< နေဟမိ 3 >

1 ထိုအခါ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သည်၊ မိမိညီအစ်ကို ယဇ်ပုရောဟိတ်တို့နှင့်တကွ ထ၍၊ သိုးတံခါး ကို ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ မေအာပြအိုးမှ ဟာနနေလပြအိုး တိုင်အောင် ပြင်ကြ၏။
ויקם אלישיב הכהן הגדול ואחיו הכהנים ויבנו את שער הצאן המה קדשוהו ויעמידו דלתתיו ועד מגדל המאה קדשוהו עד מגדל חננאל׃
2 သူတို့နောက်မှ၊ ယေရိခေါမြို့သားတို့သည် ပြင်ကြ၏။ သူတို့နောက်မှ၊ ဣမရိသား ဇက္ကုရပြင်၏။
ועל ידו בנו אנשי ירחו ועל ידו בנה זכור בן אמרי׃
3 ငါးတံခါးကိုကား၊ ဟဿေနာအမျိုးသားတို့သည် ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင် ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။
ואת שער הדגים בנו בני הסנאה המה קרוהו ויעמידו דלתתיו מנעוליו ובריחיו׃
4 သူတို့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏ သား မေရမုတ်ပြင်၏။ သူ့နောက်မှ၊ မေရှဇဗေလသား ဖြစ်သော ဗေရခိ၏သားမေရှုလံ ပြင်၏။ သူ့နောက်မှ၊ ဗာနာသား ဇာဒုတ်ပြင်၏။
ועל ידם החזיק מרמות בן אוריה בן הקוץ ועל ידם החזיק משלם בן ברכיה בן משיזבאל ועל ידם החזיק צדוק בן בענא׃
5 သူ့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်ကြ ၏။ သို့ရာတွင်၊ တေကောမင်းတို့သည် မိမိတို့အရှင်၏ အမှုကိုဝိုင်းညီ၍မပြုကြ။
ועל ידם החזיקו התקועים ואדיריהם לא הביאו צורם בעבדת אדניהם׃
6 တံခါးဟောင်းကိုကား၊ ပါသာသားယောယဒ၊ ဗေသောဒေယသား မေရှုလံပြင်လျက်တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။
ואת שער הישנה החזיקו יוידע בן פסח ומשלם בן בסודיה המה קרוהו ויעמידו דלתתיו ומנעליו ובריחיו׃
7 သူတို့နောက်မှ၊ ဂိဗောင်မြို့သား မေလတိ၊ မေရောနုတ်မြို့သား ယာဒုန်၊ ဂိဗောင်လူ၊ မိဇပါလူတို့သည် မြစ်အနောက်ဘက် မြို့ဝန်ရာဇပလ္လင်တိုင်အောင် ပြင်ကြ ၏။
ועל ידם החזיק מלטיה הגבעני וידון המרנתי אנשי גבעון והמצפה לכסא פחת עבר הנהר׃
8 သူတို့နောက်မှ ဟာဟာယသား ပန်းတိမ်သမား ဩဇေလ၊ သူ့နောက်မှ၊ ဆေးသမား ဟာနနိပြင်လျက်၊ ကျယ်သောမြို့ရိုးတိုင်အောင်၊ ယေရုရှလင်မြို့ကို ခိုင်ခံ့ စေကြ၏။
על ידו החזיק עזיאל בן חרהיה צורפים ועל ידו החזיק חנניה בן הרקחים ויעזבו ירושלם עד החומה הרחבה׃
9 သူတို့နောက်မှ၊ ယေရုရှလင်မြို့တပိုင်းကို အုပ်သောသူ၊ ဟုရသား ရေဖါယပြင်၏။
ועל ידם החזיק רפיה בן חור שר חצי פלך ירושלם׃
10 ၁၀ သူ့နောက်မှ၊ ဟာရုမပ်သား ယေဒါယသည် မိမိအိမ်တဘက်တချက်၌ပြင်၏။ သူ့နောက်မှ၊ ဟာရှ ဗနိသား ဟတ္တုတ်ပြင်၏။
ועל ידם החזיק ידיה בן חרומף ונגד ביתו ועל ידו החזיק חטוש בן חשבניה׃
11 ၁၁ ကျန်ကြွင်းသောအရပ်နှင့် မီးဖိုပြအိုးကိုကား၊ ဟာရိမ်သား မာလခိယနှင့်၊ ပါဟတ်မောဘသား ဟာရှုတ် တို့သည် ပြင်ကြ၏။
