< မဿဲ 4 >

1 ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊
Siis juhtis Vaim Jeesuse kõrbesse kuradi kiusata.
2 ယေရှုသည် အရက်လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။
Pärast neljakümmet päeva ja ööd paastumist oli tal kõht tühi.
3 ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
Kiusaja tuli ja ütles talle: „Kui sa tõesti oled Jumala Poeg, käsi neil kividel leivaks muutuda.“
4 ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။
Jeesus vastas: „Pühakirjas on öeldud: „Inimene ei ela üksnes leivast, vaid igast sõnast, mis lähtub Jumala suust.““
5 ထိုအခါ မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ဆောင်သွား၍ ဗိမာန်တော်၏အထွဋ်၌ တင်ထားပြီးလျှင်၊
Siis kurat viis ta pühasse linna ja asetas ta templiharjale.
6 ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အားသင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်ဟုလာ၏။ ထိုကြောင့် ဘုရားသခင်၏ သားတော်မှန်လျှင် ကိုယ်ကို အောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။
„Kui sa tõesti oled Jumala Poeg, siis heida end siit alla, “ütles ta Jeesusele. „Sest Pühakirjas on öeldud: „Ta annab oma inglite käsu hoida sind kõige kahju eest. Ta püüab su kinni, et sa ei komistaks kivi otsa ega kukuks.““
7 ယေရှုကလည်း သင်၏ဘုရားသခင်ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာ ပြန်သည်ဟု မိန့်တော်မူ၏။
Jeesus vastas: „Pühakirjas on öeldud ka: „Sa ei tohi Issandat, oma Jumalat, kiusata.““
8 တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကို၎င်း ပြညွှန်၍၊
Siis viis kurat Jeesuse väga kõrge mäe otsa ja näitas talle kõiki maailma kuningriike nende täies hiilguses.
9 ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏။
Ta ütles Jeesusele: „Ma annan need kõik sulle, kui sa langed põlvedele ja mind kummardad.“
10 ၁၀ ယေရှုကလည်း အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။
„Mine ära, Saatan!“ütles Jeesus. „Sest Pühakirjas on öeldud: „Sa pead kummardama Issandat, oma Jumalat, ja teenima üksnes teda.““
11 ၁၁ ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ် ကျွေးကြ၏။
Siis kurat lahkus tema juurest ning inglid tulid tema eest hoolitsema.
12 ၁၂ ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊
Kui Jeesus kuulis, et Johannes oli vahistatud, läks ta tagasi Galileasse.
13 ၁၃ နာဇရက်မြို့ကို စွန့်သွားလျက်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။
Ta lahkus Naatsaretist ja seadis end sisse Kapernaumas, järve ääres Sebuloni ja Naftali aladel.
14 ၁၄ ဤအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း။
Nii täitus see, mida prohvet Jesaja ütles:
15 ၁၅ နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာဂါလိလဲပြည်၊
„Sebuloni maal ja Naftali maal, mereni viiva tee ääres, Jordani jõe taga, Galileas, kus elavad võõrad:
16 ၁၆ မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ် တွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏ဟု ဟောထားသတည်း။
pimeduses elav rahvas nägi suurt valgust; koiduvalgus paistis nende peale, kes elavad surmavarju maal.“
17 ၁၇ ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။
Sellest ajast peale hakkas Jeesus kuulutama oma sõnumit, öeldes: „Parandage meelt, sest taevariik on saabunud!“
18 ၁၈ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊
Kui Jeesus kõndis Galilea mere ääres, nägi ta kaht venda. Siimon, keda hüüti ka Peetruseks, ja tema vend Andreas heitsid võrke merre. Nad teenisid kalapüügiga elatist.
19 ၁၉ ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြု မည်ဟု အမိန့်တော်ရှိလေသော်၊
„Tulge ja järgnege mulle ning ma õpetan teid, kuidas püüda inimesi, “ütles ta neile.
20 ၂၀ ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
Nad jätsid kohe oma võrgud maha ja järgnesid talle.
21 ၂၁ ထိုမှလွန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ခေါ်တော်မူ၏။
Edasi minnes nägi ta veel kaht venda, Jaakobust ja Johannest. Nad olid paadis koos oma isa Sebedeusega ja parandasid võrke. Ta kutsus neid endale järgnema.
22 ၂၂ ထိုသူတို့သည်လည်း ချက်ခြင်းအဘနှင့်လှေကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။
Nad jätsid kohe paadi ja isa maha ning järgnesid talle.
23 ၂၃ ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
Jeesus rändas läbi Galilea, õpetas sünagoogides, kuulutas head sõnumit kuningriigist ning tervendas kõiki vaevusi ja haigusi, mis inimestel oli.
24 ၂၄ သိတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြားကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ ဝက်ရူးစွဲသော သူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏ အနာရောဂါကို ငြိမ်းစေတော်မူ၏။
Uudis temast levis läbi kogu Süüria provintsi. Tema juurde toodi kõik, kes olid haiged − haigushoogude all kannatavad, kurjadest vaimudest vaevatud, vaimselt haiged ja halvatud inimesed − ning ta tegi nad kõik terveks.
25 ၂၅ ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရှုရှလင်မြို့မှစသော ယုဒပြည်၊ ယော်ဒန်မြစ်တဘက်မှ လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။
Suured rahvahulgad järgnesid talle Galileast, Dekapolisest, Jeruusalemmast, Juudamaalt ja Jordani-tagusest piirkonnast.

< မဿဲ 4 >