< မာကု 5 >

1 အိုင်တဘက်၊ ဂါဒရပြည်သို့ ရောက်ကြ၍၊
Tedy přeplavili se přes moře do krajiny Gadarenských.
2 ယေရှုသည် လှေထဲကထွက်ကြွတော်မူသည် ခဏခြင်းတွင်၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်း တစပြင်မှ ထွက်လာ၍ ကိုယ်တော်ကိုခရီးဦးကြိုပြုလေ၏။
A jakž vyšel z lodí, hned se s ním potkal člověk z hrobů, maje ducha nečistého.
3 ထိုသူသည် သင်္ချိုင်းတစပြင်၌ နေတတ်၏။ သူ့ကို သံကြိုးနှင့်ပင် အဘယ်သူမျှ ချည်၍မနိုင်။
Kterýž bydlil v hrobích, a aniž ho kdo mohl řetězy svázati,
4 ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကိုဖြဲတတ်၏။ သူ့ကို ယဉ်စေခြင်းငှါ အဘယ်သူမျှမတတ်နိုင်။
Proto že často byv pouty a řetězy okován, polámal řetězy, a pouta roztrhal, a žádný nemohl ho skrotiti.
5 နေ့ညဉ့်မပြတ် သင်္ချိုင်းတစပြင်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဟစ်ကြော်လျက်၊ ကျောက်စောင်းနှင့် ကိုယ်ကို ရှုစေလျက် နေတတ်၏။
A vždycky ve dne i v noci na horách a v hrobích byl, křiče a tepa se kamením.
6 ယေရှုကိုအဝေးကမြင်လျှင်၊ အထံတော်သို့ ပြေးလာ၍ ပြပ်ဝပ်လျက်၊
Uzřev pak Ježíše zdaleka, běžel a poklonil se jemu,
7 အမြင့်ဆုံးသော ဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင် သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်တောင်းပန် ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။
A křiče hlasem velikým, řekl: Co jest tobě do mne, Ježíši, Synu Boha nejvyššího? Zaklínám tě skrze Boha, abys mne netrápil.
8 လျှောက်သည်အကြောင်းကား၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။
(Nebo pravil jemu: Vyjdiž, duchu nečistý, z člověka tohoto.)
9 ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည် ရှိသနည်းဟုမေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏ဟု လျှောက်ပြီးမှ၊
I otázal se ho: Jakť říkají? A on odpovídaje, řekl: Množství jméno mé jest, nebo jest nás mnoho.
10 ၁၀ ထိုပြည်ထဲက အခြားသို့မနှင့်ပါမည်အကြောင်း များစွာတောင်းပန်လေ၏။
I prosil ho velmi, aby jich nevyháněl z té krajiny.
11 ၁၁ ထိုအရပ်၌ တောင်ပေါ်မှာ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။
Bylo pak tu při horách stádo vepřů veliké pasoucích se.
12 ၁၂ နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါ ဟု တောင်းပန်ပြန်လျှင်၊
I prosili ho všickni ti ďáblové, řkouce: Pusť nás do vepřů, ať do nich vejdeme.
13 ၁၃ ယေရှုသည် ချက်ခြင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ၏။
I povolil jim hned Ježíš. A vyšedše duchové nečistí, vešli do těch vepřů. I běželo to stádo s vrchu dolů do moře, (a bylo jich ke dvěma tisícům, ) i ztonuli v moři.
14 ၁၄ ဝက်ကျောင်းသောသူတို့သည် ပြေး၍မြို့ရွာတို့၌ သိတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမူအရာ တို့ကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ၏။
Ti pak, kteříž ty vepře pásli, utekli, a oznámili to v městě i ve vsech. I vyšli, aby viděli, co by to bylo, což se stalo.
15 ၁၅ အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ် နှင့် ထိုင်နေသည်ကိုမြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။
I přišli k Ježíšovi, a uzřeli toho, kterýž býval trápen od ďábelství, an sedí, odín jsa, a maje zdravý rozum, toho, kterýž míval množství. I báli se.
16 ၁၆ နတ်ဆိုးစွဲသောသူ၌၎င်း၊ ဝက်တို့၌၎င်း၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာ သောသူတို့အား ပြန်ကြားပြီးမှ၊
A kteříž to viděli, vypravovali jim, kterak se stalo tomu, kterýž měl ďábelství i o vepřích.
