< လုကာ 16 >

1 တပည့်တော်တို့အားတဖန် မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူတယောက်၌ ဘဏ္ဍာစိုးရှိ၏။ ထို ဘဏ္ဍာစိုးသည် သင်၏ဥစ္စာများကို ဖျက်ဆီးသည်အကြောင်းကို သူတပါးတို့သည် သခင်ရှေ့၌ အပြစ်တင် ကြသော်၊
Jesu naye cha wamba valutwana vakwe, “Kuvena mukwame wa muhumi avena muyendisi wa misevezi yakwe, mi kuva vihiwa kuti muyendisi wa misevezi ya kwe u kwete ku mu sinyeza iluwo lya kwe.
2 သခင်သည် ဘဏ္ဍာစိုးကို ခေါ်၍၊ သင်၏အမူအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသော စာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရဟု ဆို၏။
Cwale muhumi cha musupa mi chati kwali, 'Zintu nzi zi nizule kuamana niwe? U nihe chakwizula za musevezi wako, ili kuti kese uzwile havusu ni vuyendisi.'
3 ထိုအခါ ဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နှုတ်လေပြီ။ လယ်လုပ်ခြင်းငှါ မစွမ်းနိုင်။ သူတောင်းစား လုပ်ခြင်းငှါ ရှက်ကြောက်၏။
Muyendisi cha liwambila, 'chiniswanela kupanga chinzi, hakuva mukulwana choni zwisa musevezi? Ka nina ziho za kusha, mi niswava ku mukumbila.
4 ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှါ အဘယ်သို့ ငါပြုရမည်ကို ငါသိ၏ဟူ၍ စိတ်ထဲ၌ ကြံစည်ပြီးမှ၊
Nizi chini swanela ku tenda, ili kuti china zwiswa ha musevezi wangu wa vu yendisi, bantu va ni tambule mu mazuvo avo.
5 သခင်၏ငွေရှိသောသူအပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌အဘယ်မျှလောက်ရှိ သနည်းဟု တယောက်ကိုမေးလျှင်၊
Cwale muyendisi chasupa zumwi ni zumwi ya vaali kukolota si mwin'a kwe, mi cha vuza we ntazi, 'U kolota vukayi simwin'a ngu? 6.
6 ထိုသူက၊ ဆီအခွက်တထောင်ပေးရန် ရှိပါသည်ဟုဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အသော့ထိုင်ပြီးလျှင်၊ အခွက်ငါးရာကို ရေးမှတ်လော့ဟုဆို၏။
Cha wamba, 'Ni kolota makumi ekumi ya byima bya mafuta e oli.' Mi chati kwali, muhinde zikoloti zenu, mwikale kapili, mi muñole makumi akwana yanza.'
7 ထိုနောက် အခြားသောသူကိုခေါ်၍၊ ငါ၏ သခင်ကိုဆပ်ပေးရန် သင်၌ အဘယ်မျှလောက်ရှိသနည်း ဟု မေးလျှင်၊ ထိုသူက၊ ဂျုံစပါးအတင်းတထောင်ပေးရန်ရှိပါသည်ဟု ဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အတင်းရှစ်ရာကို ရေးမှတ်လော့ဟု ဆို၏။
Cwale muyendisi cha wamba ku zumwi, 'mi vukayi yo kolota?' Chati, 'makumi ekumi a vuyima bwa vuroto.' Chati kwali, 'hinde chikoloti mi u ñole makumi akwana yenza ni to tatwe.
8 မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည် ချီးမွမ်းလေ၏။ အကြောင်းမူကား၊ လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင်၊ အလင်းသို့ရောက်သောသူတို့ထက်သာ၍ လိမ္မာကြ၏။ (aiōn g165)
Simwin'a kwe cha lumba chikombwa chi sa sepahali kakuti ava sevezi mu kusasepahala. Vaana ve fasi ilyi vena ahulu mukusa sepahala chiva kwete kuseveza ni vantu vavo hita vaana vena mu liseli. (aiōn g165)
9 တဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။ (aiōnios g166)
Ni wamba kwenu, mutende valikani che nzila za mashenyi a sa sepahali, kutendela kuti chi bwamana, va woole ku mitambula mu mazuvo asamani. (aiōnios g166)
10 ၁၀ အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ် သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌ သစ္စာမရှိ။
Iye yo sepahala ku zinini mwa sepahale ni ku zikando, mi niya sasepahali mu zinini kasepahali mu zikando.
