< တရားသူကြီးမှတ်စာ 5 >

1 ထိုနေ့၌ ဒေဗောရနှင့် အဘိနောင်၏ သားဗာရက်တို့ဆိုသော သီချင်းစကားဟူမူကား၊
Siku hiyo Debora na Baraka, mwana wa Abinoamu waliimba wimbo huu:
2 ဣသရေလအမျိုး၌ မင်းတို့သည် အဦးပြုသောကြောင့်၎င်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကို လှူသောကြောင့်၎င်း၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
'Viongozi wanapoongoza mbele ya Israeli, watu wanapojitolea kupigana vita, tunamsifu Bwana!
3 အိုရှင်ဘုရင်တို့ ကြားကြလော့။ အိုမင်းသားတို့ နားထောင်ကြလော့။ ငါသီချင်းဆိုမည်။ ထာဝရဘုရား အား သီချင်းဆိုမည်။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမည်။
Sikiliza, ninyi wafalme! Sikiliza kwa makini, ninyi viongozi! Mimi nitamwimbia Bwana; Nami nitamsifu Bwana, Mungu wa Israeli.
4 အိုထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ရိုးပေါ်မှ ကြွ၍ ဧဒုံတောမှ စစ်ချီတော်မူသောအခါ၊ မြေကြီးလှုပ်၍ မိုဃ်းရွာသဖြင့် မိုဃ်းတိမ်တို့မှ မိုဃ်းရေသည် စီးပါ၏။
Ee Bwana, wakati ulipotoka Seiri, ulipokwenda kutoka Edomu, nchi ilitetemeka, na mbingu pia ilitetemeka; pia mawingu yalitoa maji.
5 တောင်ရိုးတို့သည် ထာဝရဘုရားရှေ့တော်၌၎င်း၊ သိနာတောင်သည်လည်း ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၎င်း တုန်လှုပ်ပါ၏။
Milima ikatoka mbele ya uso wa Bwana; hata Mlima Sinai ukatetemeka mbele ya uso wa Bwana, Mungu wa Israeli.
6 အာနတ်သားရှံဂါမင်းလက်ထက်၌၎င်း၊ ယေလမင်းလက်ထက်၌၎င်း၊ လမ်းမတို့သည် ဆိတ်ညံလျက် ရှိ၍ ခရီးသွားသော သူတို့သည် လမ်းကြားတို့၌ လိုက်သွားရကြ၏။
Katika siku za Shamgari (mwana wa Anathi), katika siku za Jael, barabara kuu ziliachwa, na wale ambao walitembea tu walitumia njia za upepo.
7 ဣသရေလအမျိုး၌ မင်းဆက်ပြတ်လျက်ရှိ၏။ ငါဒေဗောရသည် မပေါ်၊ ငါသည် ဣသရေလအမျိုး၌ အမိမပေါ်ထွန်းမှီတိုင်အောင် မင်းဆက်ပြတ်လျက် ရှိ၏။
Kulikuwa na mashujaa wachache huko Israeli, mpaka mimi, Debora, nilipochukua amri- mama alichukua amri katika Israeli!
8 ဣသရေလအမျိုးသားတို့သည် ဘုရားသစ်တို့ကို ရွေးယူကြ၏။ ထိုအခါ သူတို့မြို့များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလအမျိုးသားလေးသောင်းတွင် ဒိုင်းလွှား တခု၊ လှံတစင်းမျှ မရှိ။
Walichagua miungu mpya, kulikuwa na vita katika malango ya jiji lakini bado hapakuwa na ngao au mikuki iliyoonekana kati ya watu elfu arobaini nchini Israeli.
9 စေတနာစိတ်ရှိ၍ ဆင်းရဲသားတို့တွင် မိမိကိုယ်ကို လှူသော ဣသရေလအမျိုး မင်းတို့အား ငါစိတ်နူးညွတ်၏။ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
Moyo wangu unawaendea wakuu wa Israeli, pamoja na watu ambao walijitolea -tunambariki Bwana kwa ajili yao!
