< ဝတ်ပြုရာ 5 >

1 တစုံတယောက်သောသူသည် အမှုကို မြင်သည်ဖြစ်စေ၊ သိသည်ဖြစ်စေ၊ ကျိန်ဆိုစေသော စကားကို ကြား၍၊ သက်သေဖြစ်လျက်နှင့် ပြန်မပြောဘဲနေသဖြင့် ပြစ်မှား၍၊ မိမိ ဒုစရိုက် အပြစ်ကို ခံရသော်၎င်း၊
וְנֶ֣פֶשׁ כִּֽי־תֶחֱטָ֗א וְשָֽׁמְעָה֙ קֹ֣ול אָלָ֔ה וְה֣וּא עֵ֔ד אֹ֥ו רָאָ֖ה אֹ֣ו יָדָ֑ע אִם־לֹ֥וא יַגִּ֖יד וְנָשָׂ֥א עֲוֹנֹֽו׃
2 တစုံတယောက်သောသူသည် မစင်ကြယ်သော သားရဲ၊ သားယဉ်၊ တွားတတ်သော တိရစ္ဆာန်၏ အသေကောင် အစရှိသော မစင်ကြယ်သော အရာတစုံတခုကို အမှတ်တမဲ့ ထိမိသဖြင့်၊ မစင်ကြယ် ရာသို့ ရောက်၍ အပြစ်ရှိသော်၎င်း၊
אֹ֣ו נֶ֗פֶשׁ אֲשֶׁ֣ר תִּגַּע֮ בְּכָל־דָּבָ֣ר טָמֵא֒ אֹו֩ בְנִבְלַ֨ת חַיָּ֜ה טְמֵאָ֗ה אֹ֚ו בְּנִבְלַת֙ בְּהֵמָ֣ה טְמֵאָ֔ה אֹ֕ו בְּנִבְלַ֖ת שֶׁ֣רֶץ טָמֵ֑א וְנֶעְלַ֣ם מִמֶּ֔נּוּ וְה֥וּא טָמֵ֖א וְאָשֵֽׁם׃
3 လူ၌ ကပ်သော မစင်ကြယ်သော အရာတစုံတခုကိုလည်း၊ မသိဘဲ ထိမိ၍ နောက်တဖန် သိလျှင်၊ အပြစ်ရှိရာသို့ ရောက်သော်၎င်း၊
אֹ֣ו כִ֤י יִגַּע֙ בְּטֻמְאַ֣ת אָדָ֔ם לְכֹל֙ טֻמְאָתֹ֔ו אֲשֶׁ֥ר יִטְמָ֖א בָּ֑הּ וְנֶעְלַ֣ם מִמֶּ֔נּוּ וְה֥וּא יָדַ֖ע וְאָשֵֽׁם׃
4 တစုံတယောက်သော သူသည် ကောင်းသောအမှု၊ မကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ် ကို မသိဘဲ ကျိန်ဆိုလျက် သစ္စာပြု၍ နောက်တဖန်သိလျှင်၊ အရင်ကျိန်ဆိုလျက် သစ္စာ ပြုလေရာရာ၌ အပြစ်တစုံတခု ရောက်သော်၎င်း၊
אֹ֣ו נֶ֡פֶשׁ כִּ֣י תִשָּׁבַע֩ לְבַטֵּ֨א בִשְׂפָתַ֜יִם לְהָרַ֣ע ׀ אֹ֣ו לְהֵיטִ֗יב לְ֠כֹל אֲשֶׁ֨ר יְבַטֵּ֧א הָאָדָ֛ם בִּשְׁבֻעָ֖ה וְנֶעְלַ֣ם מִמֶּ֑נּוּ וְהוּא־יָדַ֥ע וְאָשֵׁ֖ם לְאַחַ֥ת מֵאֵֽלֶּה׃
5 ထိုသို့သောအပြစ် တစုံတခု ရောက်လျှင်၊ ထိုအပြစ်ကို ဘော်ပြ တောင်းပန်းရမည်။
וְהָיָ֥ה כִֽי־יֶאְשַׁ֖ם לְאַחַ֣ת מֵאֵ֑לֶּה וְהִ֨תְוַדָּ֔ה אֲשֶׁ֥ר חָטָ֖א עָלֶֽיהָ׃
6 ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေရာ ယဇ်ဖြစ်စေခြင်းငှါ သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ အမ တကောင်ကောင်တည်းဟူသော ဒုစရိုက်ဖြေရာယဇ်ကို ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူ၏ အပြစ်အတွက် အပြစ်ဖြေခြင်းကို ပြုရမည်။
וְהֵבִ֣יא אֶת־אֲשָׁמֹ֣ו לַיהוָ֡ה עַ֣ל חַטָּאתֹו֩ אֲשֶׁ֨ר חָטָ֜א נְקֵבָ֨ה מִן־הַצֹּ֥אן כִּשְׂבָּ֛ה אֹֽו־שְׂעִירַ֥ת עִזִּ֖ים לְחַטָּ֑את וְכִפֶּ֥ר עָלָ֛יו הַכֹּהֵ֖ן מֵחַטָּאתֹֽו׃
7 သိုးသငယ်ကို မတတ်နိုင်လျှင်၊ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ တကောင်၊ မီးရှို့ရာယဇ်ဘို့ တကောင်၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ထာဝရဘုရား အထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။
