< တောလည်ရာ 16 >

1 လေဝိအမျိုး၊ ကောဟတ်သားဣဇဟာ၏ သားကောရသည်၊ ရုဗင်အမျိုးဧလျာဘ၏သား ဒါသန်နှင့် အဘိရံ၊ ပေလက်၏သား ဩနတို့ကို ခေါ်ပြီးလျှင်၊
Корей, сын Ицгара, сын Каафов, сын Левиин, и Дафан и Авирон, сыны Елиава, и Авнан, сын Фалефа, сыны Рувимовы,
2 ပရိသတ်၌ ကျော်စော၍ ဂုဏ်အသရေရှိသော သူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလအမျိုး သားနှစ်ရာငါးဆယ်နှင့်တကွ၊ မောရှေကို ပုန်ကန်၍၊
восстали на Моисея, и с ними из сынов Израилевых двести пятьдесят мужей, начальники общества, призываемые на собрания, люди именитые.
3 မောရှေနှင့် အာရုန်တဘက်၌ စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိ သမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရား သည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်းဟု ဆိုလေ၏။
И собрались против Моисея и Аарона и сказали им: полно вам; все общество, все святы, и среди их Господь! почему же вы ставите себя выше народа Господня?
4 ထိုစကားကို မောရှေကြားလျှင် ပြပ်ဝပ်လျက် နေ၏။
Моисей, услышав это, пал на лице свое
5 တဖန်မောရှေက၊ အဘယ်သူသည် ထာဝရ ဘုရား၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်းသည်ကို ၎င်း၊ အဘယ်သူကို ချဉ်းကပ်စေမည်ကို၎င်း၊ နက်ဖြန်နေ့၌ ထာဝရဘုရား ပြတော်မူမည်။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်း ကပ်စေတော်မူမည်။
и сказал Корею и всем сообщникам его, говоря: завтра покажет Господь, кто Его, и кто свят, чтобы приблизить его к Себе; и кого Он изберет, того и приблизит к Себе;
6 အိုကောရနှင့် ကောရ၏အပေါင်းအသင်းရှိသမျှ တို့၊ သင်တို့ပြုရမည်အမှုဟူမူကား၊ လင်ပန်းတို့ကို ယူ၍၊
вот что сделайте: Корей и все сообщники его возьмите себе кадильницы
7 နက်ဖြန်နေ့၊ ထာဝရဘုရားရှေ့တော်၌ မီးနှင့် လောဗန်ကို တင်ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက်တော်မူသော သူသည်၊ သန့်ရှင်းသောသူ ဖြစ်စေ။ အိုလေဝိသားတို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆိုလေ၏။
и завтра положите в них огня и всыпьте в них курения пред Господом; и кого изберет Господь, тот и будет свят. Полно вам, сыны Левиины!
8 တဖန်မောရှေက၊ အိလေဝိသားတို့၊ နားထောင် ကြပါလော့။
И сказал Моисей Корею: послушайте, сыны Левия!
9 သင်တို့သည် ထာဝရဘုရား၏ တဲတော်အမှုကို ဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင်သည်၊ သင်တို့ကို အနီးအပါးသို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလအမျိုး ပရိသတ်နှင့် ခွဲထား၍၊
неужели мало вам того, что Бог Израилев отделил вас от общества Израильского и приблизил вас к Себе, чтобы вы исполняли службы при скинии Господней и стояли пред обществом Господним, служа для них?
10 ၁၀ သင့်ကို၎င်း၊ သင့်ညီအစ်ကို လေဝိသားအပေါင်း တို့ကို၎င်း၊ အနီးအပါး၌ နေရာချတော်မူသော ကျေးဇူး တော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား။
Он приблизил тебя и с тобою всех братьев твоих, сынов Левия, и вы домогаетесь еще и священства.
11 ၁၁ ထိုကြောင့် သင်နှင့်သင်၏အပေါင်းအသင်းရှိ သမျှတို့သည် ထာဝရဘုရားတဘက်၌ စုဝေးကြပြီ တကား။ အာရုန်ကို အပြစ်တင်၍ မြည်တမ်းရမည် အကြောင်း၊ သူသည် အဘယ်သို့သော သူဖြစ်သနည်းဟု ကောရအား ဆိုပြီးမှ၊
Итак ты и все твое общество собрались против Господа. Что Аарон, что вы ропщете на него?
12 ၁၂ ဧလျာဘသား ဒါသန်နှင့် အဘိရံတို့ကို ခေါ်ခြင်း ငှါ စေလွှတ်လေ၏။ သူတို့ကလည်း ငါတို့မလာ။
И послал Моисей позвать Дафана и Авирона, сынов Елиава. Но они сказали: не пойдем!
