< တရားသူကြီးမှတ်စာ 9 >

1 ယေရုဗ္ဗာလသား အဘိမလက်သည် ရှေခင်မြို့သို့ သွား၍ ဦးရီးများ၊ အမိ၏အဆွေအမျိုးများအပေါင်း တို့နှင့် နှုတ်ဆက်လျက်၊
Nebo odšed Abimelech syn Jerobálův do Sichem k bratřím matky své, mluvil k nim i ke vší čeledi domu otce matky své, řka:
2 ယေရုဗ္ဗာလသား ခုနစ်ဆယ်တို့သည် သင်တို့ကို အုပ်စိုးကောင်းသလော။ သားတယောက်တည်း အုပ်စိုးကောင်းသလော။ ငါသည် သင်တို့၏ အရိုးအသားစစ်ဖြစ်ကြောင်းကို မမေ့ကြနှင့်ဟု ရှေခင်မြို့ သားအပေါင်းတို့အား ပြောရမည်အကြောင်းကို တိုင်ပင်လေ၏။
Mluvte, prosím, ke všechněm mužům Sichemským: Co jest lépe vám, to-li, aby panovalo nad vámi sedmdesáte mužů, totiž všickni synové Jerobálovi, čili aby panoval nad vámi muž jeden? Pamatujte pak, že jsem já kost vaše a tělo vaše.
3 ထိုစကားကို ဦးရီးတို့သည် ရှေခင်မြို့သားတို့အား အကုန်အစင်ပြန်ပြော၍၊ သူတို့က၊ အဘိမလက်သည် ငါတို့ညီအစ်ကိုဖြစ်သည်ဟုဆိုလျှက် သူ့နောက်သို့ လိုက်ချင်သော စိတ်နူးညွတ်သဖြင့်၊
Tedy mluvili bratří matky jeho o něm ke všechněm mužům Sichemským všecka slova tato, a naklonilo se srdce jejich k Abimelechovi, nebo řekli: Bratr náš jest.
4 ငွေခုနစ်ဆယ်ကို ဗာလဗေရိတ်အိမ်မှထုတ်၍ပေးလျှင်၊ အဘိမလက်သည် လျှပ်ပေါ်သော သူတို့ကို ထိုငွေနှင့် ငှါး၍ အမှုကို ထမ်းစေ၏။
I dali jemu sedmdesáte lotů stříbra z domu Bále Berit, na něž sobě najal Abimelech služebníky, povaleče a tuláky, aby chodili za ním.
5 တဖန် ဩဖရမြို့၌ ရှိသော မိမိအဘအိမ်သို့ သွား၍၊ မိမိညီအစ်ကိုယေရုဗ္ဗာလသားခုနစ်ဆယ်တို့ကို ကျောက်တခုပေါ်မှာ သတ်လေ၏။ သို့ရာတွင်၊ ယေရုဗ္ဗာလသားအငယ်ဆုံးယောသံသည် ပုန်းရှောင်၍ နေသောကြောင့် ကျန်ရစ်သတည်း။
A přišed do domu otce svého do Ofra, zmordoval bratří své, syny Jerobálovy, sedmdesáte mužů, na jednom kameni; toliko zůstal Jotam syn Jerobálův nejmladší, nebo se byl skryl.
6 ရှေခင်မြို့သားအပေါင်းတို့နှင့် မိလ္လောအဆွေအမျိုးအပေါင်းတို့သည် ရှေခင်မြို့တွင်ရှိသော အထိမ်းအမှတ်သပိတ်ပင်အနားမှာ စည်းဝေး၍ အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားကြ၏။
Tedy shromáždili se všickni muži Sichemští i všecken dům Mello, i šli, a ustanovili sobě Abimelecha za krále na rovinách u sloupu, kterýž jest u Sichem.
