< တရားသူကြီးမှတ်စာ 21 >

1 ဣသရေလအမျိုးသားတို့သည် အဘယ်သူမျှ မိမိသမီးကို ဗင်္ယာမိန်အမျိုးသား၌ မပေးစားရမည် အကြောင်း၊ မိဇပါမြို့မှာ ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
İsrailliler Mispa'da, “Bizden hiç kimse Benyaminoğulları'na kız vermeyecek” diye ant içmişlerdi.
2 လူများတို့သည် ဘုရားသခင့် အိမ်တော်သို့ လာ၍ ဘုရားသခင့် ရှေ့တော်၌ ညဦးတိုင်အောင် နေလျက်၊ အသံကို လွှင့်၍ ငိုကြွေးလျက်၊-
Halk Beytel'e geldi. Akşama dek orada, Tanrı'nın önünde oturup hıçkıra hıçkıra ağladılar.
3 အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တမျိုး ချို့တဲ့ရသော အမှုသည် အဘယ်ကြောင့် ဖြစ်ရပါသနည်းဟု လျှောက်ဆိုကြ၏။
“Ey İsrail'in Tanrısı RAB!” dediler, “Bugün İsrail'den bir oymağın eksilmesine yol açan böyle bir şey neden oldu?”
4 နက်ဖြန်နံနက်စောစော လူများတို့သည် ထပြီးလျှင်၊ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ၏။
Ertesi gün erkenden kalkıp bir sunak yaptılar, orada yakmalık sunular ve esenlik sunuları sundular.
5 ဣသရေလအမျိုးသားတို့ကလည်း၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိ သတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်း မူကား၊ မိဇပါမြို့ထာဝရဘုရားထံတော်သို့ မလာဘဲ နေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကို ခံစေဟု ကြီးစွာသော ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
İsrailliler, “RAB'bin önüne çıkmak üzere toplandığımızda İsrail oymaklarından bize kimler katılmadı?” diye sordular. Çünkü Mispa'da, RAB'bin önünde toplandıklarında kendilerine katılmayanların kesinlikle öldürüleceğine dair ant içmişlerdi.
6 ဣသရေလအမျိုးသားတို့သည်လည်း၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက်၊ ဣသရေလ အမျိုးအနွယ် တို့တွင် ယနေ့တမျိုးဆုံးပြီ။
İsrailliler Benyaminli kardeşleri için çok üzülüyorlardı. “İsrail bugün bir oymağını yitirdi” dediler,
7 ငါတို့သည် ကိုယ်သမီးကို သူတို့အား မပေးစားရမည်အကြောင်း၊ ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊
“Sağ kalanlara eş olacak kızları bulmak için ne yapsak? Çünkü kızlarımızdan hiçbirini onlara eş olarak vermeyeceğimize RAB'bin adına ant içtik.”
8 ဣသရေလအမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲ နေသနည်းဟူ၍၎င်း မေးမြန်းလျှင်၊ ဂိလဒ်ပြည်ယာ ဗက်မြို့သားတယောက်မျှ စုဝေးရာ တပ်သို့ မရောက်မလာကြောင်းကို သိကြ၏။
Sonra, “Mispa'ya, RAB'bin önüne İsrail oymaklarından kim çıkmadı?” diye sordular. Böylece Yaveş-Gilat'tan toplantıya, ordugaha kimsenin gelmediği ortaya çıktı.
9 လူများတို့ကို ရေတွက်သောအခါ၊ ဂိလဒ်ပြည်ယာဗက်မြို့သားတယောက်မျှမပါ။
Çünkü gelenler sayıldığında Yaveş-Gilat'tan kimsenin olmadığı anlaşılmıştı.
