< မိက္ခာ 3 >

1 ငါဆိုသည်ကား၊ အိုယာကုပ်အမျိုးမင်း၊ ဣသ ရေလအမျိုးသူကြီးတို့၊ နားထောင်ကြပါလော့။ သင်တို့ သည် တရားသဖြင့် စီရင်ခြင်းအမှုကို နားလည်အပ်သည် မဟုတ်လော။
וָאֹמַ֗ר שִׁמְעוּ־נָא֙ רָאשֵׁ֣י יַעֲקֹ֔ב וּקְצִינֵ֖י בֵּ֣ית יִשְׂרָאֵ֑ל הֲלֹ֣וא לָכֶ֔ם לָדַ֖עַת אֶת־הַמִּשְׁפָּֽט׃
2 သုစရိုက်ကို မုန်း၍ ဒုစရိုက်ကို နှစ်သက်လျက်၊ သူတပါးအရေကို၎င်း၊ အရိုး၌ကပ်သော အသားကို၎င်း ဆွဲယူလျက်၊
שֹׂ֥נְאֵי טֹ֖וב וְאֹ֣הֲבֵי רָעָה (רָ֑ע) גֹּזְלֵ֤י עֹורָם֙ מֵֽעֲלֵיהֶ֔ם וּשְׁאֵרָ֖ם מֵעַ֥ל עַצְמֹותָֽם׃
3 ငါ့လူတို့၏အသားကို စားလျက်၊ အရေကို ခွာ လျက်၊ အရိုးတို့ကို ချိုးလျက်၊ ဟင်းအိုး၌ ချက်သော သားတစ်၊ အိုးကင်း၌ပြုတ်သော အမဲသားကို ပြုသကဲ့သို့ အရိုးအသားကို စဉ်းလျက်နှင့်ပင်၊
וַאֲשֶׁ֣ר אָכְלוּ֮ שְׁאֵ֣ר עַמִּי֒ וְעֹורָם֙ מֵעֲלֵיהֶ֣ם הִפְשִׁ֔יטוּ וְאֶת־עַצְמֹֽתֵיהֶ֖ם פִּצֵּ֑חוּ וּפָרְשׂוּ֙ כַּאֲשֶׁ֣ר בַּסִּ֔יר וּכְבָשָׂ֖ר בְּתֹ֥וךְ קַלָּֽחַת׃
4 သင်တို့သည် ထာဝရဘုရားကို အော်ဟစ်ကြ သော်လည်း နားထောင်တော်မမူ။ ဒုစရိုက်ကို ပြုကြသည် နှင့်အညီ၊ ထိုကာလ၌ မျက်နှာတော်ကို လွှဲတော်မူလိမ့် မည်။
אָ֚ז יִזְעֲק֣וּ אֶל־יְהוָ֔ה וְלֹ֥א יַעֲנֶ֖ה אֹותָ֑ם וְיַסְתֵּ֨ר פָּנָ֤יו מֵהֶם֙ בָּעֵ֣ת הַהִ֔יא כַּאֲשֶׁ֥ר הֵרֵ֖עוּ מַעַלְלֵיהֶֽם׃ פ
5 ငါ၏လူတို့ကို မှားယွင်းစေလျက် ဝစွာ စားရ သောအခါ၊ ငြိမ်ဝပ်ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော် လျက်၊ မလုပ်ကျွေးသောသူကိုကား၊ စစ်တိုက်ခြင်းငှါ ပြင် ဆင်လျက်၊ ပရောဖက်ပြုသောသူတို့၊
כֹּ֚ה אָמַ֣ר יְהוָ֔ה עַל־הַנְּבִיאִ֖ים הַמַּתְעִ֣ים אֶת־עַמִּ֑י הַנֹּשְׁכִ֤ים בְּשִׁנֵּיהֶם֙ וְקָרְא֣וּ שָׁלֹ֔ום וַאֲשֶׁר֙ לֹא־יִתֵּ֣ן עַל־פִּיהֶ֔ם וְקִדְּשׁ֥וּ עָלָ֖יו מִלְחָמָֽה׃
6 သင်တို့သည် ရူပါရုံကို မမြင်နိုင်မည်အကြောင်း၊ ညဉ့်အချိန်ရောက်လိမ့်မည်။ အနာဂတ်ကို မဟောနိုင် မည်အကြောင်း၊ မှောင်မိုက်ဖြစ်လိမ့်မည်။ ပရောဖက်တို့၌ နေဝင်လိမ့်မည်။ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့် မည်။
לָכֵ֞ן לַ֤יְלָה לָכֶם֙ מֵֽחָזֹ֔ון וְחָשְׁכָ֥ה לָכֶ֖ם מִקְּסֹ֑ם וּבָ֤אָה הַשֶּׁ֙מֶשׁ֙ עַל־הַנְּבִיאִ֔ים וְקָדַ֥ר עֲלֵיהֶ֖ם הַיֹּֽום׃