7 ထိုအမှုကို ယောသံသည် ကြားသိသောအခါ၊ ဂေရဇိမ်တောင်သို့ သွား၍၊ တောင်ပေါ်မှာ ရပ်လျက် အသံကို လွှင့်၍ ကြွေးကြော်လေသည်မှာ၊ အိုရှေခင်မြို့သားတို့၊ သင်တို့စကားကို ဘုရားသခင် နားထောင်တော်မူမည်အကြောင်း၊ ငါ့စကားကို နားထောင်ကြလော့။
To když pověděli Jotamovi, odejda, postavil se na vrchu hory Garizim, a pozdvihna hlasu svého, volal, a řekl jim: Poslyšte mne muži Sichemští, a uslyš vás Bůh.
8 သစ်ပင်တို့သည် မိမိတို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ခန့်ထားလျက် ဘိသိက်ပေးခြင်းငှါ ထွက်သွား၍၊ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သံလွင်ပင်အား လျှောက်ကြလျှင်၊
Sešlo se některého času dříví, aby pomazalo nad sebou krále. I řekli olivě: Kraluj nad námi.
9 သံလွင်ပင်က၊ ဘုရားအသရေ၊ လူအသရေကို ပြုစုစရာ ငါ့အဆီအပြားကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။
Jimžto odpověděla oliva: Zdali já, opustě svou tučnost, kterouž ctěn bývá Bůh i lidé, půjdu, abych byla postavena nad stromy?
10 ၁၀ တဖန် သင်္ဘောသဖန်းပင်အား၊ ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင်၊
I řeklo dříví fíku: Poď ty a kraluj nad námi.
11 ၁၁ သင်္ဘောသဖန်းပင်က၊ ငါ၌ ချိုသော အရသာနှင့် ကောင်းသောအသီးကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။
Jimž odpověděl fík: Zdali já, opustě sladkost svou a ovoce své výborné, půjdu, abych postaven byl nad stromy?
12 ၁၂ တဖန် စပျစ်ပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက် ကြလျှင်၊
Řeklo opět dříví vinnému kořenu: Poď ty a kraluj nad námi.
13 ၁၃ စပျစ်ပင်က၊ ဘုရား၏စိတ်နှင့် လူ၏စိတ်ကို ရွှင်လန်းစေသော ငါ့စပျစ်ရည်ကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။
Jimž odpověděl vinný kořen: Zdali já, opustě své víno, kteréž obveseluje Boha i lidi, půjdu, abych postaven byl nad stromy?
14 ၁၄ တဖန် ဆူးလေပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်အပေါင်းတို့သည် လျှောက်ကြလျှင်၊
Naposledy řeklo všecko dříví bodláku: Poď ale ty a kraluj nad námi.
15 ၁၅ ဆူးလေပင်က၊ သင်တို့သည် ငါ့ကို သင်တို့၏ ရှင်ဘုရင်ဖြစ်စေခြင်းငှါ ခန့်ထား၍ ဧကန်အမှန် ဘိသိက်ပေးလိုလျှင်၊ လာကြ၊ ငါ့အရိပ်ကို ခိုလှုံကြ။ သို့မဟုတ် ဆူးလေပင်ထဲက မီးထွက်၍ လေဗနုန် အာရစ်ပင်တို့ကို လောင်လိမ့်မည်ဟု သစ်ပင်တို့အား ပြန်ပြော၏။
I odpověděl bodlák dříví: Jestliže v pravdě béřete vy mne sobě za krále, poďte, odpočívejte pod stínem mým; pakli nic, vyjdi oheň z bodláku a spal cedry Libánské.
