< တောလည်ရာ 21 >

1 ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည်သိတင်းကို တောင်မျက်နှာ၌နေသော ခါနာန် အမျိုး အာရဒ်မင်းကြီးကြားလျှင်၊ ဣသရေလအမျိုးကို စစ်တိုက်၍ လူအချို့တို့ကို ဘမ်းဆီးသိမ်းသွားလေ၏။
וישמע הכנעני מלך ערד ישב הנגב כי בא ישראל דרך האתרים וילחם בישראל וישב ממנו שבי׃
2 ဣသရေလအမျိုးကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင်၊ သူတို့ မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာဂတိပြုလေ၏။
וידר ישראל נדר ליהוה ויאמר אם נתן תתן את העם הזה בידי והחרמתי את עריהם׃
3 ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏ စကားကို နားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလ လူတို့သည် ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာ အမည်ဖြင့် သမုတ်ကြ၏။
וישמע יהוה בקול ישראל ויתן את הכנעני ויחרם אתהם ואת עריהם ויקרא שם המקום חרמה׃
4 ဟောရတောင်မှ ထွက်၍ ဧဒုံပြည်ကို ဝိုင်းခြင်းငှါ၊ ဧဒုံကင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သော ကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊
ויסעו מהר ההר דרך ים סוף לסבב את ארץ אדום ותקצר נפש העם בדרך׃
5 သင်သည် ငါတို့ကို ဤတော၌ သေစေခြင်းငှါ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။
וידבר העם באלהים ובמשה למה העליתנו ממצרים למות במדבר כי אין לחם ואין מים ונפשנו קצה בלחם הקלקל׃
6 ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလအမျိုး သားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများ တို့သည် အကိုက်ခံရသဖြင့် သေကြ၏။
וישלח יהוה בעם את הנחשים השרפים וינשכו את העם וימת עם רב מישראל׃
7 ထိုကြောင့် လူများတို့သည် မောရှေထံသို့ လာ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့် ကျင်လျက် ပြောဆို၍ ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟု လျှောက်လျှင်၊ မောရှေသည် လူများအဘို့ ဆုတောင်းလေ၏။
ויבא העם אל משה ויאמרו חטאנו כי דברנו ביהוה ובך התפלל אל יהוה ויסר מעלינו את הנחש ויתפלל משה בעד העם׃
8 ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာ မြှောက်ထားလော့။ အကိုက်ခံရသော သူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
ויאמר יהוה אל משה עשה לך שרף ושים אתו על נס והיה כל הנשוך וראה אתו וחי׃
9 မောရှေသည် ကြေးဝါဖြင့် မြွေကို လုပ်၍ တိုင် ပေါ်မှာ မြှောက်ချီထားပြီးလျှင်၊ မြွေကိုက်သောသူမည် သည်ကား၊ ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက် ချမ်းသာရကြ၏။
ויעש משה נחש נחשת וישמהו על הנס והיה אם נשך הנחש את איש והביט אל נחש הנחשת וחי׃
10 ၁၀ တဖန် ဣသရေလအမျိုးသားတို့သည် နေရာ ပြောင်း၍ ဩဗုတ်အရပ်၌ စားခန်းချကြ၏။
ויסעו בני ישראל ויחנו באבת׃
11 ၁၁ ဩဗုတ်အရပ်မှ ပြောင်းပြန်၍၊ နေထွက်ရာ ဘက်၊ မောဘပြည်ရှေ့တွင်ရှိသော တောမှာ၊ ဣဇာဗာရိမ် အရပ်၌ စားခန်းချကြ၏။
ויסעו מאבת ויחנו בעיי העברים במדבר אשר על פני מואב ממזרח השמש׃
12 ၁၂ ထိုအရပ်မှ ပြောင်း၍၊ ဇာရက် ချောင်းနား၌ စားခန်းချကြ၏။
משם נסעו ויחנו בנחל זרד׃
