< တောလည်ရာ 6 >

1 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
BWANA alinena na Musa. Akamwabia,
2 ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထာဝရဘုရား အဘို့ မိမိကိုခြား နားစေ၍ နာဇရိသစ္စာပြုခြင်းငှါ မိမိကို မိမိခွဲထားသောအခါ၊
'Nena na wana wa Israeli, uwaambie, 'Kama mume au mke ataweka nadhiri kwa BWANA kwa kiapo maalumu cha mnadhiri, ndipo atajiepusha na divai na vileo. hatakunywa siki itokanayo na divai.
3 စပျစ်ရည်နှင့်ယစ်မျိုးကို ရှောင်ရမည်။ စပျစ် ရည်ချဉ်နှင့် ယစ်မျိုးချဉ်ကိုလည်း မသောက်ရ။ စပျစ်သီးဖြင့် လုပ်သောအရည်ကိုအလျှင်း မသောက်ရ။ စပျစ်သီး အစိမ်းအခြောက်ကိုလည်း မစားရ။
Asinywe kileo kitokanacho na siki au kilevi. Asinywe maji ya divai yeyote au kula zabibu mbichi wala zilizokauka.
4 ခြားနားလျက်နေသော ကာလပတ်လုံး စပျစ်သီး အဆန်၊ စပျစ်သီးအခွံမှစ၍ စပျစ်ပင်က ဖြစ်သမျှကို မစားရ။
Katika siku zote ambazo amejitenga kwa ajili yangu, asile chochote kinachotokana na zabibu, wala kitu chochote kitokanacho na makokwa hadi maganda.
5 ခြားနားခြင်းသစ္စာစောင့်သော ကာလပတ်လုံး၊ ဦးဆံကို မရိတ်ရ။ ထာဝရဘုရားအဘို့ မိမိကို ခြားနားစေ သော ကာလမစေ့မှီတိုင်အောင် သူသည် သန့်ရှင်းရသဖြင့်၊ မိမိဆံပင်ကို အလိုအလျောက် တိုးပွားစေမည်။
Wakati wote wa nadhiri yake, wembe usiipite kichwani mwake mpaka siku zake za nadhiri kwa BWANA zitimilike. Lazima ajitenge kwa BWANA. Ataziacha nywele zake zikue kichwani mwake.
6 ထာဝရဘုရားအဘို့ မိမိကိုခြားနားစေသော ကာလပတ်လုံး၊ အသေကောင်ကို မချဉ်းမကပ်ရ။
Wakati wote wa kujidhiri kwake kwa BWANA, asiikaribie maiti.
7 သူ၏ဘုရားသခင်အဘို့ သူ၏ခေါင်းကို ခြားနား စေသောကြောင့်၊ မိဘ၊ ညီအစ်ကို၊ နှမသေသော်လည်း ညစ်ညူးခြင်းကိုမခံရ။
Asijinajisi kwa namna yeyote hata kama atakufa baba yake, mama, dada, au ndugu yake. Hii ni kwa sababu amejitenga kwa ajili ya Mungu, kama ambavyo kila mmoja anavyoweza kumuona kwa uerfu wa nywele zake.
8 ခြားနားလျက်နေသော ကာလပတ်လုံး၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည်။
Wakati wote wa kujidhiri kwake atakuwa mtakatifu, alijitunza kwa ajili ya BWANA.
9 သူ့အနားမှာ တစုံတယောက်သောသူသည် ချက်ခြင်းသေ၍၊ သူသည် ခြားနားစေသောခေါင်းကို ညစ်ညူးစေလျှင်၊ စင်ကြယ်စေသော နေ့တည်းဟူသော သတ္တမနေ့၌ ဦးဆံကို ရိတ်ရမည်။
Ikitokea mtu amekufa ghafla pembeni yake na kukitia unajisi kichwa chake kitakatifu, ndipo atakaponyoa kichwa chake katika siku ya kujitakasa —Siku ya saba atanyoa kichwa chake.
10 ၁၀ အဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေးရာ တဲ တော်တံခါးရှေ့ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
Siku ya nane atamletea kuhani njiwa wawili au makinda mawili ya njiwa kwenye lango la hema ya kukutania.
