< တောလည်ရာ 1 >

1 ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှ ထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပဌမနေ့၌သိနာတောတွင် ပရိသတ်စည်းဝေးရာ တဲတော်မှာ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
Izip hoi a tâco awh hnukkhu, kum hni nah kum, thapa yung pahni, apasuek hnin vah Sinai kahrawngum kamkhuengnae lukkareiim dawk BAWIPA ni Mosi hah a pato teh,
2 သင်နှင့် အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်တို့တွင်၊ အသက်နှစ်ဆယ်လွန်၍၊
Isarel tamihu pueng hah a miphun lahoi, a imthung lahoi, a min kâtarui lahoi tongpa pueng koung touk haw,
3 စစ်တိုက်နိုင်သော ယောက်ျားအပေါင်းတို့ကို သူတို့အဆွေအမျိုး အသီးသီးအလိုက် စာရင်းယူလျက်၊ တပ်ခင်းကျင်း၍ ရေတွက်လော့။
kum 20 lathueng Isarelnaw thung dawk hoi taran ka tuk thai e naw pueng nang nama hoi Aron ni ahuhu lahoi koung na touk awh han.
4 အမျိုးအနွယ်အသီးသီး တမျိုးတယောက်စီ မိမိတို့ အဆွေအမျိုး၌ သူကြီးဖြစ်သော လူတို့သည် သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရကြမည်။
Nang koe e miphunnaw pueng thung dawk hoi imthung kahrawikung buet touh koung ao awh han.
5 သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသော သူဟူမူကား၊ ရုဗင်အမျိုး၊ ရှေဒုရသားဧလိဇုရ။
Hetnaw heh nang koe kaawm hane tami minnaw doeh. Reuben dawk hoi Shedeur capa Elizur,
6 ရှိမောင်အမျိုး၊ ဇုရိရှဒ္ဒဲသားရှေလုမျေလ။
Simeon dawk hoi Zurishaddai capa Shelumiel,
7 ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်။
Judah dawk hoi Amminadab capa Nahshon,
8 ဣသခါအမျိုး ဇုအာသား နာသနေလ။
Issakhar dawk hoi Zuar capa Nethanel,
9 ဇာဗုလုန်အမျိုး၊ ဟေလုန်သားဧလျာဘ။
Zebulun dawk hoi Helon capa Eliab,
10 ၁၀ ယောသပ်သားတွင်၊ ဧဖရိမ်အမျိုး အမိဟုဒ်သား ဧလိရှမာ၊ မနာရှေအမျိုး၊ ပေဒါဇုရသားဂါမလျလ။
Joseph casak Ephraim dawk hoi Ammihud capa Elishama hoi, Manasseh dawk hoi Pedahzur capa Gamaliel,
11 ၁၁ ဗင်္ယာမိန်အမျိုး၊ ဂိဒေါနိ သားအဘိဒန်။
Benjamin dawk hoi Gideoni capa Abidan,
12 ၁၂ ဒန်အမျိုး၊ အမိရှဒဲသားအဟေဇာ။
Dan dawk hoi Ammishaddai capa Ahiezer,
13 ၁၃ အာရှာအမျိုး၊ ဩကရန်သားပါဂျေလ။
Asher dawk hoi Okran capa Pagiel,
14 ၁၄ ဂဒ်အမျိုး၊ ဒွေလသားဧလျာသပ်၊
Gad dawk hoi Deuel capa Eliasaph,
15 ၁၅ နဿလိအမျိုး၊ ဧနန်သားအဟိရတည်း။
Naphtali dawk hoi Enan capa Ahira Enan seh, atipouh.
16 ၁၆ ဤသူတို့သည် ပရိသတ်တွင် ကျော်စောသော သူ၊ အဆွေအမျိုး သူကြီးမင်းဖြစ်၍ ဣသရေလအမျိုး၌ လူတထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း။
Hetnaw heh tamimaya thung dawk hoi rawi e a na mintoenaw miphun dawk hoi kahrawikung Isarel imthung kahrawikungnaw doeh.
17 ၁၇ ထိုသို့နာမည်ဖြင့် ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့် အာရုန်သည်ခေါ်၍၊
Hot patetlah Mosi hoi Aron ni min a kaw e hetnaw heh a ceikhai awh.
18 ၁၈ ဒုတိယလ၊ ပဌမနေ့၌ ပရိသတ်အပေါင်းကို စည်းဝေးစေပြီးမှ၊ အဆွေအမျိုးစာရင်းကို ဘော်ပြ၍ အနှစ်နှစ်ဆယ်အလွန်သောသူတို့၏ နာမည်ပေါင်းကို မှတ်သဖြင့်၊
Tamimaya hah thapa yung pahni, apasuek hnin vah koung a kamkhueng awh teh, a na pa hoi, imthungnaw hoi kakhekungnaw, khetsin lahoi yah, kum 20 lathueng pueng teh kakhekungnaw hah ama buet touh min lahoi a kaw awh.
