< မိက္ခာ 4 >

1 နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင် ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသော လူစုတို့သည် ထိုတောင်သို့ စည်းဝေးကြ လိမ့်မည်။
והיה באחרית הימים יהיה הר בית יהוה נכון בראש ההרים ונשא הוא מגבעות ונהרו עליו עמים׃
2 များပြားသော လူမျိုးတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု၊ ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း ပေါ်ထွက် လိမ့်မည်။
והלכו גוים רבים ואמרו לכו ונעלה אל הר יהוה ואל בית אלהי יעקב ויורנו מדרכיו ונלכה בארחתיו כי מציון תצא תורה ודבר יהוה מירושלם׃
3 ထာဝရဘုရားသည် များပြားသော လူတို့တွင် တရားစီရင်၍၊ ဝေးစွာ နေလျက် အားကြီးသော လူမျိုး တို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊ လှံများကို တံစဉ်းဖြစ်စေခြင်း ငှါ၎င်း ထုလုပ်ကြလိမ့်မည်။ တပြည်ကိုတပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ။
ושפט בין עמים רבים והוכיח לגוים עצמים עד רחוק וכתתו חרבתיהם לאתים וחניתתיהם למזמרות לא ישאו גוי אל גוי חרב ולא ילמדון עוד מלחמה׃
4 လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြ လိမ့်မည်။ ကြောက်စေသော သူတယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နှုတ်တော် ထွက်အမိန့်တော်ရှိ၏။
וישבו איש תחת גפנו ותחת תאנתו ואין מחריד כי פי יהוה צבאות דבר׃
5 လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သော ဘုရား ၏နာမကို ခိုလှုံလျက် ကျင့်နေတတ်ကြ၏။ ငါတို့မူကား၊ ကိုယ်ဆိုင်သော ဘုရားသခင် ထာဝရဘုရား၏ နာမတော် ကို ကာလအစဉ်အမြဲ ခိုလှုံလျက် ကျင့်နေကြမည်။
כי כל העמים ילכו איש בשם אלהיו ואנחנו נלך בשם יהוה אלהינו לעולם ועד׃
6 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ ခြေဆွံ့သောသူကို ငါခေါ်မည်။ နှင်ထုတ်ခြင်းကို ခံရသော သူ၊ ငါညှဉ်းဆဲဘူးသောသူတို့ကို ငါစုဝေးစေမည်။
ביום ההוא נאם יהוה אספה הצלעה והנדחה אקבצה ואשר הרעתי׃
7 ခြေဆွံ့သောသူကို ငါကျန်ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ်ခြင်းကို ခံရသော သူသည် ကြီးမား သော လူမျိုးဖြစ်စေခြင်းငှါ ငါစီရင်မည်။ ထာဝရဘုရား သည် ဇိအုန်တောင်ပေါ်မှာ သူတို့ကို ယခုမှစ၍ အစဉ် အမြဲအုပ်ချုပ်စိုးစံတော်မူလိမ့်မည်။
ושמתי את הצלעה לשארית והנהלאה לגוי עצום ומלך יהוה עליהם בהר ציון מעתה ועד עולם׃
8 အိုဧဒါလင့်စင်၊ ဇိအုန်သတို့သမီး နေရာကုန်း၊ သင်သည် အစိုးရလိမ့်မည်။ အရင်တည်သော အာဏာ တည်ပြန်လိမ့်မည်။ နိုင်ငံတော်သည် ယေရုရှလင်သတို့ သမီးလက်သို့ တဖန် ရောက်လိမ့်မည်။
ואתה מגדל עדר עפל בת ציון עדיך תאתה ובאה הממשלה הראשנה ממלכת לבת ירושלם׃
9 ယခုမှာ သင်သည် အဘယ်ကြောင့် ကျယ်သော အသံနှင့် အော်ဟစ်သနည်း။ သင်၌ ရှင်ဘုရင်တယောက် မျှ မရှိသလော။ အကြံပေးသော မှူးမတ်ပျောက်ပျက် သလော။ သားဘွားသောမိန်းမကဲ့သို့ သင်သည် ဝေဒနာ ကို ခံရပါသည်တကား။
עתה למה תריעי רע המלך אין בך אם יועצך אבד כי החזיקך חיל כיולדה׃
10 ၁၀ အိုဇိအုန်သတို့သမီး၊ သားဘားသော မိန်းမကဲ့သို့ ဝေဒနာကို ခံ၍၊ သားကိုဘွားအံ့သောငှါ အားထုတ်လော့။ ယခုပင် သင်သည် မြို့ထဲကထွက်၍ လယ်ပြင်၌ နေရ မည်။ ဗာဗုလုန်မြို့တိုင်အောင် သွားရမည်။ ထိုမြို့၌ လွတ် လိမ့်မည်။ ထိုမြို့၌ ထာဝရဘုရားသည် သင့်ကို ရန်သူတို့ လက်မှ ရွေးနှုတ်တော်မူလိမ့်မည်။
חולי וגחי בת ציון כיולדה כי עתה תצאי מקריה ושכנת בשדה ובאת עד בבל שם תנצלי שם יגאלך יהוה מכף איביך׃
11 ၁၁ ယခုမှာ လူမျိုးများတို့က၊ ဇိအုန်မြို့သည် ညစ် ညူးပါစေ။ သူ၌ ငါတို့အလို ပြည့်စုံပါစေဟု၊ သင့်တဘက် ၌ စုဝေးလျက် ဆိုကြ၏။
ועתה נאספו עליך גוים רבים האמרים תחנף ותחז בציון עינינו׃
12 ၁၂ သို့ရာတွင်၊ ထာဝရဘုရား၏စိတ်တော်ကို မသိ၊ အကြံအစည်တော်ကို နားမလည်ကြ။ ကောက်လှိုင်းတို့ ကို ကောက်နယ်တလင်း၌ စုထားသကဲသို့၊ ထိုသူတို့ကို စုထားတော်မူ၏။
והמה לא ידעו מחשבות יהוה ולא הבינו עצתו כי קבצם כעמיר גרנה׃
13 ၁၃ အို ဇိအုန်သတို့သမီး၊ ထ၍ နယ်လော့။ သင့် ဦးချိုကို သံဖြင့်၎င်း၊ သင့်ခွာတို့ကို ကြေးဝါဖြင့်၎င်း ငါပြီး စေမည်။ သင်သည် လူမျိုးများတို့ကို ညက်ညက်ချေရမည်။ သူတို့တွင်ရသမျှသော စည်းစိမ်ဥစ္စာကိုယူ၍၊ မြေတပြင် လုံးကို အစိုးပိုင်တော်မူသော အရှင်ထာဝရဘုရားအား ပူဇော်ရမည်။
קומי ודושי בת ציון כי קרנך אשים ברזל ופרסתיך אשים נחושה והדקות עמים רבים והחרמתי ליהוה בצעם וחילם לאדון כל הארץ׃

< မိက္ခာ 4 >