< လုကာ 8 >

1 ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော် နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။
Eyi akyi no, Yesu ne nʼasuafo dumien no kyinkyinii Galilea nkurow ne nkuraa bi ase kaa Onyankopɔn ahenni no ho asɛm a,
2 တကျိပ်နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ နတ်ဆိုးဘေး၊ အနာရောဂါ ဘေးနှင့် ကင်းလွတ်စေသော်မူသောမိန်းမအချို့သည်လည်း လိုက်ကြ၏။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနစ်ယောက် ထွက်သော မာဂဒလဟုခေါ်ဝေါ်သာမာရိ၊
na nnipa a wodi nʼakyi no bi ne Maria Magdalene a otuu ahonhommɔne ason fii ne mu no
3 ဟေရုဒ်မင်း၏ စားတော်ကဲခုဇ၏မယား ယောဟန္နနှင့်ရှုရှန္နမှစ၍ မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကို လုပ် ကျွေးသော အခြားမိန်းမအများပါကြ၏။
ne Yohana a ɔyɛ Kusa, Herode fi sohwɛfo panyin yere, ne Susana. Saa mmea yi ne afoforo bi na wofi wɔn ahonya mu hwɛɛ Yesu ne nʼasuafo.
4 များစွာသောလူအပေါင်းတို့သည် မြို့ရွာအရပ်ရပ်တို့မှ အထံတော်သို့လာ၍ စုဝေးလျက်ရှိကြသော အခါ၊ ဥပမာစကားအားဖြင့် မြွက်ဆိုတော်မူသည်မှာ၊
Da bi a nnipa bebree bi fi nkurow nkurow so baa ne nkyɛn no, ɔkyerɛkyerɛɛ wɔn abebu mu se,
5 မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သော အစေ့ တို့သည် လမ်း၌ကျသဖြင့် ကျော်နင်းခြင်းကို ခံရ၍ မိုဃ်းကောင်းကင်ငှက်တို့သည် ကောက်စားကြ၏။
“Da bi, okuafo bi kɔɔ nʼafum koguu aba. Ogui no, aba no bi koguu ɔkwan mu maa nnipa tiatiaa so na nnomaa nso bɛsosɔwee.
6 အချို့သောအစေ့တို့သည် ကျောက်ပေါ်၌ ကျသဖြင့် အပင်ပေါက်သောအခါ မြေဩဇာမရှိသော ကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။
Ebi nso koguu ɔbotan so, enti efifii no, ankyɛ na ne nyinaa hyewee, efisɛ annya nsu.
7 အချို့သောအပင်တို့သည် ဆူးပင်တို့တွင် ကျသဖြင့် ဆူးပင်တို့သည် အတူပေါက်၍ ညှဉ်းဆဲကြ၏။
Aba no bi nso koguu nsɔe mu. Efifii no, nsɔe no kyekyeree no na ewui.
8 အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍အဆပွါးများ၍ အသီးသီးကြ ၏ဟု မိန့်တော်မူပြီးမှ၊ ကြားစရာရှိသော သူမည်သည်ကား ကြားပါစေဟု ကြွေးကြော်တော်မူ၏။
Ebi nso koguu asase pa mu, enyinii, sow aba mmɔho ɔha.” Na ɔkaa eyi no, ɔka kaa ho se, “Nea ɔwɔ aso a obetie no, ontie.”
9 တပည့်တော်တို့ကလည်း၊ ထိုဥပမာ၏ အနက်အဓိပ္ပါယ်ကား အဘယ်နည်းဟု မေးလျှောက်ကြလျှင်၊
Na nʼasuafo no bisaa no saa bɛ no ase no,
10 ၁၀ ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရ သည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။
obuaa wɔn se, “Mo de, wɔde Onyankopɔn Ahenni ho ahintasɛm ama mo, na afoforo de, wɔkasa kyerɛ wɔn mmebu mu, “‘sɛnea ɛbɛyɛ a wɔbɛhwɛ, nanso wɔrenhu na wɔbɛte, nanso wɔrente ase.’
11 ၁၁ ထိုဥပမာအနက်အဓိပ္ပါယ်ကား မျိုးစေ့သည် ဘုရားသခင်၏တရားစကားဖြစ်၏။
“Afei bɛ no nkyerɛase ni. Aba no ne Onyankopɔn asɛm.