19 ၁၉ ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း၊ သိနာတော၌ ဣသရေလအမျိုးသားတို့ ကို ရေတွက်လေ၏။
BAWIPA ni Mosi koe kâ a poe e patetlah Sinai kahrawngum vah a touk awh.
20 ၂၀ ဣသရေလ၏သားဦး၊ ရုဗင်၏အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊
Isarel capa, a camin Reuben casak thung hoi a min kâtarui lah tongpa pueng kum 20 lathueng tarantuknae koe ka cet thai e,
21 ၂၁ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းခြောက်ထောင်ငါးရာ ရှိကြ၏။
Reuben miphun a touk awh e teh 46, 500 touh a pha awh.
22 ၂၂ ရှိမောင်အမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
Simeon casak dawk hoi a miphun lahoi imthungkhu lahoi a min kâtarui e patetlah tongpa pueng kum 20 lathueng tarantuknae koe ka cet thai naw,
23 ၂၃ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းကိုးထောင်သုံးရာရှိကြ၏။
Simeon casak a touk awh e naw teh 59, 300 touh a pha.
24 ၂၄ ဂဒ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီး လိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
Gad catounnaw dawk hoi a miphun lahoi a imthungkhu lahoi, a min kâtarui e patetlah tongpa pueng tarantuknae koe ka cet thai naw,
25 ၂၅ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းငါးထောင်ခြောက်ရာ ငါးဆယ် ရှိကြ၏။
Gad miphun dawk a touk awh e teh 45, 650 touh a pha.
26 ၂၆ ယုဒအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည် အတိုင်း၊
Judah catounnaw dawk hoi a miphun lahoi a imthungkhu lahoi, a min kâtarui e patetlah tongpa pueng kum 20 lathueng tarantuknae koe ka cet thai naw,
27 ၂၇ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ခုနစ်သောင်း၊ လေးထောင်ခြောက်ရာ ရှိကြ၏။
Judah miphun dawk a touk awh e teh 74, 600 touh a pha.
28 ၂၈ ဣသခါအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးကိုလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
Issakhar catounnaw dawk hoi a miphun lahoi a imthungkhu lahoi, a min kâtarui e patetlah tongpa pueng kum 20 lathueng tarantuknae koe ka cet thai naw,
29 ၂၉ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းလေးထောင်လေးရာ ရှိကြ ၏။
Issakhar miphun dawk a touk awh e teh 54, 400 touh a pha.
30 ၃၀ ဇာဗုလုန်အမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
Zebulun catounnaw dawk hoi a miphun lahoi a imthungkhu lahoi, a min kâtarui e patetlah tongpa pueng kum 20 lathueng tarantuknae koe ka cet thai naw,
31 ၃၁ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းနှစ်ထောင်လေးရာရှိကြ၏။
Zebulun miphun dawk a touk awh e teh 57, 400 touh a pha.
32 ၃၂ ယောသပ်မှ ဆင်းသက်သော ဧဖရိမ်အမျိုးသား တို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊
Joseph catounnaw dawk hoi Ephraim catoun hai imthungkhu lahoi, a min kâtarui e patetlah tongpa pueng kum 20 lathueng tarantuknae koe ka cet thai naw,
33 ၃၃ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းငါးရာ ရှိကြ၏။
Ephraim miphun dawk a touk awh e teh 40, 500 touh a pha.
34 ၃၄ မနာရှေအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
Manasseh catounnaw dawk hoi a miphun lahoi a imthungkhu lahoi, a min kâtarui e patetlah tongpa pueng kum 20 lathueng tarantuknae koe ka cet thai naw,
35 ၃၅ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိကြ၏။
Manasseh miphun dawk a touk awh e teh 32, 200 touh a pha.
36 ၃၆ ဗင်္ယာမိန်အမျိုးသားတို့တွင် အဆွေအမျိုးအသီး သီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
Benjamin catounnaw dawk hoi a miphun lahoi a imthungkhu lahoi, a min kâtarui e patetlah tongpa pueng kum 20 lathueng tarantuknae koe ka cet thai naw,
37 ၃၇ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း သုံးသောင်းငါးထောင်လေးရာ ရှိကြ၏။
Benjamin miphun dawk a touk awh e teh 35, 400 touh a pha.
38 ၃၈ ဒန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီး လိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊
Dan catounnaw dawk hoi a miphun lahoi a imthungkhu lahoi, a min kâtarui e patetlah tongpa pueng kum 20 lathueng tarantuknae koe ka cet thai naw,
39 ၃၉ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ခြောက်သောင်းနှစ်ထောင်ခုနစ်ရာ ရှိကြ၏။
Dan miphun dawk a touk awh e teh 62, 800 touh a pha.
40 ၄၀ အာရှာအမျိုးသားတို့တွင် အဆွေအမျိုးအသီးအ သီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
Asher catounnaw dawk hoi a miphun lahoi a imthungkhu lahoi, a min kâtarui e patetlah tongpa pueng kum 20 lathueng tarantuknae koe ka cet thai naw,
41 ၄၁ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းတထောင်ငါးရာ ရှိကြ၏။
Asher miphun dawk a touk awh e teh 41500 touh a pha.
