< တရားသူကြီးမှတ်စာ 8 >

1 ဧဖရိမ်လူတို့က၊ သင်သည် မိဒျန်လူတို့ကို တိုက်သွားသောအခါ၊ ငါတို့ကို မခေါ်ဘဲ ငါတို့၌ အဘယ်သို့ ပြုသနည်းဟု ကျပ်ကျပ်အပြစ်တင်ကြ၏။
Watu wa Efraimu wakamwambia Gideoni, “Ni nini hiki umetutenda? Haukuita wakati ulipokwenda kupigana na Midiani.” Wakamwambia kwa nguvu.
2 ဂိဒေါင်ကလည်း၊ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုပြီးသနည်း။ အဗျေဇာစပျစ်သီး သိမ်းခြင်း ထက် ဧဖရိမ်လိုက်ကောက်ခြင်းသည် သာ၍ ကောင်းသည်မဟုတ်လော။
Akawaambia, “Nimefanya nini sasa kulinganisha na mlichofanya ninyi? Je! Mavuno ya zabibu za Efraimu si bora zaidi kuliko mavuno ya zabibu ya Abiezeri?
3 ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ်ဩရဘနှင့် ဇေဘတို့ကို သင်တို့လက်၌ အပ်တော်မူပြီ။ သင်တို့ ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်းဟု ပြန်ပြောသောစကားကို သူတို့သည် ကြားသောအခါ စိတ်ပြေကြ၏။
Mungu amewapa ushindi juu ya wakuu wa Midiani-Orebu na Zeeb! Mimi nimefanya nini ukilinganisha na ninyi?” Hasira yao ikashuka chini aliposema hili.
4 ဂိဒေါင်သည် ယော်ဒန်မြစ်သို့ရောက်သောအခါ၊ သူ၌ရှိသော သူသုံးရာတို့သည် ပင်ပန်းလျက်နှင့် ကူး၍ လိုက်ကြ၏။
Gideoni alikuja Yordani na akavuka juu yake, yeye na watu mia tatu waliokuwa pamoja naye. Walikuwa wamechoka, lakini bado waliendelea kufuatilia.
5 သုကုတ်မြို့သားတို့အားလည်း၊ ငါ့နောက်လိုက်သောသူတို့အား မုန့်ကို ပေးကြပါလော့။ သူတို့သည် ပင်ပန်းကြပြီ။ ငါသည် မိဒျန်မင်းကြီး ဇေဘဟနှင့် ဇာလမုန္နကို ယခု လိုက်ရှာပါ၏ဟု တောင်းသော် လည်း၊
Akawaambia watu wa Sukothi, “Tafadhali wape mikate kwa watu wanaonifuata, kwa kuwa wamechoka, nami niwafuatilia Zeba na Salmuna, wafalme wa Midiani.
6 သုကုတ်မင်းတို့က၊ ငါတို့သည် သင့်အမှုထမ်းတို့အား မုန့်ကို ပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ ရှိသလောဟု ပြန်ပြောကြ၏။
Na wakuu wakasema, “Je, mikono ya Zeba na Salmuna sasa ipo mikononi mwako? Kwa nini tulipe jeshi lako mikate?”
7 ဂိဒေါင်ကလည်း၊ သို့ဖြစ်၍ ထာဝရဘုရားသည် ဇေဘဟနှင့် ဇာလမုန္နတို့ကို ငါ့လက်၌ အပ်တော်မူသော အခါ၊ သင်တို့ ကျောကွဲအောင် တောဆူးပင်အမျိုးမျိုးနှင့် ငါရိုက်မည်ဟုဆိုပြီးလျှင်၊
Gideoni akasema, “Bwana akitupa ushindi juu ya Zeba na Salmunna, nitainyunyiza ngozi yenu kwa miiba ya jangwani na michongoma.
8 ထိုအရပ်က ပေနွေလမြို့သို့ သွား၍၊ သူတို့အား ထိုနည်းတူ တောင်းသော်လည်း၊ သုကုတ်မြို့သားတို့ ပြန်ပြောသည်နည်းတူ၊ ပေနွေလမြို့သားတို့သည် ပြန်ပြောကြ၏။
Akatoka huko, akaenda Penieli, akawaambia watu maneno hayo hayo; lakini watu wa Penieli wakamjibu kama watu wa Sukothi walivyojibu.
9 ဂိဒေါင်ကလည်း၊ ငါသည် တဖန် ငြိမ်ဝပ်စွာ လာသောအခါ၊ ဤရဲတိုက်ကို ဖြိုဖျက်မည်ဟု သူတို့အား ဆို၏။
Akawaambia pia watu wa Penieli, akasema, “Nitakapokuja kwa amani, nitauangusha mnara huu.”
