< တောလည်ရာ 9 >

1 အဲဂုတ္တုပြည်မှ ထွက်၍ ဒုတိယနှစ်၊ ပဌမလ၌ သိန်တောတွင် ထာဝရဘုရားသည် မောရှေအားမိန့်တော် မူသည်ကား
BWANA akanena na Musa katika katika jangwa la Sinai, mwezi wa kwanza wa mwaka wa pili baada ya kutoka katika nci ya Misri. Akasema,
2 ဣသရေလအမျိုးသားတို့သည်၊ ချိန်းချက်သော ကာလအချိန်၌ ပသခါပွဲကို ခံရကြမည်။
“Wana wa Israeli wataikumbuka Pasaka katika wakati wake kila mwaka.
3 စီရင်ထုံးဖွဲ့သမျှသော ထုံးစံအတိုင်း၊ ချိန်းချက် သော ကာလအချိန်တည်းဟူသော ယခုလ တဆယ်လေး ရက်နေ့ ညဦးယံ၌ စောင့်ရကြမည်ဟု မိန့်တော်မူ၏။
Siku ya kumi na nne ya mwezi huu, muda wa jioni, utaikumbuka Pasaka kila mwaka kwa muda uliopanggwa. Lazima uikumbuke, fuata taratibu zake zote na utii sheria zake zote zinazohusiana na tukio hilo.
4 ဣသရေလအမျိုးသားတို့သည် ပသခါပွဲကို ခံရမည်အကြောင်း၊ မောရှေဆင့်ဆိုသည်အတိုင်း၊
Kwa hiyo, Musa akawaambia wana wa Isareli kuwa wataishika sikukuu ya Pasaka.
5 သိန်တောတွင် ပဌမလ တဆယ်လေးရက်နေ့ ညဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရ ဘုရားမှာ ထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုး သားတို့သည် ပြုကြ၏။
Kwa hiyo wakaishika sikuu ya Pasaka katika mwezi wa kwanza, wakati wa jioni wa siku ya kumi na nne ya mwezi katika jangwa la Sinai. Wana wa Israeli walitii kila kitu ambacho BWANA alimwamuru Musa kukifanya.
6 ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သော လူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊
Kulikuwa na watu fulani walionajisika kwa sababu ya maiti ya mtu. Hawakuweza kuishika Pasaka siku hiyo. Kwa hiyo walikwenda kwa Musa na Haruni siku hiyohiyo.
7 အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်း ရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလ အမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို မပြုစေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက်ကြ၏။
Wakamwambia Musa, “Sisi tumenajisika kwa sababu ya maiti ya mtu. Kwa nini basi unatutaka tuendelee kutoa sadaka kwa BWANA kwa wakati wa mwaka uliopangwa kwa wana wa Israeli?”
8 မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရားမိန့်တော်မူသော စကားကို ငါနားထောင်ဦး မည်ဟု ပြန်ဆို၏။
Naye Musa akawaambia, “Subirini nimsikilize BWANA ataniambia nini juu Yenu.”
9 ထိုအခါ မောရှေအား ထာဝရဘုရားက၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
BWANA akanena na Musa, akamwambia,
10 ၁၀ သင်တို့ အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော်၎င်း၊ ဝေးသောအရပ်သို့ ခရီးသွား သော်၎င်း၊ ထာဝရဘုရားအဘို့ ပသခါပွဲကိုခံရမည်။
“Nena na wana wa Israeli, uwaambie, 'kama mmoja wenu au mwana wa uzao wenu amenajisika kwa sababu ya maiti, au ana safari ndefu, bado anaweza kuishika Pasaka ya BWANA.
11 ၁၁ ဒုတိယလတဆယ်လေးရက်နေ့ညဦးယံ၌ ပွဲခံ၍၊ သိုးသငယ်အသားကို တဆေးမပါသော မုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။
Wataishika Pasaka siku ya kumi na nne ya mwezi wa pili wakati wa jioni. Wataila kwa mikate isyotiwa chahcu na mboga chungu.
12 ၁၂ ထိုအသားကို နံနက်တိုင်အောင် မကြွင်းစေရ။ အရိုးကိုလည်း မချိုးရ။ ပသခါပွဲနှင့် ဆိုင်သောအထုံးအဖွဲ့ ရှိသမျှတို့ကို လိုက်၍ ပွဲခံရသော အခွင့်ရှိ၏။
Wasiiache mpaka jioni, au kuvunja mifupa yake. Watafuata taratibu zote za Pasaka.
13 ၁၃ ညစ်ညူးခြင်းမရှိ၊ အခြားတပါးသို့ ခရီးမသွား သော သူသည် ပသခါပွဲကို မခံပဲနေလျှင် ထိုသူကို သူ၏ အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သော အချိန်၌ ထိုသူ သည် ထာဝရဘုရားအဘို့ ပူဇော်သက္ကာကို မဆောင်ခဲ့ သောကြောင့် မိမိအပြစ်ကို ခံရမည်။
Lakini mtu yeyote asiye najisi na hayuko safarini, na akashindwa kuishika Pasaka, huyo mtu lazima aondolewe kati ya watu wake kwa sababu hakutoa sadaka ambayo BWANA huitaka kwa wakati wa mwaka uliopangwa. Huyo mtu lazima aibebe dhambi yake.