מדה שנית החזיק מלכיה בן חרם וחשוב בן פחת מואב ואת מגדל התנורים׃
12 ၁၂ သူတို့နောက်မှ၊ ယေရုရှလင်မြို့တပိုင်းကို အုပ် သောသူ၊ ဟာလောဟတ်သားရှလ္လုံနှင့် သူ၏သမီးတို့သည် ပြင်ကြ၏။
ועל ידו החזיק שלום בן הלוחש שר חצי פלך ירושלם הוא ובנותיו׃
13 ၁၃ ချိုင့်တံခါးကိုကား၊ ဟာနုန်နှင့် ဇာနောမြို့သား တို့သည် ပြင်၍ တံခါးတိုင်၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ပြီးမှ၊ မြို့ရိုးအတောင်တထောင်ကို နောက်ချေးတံခါးတိုင်အောင် တည်ကြ၏။
את שער הגיא החזיק חנון וישבי זנוח המה בנוהו ויעמידו דלתתיו מנעליו ובריחיו ואלף אמה בחומה עד שער השפות׃
14 ၁၄ ဗေသက္ကရင်မြို့တပိုင်းကို အုပ်သောရေခပ်သား မာလခိသည်၊ နောက်ချေးတံခါးကို ပြင်၍ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား၏။
ואת שער האשפות החזיק מלכיה בן רכב שר פלך בית הכרם הוא יבננו ויעמיד דלתתיו מנעליו ובריחיו׃
15 ၁၅ မိဇပါမြို့တပိုင်းကို အုပ်သော ကောလဟောဇ သား ရှလ္လုံသည် စမ်းရေတွင်းတံခါးကိုပြင်၍ တံခါးမိုး၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား ပြီးလျှင်၊ ဥယျာဉ်တော်နားမှာ၊ ရှိလောင်ရေကန်မြို့ရိုးကို၊ ဒါဝိဒ်မြို့လှေကားတိုင်အောင်တည်၏။
ואת שער העין החזיק שלון בן כל חזה שר פלך המצפה הוא יבננו ויטללנו ויעמידו דלתתיו מנעליו ובריחיו ואת חומת ברכת השלח לגן המלך ועד המעלות היורדות מעיר דויד׃
16 ၁၆ သူ့နောက်မှ ဗက်ဇုရမြို့တပိုင်းကို အုပ်သော အာဇဗုတ်သား နေဟမိသည်၊ ဒါဝိဒ်သင်္ချိုင်းတဘက် တချက်မှစ၍၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်း အိမ်တိုင်အောင် ပြင်၏။
אחריו החזיק נחמיה בן עזבוק שר חצי פלך בית צור עד נגד קברי דויד ועד הברכה העשויה ועד בית הגברים׃
17 ၁၇ သူ့နောက်မှ၊ လေဝိအမျိုး ဗာနိသား ရေဟုံပြင် ၏။ သူ့နောက်မှ၊ ကိလမြို့တပိုင်းကို အုပ်သော ဟာရှဘိ သည် မိမိတာကိုပြင်၏။
אחריו החזיקו הלוים רחום בן בני על ידו החזיק חשביה שר חצי פלך קעילה לפלכו׃
18 ၁၈ သူ့နောက်မှ၊ ကိလမြို့တပိုင်းကို အုပ်သော ဟေနဒဒ်သား ဟာရှဘိညီဗာဝဲပြင်၏။
אחריו החזיקו אחיהם בוי בן חנדד שר חצי פלך קעילה׃
19 ၁၉ သူ့နောက်မှ၊ မိဇပါမြို့အုပ် ယောရှုသား ဧဇေရ သည်၊ လက်နက်စုံတိုက်သို့တက်ရာ တဘက်တချက်၊ မြို့ထောင့်ထိအောင် ပြင်၏။
ויחזק על ידו עזר בן ישוע שר המצפה מדה שנית מנגד עלת הנשק המקצע׃
20 ၂၀ သူ့နောက်မှ၊ ဇဗ္ဗဲသား ဗာရုတ်သည် မြို့ထောင့်မှ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်အိမ်တံခါးတိုင်အောင် ကြိုးစား၍ ပြင်၏။
אחריו החרה החזיק ברוך בן זבי מדה שנית מן המקצוע עד פתח בית אלישיב הכהן הגדול׃
21 ၂၁ သူ့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏ သား မေရမုတ်သည်၊ ဧလျာရှိပ် အိမ်တံခါးမှ အိမ်ထောင့် တိုင်အောင်ပြင်၏။