10 ၁၀ ဖြူသော မြည်းကို စီးသောသူ၊ တရားမှုကို စီရင်သောသူ၊ လမ်း၌သွားသောသူတို့၊
Fikiria juu ya hili- ninyi ambao hupanda punda weupe mmeketi kwenye mazulia, nanyi mnaotembea njiani.
11 ၁၁ ရေကျင်းများအနားမှာ လက်ရဥစ္စာကို ဝေမျှသော သူတို့၏ အသံကို ကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား၏ တရားသောအမှု၊ ဣသရေလမြို့ရွာတို့၌ တရားသဖြင့် ပြုတော်မူသော အမှုတို့ကို ထိုအရပ်တို့တွင် ချီးမွမ်းကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား၏ လူတို့သည် မိမိတို့နေသော မြို့သို့ ပြန်သွားကြလိမ့်မည်။
Sikiliza sauti za wale wanaoimba kwenye maeneo ya kutekea maji. Huko wanasema tena juu ya matendo ya haki ya Bwana, na matendo ya haki ya wapiganaji wake katika Israeli. Ndipo watu wa Bwana wakashuka kwenye malango ya mji.
12 ၁၂ နိုးပါ၊ နိုးပါ၊ ဒေဗောရ။ နိုးပါ၊ နိုးပါ၊ သီချင်းဆိုပါ၊ အိုဗာရက်၊ ထပါ၊ အဘိနောင်သား၊ သင်ဘမ်းဆီး ချုပ်ထားသော သူတို့ကို ထုတ်ပြပါ။
Amka, amka, Debora! Amka, amka, imba wimbo! Simama, Baraka, na uwakamate wafungwa wako, wewe mwana wa Abinoamu.
13 ၁၃ ထိုအခါ ကျန်ကြွင်းသော သူတို့သည် သူရဲကြီးတို့ထံသို့ ဆင်းကြ၏။ ထာဝရဘုရား၏လူတို့သည် အစွမ်းတန်ခိုးကြီးသော သူတို့ထံသို့ ငါ့အဘို့ ဆင်းကြ၏။
Wale waliokoka wakaja chini kwa watu wenye nguvu; watu wa Bwana walikuja kwangu pamoja na mashujaa.
14 ၁၄ အာမလက်လူနေရာအနားမှာ နေရာကျသော သူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရအမျိုးထဲက မင်းများ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ၏။
Walikuja kutoka Efraimu, ambao mizizi yao iko katika Amaleki; watu wa Benyamini walikufuata. Wakuu wa Makiri walitoka, na kutoka Zebuloni wale wanaobeba fimbo ya afisa.
15 ၁၅ ဣသခါမင်းတို့သည်လည်း၊ ဒေဗောရ၌ ပါ၍ ဣသခါအမျိုးသည် ဗာရက်၏ လက်ရုံးဖြစ်၏။ ဗာရက်နောက်မှာ ချိုင့်ထဲသို့ ပြေးလိုက်ကြ၏။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံးပြ ဌာန်းခြင်း များကြ၏။
Na wakuu wangu katika Isakari walikuwa pamoja na Debora; na Isakari alikuwa na Baraka waliingia bobdeni kwa kasi chini ya amri yake. Miongoni mwa jamaa za Reubeni kulikuwa na utafutaji mkubwa wa moyo.
16 ၁၆ နောက်တဖန် သင်သည် သိုးမြည်သံကို နားထောင်ခြင်းငှါ တောင်ကြားမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး တွန့်တိုခြင်းများကြသည်တကား။
Kwa nini uliketi katikati ya moto, ukisikiliza wachungaji wakipiga filimbi yao kwa makundi yao? Na kwa jamaa za Reubeni kulikuwa na utafutaji mkubwa wa moyo.
