< နာဟုံ 3 >

1 လူအသက်ကို သတ်တတ်သော မြို့၌အမင်္ဂလာ ဖြစ်စေသော၊ လှည့်စားခြင်း၊ အနိုင်အထက်ပြုခြင်းနှင့် ပြည့်ဝ၏။ ဘမ်းမိသောအရာကို မလွှတ်တတ်။
Ole kwa mji uliojaa damu! Wote umejaa uongo na mali za wizi; wahanga wapo kwake daima.
2 နှင်တံနှင့်ရိုက်သံ၊ လှည်းဘီးလိမ့်သံ၊ မြင်းခုန်သံ၊ ရထားပြေးသံကို ကြားရ၏။
Lakini sasa kunasauti ya mijeledi na sauti za kugongesha matairi, farasi wakicheza, na magari ya vita yanaruka ruka.
3 မြင်းစီးသူရဲသည် မီးတောက်သော ထား၊ လျှပ် စစ်ပြက်သော လှံကိုချီလျက်၊ တိုက်သောသူရဲအများနှင့် သေသောသူအပုံပုံရှိကြ၏။ အသေကောင်တို့ကို ရေတွက် ၍ မကုန်နိုင်။ လူသေကောင်များကို ထိမိ၍ လဲတတ်ကြ ၏။
Kuna wapanda farasi wanashambulia, Upanga unang'ara, mikuki inametameta, marundo ya maiti, mafungu makubwa ya miili; hakuna ukomo wa miili, washambuliaji wanajikwaa juu yake.
4 အဆင်းလှ၍ ပြုစားတတ်လျက်၊ မတရားသော မေထုန်အမှုနှင့် စုန်းမအတတ်အားဖြင့်၊ လူအမျိုးမျိုး အနွှယ်နွှယ်တို့ကို ကုန်သွယ်လုပ်တတ်သော ပြည်တန်ဆာ မိန်းမသည် မတရားသော မေထုန်ကို ပြုဖန်များပြား သောကြောင့်၊
Hii inatokea kwa sababu ya matendo ya tamaa ya kahaba mzuri, mzoefu wa uchawi, mwenye kuuza taifa kwa umalaya wake, na watu kwa njia ya matendo yake ya kichawi.
5 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့်တဘက်၌ ငါနေ၏။ သင့်အဝတ် ကို သင်၏မျက်နှာပေါ်မှာ လှန်၍ အတိုင်းတိုင်းအပြည် ပြည်ရှေ့မှာ သင်၌ အချည်းစည်းရှိခြင်း၊ အရှက်ကွဲခြင်းကို ငါပြမည်။
“Tazama, mimi nipo kinyume na wewe- hili ni neno la Yehova wa majeshi- sketi yako nitaiinua juu ya uso wako na kuzionyesha sehemu zako za siri kwa mataifa, aibu yako kwa falme.
6 သင်၌ မစင်ကိုပစ်၍ ညစ်ညူးစေပြီးမှ၊ သူတပါး တို့ကြည့်စရာထားမည်။
Nitarusha uchafu wa kuchukiza na kukufanya uwe mbaya sana; nitakufanya uwe mtu wa kutazamwa na kila mmoja.
7 သင့်ကို မြင်သမျှသော သူတို့က၊ နိနေဝေမြို့ ပျက်စီးပြီ။ အဘယ်သူမြည်တမ်းမည်နည်းဟုဆိုလျက်၊ သင့်ထံမှပြေးကြလိမ့်မည်။ နှစ်သိမ့်စေသော သူတို့ကို သင့်အဘို့ အဘယ်မှာ ငါရှာ၍ ရနိုင်သနည်း။
Itakuwa kwamba kila mmoja anayekutazama atakukimbia na kusema, “Ninawi ameharibika; ni nani ataomboleza kwa ajili yake?' Ni wapi nitampata mtu anayeweza kukufariji?”