17 ၁၇ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။
Tedy počali ho prositi, aby odšel z krajin jejich.
18 ၁၈ လှေထဲသို့ ဝင်တော်မူသောအခါ နတ်ဆိုးစွဲဘူးသောသူသည် ကိုယ်တော်နှင့်အတူ ရှိပါမည်အကြောင်း တောင်းပန်လျှင်၊
A když vstoupil na lodí, prosil ho ten, kterýž trápen býval od ďábelství, aby s ním byl.
19 ၁၉ ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ် တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊
Ježíš pak nedopustil mu, ale řekl jemu: Jdi k svým do domu svého, a zvěstuj jim, kterak veliké věci učinil tobě Pán, a že slitoval se nad tebou.
20 ၂၀ ထိုသူသည် သွား၍၊ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို၊ ဒေကာပေါလိပြည် တွင် သိတင်းကြားပြောသည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် အံ့ဩခြင်းရှိကြ၏။
I odšel, a počal ohlašovati v krajině Desíti měst, kterak veliké věci učinil mu Ježíš. I divili se všickni.
21 ၂၁ ယေရှုသည် ကမ်းတဘက်သို့ကူးပြန်၍ အိုင်နားမှာ ရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။
A když se přeplavil Ježíš na lodí zase na druhou stranu, sšel se k němu zástup mnohý. A byl u moře.
22 ၂၂ ထိုအခါ ယာဣရုအမည်ရှိသော တရားစရပ်မှူးသည်လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးငယ်သေလုပါပြီ။
A aj, přišel jeden z knížat školy, jménem Jairus, a uzřev jej, padl k nohám jeho.
23 ၂၃ သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှါ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။
A velmi ho prosil, řka: Dcerka má skonává. Poď, vlož na ni ruce, aby uzdravena byla, a budeť živa.
24 ၂၄ ကိုယ်တော်သည် သူနှင့်အတူသွား၍ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကို ခြံရံလျက် ထိခိုက်တိုက်မိကြ၏။
I šel s ním, a zástup mnohý šel za ním, i tiskl jej.
25 ၂၅ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာ စွဲသောကြောင့်၊
(Tedy žena jedna, kteráž tok krve měla dvanácte let,
26 ၂၆ များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည် သာမက၊ အနာတိုးသော မိန်းမတယောက်သည်၊
A mnoho byla trápena od mnohých lékařů, a vynaložila všecken statek svůj, a nic jí bylo neprospělo, ale vždy se hůře měla,
27 ၂၇ ယေရှု၏သိတင်းတော်ကို ကြားသည်ရှိသော်၊
Uslyšavši o Ježíšovi, přišla v zástupu po zadu, a dotkla se roucha jeho.
28 ၂၈ ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့ လာ၍အဝတ်တော်ကို တို့လေ၏။
Nebo řekla byla: Dotknu-li se jen roucha jeho, uzdravena budu.
29 ၂၉ ထိုခဏခြင်းတွင် အသွေးစုဝေးရာ ခန်းချောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌သိလေ၏။
A hned přestal krvotok její, a pocítila na těle, že by uzdravena byla od neduhu svého.
30 ၃၀ ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ခြင်းသိတော်မူလျှင် လူအစုအဝေး၌ နောက်သို့လှည့် ၍၊ ငါ့အဝတ်ကို အဘယ်သူတို့သနည်းဟု မေးတော်မူ၏။
A hned Ježíš poznav sám v sobě, že z něho moc vyšla, obrátiv se v zástupu, řekl: Kdo se dotekl roucha mého?
31 ၃၁ တပည့်တော်တို့က၊ လူအစုအဝေးသည် ကိုယ်တော်အား ထိခိုက်ကြသည်ကိုမြင်လျက်ပင်၊ ငါ့ကို အဘယ်သူ တို့သနည်းဟုမေးတော်မူပါသည်တကားဟု လျှောက်ကြသော်လည်း၊
I řekli mu učedlníci jeho: Vidíš, že tě zástup tiskne, a pravíš: Kdo se mne dotekl?