14 ၁၄ သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသား သည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှါ အလိုရှိ လျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသော ထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား၊ ဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတပါးတည်း သော ရှိရကြမည်ဟုမိန့်တော်မူ၏။
Kama mtu mgeni anayeishi kati yenu na akaishika, Pasaka kwa heshima ya BWANA, ataishika na kufanya amri zote, na kutii taratibu zake. Utakuwa na sheria hizohizo kwa wageni na kwa wote waliaozaliwa katika nchi.
15 ၁၅ တဲတော်ကို ထူထောင်သောနေ့၌၊ မိုဃ်းတိမ်သည် တဲတောင်ပေါ်မှာ တည်၍၊ သက်သေခံချက် တဲတော်ကို ဖုံးအုပ်လေ၏။ ညဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ ထင်လေ၏။
Na siku hiyo ambayo masikani iliposimamishwa, wingu lilifunika masikani, ile hema ya amari ya agano. Ilipokuwa jioni wingu lilkuwa juu ya masikani. Lilionekana kama moto mpaka asubuhi.
16 ၁၆ ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌မိုဃ်းတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌မီးကဲ့သို့ ထင်လျက်ရှိ၏။
Liliendelea hivyohivyo. Lile wingu lilifunika masikani na kuonekana kama moto wakati wa usiku.
17 ၁၇ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ မိုဃ်းတိမ်တည်လေရာရာ၌လည်း၊ တဲများကို ဆောက်ပြန်ကြ၏။
Na kila wingu lilipochukuliwa kutoka kwenye hema, wana wa Isareli waliendelea na safari yao. Na kila wingu liliposimama, watu waliweka kambi.
18 ၁၈ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ ထာဝရဘုရား မိန့်တော်မူသည် အတိုင်းလည်း တဲများကို ဆောက်ကြ၏။ မိုဃ်း တိမ်သည် တဲတော်အပေါ်မှာ တည်နေသမျှသော ကာလ ပတ်လုံး သူတို့သည် တဲ၌နေကြ၏။
Wana wa Israrli walisafiri kwa amri ya BWANA, na kwa amri yake waliweka kambi. Wakati wingu liliposimama juu ya masikani, nao walikaa kwenye kambi zao.
19 ၁၉ မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် ကြာမြင့်စွာတည်နေသောအခါ၊ ဣသရေလ အမျိုးသားတို့ သည် ခရီးမသွားဘဲ ထာဝရဘုရားထံတော်၌ စောင့်နေ ကြ၏။
Na wingu lilipobaki kwenye masikani kwa siku nyingi, wana wa Israeli walitakiwa kutii maelekezo ya BWANA na kusitisha safari yao.
20 ၂၀ မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် အနည်းငယ်မျှ တည်နေသောအခါ၊ ထာဝရဘုရား အမိန့် တော်အတိုင်း၊ သူတို့သည် တဲ၌ နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း၊ ခရီးသွားကြ၏။
Wakati mwingine wingu lilibaki kwa siku chache tu kwenye masikani. Kwa mazingira kama hayo walilazimika kutii amri ya BWANA - waliweka kambi na kisha kuendelea na safari tena kwa amri yake.
21 ၂၁ ညဦးယံမှစ၍ နံနက်အချိန်တိုင်အောင် မိုဃ်း တိမ်တည်နေ၍ နံနက်အချိန်၌ မြောက်သောအခါ ခရီး သွားကြ၏။ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ မိုဃ်းတိမ်မြောက် သောအခါ ခရီးသွားကြ၏။
Wakati mwingine wingu lilikuwepo kambini kuanzia jioni mpaka asubuhi. Na wingu liliponyanyuliwa asubuhi, walisafiri. Kama liliendelea kwa mchana wote na kwa usiku wote, ni pale tu wingu liliponyanyuliwa ndipo walipoendelea na safari.
22 ၂၂ နှစ်ရက်ဖြစ်စေ၊ တလဖြစ်စေ၊ တနှစ်ဖြစ်စေ၊ မိုဃ်းတိမ်သည် တဲတော်ပေါ်မှာ တည်နေသမျှသော ကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ခရီး မသွားဘဲ တဲ၌နေကြ၏။ တဖန်မိုဃ်းတိမ်မြောက်ပြန် သောအခါ ခရီးသွားကြ၏။
Hata kama wingu lilibaki kwenye masikini kwa siku mbili, kwa mwezi mmoja, au kwa mwaka mmoja, ili mradi tu limebaki pale, wana wa Israeli walibaki kwenye kambi zao na kusitisha safari. Lakini pale wingu liliponyanyuliwa, walianza safari yao.
23 ၂၃ ထာဝရဘုရားအမိန့်တော်အတိုင်း တဲ၌ နေကြ ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းတဲ၌ နေကြ၏။ ထာဝရဘုရားအမိန့်တော်အတိုင်းလည်း ခရီးသွားကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည် အတိုင်း ထာဝရဘုရားအထံတော်၌ စောင့်နေကြ၏။
Walifanya kambi kwa amri ya BWANA, na walisafiri kwa amri yake. Walitii amri ya BWANA iliyotolewa kupitia kwa Musa

< တောလည်ရာ 9 >