< နေဟမိ 5 >

1 ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသား ချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်တမ်းကြ၏။
Kisha wale wanaume na wake zao wakalia kwa nguvu dhidi ya Wayahudi wenzao.
2 အချို့ကလည်း၊ ငါတို့နှင့် သားသမီးများစွာ ရှိကြ၏။ သူတို့ အသက်မွေးလောက်အောင် စားစရာ ဆန်စပါးကို အဘယ်မှာ ရနိုင်မည်နည်းဟုဆိုကြ၏။
Kwa maana kulikuwa na baadhi ya watu ambao walisema, “Sisi na wana wetu na binti zetu tupo wengi. Basi hebu tupate nafaka tuweze kula na tukae tuishi.”
3 အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသောကာလ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ၏။
Pia kulikuwa na baadhi ya watu ambao walisema, “Tunaweka rehani mashamba yetu, mizabibu yetu, na nyumba zetu ili tupate nafaka wakati wa njaa.”
4 အချို့ကလည်း၊ ငါတို့သည် အခွန်တော်ကို ပေးစရာရှိခြင်းငှါ လယ်ယာဥယျာဉ်အတွက် ငွေကို ချေးယူပြီ။
Wengine pia walisema, “Tumekopesha pesa kulipa kodi ya mfalme kwenye mashamba yetu na mashamba yetu ya mizabibu.
5 ယခုမှာ ငါတို့ ကိုယ်ခန္ဓာသည် အမျိုးသားချင်း တို့၏ ကိုယ်ခန္ဓာ ကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့ သားသမီးကဲ့သို့ဖြစ်ကြ၏။ ငါတို့ သားသမီးကိုရောင်း၍ ကျွန်ခံစေရမည်လော။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှါ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့ သည် သူတပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။
Hata hivyo sasa miili yetu na damu ni sawa na ndugu zetu, na watoto wetu ni sawa na watoto wao. Tunalazimishwa kuuza wana wetu na binti zetu kuwa watumwa. Baadhi ya binti zetu tayari wamekuwa watumwa. Lakini hatuna nguvu za kusaidia kwa sababu watu wengine sasa wana mashamba yetu na mizabibu yetu.”
6 ထိုသို့အပြစ်တင်မြည်တမ်းသောစကားကို ငါ သည် ကြားသောအခါ၊ အလွန်ညှိုးငယ်သောစိတ်ရှိ၍၊ ကိုယ်အလိုအလျောက် ဆင်ခြင်ပြီးမှ၊
Nilikasirika sana niliposikia kilio chao na maneno haya.
7 မှူးမတ်နှင့် မင်းအရာရှိတို့ကိုခေါ်၍၊ သင်တို့ သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့်၊ သူတို့တဘက်၌ လူအများတို့ကို စုဝေးစေလျက်၊
Kisha nikafikiri juu ya hili, na kuleta mashtaka dhidi ya wakuu na viongozi. Nikawaambia, “Ninyi mnatafuta riba, kila mmoja kutoka kwa ndugu yake mwenyewe.” Nikakutanisha kusanyiko kubwa juu yao
8 တပါးအမျိုးသားတို့လက်၌ ကျွန်ခံသောငါတို့ ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနှုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟုဆိုလျှင်၊ သူတို့သည် ပြန်ပြော စရာမရှိ၊ တိတ်ဆိတ်စွာနေကြ၏။
na kuwaambia, “Sisi, kwa kadiri tulivyoweza, tumewakomboa toka utumwani ndugu zetu wa Kiyahudi ambao walikuwa wameuzwa kwa mataifa, lakini hata mnawauza ndugu na dada zenu ili wauzwe tena kwetu!” Walikuwa kimya na hawakupata neno la kusema.
9 ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါ တကား။ ငါတို့ ရန်သူဖြစ်သော တပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ် လော။
Pia nikasema, 'Mnachokifanya sio kizuri. Je, hampaswi kutembea katika hofu ya Mungu wetu ili kuzuia malalamiko ya mataifa ambayo ni adui zetu?
10 ၁၀ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်တို့သည်လည်း၊ လူများတို့၌ ငွေနှင့်ဆန်စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုးစား သော အမှုကို ပယ်ဖြတ်ကြပါလော့။
Mimi na ndugu zangu na watumishi wangu tunawapa fedha na nafaka. Lakini lazima tuache kutoza riba juu ya mikopo hii.
11 ၁၁ ယနေ့ပင်သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အိမ်ရာကို၎င်း၊ သူတို့၌ခွဲယူပြီးသော ငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီအချို့ကို၎င်း ပြန်ပေးကြပါလော့ ဟု ဆိုသော်၊
Warudishieni leo leo mashamba yao, mizabibu yao, mashamba yao ya mizeituni, na nyumba zao na asilimia ya fedha, nafaka, divai mpya, na mafuta mliyowatoza.”
12 ၁၂ သူတို့က ပြန်ပေးပါမည်။ ဘာမျှမတောင်းမယူ ပါ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့သည် ဂတိထား သည်အတိုင်း ပြုရမည်အကြောင်း၊ ငါသည် သူတို့ကို ခေါ်၍ ကျိန်ဆိုစေပြီးမှ၊
Wakasema, “Tutarudisha kile tulichochukua kutoka kwao, wala hatutahitaji kitu kutoka kwao. Tutafanya kama unavyosema.” Ndipo nikawaita makuhani, na kuwaapisha kuwafanya kama walivyoahidi.
