< လုကာ 1 >

1 ရှေးဦးစွာမှစ၍ ကိုယ်တိုင်မြင်သောသက်သေဖြစ်လျက်၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သောသူ တို့သည်၊
Vangi vachi vava liki ku vika i nswanelo lye kande lyezo indava zichi zive zuzilizwa mukati ketu,
2 ငါတို့သည် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးထားသောသူ အများရှိကြသည်ဖြစ်၍၊
uvu vo vulyo mu vava zituheli mi avo kuzwila ku matangizo ivali impanki ni vahikana ve ñusa.
3 ငါသည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေ့ဦးစွာမှစ၍၊
Cwale kwangu name ivali kuvoneka kuva hande - kuganisisa hande inzila ye indava yezo zintu kuzwila kuma tangizo - kuñola indava ye nswanelo yako iwe, Theophilus yo sepahala.
4 စေ့စေ့ဖွေရှာလိုက်စစ်ပြီးလျှင်၊ ကိုယ်တော်သင်ပြီးသောအကြောင်းအရာတို့ကိုသည် ဧကန်အမှန် ဖြစ် ကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အစဉ်အတိုင်းရေးထား၍ ကြားလိုက်မည်အကြံရှိပါ၏၊ အလွန်မြတ်သော သော်ဖိလု။
Ili ku pangila kuti mwi zive vuniti vwezo zintu zimu va lutwa.
5 ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းအဝင်ဖြစ်၍၊ ဇာခရိအမည် ရှိ သော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွယ်ဖြစ်၏။ သူ့အမည်ကား ဧလိရှဗက် တည်း။
Muma zuva a Heroda, simwine wa Judeya ku vali kwina mu purisita we zina lya Zakariya, ya vali kuzwa kwi inkauhanyo ya Abija. Mwi hyavwe avali kuzwa kuvana vechi kazana va Arunì, Izina lyakwe ivali nji Elizabeta.
6 ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ် တင်ခွင့်နှင့်လွတ်သဖြင့်၊ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ၏။
Vonse vo vele vava shieme ha vusu vwa Ireza, ku kuteka zonse intaezo za Simwine.
7 ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည်သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ၏။
Kono kana vavena mwana kakuli Elizabeta kana vena luzalo, mi hape vonse chi vava supele ahulu he iyi inako.
8 ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊
Mi kuvezi kuchita kuti Zakaria avena mukwina kwa Ireza, kwi chilila ni kupanga iyo mintendo yovu purisita yava hewa mwi nswanelo ye inkauhanyo ya kwe.
9 ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးထံချသဖြင့်၊ သူသည်ထာဝရဘုရား၏ ဗိမာန်တော်အတွင်းသို့ ဝင် ၍ နံ့သာပေါင်းကိုမီးရှို့၏။
Kuya ke chizo choku keta kuti njo zuhi mu purisita yese a tende, ava ketwa kwa loto kuti e njile mwi tempele ya Simwine kuti a hise minunkiso.
10 ၁၀ ထိုသို့နံ့သာပေါင်းကို မီးရှို့သည့်အချိန်တွင်၊ လူအများအပေါင်းတို့သည် ပြင်၌ဆုတောင်းလျက် နေကြ ၏။
Chonse chichava cha vantu chiva kwete ku lapela hanze heyo inako minunkiso iva hiswa.
11 ၁၁ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ထင်ရှား၍၊ နံ့သာပေါင်းကိုရှို့သော ယဇ်ပလ္လင် လက်ျာဘက်၌ ရပ်နေသည်ကို၊
Mi iñiloi lya Simwine livezi kuvoneka ha vusu vwake ni ku zimana ku vulyo vwe alutare ye minunkiso.
12 ၁၂ ဇာခရိသည်မြင်လျှင်၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ရောက်၏။
Zakaria ha muvona, ava tilimuki mi lyowa livezi hali.
13 ၁၃ ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသော ပဌနာကိုနာခံတော်မူပြီ။ သင်၏ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရ မည်။
Kono i ñiloi chi lya ti kwali, “sanzi uvi ni lyowa, Zakaria, kakuti intapelo yako iva tekwa. Mwi hyenu Elizabeta mwa pepe mwana o mwisisu. Kamu sumpe izina lyakwe Johani.