10 ၁၀ ထိုအခါ ထားကိုင်သော လူတသိန်းနှစ်သောင်း သေသောကြောင့်၊ အရှေ့မျက်နှာအရပ်သားအပေါင်း တို့တွင် ကျန်ကြွင်းသော လူတသောင်းငါးထောင်ခန့်မျှသာပါလျက်၊ ဇေဘဟနှင့် ဇာလမုန္နတို့သည် ကာကော်မြို့၌ ရှိကြ၏။
Sasa Zeba na Salmuna walikuwa huko Karkori pamoja na jeshi lao, karibu na watu elfu kumi na tano, wote waliosalia nje ya jeshi lote la watu wa Mashariki, kwa kuwa walianguka watu 120, 000 waliofundishwa kupigana na upanga.
11 ၁၁ ဂိဒေါင်သည် နောဗာမြို့၊ ယုဗ္ဗေဟမြို့အရှေ့၊ တဲ၌ နေသူတို့လမ်းဖြင့် ချီသွား၍၊ မစိုးရိမ်ဘဲနေသော မိဒျန်တပ်ကို လုပ်ကြံသဖြင့်၊
Gideoni akapanda barabara iliyochukuliwa na wakaazi wa hema, Noba na Yogbena. Akalishinda jeshi la adui, kwa sababu hawakuwa wanatarajia shambulio.
12 ၁၂ မိဒျန်မင်းကြီးဇေဘဟနှင့် ဇာလမုန္နပြေးသောအခါ၊ ဂိဒေါင်သည် လိုက်၍ တပ်ကို ဖျက်လေ၏။
Zeba na Salmuna walikimbia, na Gideoni alipowafuata, akawatwaa wafalme wawili wa Midiani-Zeba na Salmunna- na kulifanya jeshi lote kuwa na hofu.
13 ၁၃ ယောရှသားဂိဒေါင်သည် နေမထွက်မှီ စစ်တိုက်ရာမှ ပြန်လာ၍၊
Gideoni, mwana wa Yoashi, alirudi kutoka kwenye vita kwenda kupitia Heresi.
14 ၁၄ သုကုတ်မြို့သား လုလင်တယောက်ကို ဘမ်းမိ၍ မေးစစ်လျှင်၊ ထိုသူသည် သုကုတ်မြို့အရာရှိ၊ အသက်ကြီးသူခုနစ်ဆယ်ခုနစ်ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြောလေ၏။
Akamkimbilia kijana mmoja wa watu wa Sukothi na kutafuta ushauri kutoka kwake. Kijana huyo alimwelezea viongozi wa Sukothi na wazee wake, watu sabini na saba.
15 ၁၅ ဂိဒေါင်သည်လည်း၊ သုကုတ်မြို့သားတို့ရှိရာသို့ လာ၍၊ သင်တို့က၊ ပင်ပန်းသော သင့်အမှုထမ်းတို့အား ငါတို့သည် မုန့်ကို ပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ရှိသလောဟု ငါ့ကို ကဲ့ရဲ့၍ သင်တို့ပြောသော ဇေဘဟနှင့် ဇာလမုန္နကို ကြည့်ကြလော့ဟုဆိုလျက်၊
Gideoni akaja kwa watu wa Sukothi, akasema, “Tazameni Zeba na Salmuna, ambao mlinidhihaki kwa ajili yao, nikasema, 'Je! mmemshinda Zeba na Salmuna? Hatujui kwamba tunapaswa kulipa jeshi lako mkate.”
16 ၁၆ ထိုမြို့၌ အသက်ကြီးသူတို့ကို ခေါ်၍ တောဆူးပင်အမျိုးမျိုးနှင့် သုကုတ်မြို့သားတို့ကို ဆုံးမလေ၏။
Gideoni akawachukua wazee wa mji, naye akawaadhibu watu wa Sukothi pamoja na miiba ya jangwa na michongoma.
17 ၁၇ ပေနွေလမြို့ ရဲတိုက်ကိုလည်း ဖြိုဖျက်၍ မြို့သားတို့ကို ကွပ်မျက်လေ၏။
Akaangusha mnara wa Penieli na kuwaua watu wa mji huo.
18 ၁၈ ထိုအခါ ဇေဘဟနှင့် ဇာလမုန္နတို့အား တာဗော်မြို့မှာ သင်တို့ သတ်ခဲ့သော သူတို့သည် အဘယ်သို့ သော သူဖြစ်သနည်းဟု မေးမြန်းသော်၊ ထိုသူတို့က၊ ကိုယ်တော်ဖြစ်သကဲ့သို့ သူတို့ရှိသမျှသည် ဖြစ်၍၊ ရှင်ဘုရင်သား၏ အဆင်းအရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြောသော်၊
Gideoni akamwambia Zeba na Salmuna, “Ni watu wa aina gani mliwauawa Tabori?” Wakajibu, “Kama wewe ulivyo, ndivyo walivyokuwa. Kila mmoja wao alionekana kama mwana wa mfalme.”