16 ၁၆ ယခုမှာ သင်တို့သည် အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကို စောင့်၍၊ ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား ကောင်းမွန်စွာ ပြုကြပြီလော။ ယေရုဗ္ဗာလသည် ကျေးဇူးပြု၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော။
Tak i nyní, jestliže jste právě a upřímě učinili, ustavivše Abimelecha za krále, a jestliže jste dobře učinili Jerobálovi a domu jeho, a jestliže podlé dobrodiní rukou jeho odplatili jste se jemu;
17 ၁၇ ငါ့အဘသည် သင်တို့အဘို့ စစ်တိုက်၍ ကိုယ်အသက်ကို စွန့်စားလျက်၊ သင်တို့ကို မိဒျန်အမျိုးလက်မှ ကယ်နှုတ်လေပြီ။
(Nebo otec můj bojoval za vás a opovážil se života svého, aby vás vysvobodil z ruky Madianských,
18 ၁၈ သင်တို့သည် ငါ့အဘ၏အဆွေအမျိုးတဘက်၌ ယနေ့ထ၍ သူ၏သားခုနစ်ဆယ်တို့ကို ကျောက်တခု ပေါ်မှာ သတ်ပြီးလျှင်၊ သူ၏ကျွန်မတွင် မြင်သော သားအဘိမလက်သည် သင်တို့ညီအစ်ကိုဖြစ်သော ကြောင့်၊ သူ့ကို ရှေခင်မြို့သားတို့၏ ရှင်ဘုရင်ခန့်ထားကြပြီတကား။
Vy pak teď povstali jste proti domu otce mého, a zmordovali jste syny jeho, sedmdesáte mužů na jednom kameni, a ustanovili jste krále Abimelecha, syna děvky jeho, nad muži Sichemskými, proto že bratr váš jest);
19 ၁၉ ယခုမှာ သင်တို့သည် ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား သစ္စာတရားအတိုင်း ယနေ့ပြုပြီးလျှင်၊ အဘိမလက်ကို အမှီပြု၍ ဝမ်းမြောက်ကြလော့။ အဘိမလက်သည်လည်း သင်တို့ကို အမှီပြု၍ ဝမ်းမြောက်ပါစေ။
Jestliže, řku, právě a upřímě udělali jste Jerobálovi i domu jeho dne tohoto, veselte se z Abimelecha, a on také nechť se veselí z vás;
20 ၂၀ သို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက်၍၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက မီးထွက်၍ အဘိမလက်ကို လောင်ပါစေဟု ကြွေးကြော်ပြီးမှ၊
Pakli nic, nechť vyjde oheň z Abimelecha a sžíře muže Sichemské i dům Mello, nechť vyjde také oheň od mužů Sichemských a z domu Mello a sžíře Abimelecha.
21 ၂၁ အလျင်အမြန်ပြေး၍ အစ်ကိုအဘိမလက်ကို ကြောက်သောကြောင့် ဗေရမြို့သို့ သွား၍ နေလေ၏။
Tedy utekl Jotam, a utíkaje, odšel do Beera, a zůstal tam, boje se Abimelecha bratra svého.
22 ၂၂ အဘိမလက်သည် ဣသရေလအမျိုးကို အုပ်စိုး၍ သုံးနှစ်စေ့သောအခါ၊
I panoval Abimelech nad Izraelem tři léta.
23 ၂၃ ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သား စပ်ကြားမှာ ဆိုးသောဝိညာဉ်ကို စေလွှတ်တော်မူ၍၊ ရှေခင်မြို့သားတို့သည် အဘိမလက်၏သစ္စာကို ဖျက်ကြ၏။
Poslal pak Bůh ducha zlého mezi Abimelecha a mezi muže Sichemské, a zpronevěřili se muži Sichemští Abimelechovi,
24 ၂၄ အကြောင်းမူကား၊ ယေရုဗ္ဗာလ၏ သားခုနစ်ဆယ်တို့၌ ကြမ်းတမ်းစွာ ပြု၍ သတ်မိသောအပြစ်သည် သူတို့ကို သတ်သောသူတို့ ညီအစ်ကိုအဘိမလက်အပေါ်သို့၎င်း၊ ညီအစ်ကိုများကို သတ်သောအမှု၌ ဝိုင်း၍ လက်ခံသော ရှေခင်မြို့သားတို့အပေါ်သို့၎င်း ရောက်ရမည်အကြောင်းတည်း။
Aby pomštěna byla křivda sedmdesáti synů Jerobálových, a aby krev jejich přišla na Abimelecha bratra jejich, kterýž zmordoval je, a na muže Sichemské, kteříž posilnili rukou jeho, aby zmordoval bratří své.
