< နေဟမိ 5 >

1 ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသား ချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်တမ်းကြ၏။
І був великий крик наро́ду та їхніх жіно́к на своїх братів юдеїв.
2 အချို့ကလည်း၊ ငါတို့နှင့် သားသမီးများစွာ ရှိကြ၏။ သူတို့ အသက်မွေးလောက်အောင် စားစရာ ဆန်စပါးကို အဘယ်မှာ ရနိုင်မည်နည်းဟုဆိုကြ၏။
І були такі, що говорили: „Ми даємо́ в заста́ву синів своїх та дочо́к своїх, і беремо́ збіжжя, і їмо й живемо́!“
3 အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသောကာလ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ၏။
І були такі, що говорили: „Ми заставля́ємо поля свої, і виноградники свої, і доми́ свої, і беремо́ збіжжя в цьому голоді!“
4 အချို့ကလည်း၊ ငါတို့သည် အခွန်တော်ကို ပေးစရာရှိခြင်းငှါ လယ်ယာဥယျာဉ်အတွက် ငွေကို ချေးယူပြီ။
І були́ такі, що говорили: „Ми позичаємо срібло на податок царськи́й за наші поля та наші виноградники.
5 ယခုမှာ ငါတို့ ကိုယ်ခန္ဓာသည် အမျိုးသားချင်း တို့၏ ကိုယ်ခန္ဓာ ကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့ သားသမီးကဲ့သို့ဖြစ်ကြ၏။ ငါတို့ သားသမီးကိုရောင်း၍ ကျွန်ခံစေရမည်လော။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှါ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့ သည် သူတပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။
А наше ж тіло таке, як тіло наших братів, наші сини — як їхні сини. А ось ми ти́снемо наших синів та наших дочо́к за рабів, і є з наших дочо́к ути́скувані. Ми не в силі робити, а поля́ наші та виноградники наші належать іншим“.
6 ထိုသို့အပြစ်တင်မြည်တမ်းသောစကားကို ငါ သည် ကြားသောအခါ၊ အလွန်ညှိုးငယ်သောစိတ်ရှိ၍၊ ကိုယ်အလိုအလျောက် ဆင်ခြင်ပြီးမှ၊
І сильно запала́в у мені гнів, коли я почув їхній крик та ці слова́!
7 မှူးမတ်နှင့် မင်းအရာရှိတို့ကိုခေါ်၍၊ သင်တို့ သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့်၊ သူတို့တဘက်၌ လူအများတို့ကို စုဝေးစေလျက်၊
А моє серце дало́ мені раду, і я спереча́вся з шляхе́тними та з заступниками та й сказав їм: „Ви заста́вою ти́снете один о́дного!“І скликав я на них великі збори.
8 တပါးအမျိုးသားတို့လက်၌ ကျွန်ခံသောငါတို့ ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနှုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟုဆိုလျှင်၊ သူတို့သည် ပြန်ပြော စရာမရှိ၊ တိတ်ဆိတ်စွာနေကြ၏။
І сказав я до них: „Ми викупо́вуємо своїх братів юдеїв, про́даних пога́нам, за нашою спромогою, а ви бу́дете продавати своїх братів, і вони продаються нам?“І мовчали вони, і не знахо́дили слова...
9 ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါ တကား။ ငါတို့ ရန်သူဖြစ်သော တပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ် လော။
І сказав я: „Не добра це річ, що ви робите! Чи ж не в бо́язні нашого Бога ви маєте ходити, через га́ньбу від тих поганів, наших ворогів?
10 ၁၀ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်တို့သည်လည်း၊ လူများတို့၌ ငွေနှင့်ဆန်စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုးစား သော အမှုကို ပယ်ဖြတ်ကြပါလော့။
Також і я, брати мої та юнаки́ мої були позикода́вцями срібла та збіжжя. Опустімо ж ми оцей борг!
11 ၁၁ ယနေ့ပင်သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အိမ်ရာကို၎င်း၊ သူတို့၌ခွဲယူပြီးသော ငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီအချို့ကို၎င်း ပြန်ပေးကြပါလော့ ဟု ဆိုသော်၊
Верніть їм зараз їхні поля́, їхні виноградники, їхні оли́вки, й їхні доми́ та відсо́ток срібла, і збіжжя, виноградний сік та нову́ оливу, що ви дали їм у заста́ву за них!“
12 ၁၂ သူတို့က ပြန်ပေးပါမည်။ ဘာမျှမတောင်းမယူ ပါ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့သည် ဂတိထား သည်အတိုင်း ပြုရမည်အကြောင်း၊ ငါသည် သူတို့ကို ခေါ်၍ ကျိန်ဆိုစေပြီးမှ၊
І вони сказали: „Пове́рнемо, і не бу́демо жадати від них! Зро́бимо так, як ти говориш!“І покликав я священиків, і заприсягну́в їх зробити за цим словом.
