့် အလွန် ရဲရင့်စရာ အခွင့်ရှိသော်လည်း၊
Na wo nyeu nomin wi ki bi kwan nered mor kriti na yi nen ki nyial na ma diko wo mwa. matiye,
9 အသက်ကြီးသော ပေါလုတည်းဟူသော ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင်၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ၏။
La ker cuikar makeng nen tiye mo bulu cẽle kange nii fucuna ker kriti yeecu.
10 ၁၀ ချည်နှောင်ခြင်းကိုခံစဉ်တွင် ငါဖြစ်ဘွါးစေသော သားတည်းဟူသော၊
Mi ken nen ti dor bi bwemi onicimu wo ma yilam tẽ kange nii bwaka,
11 ၁၁ သင်သည် အထက်ကအသုံးမရသောသူ၊ ယခုတွင် ငါနှင့်သင်သည် အသုံးရသောသူ ဩနေသိမ်အဘို့ ငါတောင်းပန်ပါ၏။
Fiye cuwo ci kebo ni ken munen, caneu conken munen kange mo.
12 ၁၂ ထိုသူကို သင့်ထံသို့ ငါပြန်စေသည်ဖြစ်၍၊ သူ့ကို ငါ့ရင်သွေးကဲ့သို့မှတ်လျက် လက်ခံလော့။
Min twom co munen nii nyimom ner mire.
13 ၁၃ ဧဝံဂေလီတရားကြောင့် ချည်နှောင်ခြင်းကို ငါခံစဉ်တွင်၊ သူသည် သင်၏ ကိုယ်စားငါ့ကို ပြုစုစေမည် အကြောင်း၊ သူ့ကို ငါထားချင်သော်လည်း၊
Nomi cuiti na yoken co na tikanye nanger mwero ki kwama wo mi fucuna ker fulen kered kwama.
14 ၁၄ သင်သည်ငါ၌ ကျေးဇူးပြုရာတွင် အနိုင်ပြုရသကဲ့သို့မဟုတ်၊ အလိုအလျောက်ပြုစေချင်သော စိတ် ရှိသည်ဖြစ်၍၊ သင်၏ အခွင့်မရှိလျှင် အလျှင်းမပြုလို။
La macuibo ma dike kange kebo ki cuika mwek ma cuibo dikemu mati yoryore ayilam na mui ci ki ciyaka mwek.
15 ၁၅ ထိုမှတပါး၊ သင်သည်သူ့ကို အစဉ်ရစေခြင်းငှါ၊ သူသည် သင်နှင့်ခဏကွာသွားသည်ဟု ဆိုစရာရှိ၏။ (aiōnios g166)
Nyeu co ma tikagum co kange mwe buri, no mo fiye coyilauri ayi kange mo diki. (aiōnios g166)
16 ၁၆ ထိုသို့ဆိုသော်၊ အစေခံ ကျွန်ကဲ့သို့ရမည်ဟု မဆိုလို၊ ငါ၌ အထူးသဖြင့် ချစ်သောညီ၊ သင်၌ကား၊ ဇာတိအားဖြင့်၎င်း၊ သခင်ဘုရားအားဖြင့်၎င်း၊ သာ၍ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။
Maca yila caga ti tak, con la canga yii mwe ken mo cuitiyẽ, la nyo ma fiye mo wiyeu. mor bwiye kanye mor teluwe be.
17 ၁၇ သို့ဖြစ်၍ သင်သည်ငါ့ကို အပေါင်းအဘော်ကဲ့သို့ မှတ်လျှင်၊ သူ့ကိုငါကဲ့သို့ပင် လက်ခံလော့။
No mon tũye min far nangene mweri, yuwo co na mwi muki yuwo mo.
18 ၁၈ သူသည် သင်၌ပြစ်မှားခြင်း၊ ကြွေးတင်ခြင်း တစုံတခုရှိလျှင်၊ ငါ့အတွက်အတာ မှတ်လော့။
No ma mwen dike yorberi kaka no mu bwan cinen ten diker tiri, tuken na mwi co ma fiye mi wiye.
19 ၁၉ ဆပ်ပေးမည်ဟု ငါပေါလုသည် ကိုယ်လက်နှင့် ရေးထား၏။ သို့ရာတွင် သင်၏ကိုယ်တည်းဟူသော ကြွေးကိုပင် ငါ့အားဆပ်ပေးရသောအကြောင်းရှိသည်ဟု ငါမဆို။
Mo bulu ma mulang wo ki kang mike man biya nen. ma yibo miki man yinen mi ma bwan mwen cend doremwe ti.
20 ၂၀ အချင်းငါ့ညီ၊ သခင်ဘုရား၌ငါ့ကို ကျေးဇူးပြုပါလော့။ ခရစ်တော်၌ ငါ့စိတ်နှလုံးကို သက်သာစေပါလော့။
Min ciya yice cii ye mor teluwebe yob men nermor kriti,
21 ၂၁ သင်သည်နားထောင်မည်ဟု ယုံမှားခြင်းမရှိသည် သာမက၊ ငါပြောသည်ထက်သာ၍ ပြုမည်ဟု အမှန်သိလျက် ငါရေးလိုက်ပါ၏။
Mi ki bi kwang mor neremi, ki neka dore mweko mi mulang mwenti min nyimom mwan ma dike wo lawo mi kennenti na mane.
22 ၂၂ ထိုမှတပါး၊ ငါတည်းခိုစရာအရပ်ကိုလည်း ပြင်လော့။ အကြောင်းမူကား၊ သင်တို့သည် ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေးတော်မူမည်ဟု မြော်လင့်ခြင်းရှိ၏။
Fiye cuwo win, ywl men luwe. mi yo ner ti mor dilo mwe man bou fiye mu wiye.
23 ၂၃ ယေရှုခရစ်ကြောင့် ငါနှင့်အတူ အကျဉ်းခံရသော ဧပဖြမှ စ၍၊
Ebabara far nangene yeecu kubwaka yarmum nen ti.
24 ၂၄ ငါ၏ လုပ်ဘော်ဆောင်ဘက် မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာတို့သည် သင့်ကို နှုတ်ဆက်ကြ၏။
Nyo Marku kange Aritaku kange Dima, kange luka farb nangene mi
25 ၂၅ ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏ စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း။ အာမင်။
Luka teluwe be yeecu a kange yuwa tangbe ce ayi bi nen a titinyo

< ဖိလေမုန် 1 >