17 ၁၇ ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ်တဘက်၌ ငြိမ်ဝပ်စွာ နေကြ၏။ ဒန်းအမျိုးသည် သင်္ဘောဆိပ် အနားမှာ အဘယ်ကြောင့် နေရစ်သနည်း။ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနားသင်္ဘော ဆိုက်ရာ ကွေ့တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာ နေသည်တကား။
Gileadi alikaa upande wa pili wa Yordani; na Dani, kwa nini alizunguka juu ya meli? Asheri alibakia pwani na akaishi karibu na bandari zake.
18 ၁၈ ဇာဗုလုန်အမျိုးသည် အသက်ကို စွန့်စားသည်တိုင်အောင် ရဲရင့်၍ နဿလိအမျိုးသည် မြင့်သော တောအရပ်၌ ထိုနည်းတူပြု၏။
Zabuloni lilikuwa kabila ambayo lingeweza kuhatarisha maisha yao mpaka kufikia kifo, Nafthali, pia, katika uwanja wa vita.
19 ၁၉ ရှင်ဘုရင်တို့သည် လာ၍ စစ်တိုက်ကြ၏။ ခါနနိရှင်ဘုရင်တို့သည် မေဂိဒ္ဒေါအိုင်၊ တာနက်မြို့အနားမှာ တိုက်သော်လည်း၊ ငွေကို လုယူ၍ မရကြ။
Wafalme walikuja, wakapigana; wafalme wa Kanaani wakapigana huko Taanaki karibu na maji ya Megido. Lakini hawakuondoa fedha kama nyara.
20 ၂၀ ကောင်းကင်မှ စစ်ကူကြ၏။ ကြယ်တို့သည် လှည့်ပတ်စဉ်အခါသိသရကို စစ်တိုက်ကြ၏။
Nyota zilipigana kutoka mbinguni, kutoka katika njia zao za mbinguni zilipigana na Sisera
21 ၂၁ ကိရှုန်မြစ်၊ စစ်မှုကြောင့် ကျော်စောသောမြစ်၊ ကိရှုန်မြစ်သည် ရန်သူတို့ကို ပယ်သွား၏။ အိုငါ့ဝိညာဉ်၊ သင်သည် ခွန်အား ကြီးသော သူကို နှိပ်နင်းပြီ။
Mto Kishoni uliwaondoa, mto ule wa kale, Mto Kishoni. Endelea mbele nafsi yangu, jipe nguvu!
22 ၂၂ ထိုအခါ မြင်းစီးသူရဲတို့သည် မြင်းကို နှင်လျက် နှင်လျက် စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာနှင့် ထိခိုက်လျက် ပြေးကြ၏။
Kisha sauti za hofu za farasi-kupiga mbio, kupigana kwa watu wake wenye nguvu.
23 ၂၃ မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက်၊ စစ်သူရဲတို့နှင့် ဝိုင်း၍ ထာဝရဘုရားဘက်သို့ မကူကြသောကြောင့်၊ မေရောဇမြို့ကို ကျိန်ကြလော့။ မြို့သားတို့ကို ပြင်းစွာ ကျိန်ကြလော့ဟု ထာဝရ ဘုရား၏ကောင်းကင်တမန်သည် မှာထား၏။
'Ilaani Meroz!' asema malaika wa Bwana. 'Hakika walaani wenyeji wake!' Kwa sababu hawakuja kumsaidia Bwana, kumsaidia Bwana katika vita dhidi ya mashujaa wenye nguvu.
24 ၂၄ ကေနိအမျိုးသား ဟေဗာ၏မယားယေလသည်၊ မိန်းမတကာတို့ထက် မြက်စွာသော မင်္ဂလာရှိ၏။ တဲ၌နေသော မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ၏။
Yaeli amebarikiawa zaidi kuliko wanawake wengine wote, Yaeli (mke wa Heberi Mkeni), amebarikiwa zaidi kuliko wanawake wote wanaoishi katika hema.