וְאִם־לֹ֨א תַגִּ֣יע יָדֹו֮ דֵּ֣י שֶׂה֒ וְהֵבִ֨יא אֶת־אֲשָׁמֹ֜ו אֲשֶׁ֣ר חָטָ֗א שְׁתֵּ֥י תֹרִ֛ים אֹֽו־שְׁנֵ֥י בְנֵֽי־יֹונָ֖ה לַֽיהוָ֑ה אֶחָ֥ד לְחַטָּ֖את וְאֶחָ֥ד לְעֹלָֽה׃
8 ယဇ်ပုရောဟိတ် ရှေ့သို့ ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ် သည် အပြစ်ဖြေရာ ယဇ်ကောင်ကို အရင်ပူဇော်လျက်၊ ခေါင်းကိုလိမ်၍ ဖြတ်ရမည်။ ကိုယ်ကို ရှင်းရှင်းမခွဲရ။
וְהֵבִ֤יא אֹתָם֙ אֶל־הַכֹּהֵ֔ן וְהִקְרִ֛יב אֶת־אֲשֶׁ֥ר לַחַטָּ֖את רִאשֹׁונָ֑ה וּמָלַ֧ק אֶת־רֹאשֹׁ֛ו מִמּ֥וּל עָרְפֹּ֖ו וְלֹ֥א יַבְדִּֽיל׃
9 ထိုအပြစ်ဖြေရာ ယဇ်ကောင်အသွေးကို ယဇ်ပလ္လင်နံရံ၌ဖြန်း၍၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင် ခြေရင်းနားမှာ ညှစ်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သတည်း။-
וְהִזָּ֞ה מִדַּ֤ם הַחַטָּאת֙ עַל־קִ֣יר הַמִּזְבֵּ֔חַ וְהַנִּשְׁאָ֣ר בַּדָּ֔ם יִמָּצֵ֖ה אֶל־יְסֹ֣וד הַמִּזְבֵּ֑חַ חַטָּ֖את הֽוּא׃
10 ၁၀ ဒုတိယ ငှက်ကောင်ကို၊ ပညတ်တရားအတိုင်း မီးရှို့ရာ ယဇ်ပူဇော်ရ မည်။ ထိုသို့ ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။
וְאֶת־הַשֵּׁנִ֛י יַעֲשֶׂ֥ה עֹלָ֖ה כַּמִּשְׁפָּ֑ט וְכִפֶּ֨ר עָלָ֧יו הַכֹּהֵ֛ן מֵחַטָּאתֹ֥ו אֲשֶׁר־חָטָ֖א וְנִסְלַ֥ח לֹֽו׃ ס
11 ၁၁ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ၊ တခုခုကို မတတ်နိုင်လျှင်၊ ပြစ်မှားသောသူသည် အပြစ်ဖြေရာယဇ် အရာ၌ မုန့်ညက်တဩမဲကို ဆောင်ခဲ့၍၊ ဆက်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သော ကြောင့် ဆီကို မလောင်းရ။ လောဗန်ကို မတင်ရ။
וְאִם־לֹא֩ תַשִּׂ֨יג יָדֹ֜ו לִשְׁתֵּ֣י תֹרִ֗ים אֹו֮ לִשְׁנֵ֣י בְנֵי־יֹונָה֒ וְהֵבִ֨יא אֶת־קָרְבָּנֹ֜ו אֲשֶׁ֣ר חָטָ֗א עֲשִׂירִ֧ת הָאֵפָ֛ה סֹ֖לֶת לְחַטָּ֑את לֹא־יָשִׂ֨ים עָלֶ֜יהָ שֶׁ֗מֶן וְלֹא־יִתֵּ֤ן עָלֶ֙יהָ֙ לְבֹנָ֔ה כִּ֥י חַטָּ֖את הִֽיא׃
12 ၁၂ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော်သက္ကာအတွက် အတာကိုယူ၍၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာနှင့် အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သတည်း။
וֶהֱבִיאָהּ֮ אֶל־הַכֹּהֵן֒ וְקָמַ֣ץ הַכֹּהֵ֣ן ׀ מִ֠מֶּנָּה מְלֹ֨וא קֻמְצֹ֜ו אֶת־אַזְכָּרָתָה֙ וְהִקְטִ֣יר הַמִּזְבֵּ֔חָה עַ֖ל אִשֵּׁ֣י יְהוָ֑ה חַטָּ֖את הִֽוא׃
13 ၁၃ ထိုသို့ ယဇ်ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှားမိသော အပြစ် တစုံတခုအတွက် အဖြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏ အပြစ်လွှတ်လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ် ပူဇော်သက္ကာကဲ့သို့၊ ယဇ်ပုရော ဟိတ်အဘို့ ဖြစ်သည်ဟု မောရှေအား မိန့်တော်မူ၏
