< ဝတ်ပြုရာ 4 >

1 တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ တရားကိုမသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သော အမှုကိုပြု မိသည် အရာတွင်၊-
Bwana alisema na Musa na kumwambi,
2
“Waambie wana wa Israeli 'mtu yeyote akifanya dhambi bila kukusudia, kufanya chochote ambacho Bwana ameagiza kutofanya, na kama akifanya chochote kilichozuiliwa, yafuatayo lazima yatatendeka.
3 ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့ သွေးဆောင်၍ ကိုယ်တိုင် ပြစ်မှားလျှင်၊ ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါ၊ အသက်ပျိုသော နွားထီးကို၊ -
Kama ni kuhani mkuu aliyetenda dhambi na kuleta hatia kwa watu, atatoa dume asiyekuwa na kasoro kwa Bwana kwa ajili ya dhambi aliyotenda kama sadaka ya dhambi.
4 ပရိသတ်စည်းဝေးရာ တဲတော် တဲခါးနား၊ ထာဝရဘုရားရှေ့တော် သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအား ဆက်ရမည်။
Ataleta dume mbele ya mlango wa hema ya kukutania mbele ya Bwana, ataweka mikono juu ya dume, na atamchinja huyo dume mbele za Bwana.
5 ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည်၊ နွား၏ အသွေးကို ယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဆောင်ခဲ့ပြီးလျှင်၊-
Kuhani aliyewekewa mafuta atachukua damu ya dume na kuileta mbele ya hema ya kukutania.
6 မိမိလက်ညှိုးကို အသွေး၌နှစ်၍ သန့်ရှင်းရာဌာနတော် ကုလားကာရှေ့၊ ထာဝရဘုရား ရှေ့တော်၌ ခုနစ်ကြိမ်ဖြန်းရမည်။
Kuhani atazamisha kidole chake katika damu na kuinyunyiza mara saba mbele za Bwana, mbele ya pazia la mahali pa takatifu.
7 တဖန်ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာ ရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာ ပလ္လင်ဦးချိုတို့၌ နွားအသွေးကို ထည့်၍၊ ကြွင်းသော အသွေးကို၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာ ယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။
Na kuhani ataweka kiasi cha damu ya huyo dume juu ya pembe za madhabahu ya kuvukizia uvumba mbele za Bwana, katika hema ya kukutania na ataimwaga yote iliyobaki chini ya madhabahu ya sadaka ya kuteketezwa, iliyo mahali pa kuinglia katika hema ya kukutania.
8 မိဿဟာယယဇ် ပြုသော နွား၏ဆီဥကိုယူသကဲ့သို့၊ အပြစ်ဖြေရာ ယဇ်ပြုသော နွားအအူကို ဖုံးသော ဆီဥ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ၊-
Atakata mafuta yote ya dume wa sadaka ya dhambi, mafuta yanayofunika matumbo na mafuta yote yaliyo katika matumbo,
9 ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်း ပေါ်၌ရှိသော အမြှေးတည်းဟူသော၊ နွားဆီဥရှိသမျှကို ယူ၍၊
figo mbili na mafuta yaliyopo pamoja nazo, yaliyo karibu na kiuno na kitambi cha maini pamoja na hizo figo.
10 ၁၀ မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ ရှို့ရမည်။
Ataondoa zote vile vile kama yanavyoondolewa katika dume wa sadaka ya dhabihu ya amani. Kuhani atatekeza sehemu hizo katika madhabahu ya sadaka za kuteketezwa.
11 ၁၁ နွား၏ ခေါင်း၊ ခြေထောက်၊ အအူ၊ ချေးနုနှင့်တကွ အရေ၊ အသားရှိသမျှ တည်းဟူသော၊-
Ngozi ya dume na mabaki yoyote ya nyama, pamoja na kichwa chake, miguu yake, matumbo yake na mavi yake,
12 ၁၂ နွာတကောင်လုံးကို၊ တပ်ပြင်မှာ ပြာသွန်ထားရာ ရှင်းလင်းသော အရပ်သို့ယူသွား၍ ထင်းအပေါ်၌ မီးရှို့ရမည်။ ပြာသွန်း၍ ထားရာအရပ်၌ မီးရှို့ရမည်။
mabaki yote ya dume atayachukua nje ya mji mahali palipo safi, mahali wanapomwaga majivu; watateketeza sehemu zote juu ya kuni. Watateketeza sehemu zote mahali wanapomwaga majivu.