25 ၂၅ ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းစေခြင်းငှါ၊ လူတို့ကို တောင်ထိပ်ပေါ်မှာထား၍ ထိုသူတို့သည် ခရီးသွားသောသူအပေါင်းတို့၏ ဥစ္စာကို လုယူကြ၏။ ထိုသတင်းကိုလည်း၊ အဘိမလက်သည်ကြား ၏။
Nebo učinili muži Sichemští jemu zálohy na vrších hor, a loupili všecky chodíci mimo ně tou cestou; kterážto věc povědína jest Abimelechovi.
26 ၂၆ ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့်အတူ ရှေခင်မြို့ဘက်သို့ ဝင်၍ ရှေခင်မြို့သားတို့သည် သူ့ကို ကိုးစားကြ၏။
Syn pak Ebedův Gál, jda s bratřími svými, přišel do Sichem, i těšili se z něho muži Sichemští.
27 ၂၇ ဥယျာဉ်၌ လည်လျက်စပျစ်သီးကို သိမ်းယူလျက် ပျော်မွေ့ခြင်းကို ပြုသဖြင့်၊ မိမိတို့ ဘုရား၏ကျောင်း သို့ သွား၍ အဘိမလက်ကို ကျိန်ဆဲကြ၏။
A vyšedše na pole, sbírali víno své a tlačili i veselili se; a všedše do chrámu bohů svých, jedli a pili, a zlořečili Abimelechovi.
28 ၂၈ ဧဗက်၏သား ဂါလကလည်း၊ ငါတို့သည် အဘိမလက်အမှုကို စောင့်ရမည်အကြောင်း၊ အဘိမလက် ကား အဘယ်သူနည်း၊ ရှေခင်ကား အဘယ်သူနည်း။ အဘိမလက်သည် ယေရုဗ္ဗာလသား မဟုတ်လော။ ဇေဗုလသည် သူ၏အမှုထမ်းမဟုတ်လော။ ရှေခင်အဘဟာမော်လူတို့၏ အမှုကို ထမ်းကြလော့။ အဘိမလက်အမှုကို အဘယ်ကြောင့် ထမ်းရမည်နည်း။
Řekl pak Gál syn Ebedův: Kdo jest Abimelech? A jaké jest Sichem, abychom sloužili jemu? Zdaliž není syn Jerobálův, a Zebul úředník jeho? Služte raději mužům Emora, otce Sichemova; nebo proč my máme sloužiti tomuto?
29 ၂၉ ဤလူတို့သည် ငါ့လက်သို့ ရောက်ပါစေသော။ သို့ဖြစ်လျှင် အဘိမလက်ကို ငါပယ်မည်ဟူ၍၎င်း၊ အဘိမလက်အား သင်၏ ဗိုလ်ခြေတို့ကို ပြင်ဆင်၍ လာတော့ဟူ၍၎င်း ဆို၏။
Ale ó kdyby tento lid byl v ruce mé, abych shladil Abimelecha! I řekl Abimelechovi: Sbeř sobě vojsko, a vyjdi.
30 ၃၀ ဧဗက်၏သားဂါလစကားကို မြို့အုပ်ဇေဗုလကြားသောအခါ အမျက်ထွက်၍
Uslyšav pak Zebul, úředník města toho, slova Gále syna Ebedova, rozhněval se náramně.
31 ၃၁ ပရိယာယ်အားဖြင့် အဘိမလက်ထံသို့ စေလွှတ်လျက်၊ ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့် အတူ ရှေခင်မြို့သို့ လာ၍ ကိုယ်တော်တဘက်၌ မြို့ကို ပြင်ဆင်ကြပါ၏။
I poslal posly k Abimelechovi tajně, řka: Hle, Gál syn Ebedův i bratří jeho přišli do Sichem, a hle, bojovati budou s městem proti tobě.
32 ၃၂ သို့ဖြစ်၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွ ထ၍၊ တော၌ ချောင်းမြောင်းလျက် နေတော်မူပါ။
Protož nyní vstana nočně, ty i lid, kterýž jest s tebou, zdělej zálohy v poli.
