< လုကာ 23 >

1 ထိုအခါ မင်းအရာရှိအပေါင်းတို့သည်ထ၍ ကိုယ်တော်ကို ပိလတ်မင်းထံသို့ ဆောင်သွားကြပြီးလျှင်၊
És fölkelvén az ő egész sokaságuk, vivék őt Pilátushoz.
2 ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား၍၊ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ် ကြောင်းကိုဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင် ကြ၏။
És kezdék őt vádolni, mondván: Úgy találtuk, hogy ez a népet félrevezeti, és tiltja a császár adójának fizetését, mivelhogy ő magát ama király Krisztusnak mondja.
3 ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။
Pilátus pedig megkérdé őt, mondván: Te vagy-é a zsidók királya? És ő felelvén néki, monda: Te mondod!
4 ပိလတ်မင်းက၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအပေါင်းတို့ အား ပြောဆိုလျှင်၊
Monda pedig Pilátus a főpapoknak és a sokaságnak: Semmi bűnt nem találok ez emberben.
5 ထိုသူတို့သည် သာ၍ ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤ အရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမဩဝါဒပေး၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု လျှောက် ဆို ကြ၏။
De azok erősködének, mondván: A népet felzendíti, tanítván az egész Júdeában, elkezdve Galileától mind idáig.
6 ပိလတ်မင်းသည် ဂါလိလဲဟူသောစကားကိုကြားလျှင်၊ ထိုသူသည် ဂါလိလဲလူဖြစ်သလောဟု မေးမြန်း ၍၊
Pilátus pedig Galileát hallván, megkérdé, vajjon galileai ember-é ő?
7 ဟေရုဒ်မင်းပိုင်သော သူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ ပို့စေ၏။ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။
És mikor megtudta, hogy ő a Héródes hatósága alá tartozik, Héródeshez küldé őt, mivelhogy az is Jeruzsálemben vala azokban a napokban.
8 ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား၊ အထက်က သိတင်း တော်များကိုကြား၍၊ ကိုယ်တော်ကိုမြင်ခြင်းငှါ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာ တစုံတခုကို မြင်ရမည်ဟု မြော်လင့်လျက်နေ၏။
Héródes pedig Jézust látván igen megörüle: mert sok időtől fogva kívánta őt látni, mivelhogy sokat hallott ő felőle, és reménylé, hogy majd valami csodát lát, melyet ő tesz.
9 ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း အဘယ်စကားကိုမျှ ပြန်တော် မမူ။
Kérdezé pedig őt sok beszéddel; de ő semmit nem felele néki.
10 ၁၀ ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် ထ၍ ပြင်းထန်စွာ အပြစ်တင်ကြ၏။
Ott állanak vala pedig a főpapok és az írástudók, teljes igyekezettel vádolván őt.
11 ၁၁ ဟေရုဒ်မင်းသည် စစ်သူရဲတို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ယယ်ပြု၍ တင့်တယ်သော အဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ ပို့ပြန်စေ၏။
Héródes pedig az ő katonáival egybe semminek állítván és kicsúfolván őt, minekutána felöltöztette fényes ruhába, visszaküldé Pilátushoz.
12 ၁၂ ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏။ အထက်က ရန်ဘက်ဖြစ်ကြ သတည်း။
És az napon lőnek barátok egymással Pilátus és Héródes; mert az előtt ellenségeskedésben valának egymással.