11 ၁၁ ယဇ်ပုရောဟိတ်သည်လည်း၊ အပြစ်ဖြေရာယဇ် ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့ကကောင်ကို ပူဇော်၍ ထိုသူ၌ အသေကောင်အားဖြင့် ရောက်သော အပြစ်ဖြေခင်းကို ပြုပြီးမှ၊ ထိုနေ့ခြင်းတွင်သူ၏ခေါင်းကို သန့်ရှင်းစေ ရမည်။
Naye kuhani atamtoa ndege mmoja kama sadaka ya dhambi na mwingine kama sadaka ya kuteketezwa. Hawa watafanyika sadaka ya upatanisho kwake kwa sababu atakuwa ametenda dhambi ya kuwa karibu na mfu. Atatakasika kichwa chake siku hiyo.
12 ၁၂ အရင်ခြားနားစေသော ကာလကို ထာဝရ ဘုရားအဘို့ တဖန် ခြားနားစေ၍ အခါမလည်သော သိုးသငယ်တကောင်ကို ဒုစရိုက်ဖြေရာ ယဇ်ပြု၍ ပူဇော် ရမည်။ အရင်းခြားနားခြင်းပျက်သောကြောင့် လွန်သော ကာလပျောက်ရမည်။
Atajitenga kwa BWANA tena katika siku hizo za utakaso. Ataleta kondoo mume mwenye umri wa mwaka mmoja kama sadaka ya hatia. Zile siku zake kabla ya kunajisika hazitahesabiwa, kwa sababu kujiweka wakfu kwake kulinajisika.
13 ၁၃ ခြားနား၍ နေသောကာလစေ့ပြီးမှ၊ နာဇရိလူ စောင့်ရသော တရားဟုမူကား၊ သူသည် ပရိသတ်စည်း ဝေးရာ တဲတော်တံခါးရှေ့သို့ လာ၍၊
Hii ndiyo sheria ya mnadhiri wakati wa muda wa kujidhiri unapokuwa umetimia. Ataletwa kwenye mlango wa hema ya kukutania.
14 ၁၄ မီးရှို့ရာယဇ်ဘို့ အခါမလည် အပြစ်မပါသော သိုး သငယ်အထီးတကောင် အပြစ်ဖြေရာယဇ်ဘို့အခါမလည် အပြစ်မပါသော သိုးသငယ်အမတကောင် မိဿဟာယ ယဇ်ဘို့ အပြစ်မပါသောဆိတ်တကောင်၊
Ataleta sadaka yake kwa BWANA. Atatoa mwanakondoo mume wa mwaka mmoja asiye na hila kama sadaka ya kuteketezwa. Ataleta kondoo mke wa mwaka mmoja asiye na hila kama sadaka ya dhambi. Ataleta kondoo mume asiye na hila kama sadaka ya amani.
15 ၁၅ ဆီရောသောမုန့်ညက်နှင့်လုပ်သော မုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့ မုန့်တတောင်း၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ထာဝရဘုရားအား ဆက်ရမည်။
Ataleta kikapu cha mikate iliyotengenezwa bila amira, mikate ya unga mwembamba iliyokandwa kwa mafuta, mikate ya kaki isiyo na amira iliyopakwa mafuta, pamoja na sadaka za unga na sadaka za vinywaji.
16 ၁၆ ထိုပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားထံတော်သို့သွင်း၍ အပြစ်ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်ကို ပူဇော်ရမည်။
Kuhani atawaleta mbele za BWANA. Atazitoa hizo sadaka zake za dhambi na kuteketezwa.
17 ၁၇ တဆေးမဲ့ မုန့်တတောင်းနှင့်တကွ၊ မိဿဟာယ ယဇ်ဆိတ်ကို၎င်း ဘောဇဉ်ပူဇော်သက္ကာ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရားအားပူဇော်ရမည်။
Na kikapu cha mikate isiyowekwa amira, atamtoa yule kondoo mume kama sadaka ya amani kwa BWANA. Pia kuhani atatoa hiyo sadaka ya unga na sadaka ya vinywaji.