14 ၁၄ သင်သည်ဝမ်းသာရွင်မြူးခြင်း ရှိလိမ့်မည်။ ထိုသားကိုဘွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ရောက်ကြလိမ့်မည်။
Ka muve ni ntabo ni kusanga, mi vangi vese va sangilile he mpepo yakwe.
15 ၁၅ အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည် နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။
Kakuli mwave muntu mukando mu menso a Simwine. Sanzi na nywi i waine kapa zinywiwa zi kolete, mi mwe zule ni Luhuho lu Jolola ku zwilila mwi vumo li ba nyina.
16 ၁၆ ဣသရေလအမျိုးသား အမျိုးသားအများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲ စေလိမ့်မည်။
Mi vantu vangi va Isiraele kava sandulwe kwali Simwine wavo Ireza.
17 ၁၇ အဘတို့နှင့် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ၎င်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဘို့အလိုငှါ ပြင်ဆင်သောလူမျိုးဖြစ်စေ ခြင်းငှါ ၎င်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်း ကင်တမန်ပြောဆို၏။
Mwa yende havusu bwe chifateho cha Simwine muluhuho ni ziho za Eliya. Mwa pange vovuti kupangila kuti a sandule inkulo za bashemi ve chikwame ku vana, ku pangila kuti vasa kuteki kava yende mu vutali vwa vantu va lukite - ku litukiseza kwa Simwine vantu valukisezwe iye.
18 ၁၈ ဇာခရိကလည်း၊ ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့သိရပါမည်နည်း။ အကျွန်ုပ်သည် လူ အိုဖြစ်ပါ၏။ အကျွန်ုပ်မထားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီဟု ကောင်းကင်တမန်အား ပြောဆိုလျှင်၊
Zakariya cha wamba kwi ñiloi, “Ni wola kuzi ziva vule izi? kakuli chili ni Mukwame yo supele mi ni mwihyetu naye cho supele ahulu.
19 ၁၉ ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသောဂါဗြေလဖြစ်၏။ သင့်ကို နှုတ် ဆက်၍ ဤဝမ်းမြောက်စရာသိတင်းကို ကြားပြောစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူ၏။
Mi iñiloi chila mwi taba ni ku wamba kwali, “njime Gaburiyele yo zimene mwikwina Ireza.”Nivaka tumwa ku kwiza kuwamba nawe, kukuletela aa makande ma lotu.
20 ၂၀ သင်သည် ငါ့စကားကိုမယုံသောကြောင့် ဤအကြောင်းအရာမဖြစ်မှီနေ့တိုင်အောင် စကားမပြော နိုင်ဘဲ၊ အလျက်နေလိမ့်မည်။ ငါ့စကားသည်ကား၊ အချိန်တန်လျှင် ပြည့်စုံလိမ့်မည်ဟု ပြောဆို၏။
“Cwale uvone, mo tontole, kese uwole kuwamba heisi izuva izi zintu hese nizi pangahale. Ichi nji kuti kana uva zumini manzwi angu, ese e zuzilizwe he nako i swanezi.
21 ၂၁ လူများတို့သည် ဇာခရိကို ငံ့လင့်၍၊ ဗိမာန်တော်အတွင်း၌ ကြာမြင့်စွာနေသည်ကိုအံ့ဩခြင်းရှိကြ၏။
Cwale vantu vava lindile Zakariya. Vava komeketwe kakuli avali kwi kele inako ingi mwi tempele.
22 ၂၂ သူသည်ထွက်လာသောအခါ စကားမပြောနိုင်သည်ဖြစ်၍၊ ဗိမာန်တော်၌ ဗျာဒိတ်ရှုပါရုံကို မြင်ပြီဟု ရိပ်မိကြ၏။ ဇာခရိသည်သူတို့အား အရိပ်အမှတ်ကိုသာပေး၍ စကားအလျက်နေ၏။
Kono haka zwa mo, kana vali ku wola ku wamba navo. Chiva bonisisa kuti ava voni i pono havali kwina mwi tempele. Ava zwili ku panga zi supo kuvali na shele u tontwele.
