< တောလည်ရာ 2 >

1 တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊
BWANA akasema na Musa na Haruni tena. Akamwambia,
2 ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိ တပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သော အလံ အနားမှာ ပရိသတ်စည်းဝေးရာ တဲတော်ကို ရှေ့ရှု ပြု၍ နေရာချရမည်။
Kila mtu atapanga kulingana na mahali pake, pamoja na mabango ya baba zao. Watapanga kuzunguka hema ya kukutania kila upande.
3 နေထွက်ရာ အရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သော အလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သား နာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Wale watakaopanga mashariki mwa hema ya kukutania, mahali ambapo juu huonekana wakati wa jua kuchomoza, ni makambi ya Yuda nao watakuwa katika kundi lao. Nashoni mwana wa Aminadabu ni kiongozi wa watu wa Yuda.
4 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း။
Idadi ya watu wa Yuda ni 74, 600.
5 ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသား နာသနေလသည်။ ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
Kabila la Isakari litapanga mbele ya Yuda. Nethaneli mwana wa Zuari ataliongoza jeshi la Isakari.
6 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း။
Idadi ya kikosi chake ni wanaume 54, 000.
7 ထိုနောက်၊ ဇာဖုလုန်တပ်ချ၍ ဟေလုန်သား ဧလျာဘသည်၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
Kabila la Zabuloni litapanga mbele ya Isakari. Eliabu mwana wa Heloni ndiye atakayeliongoza jeshi la Zabuloni.
8 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း။
Idadi ya kikosi chake ni 57, 400.
9 ယုဒတပ်နှင့်ဆိုင်သော အလုံးအရင်းအရေအ တွက်ကား တသိန်းရှစ်သောင်း ခြောက်ထောင်လေးရာ ရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ ချီရကြမည်။
Idadi yote ya kambi y a Yuda ni 186, 400. Watakuwa wa kwanza kuondoka.
10 ၁၀ တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထု၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုး သားတို့တွင် ဗိုလ်လုပ်ရမည်။
Upande wa kusini kutakuwa na kambi ya Reubeni katika kundi lao. Kiongozi wa kundi la Reubeni ni Elizuri mwana wa Shedeuri.
11 ၁၁ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ခြောက်ထောင်ငါးရာ ရှိသတည်း။
Idadi ya kikosi chake ni 46, 500.
12 ၁၂ ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲ သားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Simeoni atapanga mbele ya Reubeni. Kiongozi wa watu wa Simeoni ni Shelumieli mwana wa Zurishadai.
13 ၁၃ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း ကိုးထောင် သုံးရာရှိသတည်း။
Waliohesabiwa kwenye kikosi chake ni 59, 300.
14 ၁၄ ထိုနောက် ဂဒ်တပ်ချ၍၊ ဒွေလသားဧလျာသပ် သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Kabila la Gadi litafuatia. Kiongozi wa watu wa Gadi ni Eliasafu mwana wa Deuli.
15 ၁၅ သူအုပ်ရသော အလုံးအရင်းအရေအတွက် ကား၊ လေးသောင်း ငါးထောင် ခြောက်ရာငါးဆယ် ရှိသတည်း။
Idadi ya kikosi chake ni 45, 650.
16 ၁၆ ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား တသိန်း ငါးသောင်းတထောင်လေးရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ်အရာ၌ ချီရကြမည်။
Wote waliohesabiwa kwenye kambi ya Reubeni, kulingana na kikosi chake, ni 151, 450. Watakuwa wa pili kuondoka.
17 ၁၇ ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာ တဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည် အတိုင်း လူအသီးသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သော အလံနှင့်အတူ လိုက်လျက်ချီရကြမည်။
Kifuatacho, ni hema la kukutania kuondoka kambini pamoja na Walawi likiwa katikati ya kambi zote. Lazima waondoke hapo kambini kwa mpangilio huo kama walivyoingia kwenye kambi. Kila mwanamume lazima awe mahali pake kwa kufuata bango lake.