42 ၄၂ နဿလိအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
Naphtali catounnaw dawk hoi a miphun lahoi a imthungkhu lahoi, a min kâtarui e patetlah tongpa pueng kum 20 lathueng tarantuknae koe ka cet thai naw,
43 ၄၃ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းသုံးထောင်လေးရာ ရှိကြ၏။
Naphtali miphun dawk a touk awh e teh 53, 400 touh a pha.
44 ၄၄ ထိုသို့မောရှေနှင့် အာရုန်အစရှိသော ဣသရေ လအမျိုး၌ အဆွေအမျိုးသူကြီးဖြစ်သော မင်းဆယ်နှစ်ပါး တို့သည်
Hotnaw teh Mosi hoi Aron ni Isarel kahrawikung hlaikahni imthung kahrawikungnaw hai a touk awh e doeh.
45 ၄၅ ဣသရေလအမျိုးသားအပေါင်းတို့ကို အဆွေ အမျိုးအလိုက် ရေတွက်၍ စာရင်းယူသည်အတိုင်း၊
Hot patetlah Isarel imthung abuemlahoi kum 20 lathueng taranruknae koe ka cet thai e naw pung Isarel lah koung a touk awh teh,
46 ၄၆ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော လူပေါင်းကား ခြောက်သိန်းသုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း။
a touk awh e naw pueng teh 603550 touh a pha.
47 ၄၇ လေဝိသားတို့သည်၊ ဘိုးဘအမျိုးအလိုက် စာရင်း မဝင်ရသည် အမှုမှာ၊
Hatei, ahnimouh thung dawk hoi Levihnaw kakhekung lah touk awh hoeh.
48 ၄၈ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား
BAWIPA ni Mosi koevah,
49 ၄၉ လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့နှင့် ရောနှော၍ မရေတွက်ရ။ စာရင်းထဲ၌ မသွင်းရ။
Levih miphun teh na touk mahoeh. Isarel taminaw lahai na touksin mahoeh.
50 ၅၀ လေဝိသားတို့အား သက်သေခံချက် တဲတော်ကို ၎င်း၊ တဲတော်တန်ဆာ ရှိသမျှကို၎င်း၊ တဲတော်နှင့်ဆိုင်သမျှတို့ကို၎င်း အပ်၍၊ သူတို့သည် တဲတော်နှင် တဲတော်တန်သော အလုံးစုံကို ဆောင်ရွက်ကြရမည်။ တဲတော်မှုကိုလည်း ထမ်းရကြမည်။ တပ်ချသောအခါ တဲတော်ပတ်လည်၌ မိမိတို့နေရာချရကြမည်။
Bangkongtetpawiteh, Levihnaw teh lawkpanuesaknae lukkareiim hoi, hnopai khenyawnkung, haw e kaawm e naw pueng ka khenyawnkung lah na pouk awh han. Lukkareiim hoi a hnonaw pueng ka kâkayawt awh teh, ka khetyawt awh han. Bawknae rim a tengpam moi ao sin awh han.
51 ၅၁ တဲတော်ကို ယူသွားချိန် ရောက်သောအခါ၊ လေဝိသားတို့သည် ရုပ်သိမ်းရမည်။ နေရာချချိန်ရောက် သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတပါး အခြားသော အမျိုးသားသည် ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကို ခံရမည်။
Hote bawknae rim teh a tâcokhai hanlah ao toteh, Levihnaw ni a raphoe vaiteh, hote rim bout a thung awh han. Tami alouke miphun bawk pawiteh thei lah ao han.
52 ၅၂ ဣသရေလအမျိုးသားတို့သည် တပ်ချသော အခါ၊ အလုံးအရင်းတရှောက်လုံး၊ လူတိုင်း မိမိဆိုင်သော တပ်တွင် မိမိဆိုင်သော အလံနားမှာ မိမိတဲကို ဆောက်ရ မည်။
Isarelnaw ni amamouh o nah tangkuem koe ahuhu lahoi apap e lahoi lukkareiim teh a sak awh han.
53 ၅၃ ဣသရေလအမျိုးသားစည်းဝေးရာ၊ ပရိသတ် အပေါ်မှာ အမျက်တော်မသက်ရောက်စေခြင်းငှါ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည်၌ နေရာချ၍ သက်သေခံချက်တဲတော်ကို စောင့်ရှောက်ရ မည်ဟု၊
Levihnaw a pâlei teh, kamkhueng e Isarelnaw lathueng vah a lungkhueknae ao hoeh nahan, Cathut onae im a tengpam vah a roe awh vaiteh, Levihnaw ni lawkpanuesaknae bawknae im teh, a khetyawt awh han.
54 ၅၄ မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း ဣသရေလာအမျိုးသားတို့သည် ပြုကြ၏။
Hot patetlah Isarelnaw ni BAWIPA ni Mosi koe kâ a poe e patetlah a sak awh.

< တောလည်ရာ 1 >