12 ၁၂ လမ်း၌ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက် စေခြင်းငှါ၊ မာရ်နတ်သည် လာ၍ တရားစကားကို နှလုံးထဲမှနှုတ်ယူသောသူကိုဆိုလိုသတည်း။
Aba a eguu ɔkwan mu no gyina hɔ ma wɔn a wɔte Onyankopɔn asɛm no na ɔbonsam behwim fi wɔn koma mu, sɛnea ɛbɛyɛ a, wɔrennye nni na wɔrennya nkwagye.
13 ၁၃ ကျောက်ပေါ်၌ရှိသောသူကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ခံယူသော်လည်း စိတ်နှလုံး၌အမြစ်မစွဲ၊ ခဏသာယုံကြည်သဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအခါ ဖောက်ပြန်သောသူကို ဆိုလိုသတည်း။
Aba a eguu ɔbotan so no gyina hɔ ma wɔn a wɔte asɛm no na wɔde anigye so mu, nanso ɛntena wɔn mu. Na esiane wɔn gyidi a esua nti, ɛnkyɛ na asɛm no awu. Na sɛ sɔhwɛ ba wɔn so a, wɔpa abaw.
14 ၁၄ ဆူးပင်တို့တွင် ရှိသောသူကား၊ တရားစကားကိုကြားသည်ရှိသော်၊ လောကီစိုးရိမ်းခြင်း၊ စည်းစိမ်ကြွယ်ဝ ခြင်း၊ ကာမဂုဏ်ခံစားခြင်းတို့သည် နှိပ်စက်၍ အသီးမသီးသောသူကိုဆိုလိုသတည်း။
Aba a eguu nsɔe mu no gyina hɔ ma wɔn a wɔte Onyankopɔn asɛm, na wodi so, nanso asetena mu haw ne abɛbrɛsɛ, ahonya ne wiase afɛfɛde nti, asɛm no ntumi nyɛ wɔn mu adwuma sɛnea ɛsɛ.
15 ၁၅ ကောင်းသောမြေ၌ရှိသောသူကား၊ ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသော သူကိုဆိုလိုသတည်း။
Aba a eguu asase pa mu no gyina hɔ ma wɔn a wɔde koma pa tie asɛmpa no, na wodi so, gyina pintinn de abrabɔ pa di ho adanse.
16 ၁၆ ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်း ထားလေ့မရှိ။ ဝင်သောသူ သည် အလင်းကိုမြင်စေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။
“Obi nsɔ kanea na ɔmfa kɛntɛn mmutuw so, anaa ɔmfa nhyɛ mpa ase na mmom, ɔde si kaneadua so na ahyerɛn ama wɔn a wɔba mu no.
17 ၁၇ ဆိတ်ကွယ်ရာ၌ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ထင်ရှားစွာ ပွင့် လင်းလိမ့်မည်။
Nea ahintaw no bɛda adi, na nea ɛwɔ kokoa mu no nso ada gua.
18 ၁၈ ထိုကြောင့်သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား၊ အကြင် သူသည် ရတတ်၏၊ ထိုသူ့အားပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ဥစ္စာရှိဟန်ဆောင်သမျှကိုပင် နှုတ်လိမ့်မည်ဟု မိန့်တော်မူ၏။
Enti nea mutie no, muntie no yiye. Obiara a ɔwɔ no wɔbɛma no pii aka ho, na nea onni ahe bi no, nea osusuw sɛ ɛyɛ ne de no mpo, wobegye afi ne nsam.”
19 ၁၉ ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် လာ၍ စည်းဝေးသောသူများသောကြောင့်၊ ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်ဘဲနေကြ၏။
Da bi, Yesu na ne ne nuanom pɛɛ sɛ wɔne no kasa, nanso esiane nnipakuw a na wɔatwa ne ho ahyia no nti, wɔantumi ne no ankasa.
20 ၂၀ လူအချို့ကလည်း၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို၍ ပြင်မှာရပ်နေကြပါ၏ဟု လျှောက်လျှင်၊
Obi kɔka kyerɛɛ Yesu se ne na ne ne nuanom gyina nkyɛn hɔ baabi rehwehwɛ no.
21 ၂၁ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုကြား၍ နားထောင်သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ၏။
Yesu ka kyerɛɛ wɔn se, “Me na ne me nuanom ne wɔn a wotie Onyankopɔn asɛm na wodi so.”