11 ၁၁ သို့ဖြစ်၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကို သင်တို့၌ အဘယ်သူအပ်မည်နည်း။
Haiva kena u va sepahali ku ku sevelisa mashelenyi a fosahele, nje ni yeta kusepe mu chifumu che niti?
12 ၁၂ သူတပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင်၊ အဘယ်သူသည် အပိုင်ပေးမည်နည်း။
Mi haiva kawini ku sepahala mu kusevelisa mashelinyi a vamwi, njeni ya sa kuhe mashelenyi ako u mwine?
13 ၁၃ အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦး မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြဟု မိန့်တော်မူ၏။
Ka kwina muhikana yo wola ku seveleza malena vo vele, kusicwalo mwa toye umwi ni kusaka zumwi, mwa kumalele umwi kapa kunyefula zumwi. Ko woli kuseveleza Ereeza ni chifumu.
14 ၁၄ ငွေကို တပ်မက်သော ဖာရိရှဲတို့သည် ထိုစကားများကို ကြားလျှင်၊ ကိုယ်တော်ကို ပြက်ယယ်ပြုကြ၏။
Hanu Vafalisi, va vali kusaka hahulu mashelenyi, va va zuwi zoose inzi, mi chi va museka.
15 ၁၅ ယေရှုကလည်း၊ သင်တို့သည် လူများရှေ့မှာ ဖြောင့်မတ်ဟန်ဆောင်သော်လည်း၊ ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ လူသဘောအားဖြင့် အမြတ်ထားသောအရာသည် ဘုရားသခင့် ရှေ့တော်၌ စက်ဆုပ်ရွံရှာဘွယ်ဖြစ်၏။
Mi chati kuvali, “Mu li shiyamisa mu menso a vantu, kono Ireeza wizi ikulo zenu. Zina zivoneka vulotu mumeeso a vantu kwe Reeza zi fosahele.
16 ၁၆ ယောဟန်မရောက်မှီတိုင်အောင် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သောဧဝံဂေလိတရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော် ကို အနိုင်အထက်ဝင်ကြ၏။
Mulao ni vupolofita ziva kuseveza kuleta Johani hasika. Ku zwa iyo nako, inzwii lya muvuso we Reeza li va kutazwa, mi zumwi ni zumwi ava sa kuhambiliza inzila za vo mwateni.
17 ၁၇ ပညတ္တိကျမ်း၌ အငယ်ဆုံးသော ဗိန္ဓုတလုံးပျက်စီးလွယ်ထက်၊ ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏။
Kono kuhuva kwiwulu ni hansi zi mane isi kuti intaku imwi ya mulao sanzi ivi ni mutendo.
18 ၁၈ အကြင်သူသည် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်ခြင်းကိုပြု၏။ ထိုသူသည် မိမိမယား ကို ပြစ်မှား၏။ လင်ကွာသော မိန်းမနှင့်စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ၏။
Yense yo kauhana ni mwanakazi wakwe ni kusesa zumwi u chita vushahi, mi yo sesa mwanakazi ya va kanwa kwa mwihyabwe naye utenda vushahi.
19 ၁၉ ယဖန်တုံ၊ သူဌေးတယောက်သည် နီမောင်းသော ကမ္ဗလာနှင့်ပိတ်ချောကိုဝတ်ဆင်၍၊ ကာမဂုဏ် စည်းစိမ်၌ နေ့တိုင်းပျော်မွေ့လျက်နေ၏။
Linu ku vena mukwame ya va humite, ya va kuzwete zi zwato ze pulipera ni line mi mazuva onse ava kulikola chifumu cha kwe.
20 ၂၀ လာဇရုအမည်ရှိသော သူဆင်းရဲတယောက်သည် တကိုယ်လုံး၌ အနာစိမ်းပေါက်၍၊
Mukumbizi ava kusumpwa Lazaro ava lele hamulyango, avali kwizwile zilavi muvili wonse.
21 ၂၁ သူဌေး၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသောစိတ်နှင့် သူဌေးအိမ် တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည် လာ၍ အနာစိမ်းများကို လျက်ကြ။
Mi avali kuhala kulya vungululwa vu vali kuwa hentafule ya muhumi, mi kuzwaho, vambwa va vali kukomba zilavi zakwe.