19 ၁၉ ဂိဒေါင်က၊ ထိုသူတို့သည် ငါ့အမိ၏သား၊ ငါ့ညီဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊ သင်တို့သည် သူတို့ကို အသက်ချမ်းသာပေးမိလျှင်၊ သင်တို့ကို ငါမသတ်ဘဲ နေလိမ့်မည် ဟု၊
Gideoni akasema, 'Wao walikuwa ndugu zangu, wana wa mama yangu. Kama Bwana anaishivyo, kama mngewaacha hai, nisingewauwa.”
20 ၂၀ မိမိသားဦးယေသာအား၊ ဤသူတို့ကို ထ၍ သတ်လော့ဟုဆိုသော်လည်း၊ သားသည် အသက်အရွယ် ငယ်သောကြောင့်၊ ထားကို မဆွဲမထုတ်ဘဲ နေ၏။
Akamwambia Yetheri (mzaliwa wake wa kwanza), “Simama uwaue!” Lakini kijana huyo hakutoa upanga wake kwa kuwa aliogopa, kwa sababu alikuwa bado kijana mdogo.
21 ၂၁ ဇေဘဟနှင့် ဇာလမုန္နတို့ကလည်း၊ ကိုယ်တော်တိုင်ထ၍ ငါတို့ကို လုပ်ကြံလော့။ လူဖြစ်သကဲ့သို့ သူ့အစွမ်းသတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင်သည် ထ၍ ဇေဘဟနှင့် ဇာလမုန္နကို သတ်သဖြင့်၊ သူတို့ ကုလားအုပ်၏ လည်ပင်း၌ ဆင်သော တန်ဆာတို့ကို ချွတ်ယူလေ၏။
Ndipo Zeba na Salmuna wakasema, simama mwenyewe, utuue! Kwa maana kama mtu alivyo, ndivyo zilivyo nguvu zake. Gideoni akasimama na kumwua Zeba na Salmuna. Pia aliondoa mapambo yaliyokuwa juu ya shingo za ngamia zao.
22 ၂၂ ထိုအခါ ဣသရေလလူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မိဒျန်လူတို့လက်မှ ကယ်နှုတ်သော ကြောင့်၊ သားစဉ်မြေးဆက်နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု၊ ဂိဒေါင်အား လျှောက်ဆို ကြသော်၊
Ndipo wana wa Israeli wakamwambia Gideoni, “Ututawale, wewe, mtoto wako, na mjukuu wako; kwa sababu umetuokoa mikononi mwa Midiani.”
23 ၂၃ ဂိဒေါင်က၊ ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသည် သင်တို့ကို အုပ်စိုးတော်မူရ၏ဟူ၍၎င်း၊
Gideoni akawaambia, “Mimi sitatawala juu yenu, wala mtoto wangu hatatawala juu yenu. Bwana atatawala juu yenu.”
24 ၂၄ သို့ရာတွင် သင်တို့ရှိသမျှသည် လုယူ၍ ရသော နားတောင်းတို့ကို ပေးပါမည်အကြောင်း၊ ငါတောင်းချင် သည်ဟူ၍၎င်း ဆိုလေ၏။ ရန်သူတို့သည် ဣရှမေလအမျိုးဖြစ်၍ ရွှေနားတောင်းကို ဆင်တတ် ကြသတည်း။
Gideoni akawaambia, “Nina haja yangu niitakayo kwenu kwamba kila mmoja wenu atanipe pete kutoka kwenye nyara zake.” (Wamidiani walikuwa na pete za dhahabu kwa sababu walikuwa Waishmaeli.)
25 ၂၅ သူတို့ကလည်း၊ စင်စစ်ပေးပါမည်ဟုဆိုလျက် စောင်ကို ခင်း၍၊ လူအပေါင်းတို့သည် မိမိတို့ လုယူ၍ ရသော နားတောင်းများကို ချထားကြ၏။
Wakamjibu, “Tunafurahi kukupa.” Wakatandika vazi na kila mtu akatupa pete kutoka kwenye nyara zake.