13 ၁၃ တဖန် ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး၊
Pilátus pedig a főpapokat, főembereket és a népet egybegyűjtvén,
14 ၁၄ ပြည်သူပြည်သားများကို ပုန်ကန်စေသောသူကဲ့သို့ ဤလူကို သင်တို့သည် ငါ့ထံသို့ ပို့ဆောင်ကြသည် ဖြစ်၍၊ သင်တို့ရှေ့မှာ ငါစစ်ကြောသော်လည်း၊ သင်တို့ တင်သောအပြစ်တစုံတခုကိုမျှ သူ၌ငါမတွေ့။
Monda nékik: Ide hoztátok nékem ez embert, mint a ki a népet félrevezeti: és ímé én ti előttetek kivallatván, semmi olyan bűnt nem találtam ez emberben, a mivel őt vádoljátok:
15 ၁၅ ဟေရုဒ်မင်းသည်လည်းမတွေ့။ ထိုမင်းထံသို့ ငါပို့စေပြီ။ ဤသူသည် အသေသတ်ခြင်းကို ခံထိုက်သော အမှုတစုံတခုကိုမျှ မပြု။
De még Héródes sem; mert titeket ő hozzá igazítálak; és ímé semmi halálra való dolgot nem cselekedett ő.
16 ၁၆ ထိုကြောင့် သူ့ကို ငါဆုံးမ၍ လွှတ်မည်ဟု ဆိုလေ၏။
Megfenyítvén azért őt, elbocsátom.
17 ၁၇ ထိုပွဲ၌ လူများတို့အား တစုံတယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။
Kell vala pedig elbocsátania nékik ünnepenként egy foglyot.
18 ၁၈ လူအပေါင်းတို့က၊ ထိုသူကို ထုတ်ပါလော့။ အကျွန်ုပ်တို့အား ဗာရဗ္ဗကို လွှတ်ပါလော့ဟု တညီတညွတ် တည်း ဟစ်ကြော်ကြ၏။
De felkiálta az egész sokaság, mondván: Vidd el ezt, és bocsásd el nékünk Barabbást!
19 ၁၉ ထိုဗာရဗ္ဗကား၊ မြို့၌ ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲ၌ လှောင် ထားသောသူဖြစ်သတည်း။
Ki a városban lett valami lázadásért és gyilkosságért vettetett a tömlöczbe.
20 ၂၀ ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သောကြောင့် သူတို့အားတဖန်ပြောဆိုလေ၏။
Pilátus azért ismét felszólala, el akarván bocsátani Jézust;
21 ၂၁ သူတို့ကလည်း၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။
De azok ellene kiáltának, mondván: Feszítsd meg! Feszítsd meg őt!
22 ၂၂ ပိလတ်မင်းက၊ ထိုသူသည် အဘယ်အပြစ်ကို ပြုဘိသနည်း။ သေထိုက်သောအပြစ်တစုံတခုမျှ သူ၌ ငါမတွေ့။ ထိုကြောင့် သူ့ကို ငါဆုံးမ၍ လွှတ်မည်ဟု သုံးကြိမ်မြောက်အောင်ဆိုလျှင်၊
Ő pedig harmadszor is monda nékik: Mert mi gonoszt tett ez? Semmi halálra való bűnt nem találtam ő benne; megfenyítvén azért őt, elbocsátom!
23 ၂၃ လူများတို့သည် ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ကြီးစွာသောအသံနှင့် ကျပ်ကျပ် တောင်းသဖြင့်၊ သူတို့၏အသံနှင့် ယဇ်ပုရောဟိတ်အကြီးတို့၏အသံသည် နိုင်လေ၏။
Azok pedig nagy fenszóval sürgeték, kérvén, hogy megfeszíttessék; és az ő szavok és a főpapoké erőt vesz vala.
24 ၂၄ ပိလတ်မင်းသည်လည်း သူတို့တောင်းသည့်အတိုင်း ဖြစ်စေခြင်းငှါ စီရင်၍၊
És Pilátus megítélé, hogy meglegyen, a mit kérnek vala.
25 ၂၅ ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကိုသတ်ခြင်းအပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို လူ များတောင်းသည်အတိုင်း လွှတ်ပြီးမှ၊ ယေရှုကို သူတို့ အလိုသို့ အပ်လိုက်လေ၏။
És elbocsátá nékik azt, a ki lázadásért és gyilkosságért vettetett a tömlöczbe, a kit kértek vala; Jézust pedig kiszolgáltatá az ő akaratuknak.