23 ၂၃ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသောအချိန်ကာလကုန်သောအခါ၊ ဇာခရိသည် မိမိအိမ်သို့ သွား လေ၏။
Ku vezi kuva kuti mazuva akwe oku tenda ha amana, cha yenda kwi nzuvo yakwe.
24 ၂၄ ထိုနောက်သူ၏ခင်ပွန်း ဧလိရှဗက်သည် ပဋိသန္ဓေစွဲ၍၊
Kuzwa aa mazuva, mwi hyavwe Elizabeta ava hi menzi ma hya. Avali zwisi ku vantu ka mwezi i hinda iyanza. Cha wamba,
25 ၂၅ ငါသည်လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှါ ငါ့ကို ကြည့်ရှု တော်မူစဉ်တွင်၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟုဆိုလျက်၊ ငါးလပတ်လုံး အိမ်တွင်း၌အောင်း၍ နေလေ၏။
“Izi za vani pangili Simwine ha vani loli ni chishemo ku pangila kuti a zwise maswavisisa angu ha vusu bwa bantu.”
26 ၂၆ ငါးလလွန်သောအခါ၊ ဂါလိလဲပြည်နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင့်၍၊
Mu Mwezi we yanza ni kamwina, I ñiloi Gaburiyele liba tumwa ku zwa kwa Ireza kwi tolopo mwa Galileya i sumpwa Nazareta,
27 ၂၇ မရှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေ လွှတ်တော်မူ၏။ သတို့သမီးကညာကား၊ မာရိအမည်ရှိ၏။
kwa kamwale yaba vikilizwe ku mukwame we zina lya Josefa. A vali ku wila ku luzuvo lwa Davida, kamwale izina lyakwe i vali nji Maria.
28 ၂၈ ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေ သတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။
Cheza kwali ni kuwamba, “Lumele, iwe yo shemuvitwe ahulu, Simwine wina nawe.”
29 ၂၉ မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆတ်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင်၍နေ၏။
Kono ava lyangene ahulu cha manzwi akwe, ava hupuli kuti iwola kuva mulumelisezo nzi uwu.
30 ၃၀ ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာ ရပြီ။
Iñiloi chila wamba kwali, “Sanzi utiyi, Maria kakuli cho va wani chishemo ni Ireza.”
31 ၃၁ သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရ မည်။
Mi u vwene, mo pange mwana mwi vumo mi mo pepe muswisu. Mo sumpe izina lyakwe “Jesu.”
32 ၃၂ ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်သခင်သည် သူ့အားပေးတော်မူ မည်။
Mwa ve mukando mi mwa sumpwe kuti Mwana wa Sikwiwulu. Simwine Ireza mwa muhe chipula chavu simwine chika zwilila ku vasikulwe vave sikulwe Davida.
33 ၃၃ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံး ခြင်းမရှိရဟုပြောဆို၏။ (aiōn g165)
Mwa vuse inzubo ya Jakovo kuya kwile, mi kese kuve nima mani ku muvuso wakwe. (aiōn g165)
34 ၃၄ မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်ယောက်ျားနှင့် မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။
Maria cha wamba kwi ñiloi, “Kai pangahale vule, kuvona kanini ku kopana ni mukwame?”,
35 ၃၅ ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော် မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။
Iñiloi chilye tava niku wamba kwali, Luhuho Lujolola ka lwize hako, miziho za Sikwiwulu ka zize hako. Cwale iye uzo yo jolola yenke yese apepwe mwa sumpwe Mwana wa Ireza.
36 ၃၆ ထိုမှတပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သောသင်၏ အဆွေအမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။
Mi ubwene, mukwako Elizabeta naye aba pepi mwana o muswisu mu busupali. Uwu mwezi we yanza ni konke wali, uzo yabali kusumpwa kusa pepa.
37 ၃၇ ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟု ပြောဆိုလျှင်၊
Kakuli kakwina chese nichi sa woleki ni Ireza.