22 ၂၂ တနေ့သ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူ လှေထဲသို့ဝင်၍၊ အိုင်တဘက်သို့ကူးကြကုန်အံ့ဟု မိန့်တော်မူပြီးလျှင် လွှင့်သွားကြ၏။
Da bi a Yesu ne nʼasuafo te ɔkorow mu no, ɔka kyerɛɛ wɔn se, “Momma yentwa nkɔ asuogya nohɔ.” Wosii mu a wɔrekɔ no,
23 ၂၃ အိုင်ကိုကူးသောအခါ ယေရှုသည် ကျိန်းစက်တော်မူ၏။ အိုင်၌မိုဃ်းသက်မုန်တိုင်းဖြစ်၍၊ လှေသည် ရေနှင့်ပြည့်သောကြောင့် ဘေးရောက်လု၏။
Yesu dae. Saa bere no ara mu na ahum a ano yɛ den bi bɔ maa nsu bɛtaa ɔkorow no mu maa ɔkorow no yɛɛ sɛ ɛremem. Eyi maa asuafo no koma tuu yiye.
24 ၂၄ တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးပြီးလျှင်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ၏ဟုလျှောက်ကြသော်၊ ကိုယ်တော်သည် ထ၍ လေနှင့်လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့်၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း၍သာယာလေ၏။
Asuafo no de hu ne nteɛteɛmu nyan no se, “Awurade, Awurade, yɛremem!” Amono mu hɔ ara, Yesu sɔre teɛteɛɛ ahum a ano yɛ den ne asorɔkye no ma ɛyɛɛ dinn.
25 ၂၅ ကိုယ်တော်ကလည်း၊ သင်တို့ယုံကြည်ခြင်း စိတ်သည် အဘယ်မှာရှိသနည်းဟု မေးတော်မူလျှင်၊ သူတို့ သည် ကြောက်ရွံ့အံ့ဩ၍၊ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ရေကိုပင်မှာထားတော်မူ၍၊ သူတို့ သည် နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
Afei obisaa wɔn se, “Adɛn na munni gyidi?” Wɔn nyinaa suroe, de ahodwiriw bisabisaa wɔn ho wɔn ho se. “Onipa bɛn ni a mframa a ano yɛ den ne asorɔkye mpo tie no yi?”
26 ၂၆ ဂါလိလဲပြည်နှင့် အိုင်တဘက်ဖြစ်သော ဂါဒရပြည်သို့ ရောက်ကြ၍၊
Yesu ne nʼasuafo no twaa po no beduu Gerasefo asase a ɛne Galilea di nhwɛanim no so.
27 ၂၇ ယေရှုသည် ကုန်းပေါ်သို့ တက်တော်မူလျှင်၊ ကာလတာရှည်စွာ နတ်ဆိုးစွဲသဖြင့် အဝတ်ကိုမဝတ်၊ အိမ်၌မနေ၊ သင်္ချိုင်းတစပြင်၌နေတတ်သော ဂါဒရပြည်သားတယောက်သည် ကိုယ်တော်ကို ခရီးဦးကြို ပြု လေ၏။
Yesu fii ɔkorow no mu sii fam pɛ na ɔbarima bi a ahonhommɔne ahyɛ no ma akyɛ a ɔda adagyaw na ɔnte fie, na mmom ɔte amusiei a aboda mu na ɔdeda no behyiaa no.
28 ၂၈ ကိုယ်တော်ကိုမြင်လျှင် ပြပ်ဝပ်၍၊ အမြင့်ဆုံးသောဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း အကျွန်ုပ်တောင်းပန်ပါ သည်ဟု ကြီးသောအသံနှင့်အော်ဟစ်၍ လျှောက်လေ၏။
Ohuu Yesu no, ɔteɛɛ mu, kotow nʼanan ase san teɛteɛɛ mu se, “Yesu, Ɔsorosoro Nyankopɔn Ba, dɛn na wo ne me wɔ yɛ? Mesrɛ wo, nyɛ me ayayade biara.”
