< ဝတ်ပြုရာ 6 >

1 တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
Bwana alisema na Musa kumwabia,
2 တစုံတယောက်သောသူသည် သူတပါးအပ်နှံသော ဥစ္စာအတွက် ပေါင်ထားသော ဥစ္စာအတွက်၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော်၎င်း၊ သူဥစ္စာကို အနိုင်အထက်ယူသော်၎င်း၊ မိမိနှင့် စပ်ဆိုင်သောသူကို လှည့်စား သော်၎င်း၊
“Kama mtu akifanya dhambi na kuvunja amri kinyume na Bwana, kama kujihusisha na uongo dhidi ya jirani yake kuhusu kitu fulani cha kutokuwa mwaminifu, au kama akidanganya au kuiba au amemdhurumu jirani.
3 ပျောက်သောဥစ္စာကို တွေ့သောအခါ၊ မုသာစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော်၎င်း၊ ထိုသို့သော ဒုစရိုက်တစုံတခုကို ပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊
Au akiokota kitu fulani ambacho jirani yake amepoteza na kusema uongo kuhusu hicho, na kuapa kwa uongo au kwa mambo kama haya ambayo watu wanaweza kutenda dhambi.
4 ထိုသူသည် ပြစ်မှား၍ အပြစ်ရောက်သောကြောင့်၊ အနိုင်အထက်ယူသော ဥစ္စာ၊ လှည့်စား၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံသော ဥစ္စာ၊ ပျောက်၍တွေ့သော ဥစ္စာ၊
Ndipo itakuwa hivi, kama ametenda dhambi na hatia, kwamba lazima akirudishe kwa vyovyote alichoiba au kudanganya au amedhurumu au kitu kilichopotea naye kukiokota.
5 မဟုတ်မမှန်ဘဲ ကျိန်ဆို၍၊ ရသောဥစ္စာ အဘိုးနှင့်တကွ၊ ငါးစုတစုကို ထပ်၍ ဒုစရိုက်ဖြေသော ယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အား ပြန်ပေးရမည်။
Au kama amedanganya kwa jambo lolote, lazima atakirudisha kamilina kuongezea sehemu ya tano kwa kumlipa anayedai, kwa siku ile anayopatikana na hatia.
6 ဒုစရိုက်ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူ သော အပြစ်မပါသော သိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။
Ataleta sadka ya hatia kwa Bwana: kondoo dume asiye na kasoro kutoka katika kundi lake kulingana na thamani yake, kama sadaka ya hatia kwa kuhani.
7 ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူပြစ်မှား သမျှသော အပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။
Kuhani atafanya upatanisho kwa ajili yake mbele ya Bwana, atakuwa amesamehewa kulingana na chochote kilicho mfanya kuwa na hatia.”
8 တဖန်မောရှေအား ထာဝရဘုရားက၊
Ndipo Bwana alisema na Musa kumwambia,
9 သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော မီးရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟု မူကား၊ ယဇ်ကောင်ကို၊ ယဇ်ပလ္လင် ထင်းမီးပေါ်မှာ တညဉ့်လုံး နံနက်တိုင်အောင်ရှိစေ၍၊ ယဇ်ပလ္လင်မီးသည် အစဉ်လောင်ရမည်။
“Mwagize Haruni na wanawe, kusema, 'hii ni sheria ya sadaka ya kuteketezwa: Sadaka ya kuteketezwa lazima iwe juu ya makaa ya madhabahu usiku wote hata asubuhi, na moto wa madhabahu utaendelea kuwaka.
10 ၁၀ ယဇ်ပုရောဟိတ်သည် ပိတ်အင်္ကျီ၊ ပိတ်ပေါင်းဘီကို ဝတ်လျက်၊ ယဇ်ပလ္လင်ပေါ်မှာ ကျွမ်းလောင်သော မီးရှို့ရာ ယဇ်ပြာကို ကျုံး၍ ပလ္လင်အနားမှာ ထားရမည်။
Kuhani atavaa nguo zake za kitani na atavaa nguo za kitani ndani yake. Atatoa majivu yaliyobaki baada ya moto kutekeza sadaka ya kuteketezwa juu ya madhabahu, na ataweka majivu pembeni mwa madhabahu.