38 ၃၈ မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ် ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ၏။
Maria chati “ubwene, ni muhikana wo mwanakazana wa Simwine.” Kuve vulyo kwangu kakuya che ñusa lyako. Mi iñiloi chilya musiya.
39 ၃၉ ထိုအခါမာရိသည်ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန် သွားပြီးလျှင်၊
Linu Maria ava vuki mwa awo mazuba, mi cha hwelela kuya kwi nkanda ye ziwulu, kwi tolopo mwa Judeya.
40 ၄၀ ဇာခရိအိမ်သို့ဝင်၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။
Ava yendi mwi nzuvo ya Zakariya mi chaka lumelisa Elizabeta.
41 ၄၁ ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသောသူငယ်သည်ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊
Cwale kuva pangahali kuti Elizabeta ha zuwa mulumelisezo wa Maria, mbumbu mwi vumo lyakwe ava shili, mi Elizabeta ave zulwa Luhuho lu Jolola.
42 ၄၂ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသောမင်္ဂလာရှိ၏။ သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း မြတ်စွာသော မင်္ဂလာရှိ၏။
Cha koza inzwi lyakwe ni kuwamba kaku huwa “Iwe njo fwiyoletwe mukati kavanakazi, mi ni muselo we vumo lyako ufuyoletwe.”
43 ၄၃ အကျွန်ုပ်သခင်၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။
Mi chinzi hayi va pangahali kwangu kuti vanyina va Simwine wangu va swanela kwiza kwangu?
44 ၄၄ သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည်ရွှင်မြူးသော စိတ်နှင့်ခုန်၏။
Mu vwene, mulumo we ntumeliso zako ha ziza ku matwi angu, mbumbu yo wina mwi vumo lyangu ava shili nche intabo.
45 ၄၅ ယုံကြည်သောမိန်းမသည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရားမိန့်တော်မူသော စကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။
Mi uzo u fwiyoletwe yaba zumini kuti ka kuve ni kwizuzilizwa kwezo zintu ziva wambwa kwali ku zwilila kwa Simwine.
46 ၄၆ မာရိကလည်း၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။
Maria cha wamba, “Luhuho lwangu lu temba Simwine”,
47 ၄၇ ငါ့ကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်ကို အမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။
mi luhuho lwangu lusanga mwe Ireza mutusi wangu.
48 ၄၈ အကြောင်းမူကား၊ မိမိကျွန်မ၏နှိမ့်ချသောအဖြစ်ကိုကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။
Chaba loli ha mazimo avolele hansi a muhikana wakwe wo mwanakazana. Cwale mu vone, ku zwila hahanu onse masika ka a nisumpe kuti ni fwiyoletwe.
49 ၄၉ တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဘွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ၊ ထိုဘုရား ၏ နာမတော်သည် ရိုသေဘွယ်ဖြစ်တော်မူ၏။
Kakuli iye yo wina ziho chavani pangili zintu zikando mi izina lyakwe li jolola.
50 ၅၀ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်း ကျေးဇူးကိုအစဉ်မပြတ်ခံစားကြ၏။
Chishemo chakwe chikalilile ku mahasi ni mahasi kwabo vamu tiya.
51 ၅၁ လက်ရုံးတော်အားဖြင့် တန်ခိုးကိုပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။
Chava tondezi ziho zakwe kache yanza: chaba hasani avo vavali kulikumuseza mihupulo ye nkulo zavo.
52 ၅၂ ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။
Chava soheli hansi vaana vavene simwine vechi kwame ha vuyendisi vwavo. mi chava nyamuni avo ba mazimo mavi.
53 ၅၃ ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော်မူပြီ။
Chave zuzi avo va fwile inzala ni zintu zilotu, kono va humite avava tumini kule niva sena chintu.