22 ၂၂ တနေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ရင်ခွင်သို့ ပို့ ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။
Ku vezi kuva kuti mukumbizi chafwa, mi avezi ku hindwa mangeloi ku mutwala kwimbali ya Abrahama. Muhumi naye chafwa mi cha zikwa,
23 ၂၃ မရဏာနိုင်ငံ၌ ပြင်းပြစွာသောဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း အဝေးကမြင်လျှင်၊ (Hadēs g86)
mi mu lyangalilo, na sukulukite, cha kotola menso mi cha vona Abrahama nena vutavule ni Lazaro nena ha chizuva chakwe. (Hadēs g86)
24 ၂၄ အိုအဘအာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသော ကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အကျွန်ုပ်ရှိရာသို့ စေ လွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။
Cha lila mi chati, Tayo Abrahama, uni zuwile kusasama, mi tumine Lazaro, kuti a tompe munwe wakwe mu menzi mi nja tontoze lulimi lwangu, kakuti ni hile maswe mowu mulilo.
25 ၂၅ အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကို၎င်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကို၎င်း အောက်မေ့လော့။ ယခုမူကား၊ သူသည်သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာ ကို ခံရ၏။
Kono Abrahama chati, 'mwan'a ngu, u hupule kuti muvuhalo bwako uva tambuli zako zilotu, mi Lazaro mwinzila iswana ava ku tavela zintu zivilala, kono hanu cho kwete kusengwa sengwa kunu, mi iwe wina mumanyando.
26 ၂၆ ထိုမှတပါး၊ ငါတို့နှင့် သင်တို့ စပ်ကြား၌ အလွန်နက်လှသော ချောက်ကြီးတည်လျက်ရှိ၏။ ထိုကြောင့် ဤ အရပ်မှသင်တို့ရှိရာသို့ ကူးချင်သောသူမကူးနိုင်။ ထိုအရပ်မှ ငါတို့ရှိရာသို့ ကူးချင်းသောသူလည်း မကူးနိုင် ဟု ဆို၏။
Mi kuzwaho zintu zoose, chigodi chikando chivavi mukati, ili kuti avo vasaka kuluta kuzwa kunu kwiza kwako kese vawole, mi kakwina yese awole kuzwa uko kwiza kwetu.'
27 ၂၇ သူဌေးကလည်၊ အိုအဘ၊ ထိုသို့မှန်လျှင်၊
Muhumi chati, ni ku kumbila, Tayo Abrahama, kuti umuni tumine kuzuvo ya tayo
28 ၂၈ အကျွန်ုပ်၌ ညီငါးယောက်ရှိပါသည်ဖြစ်၍၊ သူတို့သည် ဤပြင်းပြစွာ ခံရာအရပ်သို့မရောက်မည် အ ကြောင်း၊ သူတို့အား သက်သေခံစေခြင်းငှါ၊ လာဇရုကို အကျွန်ုပ်အဘ၏အိမ်သို့ စေလွှတ်တော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု ပြောဆိုလျှင်၊
kakuti nina vanche vava swisu va tenda yanza - kutendela kuti akava kalimele, kutiya kuti navo chiveza mwe chi chivaka cha masukuluka.'
29 ၂၉ အာဗြဟံက၊ သင်၏ညီတို့၌ မောရှေမှစ၍ ပရောဖက်များရှိကြ၏။ ပရောဖက်တို့၏ စကားကို နား ထောင်ကြစေဟုဆို၏။
Kono Abrahama chati, veena Mushe ni vapolofita; mu vasiye va tekeleze ku vali.'
30 ၃၀ သူဌေးကလည်း၊ မဟုတ်ပါ အဘအာဗြဟံ။ သေသောလူစုထဲက တယောက်သောသူသည် ထ မြောက်၍ သူတို့ရှိရာသို့ သွားလျှင်၊ သူတို့သည် နောင်တရကြပါလိမ့်မည်ဟုဆိုသော်၊
Muhumi che tava chati, 'Nanta, Tayo Abrahama, kono haiva zumwi na yenda kuvali kuvafwile, mu va lichiule.'
31 ၃၁ အာဗြဟံက၊ သူတို့သည် မောရှေ၏စကား၊ ပရောဖက်တို့၏စကားကို နားမထောင်လျှင်၊ တယောက် သောသူသည် သေခြင်းမှထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။
Kono Abrahama chati kwali, 'Haiba ni vasa tekelezi kwa Mushe ni vapolofita, kese vaole kuzumina ni haiva vafwile kuti va vuke.'”

< လုကာ 16 >