13 ၁၃ ထိုအရပ်မှ တဖန်ပြောင်းပြန်၍၊ အာမောရိပြည် နယ်နှင့် စပ်သော တော၌ရှိသော အာနုန်ချောင်းနား တဘက်တချက်၌ စားခန်းချကြ၏။ အာနုန်ချောင်းကား၊ မောဘပြည်၊ အာမောရိပြည်စပ်ကြားအပိုင်းအခြား ဖြစ်သတည်း။
משם נסעו ויחנו מעבר ארנון אשר במדבר היצא מגבול האמרי כי ארנון גבול מואב בין מואב ובין האמרי׃
14 ၁၄ ထိုသို့နှင့်အညီ၊ ထာဝရဘုရားစစ်တိုက်စာ၌ကား၊ ဇာရက်အရပ်၊ သုပအရပ်၊ အာနုန်ချောင်းတို့၊
על כן יאמר בספר מלחמת יהוה את והב בסופה ואת הנחלים ארנון׃
15 ၁၅ အာရပြည်သို့ စီး၍ မောဘပြည်အနား၌ ရှောက်သွားသော ချောင်းအသွယ်သွယ်ဟု လာသတည်း။
ואשד הנחלים אשר נטה לשבת ער ונשען לגבול מואב׃
16 ၁၆ အာနုန်ချောင်းမှ ဗေရရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရားက၊ လူများကို စုဝေးစေလော့၊ ရေကို ငါပေးမည်ဟု မောရှေအား မိန့်တော်မူရာ၌ ရည်ဆောင်သော ရေတွင်းဖြစ် သတည်း။
ומשם בארה הוא הבאר אשר אמר יהוה למשה אסף את העם ואתנה להם מים׃
17 ၁၇ ထိုအခါ ဣသရေလအမျိုးက၊ အိုတွင်းရေ၊ ထွက် လော့။ ထွက်အောင် သီခြင်းဆိုကြလော့။
אז ישיר ישראל את השירה הזאת עלי באר ענו לה׃
18 ၁၈ တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ်တို့သည် ရေတွင်းကို တူးကြပြီ။ လူတို့တွင် အကဲအမှူးတို့သည် တောင်ဝေးတို့နှင့် ရေတွင်းကို တူးကြပြီဟု သီခြင်း ဆိုလေ၏။
באר חפרוה שרים כרוה נדיבי העם במחקק במשענתם וממדבר מתנה׃
19 ၁၉ ထိုတောမှ မတ္တနာအရပ်သို့၎င်း၊ မတ္တနာအရပ်မှ နဟာလျေလအရပ်သို့၎င်း၊ နဟာလျေလအရပ်မှ ဗာမုတ် အရပ်သို့၎င်း၊
וממתנה נחליאל ומנחליאל במות׃
20 ၂၀ ဗာမုတ်အရပ်မှ မောဘချိုင့်သို့၎င်း၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့၎င်း ခရီးသွား ကြ၏။
ומבמות הגיא אשר בשדה מואב ראש הפסגה ונשקפה על פני הישימן׃
21 ၂၁ ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ အာ မောရိရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ် လျက်၊
וישלח ישראל מלאכים אל סיחן מלך האמרי לאמר׃
22 ၂၂ အကျွန်ုပ်တို့သည် မင်းကြီးပြည်အလယ်၌ ရှောက်၍ သွားပါရစေ။ လယ်ယာသို့၎င်း၊ စပျစ်ဥယျာဉ် သို့၎င်း မဝင်ပါ။ တွင်းရေကိုလည်း မသောက်ပါ။ မင်းကြီး ပြည်ကို မလွန်မှီတိုင်အောင်၊ မင်းလမ်းသို့သာ ရှောက် လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။
אעברה בארצך לא נטה בשדה ובכרם לא נשתה מי באר בדרך המלך נלך עד אשר נעבר גבלך׃
23 ၂၃ ထိုပြည်အလယ်၌ ရှောက်သွားရသော အခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အား မပေး။ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ဣသရေလအမျိုးသား တို့ကို ဆီးတားခြင်းငှါ၊ သူတို့ရှိရာတောသို့ ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။
ולא נתן סיחן את ישראל עבר בגבלו ויאסף סיחן את כל עמו ויצא לקראת ישראל המדברה ויבא יהצה וילחם בישראל׃
24 ၂၄ ထိုမင်းကို၊ ဣသရေလအမျိုးသားတို့သည် ထား နှင့် လုပ်ကြံ၍၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်း တိုင်အောင်၎င်း၊ အမ္မုန်အမျိုးသား နေရာတိုင်အောင်၎င်း၊ ထိုမင်းပိုင်သော မြေကို သိမ်းယူကြ၏။ အမ္မုန်အမျိုးသား နေရာ နယ်စပ်ကား အားကြီး၏။
ויכהו ישראל לפי חרב ויירש את ארצו מארנן עד יבק עד בני עמון כי עז גבול בני עמון׃