29 ၂၉ လျှောက်သည်အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကိုအဖန်များစွာဘမ်းဆီးလှပြီ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကို ဆွဲဖြတ်၍ နတ်ဆိုးသည်တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ် တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။
Ɔkaa saa asɛm yi, efisɛ na Yesu ateɛteɛ ahonhommɔne no sɛ womfi ne mu. Saa ahonhommɔne yi taa ka no na sɛ wɔde hama kyekyere ne nsa ne nʼanan mpo a, otumi tetew mu ma ahonhommɔne no pam no kɔ wuram.
30 ၃၀ ယေရှုကလည်း၊ သင်သည် အဘယ်အမည်ရှိ သနည်းဟုမေးတော်မူလျှင်၊ ထိုလူကို နတ်ဆိုးအများ စွဲ သောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်ပါသည်ဟု လျှောက်ပြီးမှ၊
Yesu bisaa no se, “Wo din de dɛn?” Obuaa no se, “Dɔm.” Efisɛ na ahonhommɔne ahyɛ no ma.
31 ၃၁ အနက်ဆုံးသော အရပ်သို့သွားစေခြင်းငှါ မနှင်ပါမည်အကြောင်း တောင်းပန်လေ၏။ (Abyssos g12)
Ahohommɔne no srɛɛ Yesu sɛ ɔnnhyɛ wɔn mma wonnkogu amanehunu bon no mu. (Abyssos g12)
32 ၃၂ ထိုအရပ်၌ တောင်ပေါ်မှာ များစွာသောဝက်အစုသည် ကျက်စားလျက်ရှိ၏။ ထိုဝက်ထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု နတ်ဆိုးတို့သည် တောင်းပန်ပြန်လျှင် အခွင့်ပေးတော်မူ၏။
Saa bere no na mprako bi redidi wɔ bepɔw no nkyɛn mu baabi. Ahohommɔne no srɛɛ Yesu sɛ ɔmma wɔn ho kwan na wonkowura mprako no mu. Na ɔmaa wɔn ho kwan.
33 ၃၃ နတ်ဆိုးတို့သည် လူမှထွက်၍ ဝက်ထဲသို့ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်း ပြေးဆင်း၍ အသက်ဆုံးကြ၏။
Enti ahonhommɔne no fii ɔbarima no mu kowuraa mprako no mu ma wɔbɔɔ kirididi, sian bepɔw no koguu ɔtare no mu wuwui.
34 ၃၄ ဝက်ကျောင်းသောသူတို့သည် ထိုအခြင်းအရာကို မြင်လျှင်ပြေး၍ မြို့ရွာတို့၌ သိတင်းကြားပြော ကြသော်၊
Wɔn a wɔhwɛ mprako no so no huu nea asi no, wɔde hu ne ahopopo tutuu mmirika kɔbɔɔ amanneɛ wɔ kurom maa asɛm no trɛw wɔ mpɔtam hɔ nyinaa.
35 ၃၅ လူများတို့သည် ထိုအမှုအရာကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ၏။ အထံတော်သို့ ရောက်သော အခါ နတ်ဆိုးထွက်သွားသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့်ယေရု၏ ခြေတော်ရင်း၌ ထိုင်နေသည် ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။
Nnipa a wɔtee asɛm no bɔɔ twi kɔhwɛɛ nea asi. Woduu nea Yesu wɔ no, wohuu ɔbarima no sɛ ne ho atɔ no a ofura ntama te Yesu nkyɛn. Nnipa no nyinaa ho dwiriw wɔn.
36 ၃၆ နတ်ဆိုးစွဲသောသူသည် အဘယ်သို့သောအားဖြင့် ကျန်းမာပကတိရှိသည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊
Na wɔn a wohuu ɔkwan a Yesu faa so saa ɔbarima no ɔyare no bɔɔ wɔn a wɔbaa hɔ no amanneɛ.
37 ၃၇ ဂါဒရပြည်သူပြည်သား အပေါင်းတို့သည် အလွန်ကြောက်လန့်သောစိတ်စွဲ၍၊ မိမိတို့ပြည်က ထွက်သွား တော်မူမည်အကြောင်း တောင်းပန်ကြလျှင်၊ ကိုယ်တော်သည် လှေထဲသို့ ဝင်၍ပြန်တော်မူ၏။
Ehu hyɛɛ Gerasefo a na wɔahyia wɔ hɔ no nyinaa ma, ma wɔsrɛɛ Yesu sɛ omfi wɔn nkyɛn hɔ nkɔ. Eyi nti, Yesu kɔtenaa ɔkorow no mu san twa kɔɔ asuogya nohɔ.