32 ၃၂ ကိုယ်တော်သည် ထိုသို့ပြုသောသူကို မြင်ခြင်းငှါ၊ ပတ်လည်သို့ ကြည့်ရှုတော်မူ၏။
I hleděl vůkol, aby ji uzřel, která to učinila.
33 ၃၃ ထိုမိန်းမသည် ကိုယ်၌အဘယ်သို့ဖြစ်သည်ကိုသိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့ လာပြီးလျှင်၊ ပြပ်ဝပ်၍ ထိုအကြောင်းရှိသမျှကို အဟုတ်အမှန်ကြားလျှောက်လေ၏။
Ta pak žena s bázní a s třesením, věduci, co se stalo při ní, přistoupila a padla před ním, a pověděla mu všecku pravdu.
34 ၃၄ ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွား လော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ၏။
On pak řekl jí: Dcero, víra tvá tě uzdravila, jdiž u pokoji, a buď zproštěna od trápení svého.)
35 ၃၅ ထိုသို့ မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှလူလာ၍၊ ကိုယ်တော်၏သမီးသေပါပြီ။ အဘယ်ကြောင့် ဆရာကို နှောင့်ရှက်သေးသနည်းဟု ဆိုကြ၏။
A když on ještě mluvil, přišli z domu knížete školy, řkouce: Dcera tvá umřela, proč již zaměstknáváš Mistra?
36 ၃၆ ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလော့ဟု တရား စရပ်မှူးအား ချက်ခြင်းမိန့်တော်မူ၏။
Ježíš pak, hned jakž uslyšel to, což oni mluvili, řekl knížeti školy: Neboj se, toliko věř.
37 ၃၇ ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီယောဟန်မှတပါး အဘယ်သူကိုမျှ မလိုက်စေဘဲ၊
I nedal žádnému za sebou jíti, jediné Petrovi, Jakubovi a Janovi, bratru Jakubovu.
38 ၃၈ တရားစရပ်မှူးအိမ်သို့ရောက်၍ အုန်းအုန်း သဲသဲပြုကြသည်ကို၎င်း မြင်တော်မူလျှင်၊
I přišel do domu knížete školy, a viděl tam hluk, ano plačí a kvílí velmi.
39 ၃၉ အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သုငယ်သေ သည်မဟုတ် အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊
I všed tam, řekl jim: Co se bouříte a plačete? Neumřelať děvečka, ale spí.
40 ၄၀ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။ ထိုသူရှိသမျှတို့ကို ပြင်သို့ ထွက်စေပြီးမှ သူငယ်၏ မိဘတို့ကို၎င်း၊ ကိုယ်တော်နှင့်ပါသောသူတို့ကို၎င်း ခေါ်ပြီးလျှင်၊ သူငယ် လျောင်းရာအရပ်သို့ ဝင်၍၊
I posmívali se jemu. On pak vyhnav všecky, pojal otce a matku děvečky, a ty, kteříž s ním byli, i všel tam, kdež děvečka ležela.
41 ၄၁ သူငယ်၏လက်ကို ကိုင်တော်မူလျှက်၊ တလိသကုမိဟု မိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ်ထလော့ ငါဆို၏ဟု ဆိုလိုသတည်း။
A vzav ruku děvečky, řekl jí: Talitha kumi. Což se vykládá: Děvečko, (toběť pravím, ) vstaň.
42 ၄၂ ထိုခဏခြင်းတွင် မိန်းမငယ်သည် ထ၍လှမ်းသွား၏။ သူသည် တဆယ်နှစ်နှစ်အရွယ်ရှိ၏။ ထိုသူတို့ သည် အလွန်မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။
A hned vstala děvečka, a chodila; nebo byla ve dvanácti letech. I zděsili se divením převelikým.
43 ၄၃ ထိုအမူအရာကို အဘယ်သူမျှ မသိစေမည်အကြောင်း၊ ထိုသူတို့ကို ကျပ်တည်းစွာ ပညတ်တော်မူ၍၊ သူ့အား စားစရာပေးလော့ဟု မိန့်တော်မူ၏။
A přikázal jim pilně, aby žádný o tom nezvěděl. I rozkázal jí dáti jísti.

< မာကု 5 >