33 ၃၃ နံနက်စောစော နေထွက်စကထ၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွ ထ၍ မြို့ကို တိုက်တော်မူပါ။ ဂါလသည် သူ၌ပါသော လူတို့နှင့်တကွ ဆီး၍ ကြိုသောအခါ၊ အဆင်သင့်သည်အတိုင်း ပြုတော်မူပါဟု ကြားလျှောက်လေ။
A ráno, když bude slunce vycházeti, vstana, udeříš na město, a když on i lid, kterýž jest s ním, vyjde proti tobě, učiníš jemu to, což se naskytne ruce tvé.
34 ၃၄ အဘိမလက်သည် သူ၌ ပါသမျှသော လူတို့နှင့်တကွ ညဉ့်အခါ ထ၍ တပ်လေးတပ်ခွဲပြီးလျှင်၊ ရှေခင်မြို့ကို ချောင်းမြောင်းလျက်နေကြ၏။
A protož vstal Abimelech i všecken lid, kterýž s ním byl v noci, a učinili zálohy u Sichem na čtyřech místech.
35 ၃၅ ဧဗက်၏သားဂါလသည် ထွက်၍ မြို့တံခါးဝ၌ ရပ်လျှင်၊ အဘိမလက်သည် မိမိ၌ပါသော သူတို့နှင့်တကွ ချောင်းမြောင်းရာမှ ထကြ၏။
I vyšel Gál syn Ebedův, a postavil se v bráně města; vyvstal pak Abimelech i lid, kterýž s ním byl, z záloh.
36 ၃၆ ဂါလသည် ထိုလူတို့ကို မြင်လျှင်၊ တောင်ပေါ်မှ လူများ ဆင်းလာကြသည်ဟု ဇေဗုလအားဆိုသော်၊ ဇေဗုလက တောင်အရိပ်သည် လူကဲ့သို့ ထင်သည်ဟု ပြန်ပြော၏။
A uzřev Gál ten lid, řekl Zebulovi: Hle, lid sstupuje s vrchu hor. Jemuž odpověděl Zebul: Stín hor vidíš, jako nějaké lidi.
37 ၃၇ တဖန် ဂါလက၊ ကြည့်ပါ။ လူအချို့တို့သည် တောင်ရိုးပေါ်မှ ဆင်းလာကြ၏။ အချို့တို့သည် မောနေနိမ် သပိတ်တောလမ်းဖြင့် လာကြ၏ဟု ပြောဆိုလျှင်၊
Tedy opět promluvil Gál, řka: Hle, lid sstupuje s vrchu, nebo houf jeden táhne cestou rovin Monenim.
38 ၃၈ ဇေဗုလက၊ ငါတို့သည် အဘိမလက်အမှုကို ထမ်းရမည်အကြောင်း၊ အဘိမလက်သည် အဘယ်သူနည်းဟု သင်ဆိုသော နှုတ်သည် ယခုအဘယ်မှာ ရှိသနည်း။ ထိုလူတို့သည် သင်မထီမဲ့မြင်ပြုသော သူမဟုတ်လော။ ထွက်၍ သူတို့ကို စစ်တိုက်ပါလော့ဟု ဆိုသော်၊
Řekl pak jemu Zebul: Kde jsou nyní ústa tvá, jimižs mluvil: Kdo jest Abimelech, abychom sloužili jemu? Zdaliž toto není lid ten, kterýmž jsi pohrdal? Vytáhniž nyní, a bojuj proti němu.
39 ၃၉ ဂါလသည် ရှေခင်မြို့သားတို့ရှေ့မှာ ထွက်၍ အဘိမလက်ကို တိုက်လေ၏။
I vytáhl Gál před lidmi Sichemskými, a bojoval proti Abimelechovi.
40 ၄၀ အဘိမလက်လိုက်၍ ဂါလပြေးသဖြင့် များသောသူတို့သည် မြို့တံခါးဝတိုင်အောင် အထိအခိုက်ခံလျက် လဲ၍ သေကြ၏။
Ale Abimelech honil ho utíkajícího před tváří svou, a padlo raněných mnoho až k bráně.
41 ၄၁ အဘိမလက်သည် အရုမမြို့မှာ နေ၍ ဇေဗုလသည် ဂါလနှင့် သူ၏ညီအစ်ကိုတို့ကို ရှေခင်မြို့၌ မနေစေခြင်းငှါ နှင်ထုတ်လေ၏။
Zůstal pak Abimelech v Aruma, a Zebul vyhnal Gále i bratří jeho, aby nezůstávali v Sichem.