38 ၃၈ နတ်ဆိုးထွက်သွားသောသူသည် ကိုယ်တော်နှင့် အတူရှိပါမည်အကြောင်း တောင်းပန်လျှင်၊
Ansa na Yesu rebefi hɔ no, ɔbarima a otuu ahonhommɔne fii ne mu no srɛɛ no sɛ ɔne no bɛkɔ. Nanso Yesu ka kyerɛɛ no se,
39 ၃၉ ယေရှုက၊ သင်သည်ကိုယ်အိမ်သို့ပြန်သွားလော့။ ဘုရားသခင်သည် သင်၌အဘယ်မျှလောက် ကျေးဇူး ပြုတော်မူသည်ကို ကြားပြောလော့ဟူ၍ လွှတ်လိုက်တော်မူလျှင်၊ ထိုသူသည်သွား၍ ယေရှုသည် အဘယ်မျှ လောက် ကျေးဇူးပြုတော်မူသည်ကို တမြို့လုံးတွင် အနှံ့အပြားသိတင်းကြားပြောလေ၏။
“Kɔ na kodi nea Onyankopɔn ayɛ ama wo no ho adanse kyerɛ wo manfo.” Ɔbarima no fii hɔ kodii anwonwade a Yesu ayɛ ama no no ho adanse kyerɛɛ kurom hɔfo nyinaa.
40 ၄၀ ယေရှုသည် ပြန်တော်မူလျှင်၊ လူအစုအဝေးအပေါင်းတို့သည် ကိုယ်တော်ကိုမြော်လင့်လျက် နေကြ သောကြောင့် ဝမ်းမြောက်စွာလက်ခံကြ၏။
Yesu duu asuogya hɔ no, nnipakuw no de anigye hyiaa no kwan, efisɛ na wɔatwɛn no abrɛ.
41 ၄၁ ထိုအခါယာဣရု အမည်ရှိသောတရားစရပ်မှူးသည် လာ၍ ယေရှု၏ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊
Ɔbarima bi a wɔfrɛ no Yairo a na ɔyɛ Yudafo hyiadan mu panyin baa ne nkyɛn bebuu no nkotodwe, srɛɛ no sɛ, ɔne no nkɔ ne fi
42 ၄၂ တဆယ်နှစ်နှစ်အရွယ်ရှိသော မိမိ၌တယောက်တည်းသောသမီးသည် သေဆဲရှိသောကြောင့်၊ မိမိ အိမ်သို့ ကြွတော်မူမည်အကြောင်း ကိုယ်တော်ကိုတောင်းပန်၍ ကြွတော်မူစဉ်တွင် လူအစုအဝေးတို့သည် ကိုယ်တော်ကို ထိခိုက်တိုက်မိကြ၏။
na ne babea koro a wadi bɛyɛ mfe dumien reyɛ awu. Bere a Yesu rekɔ no na nnipakuw no kyere ne so.
43 ၄၃ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အား ပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သော မိန်းမတယောက်သည်၊
Ɔbea bi a mogya atu no mfirihyia dumien a obiara ntumi nsa no yare no,
44 ၄၄ နောင်တော်သို့ ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကိုတို့သဖြင့်၊ ထိုခဏခြင်းတွင် သွေးသွန်အနာ ပျောက်လေ၏။
fii Yesu akyi soo nʼatade ano. Amono mu hɔ ara na mogya a etu no no twae.
45 ၄၅ ယေရှုကလည်း၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူလျှင်၊ လူအပေါင်းတို့သည် ငြင်းလတ်သော်၊ ပေတရုမှစ၍ သူ၏အပေါင်းအဘော်တို့က၊ သခင်၊ လူအစုအဝေးတို့သည် ကိုယ်တော်အား ထိခိုက်တိုက်မိကြ သည်ဖြစ်၍၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်လေ၏။
Yesu bisae se, “Hena na osoo mʼatade ano no no?” Obiara buae se ɛnyɛ ɔno. Eyi maa Petro kae se, “Awurade, na sɛ nnipa no akyere wo so.”