26 ၂၆ ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည် တောရွာမှ လာသည်ကို သူတို့သည်တွေ့လျှင်၊ ဘမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။
Mikor azért elvivék őt, egy Czirénebeli Simont megragadván, ki a mezőről jöve, arra tevék a keresztfát, hogy vigye Jézus után.
27 ၂၇ နောက်တော်၌ လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမ အချို့ပါ၏။
Követé pedig őt a népnek és az asszonyoknak nagy sokasága, a kik gyászolák és siraták őt.
28 ၂၈ ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။
Jézus pedig hozzájok fordulván, monda: Jeruzsálem leányai, ne sírjatok én rajtam, hanem ti magatokon sírjatok, és a ti magzataitokon.
29 ၂၉ အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဘူးသောဝမ်းနှင့် သူငယ်မစို့ဘူး သောသားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလရောက်လိမ့်မည်။
Mert ímé jőnek napok, melyeken ezt mondják: Boldogok a meddők, és a mely méhek nem szültek, és az emlők, melyek nem szoptattak!
30 ၃၀ ထိုအခါ သူတို့က၊ အိုတောင်များတို့၊ ငါတို့အပေါ်သို့ ကျကြပါ။ အိုကုန်းများတို့၊ ငါတို့ကို ဖုံးအုပ်ကြ ပါဟု ခေါ်ကြလိမ့်မည်။
Akkor kezdik mondani a hegyeknek: Essetek mi reánk; és a halmoknak: Borítsatok el minket!
31 ၃၁ အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ ဖြစ်လိမ့်မည် နည်းဟု မိန့်တော်မူ၏။
Mert ha a zöldelő fán ezt mívelik, mi esik a száraz fán?
32 ၃၂ ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက် တို့ကိုလည်း သတ်အံ့သောငှါ ထုတ်သွားကြ၏။
Vivének pedig két másikat is, két gonosztevőt ő vele, hogy megölessenek.
33 ၃၃ ကရာနိအမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ျာတော် ဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။
Mikor pedig elmenének a helyre, mely Koponya helyének mondatik, ott megfeszíték őt és a gonosztevőket, egyiket jobbkéz felől, a másikat balkéz felől.
34 ၃၄ ယေရှုကလည်း၊ အိုအဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ ဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။
Jézus pedig monda: Atyám! bocsásd meg nékik; mert nem tudják mit cselekesznek. Elosztván pedig az ő ruháit, vetének reájok sorsot.
35 ၃၅ လူများတို့သည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ ထိုသူတို့နှင့်အတူ မင်းအရာရှိတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ်ကိုကယ်တင်ပါလေစေဟူ၍ ပြက်ယယ်ပြုကြ၏။
És a nép megálla nézni. Csúfolák pedig őt a főemberek is azokkal egybe, mondván: Egyebeket megtartott, tartsa meg magát, ha ő a Krisztus, az Istennek ama választottja.
36 ၃၆ စစ်သူရဲတို့သည်လည်းလာ၍ ပုံးရည်ကို ကပ်ပေးလျက်၊
Csúfolák pedig őt a vitézek is, odajárulván és eczettel kínálván őt.
37 ၃၇ သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ၍ ပြက်ယယ်ပြုလျက် ဆိုကြ၏။
És ezt mondván néki: Ha te vagy a zsidóknak ama Királya, szabadítsd meg magadat!
38 ၃၈ ခေါင်းတော်ပေါ်မှာတပ်၍ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင် ဘုရင်ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာ တပ် သတည်း။
Vala pedig egy felirat is fölébe írva görög, római és zsidó betűkkel: Ez a zsidóknak ama Királya.
39 ၃၉ ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကို၎င်း၊ ငါတို့ ကို၎င်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။
A felfüggesztett gonosztevők közül pedig az egyik szidalmazá őt, mondván: Ha te vagy a Krisztus, szabadítsd meg magadat, minket is!