11 ၁၁ တဖန် အဝတ်ကိုလဲ၍၊ ထိုပြာကို တပ်ပြင်၌ ရှင်းလင်းသောအရပ်သို့ ယူသွားရမည်။
Atavua mavazi haya na kuvaa mavazi mengine ili kuchukua majivu nje ya kambi na kupeleka mahali palipo safi.
12 ၁၂ ယဇ်ပလ္လင်မီးသည် မသေဘဲ အစဉ်လောင်ရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ထင်းမီးထည့်၍၊ ထင်းပေါ်မှာ မီးရှို့ရာယဇ်ကို ခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိဿဟာယယဇ်ဆီဥကို မီးရှို့ရမည်။
Moto katika madhabahu utaendelea kuwaka. Usizimike, na kuhani ataongeza kuni kila asubuhi. Atapanga juu yake sadaka ya kuteketezwa kama inavyotakiwa, na atateketeza juu yake mafuta ya sadaka ya amani.
13 ၁၃ ယဇ်ပလ္လင်မီးသည် အလျှင်းမသေဘဲ၊ အစဉ်မပြတ်လောင်ရမည်။
Moto lazima utaendelea kuwaka katika madhabahu, kamwe usizimike.
14 ၁၄ ဘောဇဉ် ပူဇော်သက္ကာ တရားဟူမူကား၊ အာရုန်၏သားတို့သည် ထိုပူဇော်သက္ကာကို ထာဝရ ဘုရားထံတော်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သောအခါ၊
Hii ni sheria ya sadaka ya nafaka. Wana wa Haruni watatoa mbele ya Bwana katika madhabahu.
15 ၁၅ ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သက္ကာ အတွက်အတာကိုယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဘို့၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
Kuhani atachukua konzi ya unga laini wa sadaka ya nafaka na mafuta na ubani ambao uko juu ya sadaka ya nafaka, atateketeza juu ya madhabahu kuleta harufu nzuri ya shukrani ya kumpendeza Bwana.
16 ၁၆ ကြွင်းသောအရာတို့ကို၊ အာရုန်နှင့် သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်း တွင်၊ သန့်ရှင်းရာဌာန၌ တဆေးမပါဘဲ စားရမည်။
Haruni na wanae watakula sadaka inayobaki, italiwa bila kutiwa chachu mahali patakatifu. Watakula katika ua ya hema ya kukutania.
17 ၁၇ ထိုမုန့်ညက်ကို တဆေးထည့်၍ မုန့်မလုပ်ရ။ မီးဖြင့် ငါ့အား ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်ညက် ကို သူတို့အဘို့ ဖြစ်စေခြင်းငှါ ငါပေးပြီ။ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်း ပေ၏။
Haitaokwa pamoja na chachu. Nimewapa kama sehemu ya sadaka yangu itolewayo kwa moto, ni takatifu sana, kama sadaka ya dhambi na sadaka ya hatia.
18 ၁၈ အာရုန်၏ သားယောက်ျားအပေါင်းတို့သည် စားရကြမည်။ မီးဖြင့် ထာဝရဘုရားအား ပြုသော ပူဇော်သက္ကာကို ကိုင်သောသူအပေါင်းတို့သည် သန့်ရှင်းကြမည်ဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။
Kwa nyakati zote zijazo kupitia watu wa kizazi chako, mwanaume yeyote mzaliwa kutoka kwa Haruni aweza kula ni sehemu yake, ichukuliwayo katika sadaka ya Bwana kwa moto. Yeyote anayeigusa atakuwa mtakatifu.”