54 ၅၄ ငါတို့ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊
Chava hi intuso kwa Isiraele muhikana wakwe, kupangila ku hupula ku tondeza chishemo
55 ၅၅ အာဗြဟံမှစသောသူ၏အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းငှါ သတိထား ၍ မိမိကျွန် ဣသရေလကို မစတော်မူပြီဟုဆို၏။ (aiōn g165)
(mwava teli ku veshetu) kwa Aburahama niba mwi chilila kuya uko kusena mamanimani. (aiōn g165)
56 ၅၆ မာရိသည်လည်း ဧလိရှဗက်ထံမှာ သုံးလခန့်နေပြီးမှ မိမိအိမ်သို့ပြန်လေ၏။
Maria ave kali ni Elizabeta ka miezi yo tatwe mi cha volela kwi nzuvo yakwe.
57 ၅၇ ဧလိရှဗက်သည် ဘွားအံ့သောနေ့လစေ့သောအခါ သားယောက်ျားကိုဘွားမြင်၏။
Hanu inako chi iva sikite ya Elizabeta kuti ahwizumuke muchiche mi ava pepi mwanaswisu.
58 ၅၈ ထာဝရဘုရားသည် ထူးမြတ်သောသနားခြင်း ကျေးဇူးတော်ကို ဧလိရှဗက်အားပြုတော်မူသည်ကို၊ အိမ် နီးချင်းအဆွေအမျိုးတို့သည် ကြားလတ်သော်၊ သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာကြ၏။
Va vambene naye niva kwakwe vava zuwi kuti Simwine ava mutondenzi chishemo chakwe chikando kwali mi vava sangi naye.
59 ၅၉ ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကို သူငယ်အားပေးအံ့သောငှါလာကြ၍၊ အဘ၏အမည် ဖြစ်သော ဇာခရိအမည်ဖြင့် မှည့်သောအခါ အမိက၊ ထိုသို့မမှည့်ရ။
Hanu kuvezi kupangahala he zuva li hinda iyanza ni to tatwe vava kezi njeva muchite mupato muchiche. Ni vava musumpi “Zakariya,” ku zwila izina li vesi.
60 ၆၀ ယောဟန်အမည်ဖြင့် မှည့်ရမည်ဟုဆိုလျှင်၊ သူတို့က၊
Kono va nyina chive tava ni kuwamba “Ne, mwa sumpwe Johani.”
61 ၆၁ ယောဟန်အမည်ဖြင့် သင်၏အဆွေအမျိုးတွင် တယောက်ကိုမျှမမှည့်ဟုဆို၍၊
Chiva wamba kwali, “kakwina yenke mukati kava mwenu yo sumpwa keli zina.”
62 ၆၂ အဘသည်အဘယ်သို့မှည့်စေလိုသနည်းဟု အမှတ်အားဖြင့်မေးကြ၏။
Vava pangi zi supo kuvesi kupangila kuti vesi ve zive muvavali kusakila kuti a hewe izina.
63 ၆၃ အဘသည်လည်း သင်ပုံးကိုတောင်း၍၊ သူ၏အမည်ကားယောဟန်ဖြစ်၏ဟု ရေးလေသော်၊ ထိုသူ အ ပေါင်းတို့သည် အံ့ဩခြင်းရှိကြ၏။
Vesi chiba kumbila chiñolelo mi chiva ñola, “izina lyakwe nji Johani”. Vonse vava komokwa.
64 ၆၄ ထိုခဏခြင်းတွင် ဇာခရိသည်နှုတ်ဖွင့်ခြင်း၊ လျှာလွတ်ခြင်းရှိသည်ဖြစ်၍၊ စကားအားဖြင့် ဘုရားသခင် ၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
Haho vulyo kaholo kakwe kave yalulwa mi lulimi lwake luva lukululwa. Ava wambi niku lumba Ireza.
65 ၆၅ အိမ်နီးချင်းရှိသမျှတို့သည် ကြောက်ရွံ့ခြင်းရှိကြ၍ ထိုအမှုအရာများသည် ယုဒပြည်တောင်ကြား အရပ် တို့၌ အနှံ့အပြားကျော်စောလေ၏။
Lyowa livezi havo vavali kwi kala muma bali avo. Zonse izi zintu ziva twala monse mwi inkanda za ziwulu za Judeya.