13 ၁၃ ကိုယ်ခါးပိုက်ကို ခါလျက်၊ ဂတိပျက်သော သူအပေါင်းတို့ကို ဘုရားသခင်သည် အိမ်တော်၊ အမှုတော် ထဲက ဤသို့ခါလိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ခါပစ်လိုက်ခြင်းကို ခံရကြပါစေဟုဆို၍ စည်းဝေး သောသူအပေါင်းတို့သည် အာမင်ဟု ဝန်ခံ၍ ထာဝရ ဘုရားကို ချီးမွမ်းကြ၏။ လူများတို့သည်လည်း၊ ဂတိထား သည်အတိုင်း ပြုကြ၏။
Витрусив я й свою па́зуху та й сказав: „Нехай отак ви́трусить Бог кожного чоловіка, хто не спо́внить цього слова, з дому його та з труду його, і нехай бу́де такий ви́трушений та поро́жній!“І сказали всі збори: „Амі́нь!“І сла́вили вони Господа, і наро́д зробив за цим словом.
14 ၁၄ ထိုမှတပါး ယုဒမြို့ဝန်အရာကို ငါခံသောအချိန်၊ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်မှစ၍ သုံးဆယ်နှစ်နှစ် တိုင်အောင်၊ တဆယ်နှစ် နှစ်ပတ်လုံး ငါနှင့် ငါ့ညီတို့သည် မြို့ဝန်ရိက္ခာကိုမစား။
Також від дня, коли цар наказав мені бути їхнім намі́сником в Юдиному кра́ї від року двадцятого й аж до року тридцять другого царя Артаксе́ркса, — дванадцять літ не їв намі́сничого хліба ані я, ані брати мої.
15 ၁၅ အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ၏။ မုန့်နှင့်စပျစ် ရည်ကို၎င်း၊ တနေ့လျှင် ငွေလေးဆယ်ကို၎င်း ပေးရကြ၏။ မင်းလုလင်၏ စေစားခြင်းကိုလည်း ခံရကြ ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ အရင်မြို့ဝန်ကဲ့သို့မပြု။
А намі́сники попере́дні, що були́ передо мною, чинили тяжке́ над наро́дом, і брали від них хлібом та вином одно́го дня сорок шеклів срібла; також їхні слу́ги панували над наро́дом. А я не робив так через страх Божий.
16 ၁၆ ထိုမှတပါး၊ ငါသည် မြို့ရိုးကိုအမြဲလုပ်၍နေ၏။ ငါနှင့် ငါ့ကျွန်တို့ သည်လယ်ယာကို မဝယ်၊ မြို့ရိုးတည်ခြင်း အမှုကိုသာ ဝိုင်းညီ၍ ကြိုးစားကြ၏။
А також у праці того муру я підтри́мував, і по́ля не купували ми, а всі мої слу́ги були зібрані там над працею.
17 ၁၇ ထိုမှတပါး၊ ပတ်ဝန်းကျင်၌နေ၍ ငါတို့ထံသို့ လာသော တပါးအမျိုးသားကို မဆိုဘဲ၊ ယုဒအမျိုးသားတို့ နှင့် မင်းအရာရှိ တရာငါးကျိပ်တို့သည် ငါ့စားပွဲ၌ စားသောက်မြဲရှိကြ၏။
А за столом моїм були юдеї та заступники, — сто й п'ятдеся́т чоловіка, та й ті, хто прихо́див до нас із народів, що навколо нас.
18 ၁၈ နေ့တိုင်း ငါ့စားပွဲကို နွားတကောင်၊ ရွေးသော သိုးခြောက်ကောင်၊ ကြက်များကို စီရင်ရ၏။ ဆယ်ရက် တခါများစွာသော စပျစ်ရည်အမျိုးမျိုးကိုလည်း တင်ရ၏။ ထိုမျှလောက်ကုန်သော်လည်း၊ လူများတို့သည် ပင်ပန်းစွာ အမှုစောင့်ရသောကြောင့်၊ မြို့ဝန်၌ ရိက္ဓာကို ငါမတောင်း။
А що гото́вилося на один день, було: віл один, худоби дрібної — шестеро ви́браних, і птиця готува́лася в мене, а за десять день вихо́дило багато всякого вина. А при то́му я не жадав намісничого хліба, бо та робота направи мурів була тяжка́ на тому народі.
19 ၁၉ အိုအကျွန်ုပ် ဘုရားသခင်၊ ဤလူတို့အဘို့ အကျွန်ုပ်ပြုသမျှအတွက် အကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုတော်မူပါ။
Запам'ятай же мені, Боже мій, на добре все те, що́ я робив для цього народу!

< နေဟမိ 5 >