19 ၁၉ တဖန်ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
Bwana aliongea tena na Musa kumwambia,
20 ၂၀ အာရုန်နှင့် သူ၏သားတို့သည် ဘိသိက်ခံသောနေ့မှစ၍၊ ထာဝရဘောဇဉ် ပူဇော်သက္ကာဖြစ်စေခြင်း ငှါ၊ မုန့်ညက်တဩမဲကို၊ နံနက်တဝက်၊ ညတဝက် ထာဝရဘုရားအား ပူဇော်ရမည်။
“Hii ni sadaka ya Haruni na wanawe ambayo watatoa kwa Bwana katika siku ambayo kila mwana atawekwa wakfu: sehemu ya kumi ya efa ya unga laini kama kawaida sadaka ya nafaka nusu yake asubuhi na nusu yake jioni.
21 ၂၁ ထိုမုန့်ညက်ကို ဆီထည့်၍၊ သံပြားပူနှင့် မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သက္ကာ အကျိုးအပဲ့တို့ကို ထာဝရဘုရားအား မွှေးကြိုင်စရာဘို့ ပူဇော်ရမည်။
Itatengenezwa na mafuta katika kikaango, utaileta ikiwa imeandaliwa imeokwa katika vipande utatoa sadaka ya nafaka ili kuleta harufu nzuri kwa Bwana.
22 ၂၂ အာရုန်အရာ၌ ဘိသိက်ခံသော သားသည်လည်း၊ ထိုပူဇော်သက္ကာကို ပြုရမည်။ ထာဝရဘုရားအဘို့ ထာဝရပညတ်တော် ဖြစ်သတည်း။
Mwana wa Kuhani Mkuu atakayekuwa Kuhani Mkuu mpya kutoka miongoni mwa wanawe ataitoa. Kama amri ya milele, yote itateketezwa kwa Bwana.
23 ၂၃ ယဇ်ပုရောဟိတ်အတွက် ပြုသောဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အကုန်အစဉ် မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏
Kila sadaka ya nafaka ya kuhani itatekezwa yote. Haitaliwa kamwe.”
24 ၂၄ တဖန်မောရှေအား ထာဝရဘုရား မိန့်တော်မူသည်မှာ၊
Bwana alisema tena Musa, kumwambia,
25 ၂၅ သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကို သတ်ရမည်။ အလွန်သန့်ရှင်းပေ၏။
“Sema na Haruni na watoto wake kwamba, 'Hii ni sheria ya sadaka ya dhambi: Sadaka ya dhambi lazima kuchinjwa mahali pa sadaka ya kuteketezwa itachinjwa mbeleya Bwana. Ni takatifu sana.
26 ၂၆ အပြစ်ဖြေဘို့ ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ စားရမည်။
Kuhani atakayeitoa kwa ajili ya dhambi ndiye atakayeila. Italiwa mahali patakatifu katika ua wa hema ya kukutania.
27 ၂၇ ထိုအသားကို ထိသမျှသည် သန့်ရှင်း၏။ အသွေးဖြန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန၌ လျော်ရမည်။
Yeyote atakayeigusa nyama yake atakuwa ni mtakatifu na kama damu itadondokea mavazi yatafuliwa mahali palipodondokewa, mahali patakatifu.
28 ၂၈ ထိုအသားပြုတ်သော မြေအိုးကို ခွဲရမည်။ ကြေးဝါအိုးဖြစ်လျှင် ပွတ်၍ ရေနှင့်ဆေးရမည်။
Lakini chungu kikipikiwa kitavunjwa, kama imepikiwa katika chombo cha shaba, lazima kitasuguliwa na kusafishwa kwa maji.
29 ၂၉ ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည် စားရကြမည်။
Mwanaume yeyote miongoni mwa makuhani anaweza kula nyama hiyo kwa sababu ni takatifu sana.
30 ၃၀ အလွန်သန့်ရှင်းပေ၏။ အပြစ်ဖြေရာယဇ် အသွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေခြင်းငှါ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်းသို့ ဆောင်ခဲ့လျှင်၊ ထိုယဇ်အသားကို မစားရ။ မီးရှို့ရမည်။
Na hakuna sadaka ya dhambi italiwa ambayo damu yake imeletwa katika hema ya kukutania kufanya upatanisho katika mahali patakatifu. Ni lazima iteketezwe.

< ဝတ်ပြုရာ 6 >