10 ၁၀ ထိုအခါ စုဝေးသော သူတို့သည် စစ်သူရဲတသောင်းနှစ်ထောင်တို့ကို စေလွှတ်လျက်၊ သင်တို့သည် သွား၍ ဂိလဒ်ပြည် ယာဗက်မြို့သားယောက်ျား မိန်းမသူငယ်တို့ကို ထားနှင့်လုပ်ကြံကြလော့။
Bunun üzerine topluluk Yaveş-Gilat halkının üzerine on iki bin yiğit savaşçı gönderdi. “Gidin, Yaveş-Gilat halkını, kadın, çoluk çocuk demeden kılıçtan geçirin” dediler,
11 ၁၁ သို့ဆိုသော်၊ ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့်ဆက်ဆံသော မိန်းမအပေါင်းကို၎င်း၊ ရှင်းရှင်း ပယ်ရှားကြလော့ဟု မှာထားသည်အတိုင်း၊-
“Yapacağınız şu: Her erkeği ve erkek eli değmiş her kadını öldüreceksiniz.”
12 ၁၂ စစ်သူရဲတို့သည် ဂိလဒ်ပြည် ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာ မိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။
Yaveş-Gilat halkı arasında erkek eli değmemiş dört yüz kız bulup Kenan topraklarında bulunan Şilo'daki ordugaha getirdiler.
13 ၁၃ တဖန်စုဝေးသော သူအပေါင်းတို့သည်၊ ရိမ္မုန်ကျောက်၌နေသော ဗင်္ယာမိန်လူတို့ကို နှုတ်ဆက်၍ အသင့်အတင့်ခေါ်ခြင်းငှါ လူတို့ကို စေလွှတ်ကြ၏။
Ardından bütün topluluk Rimmon Kayalığı'ndaki Benyaminoğulları'na aracılar göndererek barış yapmayı önerdi.
14 ၁၄ ထိုအခါ ဗင်္ယာမိန်လူတို့သည် လာပြန်၍၊ ဣသရေလလူတို့သည် အရှင်ချန်ထားသော ဂိလဒ်ပြည် ယာဗက်မြို့သူ မိန်းမတို့နှင့် ပေးစားကြ၏။ သို့သော်လည်း မိန်းမတို့သည် မလောက်မကြေ။
Bunun üzerine Benyaminoğulları döndü. Topluluk Yaveş-Gilat halkından sağ bırakılan kızları onlara eş olarak verdi. Ama kızların sayısı Benyaminoğulları için yine de yeterli değildi.
15 ၁၅ ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးအနွယ်တို့တွင် ပြိုပျက်ရာကို ပြုတော်မူသောကြောင့်၊ ဣသရေလလူတို့သည် ဗင်္ယာမိန်အတွက် နောင်တရကြ၏။
İsrail halkı Benyaminoğulları'nın durumuna çok üzülüyordu. Çünkü RAB İsrail oymakları arasında birliği bozmuştu.
16 ၁၆ စုဝေးရာ ပရိသတ် အသက်ကြီးသူတို့ကလည်း၊ ဗင်္ယာမိန် အမျိုးထဲက မိန်းမတို့ကို ပယ်ရှင်း သောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊-
Topluluğun ileri gelenleri, “Benyaminoğulları'nın kadınları öldürüldüğüne göre, kalan erkeklere eş bulmak için ne yapsak?” diyorlardı,
17 ၁၇ ဣသရေလအမျိုးတို့တွင် တမျိုးကို မပျောက်စေခြင်းငှါ သေဘေးမှ လွှတ်သော ဗင်္ယာမိန်လူတို့ အမွေ ခံစရာမြေရှိရမည်။
“İsrail'den bir oymağın yok olup gitmemesi için sağ kalan Benyaminoğulları'nın mirasçıları olmalı.
18 ၁၈ သို့သော်လည်း အကြင်သူသည် ဗင်္ယာမိန်လူ၌ သမီးကို ပေးစား၏။ ထိုသူသည် ကျိန်အပ်သောသူ ဖြစ်စေဟု ဣသရေလလူတို့သည် ကျိန်ဆိုခြင်းကို ပြုသောကြောင့် ငါတို့သည် ကိုယ်သမီးတို့ကို မပေး စားရဟူ၍၎င်း၊
Biz onlara kızlarımızdan eş veremeyiz. Çünkü Benyaminoğulları'na kız veren her İsrailli lanetlenecek diye ant içtik.”