66 ၆၆ ကြားသောသူအပေါင်းတို့သည် နှလုံးထဲ၌မှတ်သား၍၊ ဤသူငယ်သည် အဘယ်သို့သောသူဖြစ်လိမ့် မည်နည်းဟုဆိုကြ၏။ ထာဝရဘုရား၏ လက်တော်သည်လည်း သူငယ်နှင့်အတူရှိတော်မူ၏။
Mi vonse vava vazuwi vava ziviki mwi nkulo zavo, kuwamba, “cwale uzu muhwile mwave chi?” Kakuli iyanza lya Simwine livena naye.
67 ၆၇ သူ၏အဘ ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည်ဝလျက်၊
Vesi Zakariya ave zwile ni Luhuho lu Jolola mi cha polofita, kuwamba,
68 ၆၈ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့ သည် ရန်သူဘေးနှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်း ဂတိတော်တည်း ဟူသောသန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်၎င်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူ သော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်း ကျေးဇူး ကိုပြုတော်မူ၍၊ ငါတို့ကိုရန်သူလက်မှ၎င်း၊ မုန်းသောသူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ် လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အားပေါ်ထွန်းစေတော်မူပြီ။ (aiōn g165)
“Simwine a lumbwe, Ireza wa Isiraele, kakuli avezi kwiza ku tusa mi ava kwanisi kuvozekezwa kwa bantu bakwe”
69 ၆၉
Chava tuzimikili luziya lwo kuhaza mwi nzuvo yo muhikana wakwe Davida,
70 ၇၀
hava wambi cha kaholo zama polofita va jolola bakwe va vena mwi nako ya kale kale. (aiōn g165)
71 ၇၁
Mwa lete vu hazo vuzwilila ku zila zetu mi ni ku mayanza avo batu toyete.
72 ၇၂
Mwa pange vovuti ku totendeza chishemo chakwe ku veshetu mi ni ku hupula ku jolola kwe ntumelelano yakwe,
73 ၇၃
ku lisumina kwava wambi kwa Aburahama ishe etu.
74 ၇၄
Ava sepisi kutuha kakuli tuba zwiswa muma yanza e zila zetu, katu mutendele niku sena lyowa,
75 ၇၅
muku jolola ni muku shiama ha vusu bwake onse mazuva etu.
76 ၇၆ အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ ပရောဖက်ဟုခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။
Eni, nawe, mwana, mo sumpwe mupolofita wa Isiwulu, kakuti moye ha vusu bwe chifateho cha Simwine kuli tukisa inzila zakwe, ku lukisa bantu cha kukeza kwakwe,
77 ၇၇ အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏ သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ ကယ် တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးအား ဘော်ပြသဖြင့်၊ ထာဝရဘုရား၏ လမ်းခရီးတော် ကို ပြင်ဆင်ခြင်းငှါ သင်သည် ရှေ့တော်၌သွားရလိမ့်မည်။
kwiza kuha inzivo yo kuhazwa ku vantu vakwe kaku swalelwa kwa zivi zavo.
78 ၇၈ ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှနေ အာရုဏ်သည် ငါတို့အပေါ်သို့ တက် သဖြင့်၊
Ichi kachi pangahale bakeñisa chishemo cha Ireza wetu, bakeñisa ke zuva lizwa kule lyese lize kuku tutusa.
79 ၇၉ မှောင်မိုက်နှင့်သေမင်း၏ အရိပ်ထဲတွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အား ငြိမ်သက် ခြင်းလမ်းကို ပြလျက်ရှိသည်ဟု ပရောဖက်ဥာဏ်နှင့် ဟောလေ၏။
Ku venya havo ve kele mwi fifi navo vena mu munzunde we fu. Mwa pange vovuti kutondeza matende etu mwi nzila ye nkozo.
80 ၈၀ ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဥာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမှီ တိုင် အောင် တောအရပ်၌နေလေ၏။
Hanu mwana ava kuli niku kola mu luhuho, mi avena mumu zuka heisi izuva hali vonekisa kwa Isiraele.

< လုကာ 1 >