18 ၁၈ နာဇရိလူသည်၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ မိမိခြားနားသော ဦးဆံကို ရိတ်၍၊ ထိုဆံကို မိဿဟာယယဇ်အောက်၌ရှိသော မီးထဲမှာထည့်ရမည်။
Mnadhiri atanyoa nywele zake kama ishara ya kujitenga kwa ajili ya Mungu kwenye mlango wa hema ya kukutania. Atazitoa nywele zake kichwani kwake na kuzichoma kwa moto ulio chini ya sadaka ya amani.
19 ၁၉ ခြားနားသော ဦးဆံကို ရိတ်ပြီးမှ၊ ယဇ်ပုရော ဟိတ်သည် ပြုတ်သော ဆိတ်ပခုံးတဘက်၊ တောင်းထဲက တဆေးမဲ့မုန့်ပြားတပြား၊ တဆေးမဲ့မုန့်ကြွပ်တချက်ကို ယူ၍ နာဇရိလူလက်၌ ထည့်ပြီးလျှင်၊
Kuhani atachukua bega la kondoo mume lililotokoswa, na mkate usiotiwa amira toka kikapuni, na mkate mmoja wa kaki usiotiwa amira. Atauweka kwenye mikono ya Mnadhiri baada ya kuwa amenyoa nywele kwa ishara ya kujidhiri.
20 ၂၀ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော် သက္ကာဘို့ ချီလွှဲရမည်။ ထိုအရာတို့သည်၊ ချီလွှဲရာရင်ပတ်၊ ချီလွှဲရာ ပခုံးနှင့်တကွ ယဇ်ပုရောဟိတ်အဘို့ သန့်ရှင်းရမည်။ ထိုနောက်မှ နာဇရိလူသည် စပျစ်ရည်ကို သောက်ရသောအခွင့်ရှိ၏။
Kisha kuhani atavitikisa kuwa sadaka kwa BWANA, sehemu takatifu kwa kuhani, pamoja na kidari cha kutikiswa na paja lililotolewa kwa kwa kuhani. Baadaye, Mnadhiri anaweza kunywa divai.
21 ၂၁ ဤရှေ့ကား၊ သစ္စာပြုသောနာဇရိလူသည် အလို အလျောက် တက်နိုင်သမျှတပါး မိမိခြားနားခြင်းအတွက် ထာဝရဘုရားအား ဆက်ရသော ပူဇော်သက္ကာနှင့် ဆိုင် သော တရားပေတည်း။ သစ္စာပြုသည်အတိုင်း ခြားနား ခြင်းတရားနှင့် အညီပြုရမည်ဟု မိန့်တော်မူ၏။
Hii ndiyo sheri ya Mnadhiri anayeapia sadaka yake kwa BWANA kwa ajili ya kujidhiri kwake. Chochote atakachotoa, lazima afanye kama alivyoapa, kuilinda ahadi yake kama ilivyoaniswa katika sheria ya Mnadhiri.
22 ၂၂ တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုရမည်မှာ၊
Tena BWANA akanena na Musa, akasema,
23 ၂၃ သင်တို့သည်၊ ဣသရေလအမျိုးသားတို့အား ကောင်းကြီးပေး၍ မြွက်ရသော စကားဟူမူကား၊
“nena na Harunu na wanawe. Uwaambie, 'mtawabariki wana wa Israeli kwa njia hii. Mtawaambia,
24 ၂၄ ထာဝရဘုရားသည်၊ သင့်ကို ကောင်းကြီးပေး၍ စောင့်မတော်မူပါစေသော။
BWANA na awabariki na kuwatunza.
25 ၂၅ ထာဝရဘုရားသည်သင်၌ မျက်နှာတော်အလင်း ကို လွှတ်၍ ကရုဏာကျေးဇူးပြုတော်မူပါစေသော။
BWANA na awaangazie nuru ya uso wake na awe mwenye neema kwenu.
26 ၂၆ ထာဝရဘုရားသည် သင့်ကို မြော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသောဟု
BWANA na awatazame kwa neema na awape amani.'”
27 ၂၇ ဣသရေလအမျိုးသားတို့ အပေါ်မှာ ငါ့နာမကို မြွက်ဆို၍ တင်လျှင် ငါသည်ထိုသူတို့ကို ကောင်းကြီး မင်္ဂလာပေးမည်ဟု မိန့်တော်မူ၏။
Ni kwa jinsi hii kwamba wanaweza kuwapa jina langu wana wa Israeli.”

< တောလည်ရာ 6 >