26 ၂၆ ဂိဒေါင်တောင်းသော ရွှေနားတောင်းများ အချိန်ကား၊ အခွက်တဆယ်ခုနစ်ပိဿာရှိ၏။ ထိုမှတပါး၊ မိဒျန်မင်းကြီး ဝတ်ဆင်သောတန်ဆာ၊ လည်ဆွဲ၊ နီမောင်းသောအဝတ်၊ ကုလားအုပ် လည်ကြိုးများကို ရသေး၏။
Uzito wa pete za dhahabu alizoomba zilikuwa shekeli 1, 700 za dhahabu. Nyara hizi zilikuwa ni pamoja na mapambo ya makoja, vidani, nguo ya rangi ya zambarau waliyovaa na wafalme wa Midiani, na zaidi ya minyororo iliyokuwa karibu na shingo za ngamia zao.
27 ၂၇ ထိုတန်ဆာတို့နှင့် ဂိဒေါင်သည် သင်တိုင်းတော်ကို လုပ်၍ မိမိနေရာ ဩဖရမြို့မှာ ထားသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်းလျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင်နှင့် သူ၏အမျိုး ပြစ်မှားရာအကြောင်းဖြစ်သတည်း။
Gideoni akafanya efodi kutoka katika pete na kuiweka katika mji wake, huko Ofra, na Israeli wote wakaiandama kwa ukahaba na kuabudu. Ilikuwa mtego kwa Gideoni na kwa wale walio nyumbani kwake.
28 ၂၈ ထိုသို့ မိဒျန်အမျိုးသည် ဣသရေလအမျိုးရှေ့မှာ ရှုံး၍၊ နောက်တဖန် အစိုးမရဘဲ နေကြ၏။ ဂိဒေါင် လက်ထက်အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။
Kwa hiyo Midiani ilishindwa mbele ya watu wa Israeli na hawakuinua vichwa vyao tena. Na nchi ikawa na amani kwa miaka arobaini siku za Gideoni.
29 ၂၉ ယောရှသားယေရုဗ္ဗာလသည် မိမိအိမ်သို့ သွား၍ နေသတည်း။
Yerubaali, mwana wa Yoashi, akaenda akakaa nyumbani kwake.
30 ၃၀ ဂိဒေါင်သည် မယားများ၍၊ ကိုယ်ရသော သားခုနစ်ဆယ်ရှိ၏။
Gideoni alikuwa na wana sabini, waliokuwa uzao wake, kwa kuwa alikuwa na wake wengi.
31 ၃၁ ရှေခင်မြို့၌ နေသော မယားငယ်သည် သားယောက်ျားကို ဘွားမြင်၍၊ ထိုသားကို အဘိမလက်အမည် ဖြင့် မှည့်လေ၏။
Mwanamke wake, aliyekuwa Shekemu, akamzaa pia mwana, na Gideoni akampa jina lake Abimeleki.
32 ၃၂ ယောရှသား ဂိဒေါင်သည် အသက်ကြီးရင့်သော် အနိစ္စရောက်၍၊ အဗျေဇာသားနေရာ ဩဖရမြို့မှာ၊ အဘယောရှသင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။
Gideoni, mwana wa Yoashi, akafa katika uzee mzuri, akazikwa huko Ofra katika kaburi la baba yake Joashi, wa jamaa ya Abiyezeri.
33 ၃၃ ဂိဒေါင်သေသောအခါ၊ ဣသရေလအမျိုးသားတို့သည် ဖောက်ပြန်၍ ဗာလဘုရားတို့နှင့် မှားယွင်းသဖြင့်၊ ဗာလဗေရိတ်ကို ဘုရားအရာ၌ ချီးမြှောက်ကြ၏။
Ikawa, Gideoni alipokufa, watu wa Israeli wakageuka tena na kujifanyia ukahaba wenyewe kwa kuabudu Mabaali. Wamlifanya Baali Berith kuwa mungu wao.
34 ၃၄ ပတ်ဝန်းကျင်ရန်သူလက်မှ ကယ်နှုတ်တော်မူသော မိမိတို့ဘုရားသခင်ထာဝရဘုရားကို မအောက်မေ့ဘဲ၊
Watu wa Israeli hawakukumbuka kumtukuza Bwana, Mungu wao, aliyewaokoa kutoka kwa mikono ya adui zao kila upande.
35 ၃၅ ဂိဒေါင်တည်းဟူသော ယေရုဗ္ဗာလသည် ဣသရေလအမျိုး၌ ပြုသမျှသော ကျေးဇူးနှင့်အညီ၊ သူ၏အမျိုး၌ ကျေးဇူးတို့ကို ပြန်၍ မပြုဘဲ နေကြ၏။
Hawakuweka ahadi zao kwa nyumba ya Yerubaali (yaani Gidioni), kwa ajili ya mema yote aliyoyafanya katika Israeli.

< တရားသူကြီးမှတ်စာ 8 >