13 ၁၃ ကိုယ်ခါးပိုက်ကို ခါလျက်၊ ဂတိပျက်သော သူအပေါင်းတို့ကို ဘုရားသခင်သည် အိမ်တော်၊ အမှုတော် ထဲက ဤသို့ခါလိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ခါပစ်လိုက်ခြင်းကို ခံရကြပါစေဟုဆို၍ စည်းဝေး သောသူအပေါင်းတို့သည် အာမင်ဟု ဝန်ခံ၍ ထာဝရ ဘုရားကို ချီးမွမ်းကြ၏။ လူများတို့သည်လည်း၊ ဂတိထား သည်အတိုင်း ပြုကြ၏။
Nikakung'uta vazi langu, nikasema, “Basi Mungu aondoe nyumba na mali ya kila mtu asiyetimiza ahadi yake. Kwa hiyo akung'utwe na kuwa hana kitu. Kusanyiko lote likasema “Amina,” na wakamsifu Bwana. Na watu wakafanya kama walivyoahidi.
14 ၁၄ ထိုမှတပါး ယုဒမြို့ဝန်အရာကို ငါခံသောအချိန်၊ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်မှစ၍ သုံးဆယ်နှစ်နှစ် တိုင်အောင်၊ တဆယ်နှစ် နှစ်ပတ်လုံး ငါနှင့် ငါ့ညီတို့သည် မြို့ဝန်ရိက္ခာကိုမစား။
Kwa hiyo tangu wakati niliowekwa kuwa mkuu wao katika nchi ya Yuda, tangu mwaka wa ishirini mpaka mwaka wa thelathini na pili wa mfalme Artashasta, miaka kumi na miwili, mimi na ndugu zangu hatukula chakula kilichotolewa kwa gavana.
15 ၁၅ အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ၏။ မုန့်နှင့်စပျစ် ရည်ကို၎င်း၊ တနေ့လျှင် ငွေလေးဆယ်ကို၎င်း ပေးရကြ၏။ မင်းလုလင်၏ စေစားခြင်းကိုလည်း ခံရကြ ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ အရင်မြို့ဝန်ကဲ့သို့မပြု။
Lakini wakuu wa zamani waliokuwa kabla yangu waliwaweka watu mizigo mizito, na wakachukua kwao shekeli arobaini za fedha kwa ajili ya chakula na divai yao ya kila siku. Hata watumishi wao waliwadhulumu watu. Lakini sikufanya hivyo kwa sababu ya hofu ya Mungu.
16 ၁၆ ထိုမှတပါး၊ ငါသည် မြို့ရိုးကိုအမြဲလုပ်၍နေ၏။ ငါနှင့် ငါ့ကျွန်တို့ သည်လယ်ယာကို မဝယ်၊ မြို့ရိုးတည်ခြင်း အမှုကိုသာ ဝိုင်းညီ၍ ကြိုးစားကြ၏။
Niliendelea kufanya kazi kwenye ukuta, na hatukununua ardhi. Na watumishi wangu wote walikusanyika huko kwa ajili ya kazi hiyo.
17 ၁၇ ထိုမှတပါး၊ ပတ်ဝန်းကျင်၌နေ၍ ငါတို့ထံသို့ လာသော တပါးအမျိုးသားကို မဆိုဘဲ၊ ယုဒအမျိုးသားတို့ နှင့် မင်းအရာရှိ တရာငါးကျိပ်တို့သည် ငါ့စားပွဲ၌ စားသောက်မြဲရှိကြ၏။
Katika meza yangu walikuwa Wayahudi na maafisa, watu 150, isipokuwa wale waliokuja kwetu kutoka kwa mataifa waliokuwa wakituzunguka.
18 ၁၈ နေ့တိုင်း ငါ့စားပွဲကို နွားတကောင်၊ ရွေးသော သိုးခြောက်ကောင်၊ ကြက်များကို စီရင်ရ၏။ ဆယ်ရက် တခါများစွာသော စပျစ်ရည်အမျိုးမျိုးကိုလည်း တင်ရ၏။ ထိုမျှလောက်ကုန်သော်လည်း၊ လူများတို့သည် ပင်ပန်းစွာ အမှုစောင့်ရသောကြောင့်၊ မြို့ဝန်၌ ရိက္ဓာကို ငါမတောင်း။
Kila kitu kilichoandaliwa kila siku kilikuwa ng'ombe moja, kondoo sita waliochaguliwa, na ndege, na kila siku kumi aina zote za divai nyingi. Na hata kwa haya yote sikuhitaji mahitaji ya chakula cha gavana, kwa sababu madai yalikuwa mazito sana juu ya watu.
19 ၁၉ အိုအကျွန်ုပ် ဘုရားသခင်၊ ဤလူတို့အဘို့ အကျွန်ုပ်ပြုသမျှအတွက် အကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုတော်မူပါ။
Nikumbuke, Ee Mungu wangu, kwa wema, kwa sababu ya yote niliyoyafanya kwa watu hawa.

< နေဟမိ 5 >