אחריו החזיק מרמות בן אוריה בן הקוץ מדה שנית מפתח בית אלישיב ועד תכלית בית אלישיב׃
22 ၂၂ သူ့နောက်မှ၊ ချိုင့်အရပ်သား ယဇ်ပုရောဟိတ် တို့သည် ပြင်ကြ၏။
ואחריו החזיקו הכהנים אנשי הככר׃
23 ၂၃ သူတို့နောက်မှ၊ ဗင်္ယာမိန်နှင့် ဟာရှုပ်သည် မိမိအိမ် တဘက်တချက်၌ပြင်ကြ၏။ သူတို့နောက်မှ၊ အာနနိသားဖြစ်သော မာသေယ၏သား အာဇရိသည် မိမိအိမ် တဘက်တချက်၌ ပြင်၏။
אחריו החזיק בנימן וחשוב נגד ביתם אחריו החזיק עזריה בן מעשיה בן ענניה אצל ביתו׃
24 ၂၄ သူ့နောက်မှ၊ ဟေနဒဒ်သား ဗိနွိသည်၊ အာဇရိ အိမ်မှ မြို့ရိုးကွေ့ရာ မြို့ထောင့်တိုင်အောင်ပြင်၏။
אחריו החזיק בנוי בן חנדד מדה שנית מבית עזריה עד המקצוע ועד הפנה׃
25 ၂၅ ဥဇဲသားပါလလသည် မြို့ရိုးကွေ့ရာ တဘက် တချက်ကို၎င်း၊ ထောင်ဝင်းနား၊ မြင့်သောနန်းရှေ့မှာ ရှိသော ပြအိုးကို၎င်း ပြင်၏။ သူ့နောက်မှ၊ ပါရုပ်သား ဂေဒါယပြင်၏။
פלל בן אוזי מנגד המקצוע והמגדל היוצא מבית המלך העליון אשר לחצר המטרה אחריו פדיה בן פרעש׃
26 ၂၆ ထိုမှတပါး၊ ဘုရားကျွန်တို့သည် အရှေ့မျက်နှာ၊ ရေတံခါး တဘက်တချက်၌၊ မိမိတို့နေရာဩဖေလ ရဲတိုက်ကို၎င်း၊ ပြင်သို့ထွက်သော ပြအိုးကို၎င်း ပြင်ကြ၏။
והנתינים היו ישבים בעפל עד נגד שער המים למזרח והמגדל היוצא׃
27 ၂၇ သူတို့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်သို့ထွက်သော ပြအိုးကြီး တဘက်တချက်၌၊ ဩဖေလ ရဲတိုက်ရိုးတိုင်အောင် ပြင်ကြ၏။
אחריו החזיקו התקעים מדה שנית מנגד המגדל הגדול היוצא ועד חומת העפל׃
28 ၂၈ မြင်းတံခါးအထက်၊ ယဇ်ပုရောဟိတ်တို့သည်၊ မိမိတို့နေရာအိမ် တဘက်တချက်၌ အသီးအသီးပြင်ကြ ၏။
מעל שער הסוסים החזיקו הכהנים איש לנגד ביתו׃
29 ၂၉ သူတို့နောက်မှ၊ ဣမေရသား ဇာဒုတ်သည် မိမိအိမ် တဘက်တချက်၌ ပြင်၏။ သူ့နောက်မှ၊ ရှေကနို သား၊ အရှေ့တံခါးမှူး ရှေမာယ ပြင်၏။
אחריו החזיק צדוק בן אמר נגד ביתו ואחריו החזיק שמעיה בן שכניה שמר שער המזרח׃
30 ၃၀ သူ့နောက်မှ၊ ရှေလမိသား ဟာနနိ၊ ဇာလပ်၏ စတုတ္ထသား ဟာနုန်တို့သည်ပြင်ကြ၏။ သူတို့နောက်မှ၊ ဗေရခိသား မေရှုလံသည် မိမိအိပ်ရာခန်းတဘက် တချက်၌ ပြင်၏။
אחרי החזיק חנניה בן שלמיה וחנון בן צלף הששי מדה שני אחריו החזיק משלם בן ברכיה נגד נשכתו׃
31 ၃၁ သူ့နောက်မှ၊ ပန်းတိမ်သမားသား မာလခိသည် မိဖကဒ်တံခါး တဘက်တချက်၌၊ ဘုရားကျွန်နေရာနှင့် ကုန်သည်နေရာ အရပ်တိုင်အောင်၎င်း၊ မြို့ထောင့်တက် ရာအရပ်တိုင်အောင်၎င်းပြင်၏။
אחרי החזיק מלכיה בן הצרפי עד בית הנתינים והרכלים נגד שער המפקד ועד עלית הפנה׃
32 ၃၂ မြို့ထောင့်တက်ရာအရပ်မှစ၍၊ သိုးတံခါးတိုင်အောင် ပန်းတိမ်သမား များနှင့် ကုန်သည်များ တို့သည်ပြင်ကြ၏။
ובין עלית הפנה לשער הצאן החזיקו הצרפים והרכלים׃

< နေဟမိ 3 >