25 ၂၅ ထိုသူသည် ရေကို တောင်း၍ ယေလသည် နို့ကို ပေး၏။ မင်းသုံးသော ဖလားနှင့် နို့ဓမ်းကို ဆက်လေ၏။
Mtu yule aliomba maji, naye akampa maziwa; akamletea siagi katika sahani inayofaa kwa wakuu.
26 ၂၆ တဲတံသင်ကို ယူ၍ လက်ျာလက်နှင့် လက်ရိုက်ကို ကိုင်လျက် သိသရကို ရိုက်လေ၏။ သူ၏ ခေါင်းကို ထိုးရိုက်၍ နားပန်းကို ထုတ်ချင်းခွင်းဖောက်လေ၏။
Aliweka mkono wake kwenye kigingi cha hema, na mkono wake wa kuia katika nyundo ya mfanyakazi; kwa nyundo akampiga Sisera, alimpiga kichwani kwake. Aliligawanya fuvu lake vipande vipande wakati alipompiga pembeni ya kichwa chake.
27 ၂၇ သူသည် ယေလခြေရင်း၌ ကျ၍ လဲလျက် တုံးလုံးနေ၏။ ခြေရင်း၌ ကျလဲ၍ ကျရာအရပ်၌ သေလျက် လဲနေ၏။
Akaanguka katikati ya miguu yake, akaanguka akalala pale. Kati ya miguu yake akaanguka. Mahali alipoanguka ni pale ambapo aliuawa kwa ukatili.
28 ၂၈ သိသရအမိသည် ပြတင်းပေါက်ဝဖြင့် ကြည့်၍ ကုလားကာအတွင်း၌ နေလျက်၊ သူ၏ ရထားသည် အဘယ်ကြောင့် လာခဲသနည်း။ ရထားဘီးတို့သည် အဘယ်ကြောင့် နှေးသနည်းဟု မြည်တမ်းလေ၏။
Aliangalia dirishani - mama yake Sisera aliangalia kupitia kamba na akasema kwa huzuni, 'Kwa nini gari lakelimechelewa kuja? Kwa nini viboko vya farasi vinavyovuta magari yake vimechelewa? '
29 ၂၉ ပညာရှိသော မင်းသမီးတို့သည် ပြန်လျှောက်သည်သာမက၊ သူ့ကိုယ်တိုင် ပြန်ပြောသည်ကား၊
Wafalme wake wenye hekima walijibu, na yeye mwenyewe akajibu jibu lile
30 ၃၀ သူတို့သည် တွေ့၍ရသော ဥစ္စာကို ဝေဖန်လျက် နေကြသည်မဟုတ်လော။ စစ်သူရဲတို့အား အပျိုကညာ တယောက်နှစ်ယောက်စီ၊ သိသရဘို့ ပန်းဆိုးသော အဝတ်၊ ပန်းဆိုး၍ ချယ်လှယ်သော အဝတ်တန်ဆာ၊ အောင်သောသူတို့၏ လည်ပင်း၌ ဆင်စရာဘို့ ပန်းဆိုး၍ ချယ်လှယ်လျက် အဆင်းအရောင် ထူးခြား သော အဝတ်တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည် မဟုတ်လောဟု သိသရ၏ အမိသည် ဆိုတတ်၏။
'Je, hawakupata na kugawanya nyara? Tumbo, matumbo mawili kwa kila mtu; nyara ya kitambaa kilichofunikwa kwa Sisera, nyara ya kitambaa kilichofunikwa, nguo mbili za rangi iliyofunikwa kwa misumari ya wale waliopora?
31 ၃၁ အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကို ချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းလေ၏။
Naam, adui zako wote wataangamia, Ee Bwana! Lakini marafiki zako watakuwa kama jua wakati linapoongezeka kwa uwezo wake. Na nchi ikawa na amani kwa miaka arobaini.

< တရားသူကြီးမှတ်စာ 5 >