13 ၁၃ သင်သည် ဤတော၌ ငါတို့ကို သတ်လို၍ နို့နှင့် ပျားရည်စီးသော ပြည်မှ ဆောင်ခဲ့သော်လည်း၊ ငါတို့ အပေါ်၌ လုံးလုံးမင်းမပြုရလျှင်၊ စိတ်မပြေသေးသည် တကား။
разве мало того, что ты вывел нас из земли, в которой течет молоко и мед, чтобы погубить нас в пустыне? и ты еще хочешь властвовать над нами!
14 ၁၄ ထိုမှတပါး နို့နှင့် ပျားရည်စီးသော ပြည်သို့ ငါတို့ကို မဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မပေးဘဲ၊ ဤလူတို့၏မျက်စိကို ဖောက်ချင်သလော။ ငါတို့သည် သင့်ထံသို့ မလာဟု ပြန်ဆို၏။
привел ли ты нас в землю, где течет молоко и мед, и дал ли нам во владение поля и виноградники? глаза людей сих ты хочешь ослепить? не пойдем!
15 ၁၅ မောရှေသည် အလွန်အမျက်ထွက်၍၊ ဤသူတို့ ပူဇော်သက္ကာကို ပမာဏပြုတော်မမူပါနှင့်။ သူတို့ဥစ္စာ မြည်းတကောင်ကိုမျှ အကျွန်ုပ်မသိမ်းပါ။ သူတို့တွင် တယောက်ကိုမျှ မညှဉ်းဆဲပါဟု ထာဝရဘုရားအား လျှောက်၍၊
Моисей весьма огорчился и сказал Господу: не обращай взора Твоего на приношение их; я не взял ни у одного из них осла и не сделал зла ни одному из них.
16 ၁၆ ကောရအားလည်း၊ အာရုန်နှင့် သင်အစရှိသော သင်၏အပေါင်းအသင်းရှိသမျှတို့သည်၊ နက်ဖြန်နေ့ ထာဝရဘုရားရှေ့တော်၌ ရှိကြလော့။
И сказал Моисей Корею: завтра ты и все общество твое будьте пред лицом Господа, ты, они и Аарон;
17 ၁၇ လူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများကို ယူ၍ လောဗန်ကို တင်ပြီးမှ၊ သင်နှင့် အာရုန်သည်လည်း မိမိတို့ လင်ပန်းပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာငါးဆယ်တို့ကို ထာဝရဘုရား ရှေ့တော်သို့ ဆောင်ခဲ့ ကြလော့ဟု ဆိုသည်အတိုင်း၊
и возьмите каждый свою кадильницу, и положите в них курения, и принесите пред лице Господне каждый свою кадильницу, двести пятьдесят кадильниц; ты и Аарон, каждый свою кадильницу.
18 ၁၈ ထိုသူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများ ကို ယူ၍ မီးနှင့်လောဗန်ကို တင်ပြီးမှ၊ မောရှေ၊ အာရုန်နှင့် အတူ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ်နေ ကြ၏။
И взял каждый свою кадильницу, и положили в них огня, и всыпали в них курения, и стали при входе в скинию собрания; также и Моисей и Аарон.
19 ၁၉ ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက်၌ စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ ထင်ရှားလေ၏။
И собрал против них Корей все общество ко входу скинии собрания. И явилась слава Господня всему обществу.
20 ၂၀ ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့နှင့် ခွာ၍ တခြားစီနေလော့။
И сказал Господь Моисею и Аарону, говоря:
21 ၂၁ ငါသည် သူတို့ကို ချက်ခြင်း ဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အား မိန့်တော်မူလျှင်၊
отделитесь от общества сего, и Я истреблю их во мгновение.
22 ၂၂ သူတို့က ပြပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ် သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရ တော်မူသော အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ၏။
Они же пали на лица свои и сказали: Боже, Боже духов всякой плоти! один человек согрешил, и Ты гневаешься на все общество?
23 ၂၃ ထာဝရဘုရားကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံ တို့၏ တဲများကို ရှောင်၍ နေစေခြင်းငှါ၊
и сказал Господь Моисею, говоря:
24 ၂၄ ပရိသတ်တို့အား ဆင့်ဆိုလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
скажи обществу: отступите со всех сторон от жилища Корея, Дафана и Авирона.
25 ၂၅ မောရှေထ၍ ဣသရေလအမျိုး အသက်ကြီးသူ တို့နှင့်တကွ၊ ဒါသန်၊ အဘိရံနေရာသို့ သွားပြီးမှ၊
И встал Моисей, и пошел к Дафану и Авирону, и за ним пошли старейшины Израилевы.
