< တောလည်ရာ 17 >

1 တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
BWANA akanena na Musa, akasema,
2 သင်သည် ဣသရေလအမျိုးသားတို့အား ဆင့် ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလ ဆယ်နှစ် မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ် နှစ်ချောင်းတို့ကို ယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာ ရေးထားလော့။
“Waambie wana wa Israeli wakuletee fimbo za kutembelea moja kwa kila jamaa, fimbo kumi na mbili. Uandika jina la kila mmoja kwenye hizo fimbo.
3 လေဝိအမျိုး၏လှံတံပေါ်မှာ အာရုန်အမည်ကို ရေးထားလော့။ ဘိုးဘအဆွေအမျိုးသူကြီးတဦးလျှင် လှံတံတချောင်းစီရှိရမည်။
Utaandika jina la Haruni kwenye jina la Lawi. Kutakuwa na fimbo moja kwa kila kiongozi kutoka kwenye kabila la mababu zake.
4 ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာ အရပ်၊ ပရိသတ် စည်းဝေးရာ တဲတော်အတွင်း၊ သက်သေခံချက်ရှေ့မှာ တင်ထားလော့။
Utaziweka hizo fimbo kwenye hema ya kukutania mbele ya amri za agano, ambapo Mimi hukutana na wewe. Itakuwa hivi,
5 ငါရွေးကောက်သောသူ၏ လှံတံသည် အပွင့် ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင်၌ အပြစ်တင်၍ မြည်တမ်းခြင်းကို နောက်တဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း၊
fimbo ya mtu yule ninayemchagua itachipua. Nitazuia watu wa Israeli walalamikao, ambao wanaongea kinyume na wewe.”
6 မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုး အလိုက်၊ မင်းတဦးလျှင် လှံတံတချောင်းစီ လှံတံဆယ်နှစ် ချောင်းတို့ကို ပေးကြ၏။ အာရုန်၏လှံတံသည် လှံတံများ ၌ ပါသတည်း။
Kwa hiyo Musa akawaambia wana wa Israeli. Viongozi wote wa kabila wakampatia fimbo, fimbo moja kutoka kwa kila kiongozi, aliyechaguliwa kutoka kwenye kila kabila ya babu zao, jumla yake fimbo kumi na mbili. Fimbo ya Haruni ilikuwa miongoni mwa fimbo hizo.
7 မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက် တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်၌ တင်ထား လေ၏။
Ndipo Musa alipoziweka zile fimbo mbele ya BWANA katika hema ya amri ya agano.
8 နက်ဖြန်နေ့၌ သက်သေခံချက်တဲတော်အတွင်း သို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့် လျက်၊ ဗာတံသီးကို သီးလျက်ရှိ၏။
Siku iliyofuata Musa aliingia kwenye hema ya amri ya agano, na tazama, fimbo ya Haruni kwa ajili ya Kabila la Lawi ilikuwa imetoa machipukizi. Machipukizi yalikuwa hadi kuchanua maua na kuzaa malozi mabivu!
9 မောရှေသည် လှံတံရှိသမျှတို့ကို ထာဝရဘုရား ထံတော်က ဣသရေလအမျိုးသားတို့ ရှေ့သို့ ထုတ်ဆောင် သဖြင့်၊ သူတို့သည် ကြည့်ရှု၍၊ လူတိုင်း မိမိလှံတံကို ယူပြန် လေ၏။
Musa akazitoa fimbo zote kutoka kwa BWANA kwa watu wote wa Israeli, na kila mtu akachukua fimbo yake.
10 ၁၀ ထာဝရဘုရားကလည်း၊ ပုန်ကန်သောသူတို့ တဘက်၌ သက်သေဖြစ်စေခြင်းငှါ၊ အာရုန်၏ လှံတံကို သက်သေခံချက်ရှေ့၌ ပြန်ထား၍ အမြဲရှိစေလော့။ ထိုသို့ သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ သူတို့ အပြစ်တင်၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု၊
BWANA akamwambua Musa, “Iweke fimbo ya Haruni mbele ya amri za agano. Iweke iwe ishara ya hatia mbele ya watu waliopinga ili ukomeshe malalamiko dhidi yangu, vinginevyo watakufa.”
11 ၁၁ မောရှေအား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ပြုလေ၏။
Musa akafanya kama BWANA alivyoagiza.
12 ၁၂ ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့ သည် သေကြေပျက်စီးကြပါ၏။ တယောက်မျှမကြွင်း ပျက်စီးရကြပါ၏။
Wana wa Israeli wakanena na Musa wakisema, “tutakufa hapa! Wote tutaangamia!
13 ၁၃ ထာဝရဘုရား၏ တဲတော်ကို ချဉ်းကပ်သော သူ တိုင်း သေပါလိမ့်မည်။ အကျွန်ုပ်တို့ ရှိသမျှသည် သေဘေး သင့်၍ ဆုံးရှုံးခြင်းသို့ ရောက်ရကြပါဦးမည်လောဟု မောရှေအား လျှောက်ဆိုကြ၏။
Kila mmoja anayekuja hapa, anayekaribia masikani ya BWANA, atakufa. Je, ni lazima wote tuangamie?”

< တောလည်ရာ 17 >