7 ထိုအခါ ပရောဖက်တို့သည် ရှက်ကြောက်ကြ လိမ့်မည်။ အနာဂတ်ကို ဟောသောသူတို့သည် စိတ်ပျက် ကြလိမ့်မည်။ ဘုရားသခင်ထူးတော်မမူသောကြောင့်၊ ထိုသူအပေါင်းတို့သည် မိမိတို့နှုတ်ကို ဖုံးထားကြလိမ့်မည် ဟု ထာဝရဘုရားမိန့်တော်မူ၏။
וּבֹ֣שׁוּ הַחֹזִ֗ים וְחָֽפְרוּ֙ הַקֹּ֣סְמִ֔ים וְעָט֥וּ עַל־שָׂפָ֖ם כֻּלָּ֑ם כִּ֛י אֵ֥ין מַעֲנֵ֖ה אֱלֹהִֽים׃
8 ငါမူကား၊ ယာကုပ်အမျိုး လွန်ကျူးခြင်း၊ ဣသ ရေလအမျိုးပြစ်မှားခြင်းကို သူတို့အား ဘော်ပြနိုင်မည် အကြောင်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။
וְאוּלָ֗ם אָנֹכִ֞י מָלֵ֤אתִי כֹ֙חַ֙ אֶת־ר֣וּחַ יְהוָ֔ה וּמִשְׁפָּ֖ט וּגְבוּרָ֑ה לְהַגִּ֤יד לְיַֽעֲקֹב֙ פִּשְׁעֹ֔ו וּלְיִשְׂרָאֵ֖ל חַטָּאתֹֽו׃ ס
9 ဖြောင့်မတ်စွာ စီရင်ခြင်းကို ရွံရှာ၍ ခပ်သိမ်း သောတရားကို ဖျက်လျက်၊
שִׁמְעוּ־נָ֣א זֹ֗את רָאשֵׁי֙ בֵּ֣ית יַעֲקֹ֔ב וּקְצִינֵ֖י בֵּ֣ית יִשְׂרָאֵ֑ל הַֽמֲתַעֲבִ֣ים מִשְׁפָּ֔ט וְאֵ֥ת כָּל־הַיְשָׁרָ֖ה יְעַקֵּֽשׁוּ׃
10 ၁၀ လူအသက်ကို သတ်ခြင်းအမှုဖြင့် ဇိအုန်မြို့ကို ၎င်း၊ အဓမ္မအမှုဖြင့် ယေရုရှလင်မြို့ကို၎င်း ပြုစုသော ယာကုပ်အမျိုးမင်း၊ ဣသရေလအမျိုးသူကြီးတို့၊ နား ထောင်ကြပါလော့။
בֹּנֶ֥ה צִיֹּ֖ון בְּדָמִ֑ים וִירוּשָׁלַ֖͏ִם בְּעַוְלָֽה׃
11 ၁၁ မင်းတို့သည် လက်ဆောင်ကို ရခြင်းငှါသာ တရားမှုကို စီရင်တတ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှါသာ သင်ပေးတတ်ကြ၏။ ပရောဖက်တို့ သည် ငွေကို ရခြင်းငှါသာ အနာဂတ်ကို ဟောတတ်ကြ၏။ သို့သော်လည်း၊ ထာဝရဘုရားကို ခိုလှုံလျက်၊ ထာဝရ ဘုရားသည် ငါတို့တွင် ရှိတော်မူသည်မဟုတ်လော၊ ဘေး ဥပဒ်မရောက်နိုင်ဟု ဆိုတတ်ကြသည်တကား။
רָאשֶׁ֣יהָ ׀ בְּשֹׁ֣חַד יִשְׁפֹּ֗טוּ וְכֹהֲנֶ֙יהָ֙ בִּמְחִ֣יר יֹור֔וּ וּנְבִיאֶ֖יהָ בְּכֶ֣סֶף יִקְסֹ֑מוּ וְעַל־יְהוָה֙ יִשָּׁעֵ֣נוּ לֵאמֹ֔ר הֲלֹ֤וא יְהוָה֙ בְּקִרְבֵּ֔נוּ לֹֽא־תָבֹ֥וא עָלֵ֖ינוּ רָעָֽה׃
12 ၁၂ ထိုကြောင့်၊ သင်တို့အတွက် ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်း မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင် သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ်လိမ့်မည်။
לָכֵן֙ בִּגְלַלְכֶ֔ם צִיֹּ֖ון שָׂדֶ֣ה תֵֽחָרֵ֑שׁ וִירוּשָׁלַ֙͏ִם֙ עִיִּ֣ין תִּֽהְיֶ֔ה וְהַ֥ר הַבַּ֖יִת לְבָמֹ֥ות יָֽעַר׃ פ

< မိက္ခာ 3 >