8 သင်သည် မြစ်ကြားမှာ တည်သော နောမုန်မြို့ ထက် ကြီးမြတ်သလော။ ထိုမြို့ကို ရေဝိုင်းလျက်၊ ပင်လယ် သည် မြို့ကျုံးဖြစ်၏။ မြို့ရိုးလည်း ပင်လယ်နှင့် စပ် သတည်း။
Ninawi, je wewe ni bora kuliko Noamoni, uliojengwa juu ya Mto Naili, uliokuwa umezungukwa na maji, ambao ulinzi wake ilikuwa bahari, ambao ukuta wake ilikuwa bahari yenyewe?
9 အဲသယောပိပြည်နှင့် အဲဂုတ္တုပြည်သည် သူ၏ လက်နက်ဖြစ်၏။ ရေတွက်၍ မကုန်နိုင်။ ဖုတပြည်နှင့် လိဗုပြည်လည်း သူ၏လက်နက်အဝင် ဖြစ်၏။
Ethiopia na Misri zilikuwa nguvu zake, na mwisho wake haukuwepo; Putu na Libya walikuwa rafiki zake.
10 ၁၀ သို့သော်လည်း၊ ထိုမြို့ကို ရန်သူတို့သည် တိုက်၍ သိမ်းသွားကြပြီ။ မြို့သားငယ်တို့ကို လမ်းဦးရှိသမျှတို့၌ ချိုးဖဲ့လျက်၊ ဂုဏ်အသရေရှိသော မြို့သားတို့ကို စာရေးတံ ချလျက်၊ အားကြီးသော မြို့သားအပေါင်းတို့ကို သံကြိုး ဖြင့် ချည်နှောင်လျက် ပြုကြပြီ။
Lakini Noamoni alichukuliwa; alikwenda kwenye mateka; watoto wake wadogo walivunjwa vipande vipande katika kila makao makuu ya mtaa; adui zake walipiga kura kwa watu wake wenye heshima na wakuu wake wote walifungwa minyororo.
11 ၁၁ သင်သည်လည်း မိန်းမောတွေဝေလျက် ပုန်း ရှောင်၍ နေရလိမ့်မည်။ ရန်သူ၏လက်နှင့် လွတ်အောင် ခိုင်ခံ့သောအရပ်ကို ရှာရလိမ့်မည်။
Wewe pia utalewa; utajaribu kujificha, na utatafuta makimbilio kutoka kwa adui yako.
12 ၁၂ သင်၏ရဲတိုက်ရှိသမျှတို့သည် ရှေ့ဦးစွာ မှည့် သော အသီးကို သီးသော သင်္ဘောသဖန်းပင်နှင့် တူကြ လိမ့်မည်။ လှုပ်လျှင် စားချင်သောသူ၏ ပစပ်ထဲသို့ ကျလိမ့်မည်။
Ngome zako zote zitakuwa kama mitini yenye tini zilizoiva mapema: kama zikitikiswa, zitaangukia kwenye kimywa cha mlaji.
13 ၁၃ သင်၏လူတို့သည် သင့်အလယ်၌ မိန်းမကဲ့သို့ ဖြစ်၍၊ ပြည်တံခါးတို့သည် ရန်သူတို့အား ကျယ်ကျယ်ပွင့် လျက်၊ ကန့်လန့်ကျင်တို့သည် မီးလောင်လိမ့်မည်။
Tazama, watu miongoni mwenu ni wanawake; malango ya nchi yako yamefunguliwa sana kwa ajili ya adui zako; moto umeharibu bawaba zake.
14 ၁၄ ရန်သူဝိုင်းထားသော ကာလဘို့ ရေကို ခပ်ထား လော့။ ရဲတိုက်တို့ကို ခိုင်ခံ့စေလော့။ ရွံ့ထဲသို့ ဝင်၍ အုတ် မြေကို နင်းနယ်လော့။ အုတ်ဖိုကို ပြင်ဆင်လော့။
Nenda ukachote maji kwenye boma iliyozingirwa; ziimarishe ngome zako; nenda kwenye udongo na kandamiza matope; finyanga kwa ajili ya matofali.