26 ၂၆ ဤလူဆိုးတို့၏နေရာ တဲများကို ရှောင်၍ နေကြ ပါလော့။ သူတို့၏ဥစ္စာတစုံတခုကိုမျှ မထိကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူတို့အပြစ်ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ်တို့အား ဆင့်ဆို လျှင်၊
И сказал обществу: отойдите от шатров нечестивых людей сих, и не прикасайтесь ни к чему, что принадлежит им, чтобы не погибнуть вам вместе во всех грехах их.
27 ၂၇ လူများတို့သည် ကောရ၊ ဒါသန်၊ အဘိရံတဲ ပတ်ဝန်းကျင်၌မနေဘဲ ရှောင်လွှဲ၍ သွားကြသဖြင့်၊ ဒါသန်၊ အဘိရံသည်၊ သားမယား အကလေးများနှင့်တကွ ထွက်၍ မိမိတို့တဲတံခါးဝ၌ ရပ်နေကြ၏။
И отошли они со всех сторон от жилища Корея, Дафана и Авирона; а Дафан и Авирон вышли и стояли у дверей шатров своих с женами своими и сыновьями своими и с малыми детьми своими.
28 ၂၈ မောရှေကလည်း၊ ဤအမှုအလုံးစုံတို့ကို ငါသည် အလိုလိုမပြု၊ ထာဝရဘုရား စေခိုင်းတော်မူ၍ ငါပြုသည် အကြောင်းကို သင်တို့သည် အဘယ်သို့ သိရမည်နည်း ဟူမူကား၊
И сказал Моисей: из сего узнаете, что Господь послал меня делать все дела сии, а не по своему произволу я делаю сие:
29 ၂၉ ခပ်သိမ်းသော လူသတ္တဝါတို့ခံရသော သေခြင်း၊ ခပ်သိမ်းသော လူသတ္တဝါတို့ ခံရသော ဆုံးမခြင်းကိုသာ ဤလူတို့ ခံရလျှင်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မမူ။
если они умрут, как умирают все люди, и постигнет их такое наказание, какое постигает всех людей, то не Господь послал меня;
30 ၃၀ သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်း တော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကို၎င်း၊ သူတို့ နှင့်ဆိုင်သမျှကို၎င်း မျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှား ကြောင်းကို သင်တို့သည် သိနားလည်ကြရလိမ့်မည်ဟု၊ (Sheol h7585)
а если Господь сотворит необычайное, и земля разверзнет уста свои и поглотит их и домы их и шатры их и все, что у них, и они живые сойдут в преисподнюю, то знайте, что люди сии презрели Господа. (Sheol h7585)
31 ၃၁ ပြောဆိုပြီးသည်အဆုံး၌၊ သူတို့နင်းရာ မြေကြီး သည် ကွဲ၍၊
Лишь только он сказал слова сии, расселась земля под ними;
32 ၃၂ မိမိခံတွင်းကို ဖွင့်သဖြင့်၊ သူတိုနှင့် သူတို့အိမ် များကို၎င်း၊ ကောရနှင့် ဆိုင်သမျှသော သူတို့နှင့် သူတို့ ဥစ္စာရှိသမျှကို၎င်း မျိုလေ၏။
и разверзла земля уста свои, и поглотила их и домы их, и всех людей Кореевых и все имущество;
33 ၃၃ ထိုသူတို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသော သူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်း သက်၍၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရကြ၏။ (Sheol h7585)
и сошли они со всем, что принадлежало им, живые в преисподнюю, и покрыла их земля, и погибли они из среды общества. (Sheol h7585)
34 ၃၄ သူတို့အော်ဟစ်သံကို ပတ်ဝန်းကျင်၌ရှိသော ဣသရေလအမျိုးသားတို့သည် ကြားလျှင်၊ ငါတို့ကိုလည်း မြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေးကြ၏။
И все Израильтяне, которые были вокруг них, побежали при их вопле, дабы, говорили они, и нас не поглотила земля.
35 ၃၅ နံ့သာပေါင်းကို မီးရှို့၍ ပူဇော်သောသူ နှစ်ရာ ငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရားထံတော်က မီးထွက်၍ လောင်လေ၏။
И вышел огонь от Господа и пожрал тех двести пятьдесят мужей, которые принесли курение.
36 ၃၆ ထာဝရဘုရားကလည်း၊ ထိုသန့်ရှင်းသော လင်ပန်းတို့ကို မီးလောင်ရာထဲက ကောက်ယူ၍၊ မီးကို ပစ်ချပြီးမှ၊
И сказал Господь Моисею, говоря:
37 ၃၇
скажи Елеазару, сыну Аарона, священнику, пусть он соберет медные кадильницы сожженных и огонь выбросит вон; ибо освятились
38 ၃၈ ကိုယ်အသက်ကို သေစေခြင်းငှါ ပြစ်မှားသော သူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရား ရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့် ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ် ရကြမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
кадильницы грешников сих смертью их, и пусть разобьют их в листы для покрытия жертвенника, ибо они принесли их пред лице Господа, и они сделались освященными; и будут они знамением для сынов Израилевых.
