< ဝတ်ပြုရာ 2 >

1 ထာဝရဘုရားအား ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ မုန့်ညက်ကို ဆက်ရမည်။ မုန့်ညက်အပေါ်မှာ ဆီကိုလောင်း၍၊ လောဗန်ကိုလည်း ထည့်ပြီးမှ၊
Whanne a soule offrith an offryng of sacrifice to the Lord, flour of wheete schal be his offring. And he schal schede oile ther onne,
2 အာရုန်၏သားယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှကို ယူ၍၊ ထိုအတွက် အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
and he schal putte encense, and he schal bere to the sones of Aaron, preest, of whiche sones oon schal take an handful of `flour of whete, and of oile, and alle the encense; and he schal putte a memorial on the auter, in to swettest odour to the Lord.
3 ကျန်ကြွင်းသော ဘောဇဉ် ပူဇော်သက္ကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဘို့ ဖြစ်ရမည်။ ထာဝရ ဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
Forsothe that that `is residue of the sacrifice schal be Aarons and hise sones, the hooli of hooli thingis of offryngis to the Lord.
4 မီးဖို၌ ဖုတ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ ဆီနှင့် မုန့်ညက်ဖြင့် လုပ်သော တဆေးမဲ့ မုန့်ပြားသော်၎င်း၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်သော်၎င်း ဖြစ်ရမည်။
Forsothe whanne thou offrist a sacrifice bakun in an ouene of whete flour, that is, loouys without sour dow, spreynd with oile, and therf breed sodun in watir, bawmed with oile;
5 သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရော၍ တဆေးမပါသော မုန့်ညက် နှင့် လုပ်ရမည်။
if thin offryng is `of a friyng panne, of wheete flour spreynd with oile and without sour dow,
6 ထိုမုန့်ကို ချိုးဖဲ့၍ ဆီကို လောင်းရမည်။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း။
thou schalt departe it in smale partis, and thou schalt schede oile ther onne.
7 အိုးကင်းနှင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရောသော မုန့်ညက်နှင့် လုပ်ရမည်။
Ellis if the sacrifice is of a gridele, euenli the whete flour schal be spreynd with oile;
8 ထိုဘောဇဉ် ပူဇော်သက္ကာအမျိုးမျိုးတို့ကို၊ ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ် အား ဆက်ပြီးမှ၊ သူသည် ယဇ်ပလ္လင်သို့ ဆောင်ခဲ့ရမည်။
which whete flour thou schalt offre to the Lord, and schalt bitake in the hondis of the preest.
9 ထိုဘောဇဉ် ပူဇော်သက္ကာထဲက အတွက်အတာကို နှိုက်ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
And whanne he hath offrid it, he schal take a memorial of the sacrifice, and he schal brenne it on the auter, in to `odour of swetnesse to the Lord.
10 ၁၀ ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဘို့ ဖြစ်ရမည်။ ထာဝရ ဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
Sotheli what euer thing `is residue, it schal be Aarons and hise sones, the hooly of hooli thingis of the offryngis to the Lord.
11 ၁၁ ထာဝရဘုရားအား ဆက်သော ဘောဇဉ်ပူဇော်သက္ကာ၌ တဆေးမပါရ။ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသောအခါ၊ တဆေးကို မီးမရှို့ရ။ ပျားရည်ကိုလည်း မရှို့ရ။
Ech offryng which is offrid to the Lord, schal be without sour dow, nether ony thing of sour dow, and of hony, schal be brent in the sacrifice of the Lord.
12 ၁၂ အဦးသီးသော အသီးအနှံကို ပူဇော်သော အမှုမှာ၊ တဆေးနှင့် ပျားရည်ကို၊ ထာဝရဘုရားအား ပူဇော်ရသော်လည်း၊ မွှေးကြိုင်ရာဘို့ ယဇ်ပလ္လင်ပေါ်မှာ မီးမရှို့ရ။
Ye schulen offre oneli the firste fruytis of tho, and yiftis; sotheli tho schulen not be put on the auter, in to odour of swetnesse.
13 ၁၃ ဘောဇဉ် ပူဇော်သက္ကာပြုလေရာရာ၌ ဆားခပ်ရမည်။ သင်ပြုသော ဘောဇဉ် ပူဇော်သက္ကာ၌၊ သင်၏ ဘုရားသခင် ပဋိညာဉ်ဆားကို မခပ်ဘဲမနေရ။
Whateuer thing of sacrifice thou schalt offre, thou schalt make it sauery with salt, nether thou schalt take awey the salt of the boond of pees of thi God fro thi sacrifice; in ech offryng thou schalt offre salt.
14 ၁၄ အဦးသီးသော အသီးအနှံကို၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ စပါးနှံကို အရည်စစ် အောင် မီးနားမှာ ထား၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊-
Forsothe if thou offrist a yifte of the firste thingis of thi fruytis to the Lord, of `eeris of corn yit grene, thou schalt seenge tho in fier, and thou schalt breke in the maner of seedis; and so thou schalt offre thi firste fruytis to the Lord,
15 ၁၅ ဆီကိုလောင်း၍၊ လောဇန်ကိုတင်လျက်၊ ပူဇော်သက္ကာကို ပြုရမည်။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း။
and thou schalt schede oyle theronne, and schalt putte encense, for it is the offryng of the Lord.
16 ၁၆ ပွတ်ယူသော စပါးစေ့အချို့၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ထိုဘောဇဉ် ပူဇော်သက္ကာအတွက် အတာကို၊ ယဇ်ပုရောဟိတ်သည် မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။
Of which the preest schal brenne, in to mynde of the yifte, a part of the `seedis brokun, and of oyle, and al the encense.

< ဝတ်ပြုရာ 2 >