25 ၂၅ ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဟေရှဘုန် မြို့မှစ၍ အာမောရိအမျိုးသားနေသော မြို့ရွာရှိသမျှ တို့ကို သိမ်းယူ၍ နေကြ၏။
ויקח ישראל את כל הערים האלה וישב ישראל בכל ערי האמרי בחשבון ובכל בנתיה׃
26 ၂၆ ဟေရှဘုန်မြို့ကား၊ မောဘပြည်ကို အစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက်၍ အာနုန်ချောင်းတိုင် အောင် ပြည်ကို လုယူသော အာမောရိရှင်ဘုရင် ရှိဟုန် မင်းနေသောမြို့ ဖြစ်သတည်း။
כי חשבון עיר סיחן מלך האמרי הוא והוא נלחם במלך מואב הראשון ויקח את כל ארצו מידו עד ארנן׃
27 ၂၇ ထိုအကြောင်းကို ရည်ဆောင်၍ လင်္ကာဆရာတို့ က၊ ဟေရှဘုန်မြို့သို့ သွား၍ တဖန်တည်ကြစို့။ ရှိဟုန် ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့။
על כן יאמרו המשלים באו חשבון תבנה ותכונן עיר סיחון׃
28 ၂၈ ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက် ၍ မောဘပြည်အာရမြို့နှင့်တကွ၊ အာနုန်ချောင်းနား၊ မြင့်သောအရပ်၌ အစိုးရသော မင်းတို့ကို လောင်လေပြီ။
כי אש יצאה מחשבון להבה מקרית סיחן אכלה ער מואב בעלי במות ארנן׃
29 ၂၉ အိုမောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေး ရသော မိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန် လက်သို့ ရောက်စေခြင်းငှါ၊ ထိုဘုရားသည် အခွင့်ပေးပြီ တကား။
אוי לך מואב אבדת עם כמוש נתן בניו פליטם ובנתיו בשבית למלך אמרי סיחון׃
30 ၃၀ တဖန် ငါတို့သည် အာမောရိသားတို့ကို တိုက် ပြန်သောကြောင့်၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင် အောင် ပျက်လေပြီ။ မေဒဘမြို့နှင့် နီးစပ်သော နောဖာ မြို့တိုင်အောင် သူတို့ကို သုတ်သင်ပယ်ရှင်းကြပြီဟု ဆိုသတည်း။
ונירם אבד חשבון עד דיבון ונשים עד נפח אשר עד מידבא׃
31 ၃၁ ထိုသို့ ဣသရေလအမျိုးသားတို့သည် အာမောရိ ပြည်၌ နေရကြ၏။
וישב ישראל בארץ האמרי׃
32 ၃၂ မောရှေသည်လည်း၊ ယာဇာမြို့ကို စူးစမ်းခြင်းငှါ လူကို စေလွှတ်ပြီးလျှင်၊ ထိုမြို့ရွာတို့ကို သိမ်းယူ၍ အရင် နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ၏။
וישלח משה לרגל את יעזר וילכדו בנתיה ויירש את האמרי אשר שם׃
33 ၃၃ တဖန် ဣသရေလအမျိုးသားတို့သည် လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃ သည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီသွား၏။
ויפנו ויעלו דרך הבשן ויצא עוג מלך הבשן לקראתם הוא וכל עמו למלחמה אדרעי׃
34 ၃၄ ထာဝရဘုရားကလည်း၊ သူ့ကို မကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းကို၎င်း၊ သူ၏မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးပြီ။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့၊ ဤမင်းကိုလည်း ပြုရမည် ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
ויאמר יהוה אל משה אל תירא אתו כי בידך נתתי אתו ואת כל עמו ואת ארצו ועשית לו כאשר עשית לסיחן מלך האמרי אשר יושב בחשבון׃
35 ၃၅ ထိုမင်းနှင့်သားများ၊ လူများအပေါင်းတို့ကို တယောက်မျှ မကြွင်းလုပ်ကြံ၍ သူ၏ပြည်ကို သိမ်းယူ ကြ၏။
ויכו אתו ואת בניו ואת כל עמו עד בלתי השאיר לו שריד ויירשו את ארצו׃

< တောလည်ရာ 21 >