39 ၃၉ ယဇ်ပုရောဟိတ်ဧလာဇာသည်၊ မီးလောင်ခြင်း ကို ခံရသော သူတို့ ပူဇော်သော လင်ပန်းများကို ယူ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်လေ၏။
И взял Елеазар священник медные кадильницы, которые принесли сожженные, и разбили их в листы для покрытия жертвенника,
40 ၄၀ ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတပါးသော အမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်း ကို မီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည် အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့ အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။
в память сынам Израилевым, чтобы никто посторонний, который не от семени Аарона, не приступал приносить курение пред лице Господне, и не было с ним, что с Кореем и сообщниками его, как говорил ему Господь чрез Моисея.
41 ၄၁ နက်ဖြန်နေ့၌ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့က၊ သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီဟုဆိုလျက်၊ မောရှေနှင့် အာရုန်တို့ကို အပြစ် တင်၍ မြည်တမ်းကြ၏။
На другой день все общество сынов Израилевых возроптало на Моисея и Аарона и говорило: вы умертвили народ Господень.
42 ၄၂ ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန် တဘက်၌ စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ မြော်ကြည့်၍၊ မိုဃ်းတိမ်သည် တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှား လေ၏။
И когда собралось общество против Моисея и Аарона, они обратились к скинии собрания, и вот, облако покрыло ее, и явилась слава Господня.
43 ၄၃ မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေး ရာ တဲတော်ရှေ့သို့ ချဉ်းကပ်ကြ၏။
И пришел Моисей и Аарон к скинии собрания.
44 ၄၄ ထာဝရဘုရားကလည်း၊
И сказал Господь Моисею и Аарону, говоря:
45 ၄၅ ဤပရိသတ်တို့ကိုရှောင်၍ နေကြလော့။ ငါ သည် သူတို့ကို ချက်ခြင်းဖျက်ဆီးမည်ဟု မောရှေအား မိန့်တော်မူလျှင်၊ သူတို့သည် ပြပ်ဝပ်လျက် နေကြ၏။
отсторонитесь от общества сего, и Я погублю их во мгновение. Но они пали на лица свои.
46 ၄၆ မောရှေကလည်း၊ သင်သည် လင်ပန်းကို ကိုင်၍ ယဇ်ပလ္လင်ပေါ်က မီးကို ယူထည့်ပြီးလျှင်၊ လောဗန်ကို လည်း တင်လျက်၊ ပရိသတ်ရှိရာသို့ အလျင်အမြန်သွား၍ အပြစ်ဖြေခြင်းကို ပြုလော့။ ထာဝရဘုရားထံတော်က အမျက်တော်ထွက်၍ ဘေးဥပဒ်ရောက်လျက် ရှိပြီဟု၊
И сказал Моисей Аарону: возьми кадильницу и положи в нее огня с жертвенника и всыпь курения, и неси скорее к обществу и заступи их, ибо вышел гнев от Господа, и началось поражение.
47 ၄၇ အာရုန်အား မှာထားသည်အတိုင်း၊ အာရုန် သည် ယူ၍ ပရိသတ်ထဲသို့ ပြေးလေ၏။ ထိုအခါ လူတို့ ၌ ဘေးဥပဒ်ရောက်စရှိသည်ဖြစ်၍၊ လောဗန်ကို တင် သဖြင့် လူများတို့အဘို့ အပြစ်ဖြေခြင်းကို ပြု၏။
И взял Аарон, как сказал Моисей, и побежал в среду общества, и вот, уже началось поражение в народе. И он положил курения и заступил народ;
48 ၄၈ အသက်ရှင်သောသူ၊ သေသောသူ စပ်ကြားမှာ ရပ်နေ၍၊ ဘေးဥပဒ် ငြိမ်းလေ၏။
стал он между мертвыми и живыми, и поражение прекратилось.
49 ၄၉ ကောရ အမှုကြောင့် သေသောသူတို့ကို ထား၍ ထိုဘေးဥပဒ်ဖြင့် သေသော လူပေါင်းကား၊ တသောင်း လေးထောင်ခုနစ်ရာ ရှိသတည်း။
И умерло от поражения четырнадцать тысяч семьсот человек, кроме умерших по делу Корееву.
50 ၅၀ ထိုဘေးဥပဒ်ငြိမ်းပြီးမှ၊ အာရုန်သည် ပရိသတ် စည်းဝေးရာ တဲတော်တံခါးဝ၊ မောရှေထံသို့ ပြန်လာ၏။
И возвратился Аарон к Моисею, ко входу скинии собрания, после того как поражение прекратилось.

< တောလည်ရာ 16 >