13 ၁၃ ဣသရေလအမျိုးသား ပရိအပေါင်းတို့သည် တရားကိုမသိ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမူကို ပြုမိသဖြင့် အပြစ်ရောက် လျှင်၊-
Kama mkutano wote wa wana wa Israeli wakitenda dhambi bila kukusudia, na mkutano hawatakumbuka kwamba wametenda dhambi, na kufanya vile Bwana aliagiza wasifanye na wakajisikia hatia.
14 ၁၄ ထိုသို့ ပြစ်မှားမိသော အပြစ်ကိုသိသောအခါ၊ ထိုအပြစ်အတွက် ပရိသတ်တို့သည် အသက်ပျိုသော နွားထီးကို၊ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့၍ ဆက်ရမည်။
Na dhambi waliyofanya ikajulikana, mkutano watatoa ng'ombe dume mchanga kuwa sadaka ya dhambi watamleta mbele ya hema ya kukutania.
15 ၁၅ ပရိသတ်တွင် အသက်ကြီးသော သူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်၍၊ ထိုနွားကို ရှေ့တော်၌ သတ်ရကြမည်။
Wazee wa mkutano wataweka mikono yao juu ya kichwa cha ng'ombe mbele za Bwana, na ng'ombe atachinjwa mbele za Bwana.
16 ၁၆ ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် နွားအသွေးကို ပရိသတ် စည်းဝေးရာ တဲတော်သို့ ဆောင်ခဲ့ ပြီးလျှင်၊-
Kuhani aliyetiwa mafuta ataleta damu ya ng'ombe katika hema ya kukutania,
17 ၁၇ မိမိလက်ညှိုးကို အသွေး၌ နှစ်၍၊ ကုလားကာရှေ့ ထာဝရရှေ့တော်၌ ခုနစ်ကြိမ် ဖြန်းရမည်။
kuhani atachovya kidole chake katika damu na kuinyunyizia mara saba mbele za Bwana mbele ya pazia.
18 ၁၈ တဖန် ယဇ်ပုရောဟိတ်သည်၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာ ရှိသော ပလ္လင်ဦးချိုတို့၌ အသွေးကို ထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။
Ataweka kiasi cha damu katika pembe za madhabahu mbele za Bwana iliyo katika hema ya kukutania na ataimwaga damu yote chini ya madhabahu ya sadaka ya kuteketezwa, iliyo katika mlango wa kuingilia katika hema ya kukutania.
19 ၁၉ နွားဆီဥ ရှိသမျှကို ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
Atakata mafuta yote na kuyatekeza katika madhabahu.
20 ၂၀ အပြစ်ဖြေရာ ယဇ်ပြုသော နွားကို ပြုသကဲ့သို့၊ ထိုနည်းတူ ဤနွားကို ပြုသဖြင့်၊ ယဇ်ပုရောဟိတ် သည် လူများတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူတို့အပြစ် လွတ်လိမ့်မည်။
Hivyo ndivyo atakavyomfanya huyo ng'ombe, kama alivyomfanya ng'ombe wa sadaka ya dhambi, atamfanyia vivyo hivyo huyu ng'ombe, kuhani atawafanyia upatanisho watu nao watasamehewa.
21 ၂၁ ထိုနောက်မှ နွားကို တပ်ပြင်သို့ဆောင်သွား၍၊ အရင်နွားကို မီးရှို့သကဲ့သို့ ရှို့ရမည်။ ပရိသတ်အဘို့ အပြစ်ဖြေစရာ ယဇ်ဖြစ်သတည်း။
Atamchukua huyo ng'ombe nje ya mji na kumteketeza kama alivyomteketeza ng, ombe wa kwanza. Hii ni sadaka ya dhambi kwa ajili ya mkutano.
22 ၂၂ မင်းသည်လည်း တရားကိုမသိ၊ မိမိဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား ၍ မပြုအပ်သော အမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊-
Mtawala akitenda dhambi bila kukusudia kufanya moja ya yale Bwana Mungu wake ameagiza kutotenda, na anajisikia hatia
23 ၂၃ မိမိပြစ်မှားမိသော အပြစ်ကို သိသောအခါ၊ အပြစ်မပါသော ဆိတ်သငယ်အထီးကို ပူဇော်သက္ကာဘို့ ဆောင်ခဲ့ရမည်။
na kama dhambi yake aliyotenda anaifahamu, ataleta dhabihu yake mbuzi mme asiye na kasoro.
24 ၂၄ ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်ကောင်သတ်ရာ အရပ်တွင် သတ်ရမည်။ အပြစ်ဖြေရာ ယဇ်ဖြစ်သတည်း။
Ataweka mkono wake juu ya kichwa cha mbuzi na kumchinja mahali ambapo huchinja sadaka ya kuteketezwa mbele za Bwana. Hii ni sadaka ya dhambi.