42 ၄၂ နက်ဖြန်နေ့၌ လူများတို့သည် မြို့ပြင်သို့ ထွက်မည်အကြောင်းကို အဘိမလက်သည် ကြားလျှင်၊
Nazejtří pak vytáhl lid do pole, i oznámeno jest to Abimelechovi.
43 ၄၃ မိမိလူတို့ကို သုံးစုခွဲ၍ တော၌ ချောင်းမြောင်းလျက် နေသဖြင့်၊ မြို့သားတို့သည် ထွက်လာကြသောအခါ ထ၍ လုပ်ကြံလေ၏။
Tedy on pojal lid svůj, a rozdělil jej na tři houfy, zdělav zálohy v polích, a vida, an lid vychází z města, vyskočil na ně a zbil je.
44 ၄၄ အဘိမလက်သည် မိမိလူတစုနှင့် မြို့တံခါးဝသို့ ပြေးတက်၍ စောင့်နေ၏။ အခြားသော လူနှစ်စုတို့ သည် တော၌ရှိသော လူတို့ဆီသို့ ပြေး၍ သတ်ကြ၏။
Nebo Abimelech a houf, kterýž byl s ním, udeřili na ně a postavili se u brány města, druzí pak dva houfové obořili se na všecky ty, kteříž byli v poli, a zbili je.
45 ၄၅ အဘိမလက်သည် တနေ့လုံးမြို့ကို တိုက်၍ရသောအခါ၊ မြို့၌ တွေ့သောသူတို့ကို သတ်ပြီးလျှင် မြို့ရိုးကို ဖြိုဖျက်၍ မြို့ရာကို ဆားနှင့် ကြဲဖြန့်လေ၏။
Abimelech pak dobýval města celý ten den, až ho i dobyl, a lid, kterýž v něm byl, pobil, a zbořiv město, posál je solí.
46 ၄၆ ထိုသိတင်းကို ရှေခင်ရဲတိုက်သားအပေါင်းတို့သည် ကြားလျှင်၊ ဗေရိတ်ဘုရား၏ ကျောင်း၌ ခိုင်ခံ့သော အခန်းထဲမှာ စုဝေးကြ၏။
Uslyševše pak všickni muži věže Sichemské, vešli do hradu svého, chrámu boha Berit.
47 ၄၇ ရှေခင်ရဲတိုက်သားအပေါင်းတို့သည် စုဝေးကြောင်းကို အဘိမလက်သည် ကြားလတ်သော်၊
A oznámeno jest Abimelechovi, že se tam shromáždili všickni muži věže Sichemské.
48 ၄၈ ကိုယ်တိုင်မှစ၍ ပါသော သူအပေါင်းတို့သည် ဇလမုန်တောင်သို့ သွားပြီးလျှင်၊ အဘိမလက်သည် ပုဆန်နှင့် သစ်ခက်ကို ခုတ်၍ မိမိပုခုံးပေါ်မှာ တင်ထမ်းလျက်၊ ငါပြုသည်ကို သင်တို့ မြင်သည်အတိုင်း အလျင်အမြန်ပြုကြလော့ဟု လိုက်သောသူတို့အား ဆိုလျှင်၊
Tedy vstoupil Abimelech na horu Salmon, on i všecken lid, kterýž byl s ním, a nabrav seker s sebou, nasekal ratolestí s stromů, kterýchž nabral a vložil na rameno své. I řekl lidu, kterýž byl s ním: Což jste viděli, že jsem učinil, spěšně učiňte tak jako já.
49 ၄၉ သူ၏လူအပေါင်းတို့သည် ထိုအတူ အသီးအသီးသစ်ခက်တို့ကို ခုတ်၍ အဘိမလက်နောက်သို့ လိုက်လျက် ခိုင်ခံ့သောအခန်းကို မီးရှို့ကြ၏။ ထိုသို့ ရှေခင်ရဲတိုက်သားအပေါင်းတို့နှင့်အတူ တထောင်သော ယောက်ျားမိန်းမတို့သည် သေကြကုန်၏။
I uťal sobě jeden každý ze všeho lidu ratolest, a jdouce za Abimelechem, skladli je u hradu, a zapálili jimi hrad. I zemřeli tam všickni muži věže Sichemské téměř tisíc mužů a žen.