18 ၁၈ အနောက်မျက်နှာ၌ ဧဖရိမ်တပ် အလုံးအရင်း သည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ် အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Migawanyiko ya kambi y Efraimu kufuata mahali pake. Kiongozi wa watu wa Efraimu ni Elishama mwana wa Amihudi.
19 ၁၉ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ငါးရာရှိသတည်း။
Hesabu ya kikosi hiki ni 40, 500.
20 ၂၀ ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါ ဇုရသားဂါမလေလျလသည်၊ မနာရှေအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Baada ya hao lilifuata kabila la Manase. Kiongozi wa Manase ni Gamaliel mwana wa Pedazuri.
21 ၂၁ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။
Hesabu ya kikosi hiki ni 32, 200.
22 ၂၂ ထိုနောက် ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသား အဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
Kabila litakalofuata ni la Benjamini. Kiongozi wa Benjamini n Abidani mwana wa Gidioni.
23 ၂၃ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။
Hesabu ya kikosi hiki ni 35, 000
24 ၂၄ ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်းရှစ်ထောင်တရာ ရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ ချီရကြမည်။
Wote waliohesabiwa katika kambi ya Efraimu ni 108, 100. Watakuwa wa tatu kuondoka.
25 ၂၅ တပ်များ မြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်း သည် ဒန်အလံကိုထူ၍ အမိရှဒွသား အဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Upande wa kaskazini kutakuwa na kambi ya kikosi cha Dani. Kiongozi wa watu wa Dani ni Ahiezeri mwana wa Amishadai.
26 ၂၆ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခြောက်သောင်း နှစ်ထောင်ခုနှစ်ရာ ရှိသတည်း။
Hesabu ya kikosi hiki ni 62, 700.
27 ၂၇ ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန် သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင် ဗိုလ်လုပ် ရမည်။
Watu wa kabila ya Asheri watapanga mbele ya Dani. Kiongozi wa Asheri ni Pagieli mwana wa Okirani.
28 ၂၈ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း တထောင်ငါးရာ ရှိသတည်း။
Hesabu ya Kikosi hiki ni 41, 500.
29 ၂၉ ထိုနောက်၊ နဿလိတပ်ချ၍ ဧနန်သားအဟိရ သည်၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Kabila la Naftali ndilo litakalofuatia. Kiongozi wa Naftali ni Ahira mwana wa Enani.
30 ၃၀ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း သုံးထောင်လေးရာ ရှိသတည်း။
Hesabu ya kikosi hiki ni 53, 400.
31 ၃၁ ဒန်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက်ရာ ရှိသတည်း။ ဤသူတို့သည် မိမိတို့အလံပါလျက် နောက် ဆုံးတပ်အရာ၌ ချီရကြမည်။
Wote waliohesabiwa kwenye kambi ya Dani ni 157, 600. Hawa watakuwa wa mwisho kuondoka kambini, wakifuata bango lao.
32 ၃၂ ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက် အရေ အတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်း လူပေါင်းကား၊ ခြောက်သိန်း သုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း။
Hawa ndio Waisraeli, waliohesabiwa kufuata familia zao. Wote waliohesabiwa kwenye kambi zao, kwa kufuata vikosi vyao ni 603, 550.
33 ၃၃ ထာဝရဘုရားသည်၊ မောရှအား မှာထားတော်မူ သည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် ရောနှော၍ မရေတွက်ရ။
Lakini Musa na Haruni hawakujumuisha Walawi kwenye Hesabu ya Waisrael. Ilikuwa kama BWANA alivyokuwa amemwagiza Musa.
34 ၃၄ ထာဝရဘုရားသည်၊ မောရှေအား မှာထား တော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးသီး တို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကို၎င်း၊ မိမိဘိုးဘ အမျိုးအလိုက် ချီခြင်းကို၎င်း ပြုရကြ၏။
Watu wa Israel walifanya yote ambayo BWANA alimwagiza Musa. Walipanga kwa kufuata mabango yao. Walisafiri kutoka kambini kwa kufuata jamaa zao, kwa mpangilio wa familia za koo zao.

< တောလည်ရာ 2 >