25 ၂၅ ယဇ်ပုရောဟိတ်သည် ထိုအပြစ်ဖြေရာယဇ်၏ အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦး ချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသော အသွေးကို ထိုပလ္လင်ခြေရင်းနား၌ သွန်ရမည်။
Kuhani atachukua damu ya sadaka ya dhambi kwa kidole chake na kuiweka juu ya pembe za madhabahu kwa dhabihu ya kuteketezwa, na atamwaga damu chini ya madhabahu ya dhabihu ya kuteketezwa.
26 ၂၆ မိဿဟာယယဇ်ကောင်ဆီဥကို ပြုသကဲ့သို့ ဆီဥရှိသမျှကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် မင်း၏ အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။
Atateketeza mafuta yote katika madhabahu, kama vile mafuta ya dhabihu ya sadaka ya amani, Kuhani atafanya upatanisho kwa ajili ya mtawala kulingana na dhambi yake, na mtawala atakuwa amesamehewa.
27 ၂၇ ဆင်းရဲသားတစုံတယောက်သည် တရားကို မသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ် မှား၍၊ မပြုအပ်သော အမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊-
Kama yeyote wa watu wa kawaida akitenda dhambi bila kukusudia, kufanya vitu ambavyo Bwana ameagiza kutokufanywa na kama ana hatia,
28 ၂၈ မိမိပြစ်မှားမိသော အပြစ်ကို သိသောအခါ၊ ထိုအပြစ်အတွက် ပူဇော်သက္ကာဘို့ အပြစ်မပါသော ဆိတ်သငယ်အမကို ဆောင်ခဲ့ရမည်။
ndipo dhambi yake aliyoitenda ikajulikana kwake, ndipo ataleta mbuzi mke asiyekuwa na kasoro awe dhabihu kwa ajili ya dhambi zake alizotenda.
29 ၂၉ အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ်၌ ထိုဆိတ်ကို သတ်ရမည်။
Ataweka mikono yake juu ya sadaka ya dhambi na kuchinja sadaka ya dhambi mahali pa sadaka ya kuteketezwa.
30 ၃၀ ယဇ်ပုရောဟိတ်သည် အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင် ဦးချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်ရမည်။
Kuhani atachukua kiasi cha damu kwa kidole chake na kuweka katika pembe za madhabahu ya dhabihu ya kuteketezwa. Damu yote iliyobaki ataimwaga chini ya madhabahu.
31 ၃၁ မိဿဟာယယဇ်ကောင်ဆီဥကို ယူသကဲ့သို့၊ ဆီဥရှိသမျှကို ယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာ ဘို့ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။
Atayaondoa mafuta yote, kama alivyoondoa mafuta katika dhabihu ya amani. Kuhani ataiteketeza katika madhabahu ili kuwa harufu nzuri kwa Bwana. Kuhani atafanya upatanisho kwa mtu, na atasamehewa.
32 ၃၂ သိုးသငယ်ကို အပြစ်ဖြေရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အမကို ဆောင်ခဲ့ရမည်။
Kama mtu ataleta mwanakondoo kama dhabihu yake kwa sadaka ya dhambi, ataleta jike asiye na kasoro.
33 ၃၃ အပြစ်ဖြေရာ ယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက်ကို တင်၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ်၌ အပြစ် ဖြေရာယဇ်ဖြစ်စေခြင်းငှါ သတ်ရမည်။
Ataweka mikono kichwani mwa sadaka ya dhambi na atamchinja kuwa sadaka ya dhambi mahali wanapochinjwa sadaka ya kuteketezwa.
34 ၃၄ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင် အသွေးကို လက်ညှိုးနှင့် ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦးချိုတို့၌ ထည့်ပြီးမှ ဖြန်းသော အသွေးကို ထိုပလ္လင် ခြေရင်းနား၌ သွန်ရမည်။
Kuhani atachukua baadhi ya damu ya sadaka ya dhambi kwa kidole chake na kuweka katika pembe za madhabahu kwa ajili ya sadaka za kuteketezwa, na ataimwaga damu yote chini ya madhabahu.
35 ၃၅ မိဿဟာယယဇ်ကောင် သိုးသငယ်ဆီဥကို ပြုသကဲ့သို့၊ ဆီဥရှိသမျှကို ယူ၍၊ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေခြင်းကို ပြလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။
Ataondoa mafuta yote, kama akatavyo mafuta ya mwanakondoo dhabihu ya sadaka ya amani na kuhani ataiteketeza juu ya madhabahu juu ya sadaka ya Bwana itolewayo kwa moto. Kuhani ataleta upatanisho kwa dhambi aliyoifanya, naye atasamehewa.

< ဝတ်ပြုရာ 4 >