50 ၅၀ ထိုနောက်မှ အဘိမလက်သည် သေဗက်မြို့သို့ သွား၍ တပ်ချပြီးလျှင် တိုက်ယူလေ၏။
Odšel pak Abimelech do Tébes, a položil se u Tébes, i dobyl ho.
51 ၅၁ သို့ရာတွင် မြို့ထဲမှာ ခိုင်ခံ့သော ရဲတိုက်တခုရှိ၍၊ မြို့သားယောက်ျားမိန်းမအပေါင်းတို့သည် ထိုရဲတိုက် ထဲသို့ ပြေးဝင်ကြ၏။ တံခါးကိုလည်း ပိတ်ထား၍ ရဲတိုက်အပေါ်သို့ တက်ကြ၏။
Byla pak věže pevná u prostřed města, a utekli tam všickni muži i ženy, i všickni přední města toho, a zavřeli po sobě, vstoupivše na vrch věže.
52 ၅၂ အဘိမလက်သည် ရဲတိုက်ကို လာ၍ တိုက်လျက်၊ ရဲတိုက်တံခါးကို မီးရှို့ခြင်းငှါ ချဉ်းကပ်သောအခါ၊
Tehdy přišed Abimelech až k věži, dobýval jí, a přistoupil až ke dveřím věže, aby je zapálil ohněm.
53 ၅၃ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို အဘိမလက် ခေါင်းပေါ်သို့ ပစ်ချ၍ ဦးခေါင်းခွံ ပေါက်ကွဲလေ၏။
V tom žena nějaká svrhla kus žernovu na hlavu Abimelechovu, a prorazila hlavu jeho.
54 ၅၄ သူသည် လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ မိန်းမသည် အဘိမလက်ကို သတ်သည်ဟု ပြောစရာမရှိစေခြင်းငှါ၊ သင့်ထားကို ထုတ်၍ ငါ့ကို သတ်လော့ဟု ဆိုသည်အတိုင်း၊ လုလင်သည် ထိုး၍ အဘိမလက် သေလေ၏။
A on rychle zavolav mládence, kterýž nosil zbroj jeho, řekl jemu: Vytrhni meč svůj a zabí mne, aby potom nepravili o mně: Žena zabila ho. I probodl jej služebník jeho, a umřel.
55 ၅၅ အဘိမလက်သေကြောင်းကို ဣသရေလလူတို့သည် သိမြင်လျှင်၊ အသီးအသီး မိမိတို့နေရာသို့ ပြန်သွားကြ၏။
Uzřevše pak synové Izraelští, že by umřel Abimelech, odešli jeden každý k místu svému.
56 ၅၆ ထိုသို့ အဘိမလက်သည် မိမိညီအစ်ကိုခုနစ်ဆယ်တို့ကို သတ်၍ ပြုမိသော ဒုစရိုက်အပြစ်ကို ဘုရားသခင် ဆပ်ပေးတော်မူ၏။
A tak odměnil Bůh zlým Abimelechovi za nešlechetnost, kterouž páchal proti otci svému, zmordovav sedmdesáte bratří svých.
57 ၅၇ ရှေခင်မြို့သားပြုသော ဒုစရိုက်အပြစ်ကိုလည်း သူတို့ခေါင်းပေါ်သို့ ဘုရားသခင်ရောက်စေတော်မူ သဖြင့်၊ ယေရုဗ္ဗာလသား ယောသံကျိန်သော စကားအတိုင်း သူတို့သည် ခံရကြ၏။
Tolikéž i všecku nešlechetnost mužů Sichemských vrátil Bůh na hlavu jejich, a přišlo na ně zlořečení Jotama syna Jerobálova.

< တရားသူကြီးမှတ်စာ 9 >