46 ၄၆ ယေရှုကလည်း၊ တစုံတယောက်သောသူသည် ငါ့ကိုတို့လေပြီ။ ငါ့ကိုယ်မှတန်ခိုးထွက်သည်ကို ငါသိ၏ဟု မိန့်တော်မူ၏။
Yesu buaa no se, “Dabi, obi aso mʼatade mu efisɛ mete nka sɛ tumi bi afi me mu.”
47 ၄၇ ထိုမိန်းမသည် မိမိပုန်းရှောင်၍ မနေနိုင်သည်ကိုသိလျှင် တုန်လှုပ်လျက်လာ၍၊ အဘယ်အကြောင်း ကြောင့် တို့သည်ကို၎င်း၊ ချက်ခြင်းချမ်းသာရသည်ကို၎င်း၊ လူအပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက် ကြားလျှောက် လေ၏။
Ɔbea no huu sɛ ohintaw a ɛrenyɛ ye nti, ɔde hu ne ahopopo bebuu Yesu nkotodwe wɔ nnipa no nyinaa anim, kyerɛɛ no nea enti a osoo ne mu ne sɛnea ne ho atɔ no no.
48 ၄၈ ကိုယ်တော်ကလည်း၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီး။ ငြိမ်ဝပ် စွာသွားလော့ဟု မိန့်တော်မူ၏။
Yesu ka kyerɛɛ no se, “Ɔbabea, wo gyidi ama wo ho atɔ wo. Fa asomdwoe kɔ.”
49 ၄၉ ထိုသို့ မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏ သမီးသေပါပြီ။ ဆရာကို မနှောင့်ရှက်ပါနှင့်ဟုဆို၏။
Yesu gu so rekasa no, obi fi Yairo fi bɛka kyerɛɛ Yairo se, “Wo babea no anya awu enti nhaw Kyerɛkyerɛfo no bio.”
50 ၅၀ ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလာ့။ ထိုသို့ရှိလျှင် သူသည် ဘေးနှင့်လွတ်လိမ့်မည်ဟု တရားစရပ်မှူးအား မိန့်တော်မူ၏။
Yesu tee asɛm no osee Yairo se, “Nsuro, gye di, na wo babea no benyan anya nkwa.”
51 ၅၁ အိမ်သို့ရောက်လျှင်၊ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့်မိန်းမငယ်၏မိဘမှတပါး အဘယ်သူကိုမျှ အထဲ သို့မဝင်စေခြင်းငှါ ဆီးတားတော်မူ၏။
Oduu fie hɔ no, wamma obiara anka ne ho ankɔ ɔdan a abofra no da mu no mu gye Petro, Yohane, Yakobo ne abofra no awofo nko ara.
52 ၅၂ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြသည်ကို ကိုယ်တော်က၊ မငိုကြနှင့်။ သူငယ်သေသည် မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူလျှင်၊
Na nnipa a wɔwɔ hɔ no nyinaa resu di awerɛhow. Yesu ka kyerɛɛ wɔn se, “Munnsu, onwui na wada.”
53 ၅၃ သူငယ်သေကြောင်းကို ထိုသူတို့သည်သိသဖြင့် ကိုယ်တော်ကို ပြက်ယယ်ပြုကြ၏။
Wɔserew no dii ne ho fɛw, efisɛ na wɔn de, wonim pefee sɛ wawu.
54 ၅၄ ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏လက်ကို ကိုင်တော်မူလျက်၊ သူငယ်ထလော့ဟု ခေါ် တော်မူသည်တွင်၊
Yesu soo ne nsa ka kyerɛɛ no se, “Me ba, sɔre!”
55 ၅၅ စိတ်ဝိညာဉ်ပြန်လာ၍ မိန်းမငယ်သည် ချက်ခြင်းထလေ၏။
Amono mu hɔ ara, ɔsɔree na Yesu kae se wɔmma no biribi nni.
56 ၅၆ သူ့အားစားစရာပေးလော့ဟု မိန့်တော်မူ၏။ မိဘတို့သည် မိန်းမောတွေဝေခြင်းသို့ရောက်ကြ၏။ ထို အမှုအရာကို အဘယ်သူအားမျှမပြောရမည်အကြောင်း ပညတ်တော်မူ၏။
Nʼawofo no ho dwiriw wɔn yiye nanso Yesu bɔɔ wɔn ano se, wɔnnka nea asi no nkyerɛ obiara.

< လုကာ 8 >