15 ၁၅ ထိုအရပ်၌ပင် သင့်ကို မီးလောင်လိမ့်မည်။ ထား နှင့်ခုတ်ဖြတ်လိမ့်မည်။ ယာလက်ကျိုင်းကိုက်စားသကဲ့သို့ ကိုက်စားလိမ့်မည်။ ယာလက်ကျိုင်းနှင့် အရာဘကျိုင်း ကောင်တို့သည် များသကဲ့သို့ သင်၏လူတို့ကို များပြားစေ ခြင်းငှါ ကြိုးစားလော့။
Moto utakuteketeza pale, na upanga utakuangamiza. Utateketezwa kama nzige wachanga wanavyoteketeza kila kitu. Ninyi wenyewe mjitengeneze kuwa wengi kama nzige wachanga, na wengi kama nzinge waliopevuka.
16 ၁၆ မိုဃ်းကောင်းကင်ကြယ်များသည်ထက်၊ သင်၏ ကုန်သည်တို့ကို များပြားစေသော်လည်း၊ ယာလက်ကျိုင်း တို့သည် နှံ့ပြား၍ ပျံသွားတတ်ကြ၏။
Umezidisha wafanyabiashara wako zaidi kuliko nyota mbinguni; lakini wapo kama tunutu: wanapora nchi na kisha kuruka kwenda mbali.
17 ၁၇ သင်၏မင်းသားတို့သည် အရာဘကျိုင်းကဲ့သို့၎င်း၊ ဗိုလ်တို့သည် ဂေါဘကျိုင်းကဲ့သို့၎င်းဖြစ်၍၊ ချမ်းသော အခါ စောင်ရန်းနားမှာ ပစ်တတ်ကြ၏။ နေထွက်သော အခါ ပျံသွား၍ အဘယ်အရပ်သို့ ရောက်သည်ကို မသိရ။
Wafalme wenu wapo wengi kama zinge, na wakuu wenu wa majeshi ni kama kundi la wadudu wenye kuweka kambi katika ukuta wakati wa baridi. Lakini jua linapowaka wanaruka kwenda mbali ambako hakuna anayepajua.
18 ၁၈ အိုအာရှုရိရှင်ဘုရင်၊ သင်၏သိုးထိန်းတို့သည် အိပ်ပျော်လျက်၊ သင်၏မှူးမတ်တို့သည် ကျိန်းဝပ်လျက်၊ သင်၏လူအပေါင်းတို့သည် တောင်ရိုးပေါ်မှာ အရပ်ရပ် သို့ ကွဲပြားလျက်ရှိ၍၊ အဘယ်သူမျှ မစုဝေးစေ။ သင်၏ အနာမပျောက်နိုင်။ ပြင်းစွာခံရ၏။ သင်၏သိတင်းကို ကြားသမျှသော သူတို့သည် သင့်အပေါ်မှာ လက်ခုပ်တီး ကြလိမ့်မည်။ အကြောင်းမူကား၊ သင်ပြုသော အဓမ္မအမှု ကို မခံဘဲလွတ်သော သူကား အဘယ်သူနည်း။
Mfalme wa Ashuru, wachungaji wako wamelala; watawala wako wamejilaza chini kupumzika. Watu wako wametawanyika juu ya milima, na hakuna hata mmoja wa kuwakusanya.
19 ၁၉
Hakuna uponyaji unaowezekana kwa ajili ya vidonda vyako. Vidonda vyako ni vikubwa. Wanaosikia habari juu yako watapiga makofi kwa furaha juu yako. Ni nani aliyejiepusha kwa uovu wako wa daima?

< နာဟုံ 3 >