40 ၄၀ တယောက်မူကား၊ မိမိအဘော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူအပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင် ကို မကြောက်သလော။
Felelvén pedig a másik, megdorgálá őt, mondván: Az Istent sem féled-e te? Hiszen te ugyanazon ítélet alatt vagy!
41 ၄၁ ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊
És mi ugyan méltán; mert a mi cselekedetünknek méltó büntetését vesszük: ez pedig semmi méltatlan dolgot nem cselekedett.
42 ၄၂ သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့ တော်မူပါဟု ယေရှုကို လျှောက်ဆို၏။
És monda Jézusnak: Uram, emlékezzél meg én rólam, mikor eljősz a te országodban!
43 ၄၃ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
És monda néki Jézus: Bizony mondom néked: Ma velem leszel a paradicsomban.
44 ၄၄ ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင် မိုက်အတိ ဖြစ်လေ၏။
Vala pedig mintegy hat óra, és sötétség lőn az egész tartományban mind kilencz órakorig.
45 ၄၅ နေအရောင်ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။
És meghomályosodék a nap, és a templom kárpitja középen ketté hasada.
46 ၄၆ ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။
És kiáltván Jézus nagy szóval, monda: Atyám, a te kezeidbe teszem le az én lelkemet. És ezeket mondván, meghala.
47 ၄၇ ထိုအခြင်းအရာတို့ကို တပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟုဆို၍ ဘုရားသခင်ကို ချီးမွမ်းလေ၏။
Látván pedig a százados, a mi történt, dicsőíté az Istent, mondván: Bizony ez ember igaz vala.
48 ၄၈ ထိုအမှုကို အကြည့်အရှုလာသောသူအပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင်၊ ရင်ပတ်ကို ခတ်၍ ပြန်သွားကြ၏။
És az egész sokaság, mely e dolognak látására ment oda, látván azokat, a mik történtek, mellét verve megtére.
49 ၄၉ ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုယ်တော်ကို သိကျွမ်းသောသူအပေါင်း တို့သည်လည်း အဝေးကကြည့်ရှု၍ ရပ်နေကြ၏။
Az ő ismerősei pedig mind, és az asszonyok, a kik Galileából követék őt, távol állának, nézvén ezeket.
50 ၅၀ ထိုအခါ ယုဒပြည်အရိမဿဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတယောက်သည်၊ အခြား သော လွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊
És ímé egy ember, kinek József vala neve, tanácsbeli, jó és igaz férfiú,
51 ၅၁ ဘုရားသခင်၏နိုင်ငံတော်ကို မြော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံ သို့ဝင်၍၊
Ki nem vala részes azoknak tanácsában és cselekedetében, Arimathiából, a zsidók városából való, ki maga is várja vala az Istennek országát;
52 ၅၂ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။
Ez oda menvén Pilátushoz, elkéré a Jézus testét.
53 ၅၃ အလောင်းတော်ကို ချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသော ကျောက် သင်္ချိုင်းတွင်း၌ ထားလေ၏။
És levévén azt, begöngyölé azt gyolcsba, és helyhezteté azt egy sziklába vágott sírboltba, melyben még senki sem feküdt.
54 ၅၄ ထိုနေ့ကား အဘိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန် နီးသတည်း။
És az a nap péntek vala, és szombat virrada rá.
55 ၅၅ ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူလာသောမိန်းမများသည် သင်္ချိုင်းတော်ကို၎င်း၊ အလောင်းတော်ကို အဘယ်သို့ ထားသည်ကို၎င်း အကြည့်အရှု လိုက်လာကြ၏။
Az őt követő asszonyok is pedig, kik vele Galileából jöttek, megnézék a sírt, és hogy miképen helyeztetett el az ő teste.
56 ၅၆ ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏။
Visszatérvén pedig, készítének fűszerszámokat és keneteket. És szombaton nyugovának a parancsolat szerint.

< လုကာ 23 >