וְכִפֶּר֩ עָלָ֨יו הַכֹּהֵ֜ן עַל־חַטָּאתֹ֧ו אֲשֶׁר־חָטָ֛א מֵֽאַחַ֥ת מֵאֵ֖לֶּה וְנִסְלַ֣ח לֹ֑ו וְהָיְתָ֥ה לַכֹּהֵ֖ן כַּמִּנְחָֽה׃ ס
14 ၁၄ တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
וַיְדַבֵּ֥ר יְהוָ֖ה אֶל־מֹשֶׁ֥ה לֵּאמֹֽר׃
15 ၁၅ တစုံတယောက်သောသူသည် တရားကိုမသိ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့၌ လွန်ကျူး ပြစ်မှားမိလျှင်၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်ဖြေရာယဇ် တည်းဟူသော အပြစ်မပါသော သိုးထီးကို ၎င်း၊ အကျပ်တော်အလိုက် ချင့်တွက်၍ ချိန်သော အလျော်ငွေကို၎င်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်။
נֶ֚פֶשׁ כִּֽי־תִמְעֹ֣ל מַ֔עַל וְחָֽטְאָה֙ בִּשְׁגָגָ֔ה מִקָּדְשֵׁ֖י יְהוָ֑ה וְהֵבִיא֩ אֶת־אֲשָׁמֹ֨ו לַֽיהוָ֜ה אַ֧יִל תָּמִ֣ים מִן־הַצֹּ֗אן בְּעֶרְכְּךָ֛ כֶּֽסֶף־שְׁקָלִ֥ים בְּשֶֽׁקֶל־הַקֹּ֖דֶשׁ לְאָשָֽׁם׃
16 ၁၆ ထိုသို့ ဘုရားနှင့်ဆိုင်သော အရာ၌ ပြစ်မှားမိရာကို ပြုပြင်ပြီးလျှင်၊ ငါးစုတစုကိုလည်း ထပ်၍ ယဇ်ပုရောဟိတ်အား ပေးရမည်။ ယဇ်ပုရောဟိတ်သည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဖြစ်သော သိုးအား ဖြင့်၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။
וְאֵ֣ת אֲשֶׁר֩ חָטָ֨א מִן־הַקֹּ֜דֶשׁ יְשַׁלֵּ֗ם וְאֶת־חֲמִֽישִׁתֹו֙ יֹוסֵ֣ף עָלָ֔יו וְנָתַ֥ן אֹתֹ֖ו לַכֹּהֵ֑ן וְהַכֹּהֵ֗ן יְכַפֵּ֥ר עָלָ֛יו בְּאֵ֥יל הָאָשָׁ֖ם וְנִסְלַ֥ח לֹֽו׃ פ
17 ၁၇ တစုံတယောက်သောသူသည်၊ ထာဝရဘုရား ပညတ်တော်မူသော အမှုတစုံတခုကို ပြု၍ ပြစ်မှား မိလျှင်၊ ကိုယ်ပြစ်မှားမှန်းကို မသိသော်လည်း၊ အပြစ်ရောက်၍၊ ထိုအပြစ်ကိုခံရမည်။ -
וְאִם־נֶ֙פֶשׁ֙ כִּ֣י תֶֽחֱטָ֔א וְעָֽשְׂתָ֗ה אַחַת֙ מִכָּל־מִצְוֹ֣ת יְהוָ֔ה אֲשֶׁ֖ר לֹ֣א תֵעָשֶׂ֑ינָה וְלֹֽא־יָדַ֥ע וְאָשֵׁ֖ם וְנָשָׂ֥א עֲוֹנֹֽו׃
18 ၁၈ ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ အပြစ်မပါသော သိုးထီးကို ဆောင်ခဲ့ရမည်။ တရားကိုမသိ ပြစ်မှားမိသော်လည်း၊ ကိုယ်ပြစ်မှားမှန်းကို မသိသောသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုလျှင်၊ ထိုသူ၏ အပြစ်လွတ်လိမ့်မည်။
וְ֠הֵבִיא אַ֣יִל תָּמִ֧ים מִן־הַצֹּ֛אן בְּעֶרְכְּךָ֥ לְאָשָׁ֖ם אֶל־הַכֹּהֵ֑ן וְכִפֶּר֩ עָלָ֨יו הַכֹּהֵ֜ן עַ֣ל שִׁגְגָתֹ֧ו אֲשֶׁר־שָׁגָ֛ג וְה֥וּא לֹֽא־יָדַ֖ע וְנִסְלַ֥ח לֹֽו׃
19 ၁၉ ဒုစရိုက်ဖြေသောယဇ် ဖြစ်သတည်း။ အကယ်စင်စစ် ထိုသူသည် ထာဝရဘုရားကို ပြစ်မှားရာ ရောက်သတည်းဟု မိန့်တော်မူ၏။
אָשָׁ֖ם ה֑וּא אָשֹׁ֥ם אָשַׁ֖ם לַיהוָֽה׃ פ

< ဝတ်ပြုရာ 5 >