19 ၁၉ ဗေသလမြို့ မြောက်ဘက်၊ ဗေသလမြို့မှ ရှေခင်မြို့သို့သွားသောလမ်း အရှေ့ဘက်၊ လေဗောနမြို့တောင် ဘက်၊ ရှိလောမြို့နယ်တွင် ထာဝရဘုရားအဘို့ နှစ်စဉ် ပွဲခံတတ်သည်ဟူ၍၎င်း၊ တိုင်ပင်ကြသည်နှင့် အညီ၊-
Sonra, “Bakın, Şilo'da her yıl RAB adına bir şölen düzenleniyor” diye eklediler. Şilo Beytel'in kuzeyinde, Beytel'den Şekem'e giden yolun doğusunda, Levona'nın güneyindedir.
20 ၂၀ ဗင်္ယာမိန်လူတို့ကို ခေါ်၍ သင်တို့သည် သွားကြလော့။ စပျစ်ဥယျာဉ်တို့၌ ချောင်းမြောင်းလျက်နေ ကြလော့။ ရှိလောမြို့သမီးတို့သည် ပွဲခံအံ့သောငှါ ကလျက်လာကြသောအခါ၊-
Böylece Benyaminoğulları'na, “Gidip bağlarda gizlenin” diye öğüt verdiler,
21 ၂၁ စပျစ်ဥယျာဉ်ထဲက ထွက်ပြီးလျှင်၊ ထိုမြို့သမီးတို့ကို အသီးအသီး ကိုယ်မယားဖြစ်စေဘို့ ဘမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ဆောင်သွားကြလော့။
“Gözünüzü açık tutun. Şilolu kızlar dans etmeye kalkınca bağlardan fırlayıp onlardan kendinize birer eş kapın ve Benyamin topraklarına götürün.
22 ၂၂ သူတို့အဘနှင့်မောင်တို့သည် ငါတို့ထံသို့လာ၍ အမှုလုပ်သောအခါ၊ ငါတို့က ငါတို့မျက်နှာကို ထောက်၍ သူတို့ကို သနားကြပါ။ စစ်တိုက်ရာတွင် သူတို့ အသီးအသီးဆိုင်သော မယားတို့ကို သူတို့ အဘို့ ငါတို့သည် မချန်မထားမိပါ။ သင်တို့၌ အပြစ်ရောက်စေခြင်းငှါ ယခုပေးစားကြသည် မဟုတ်ဟု သူတို့အား ပြန်ပြောမည်ဟု မှာထားကြသည်အတိုင်း၊-
Kızların babaları ya da erkek kardeşleri bize yakınmaya gelirse, ‘Benyaminoğulları'nı hatırımız için bağışlayın’ diyeceğiz, ‘Savaşarak aldığımız kızlar hepsine yetmedi. Siz de kendi kızlarınızı isteyerek vermediğinize göre suçlu sayılmazsınız.’”
23 ၂၃ ဗင်္ယာမိန်လူတို့သည်ပြု၍ ပွဲခံလျက်ကသော မိန်းမတို့ကို ကိုယ်အရေအတွက်အတိုင်း မယားဖြစ်ဘို့ ရာ ဘမ်းဆီး၍ ယူသွားကြ၏။ ကိုယ်အမွေခံရာမြေသို့ ပြန်ရောက်ပြီးလျှင်၊ မြို့တို့ကို အသစ်ပြင်ဆင်၍ နေကြ၏။
Benyaminoğulları da böyle yaptılar. Kızlar dans ederken her erkek bir kız kapıp götürdü. Kendi topraklarına gittiler, kentlerini onarıp yerleştiler.
24 ၂၄ ထိုအခါ ဣသရေလလူအပေါင်းတို့သည်လည်း ကိုယ်အမျိုး၊ ကိုယ်အဆွေနေရာ ကိုယ်အမွေခံရာမြေ သို့ ပြန်သွားကြ၏။
Ardından İsrailliler de oradan ayrılıp kendi topraklarına, oymaklarına, ailelerine döndüler.
25 ၂၅ ထိုကာလ၌ ဣသရေလရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။
O dönemde İsrail'de kral yoktu. Herkes kendince doğru olanı yapıyordu.

< တရားသူကြီးမှတ်စာ 21 >