< တရားသူကြီးမှတ်စာ 17 >

1 မိက္ခာအမည်ရှိသော ဧဖရိမ်တောင်သား တယောက်ရှိ၏။
Kulikuwa na mtu katika nchi ya vilima ya Efraimu, na jina lake ni Mika.
2 သူသည် အမိအား၊ အိုအမေ၊ ပျောက်သောငွေ၊ အကျွန်ုပ်ရှေ့မှာ ကျိန်ဆဲသော စကားကို ပြောသော ငွေဆယ်တပိဿာသည် အကျွန်ုပ်၌ ရှိပါ၏။ အကျွန်ုပ်ယူမိပြီဟု ဆိုသော်၊ အမိက၊ ငါ့သား၊ ထာဝရ ဘုရားကောင်းကြီး ပေးတော်မူပါစေသောဟု ဆို၏။-
Akamwambia mama yake, “Shilingi 1, 100 za fedha ambazo zilichukuliwa kutoka kwako, ambazo ulizungumza kwa kiapo, na kuniambia-tazama hapa! Ninazo fedha pamoja nami. Nimeziiba.” Mama yake akasema, 'Na Bwana atakubariki, mwanangu!'
3 ထိုငွေဆယ်တပိဿာကို အမိအား ပြန်ပေးသောအခါ၊ အမိက၊ ငါ့သားသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်စရာဘို့ ဤငွေရှိသမျှကို ထာဝရဘုရားအား ငါပူဇော်နှင့်ပြီ။
Alirejesha vipande 1, 100 vya fedha kwa mama yake na mama yake akasema, “Nimeweka fedha hii kwa Bwana, kwa ajili ya mwanangu kuifanya na kuchonga takwimu za chuma.
4 သို့ဖြစ်၍ ငါ့သားအား ယခု ငါပြန်ပေးမည်ဟု ဆိုသော်လည်း၊ သားသည် ထိုငွေကို အမိအား ပြန်ပေး၏။ အမိသည်လည်း နှစ်ပိဿာကိုယူ၍ ပန်းတိမ်သမား၌ အပ်သဖြင့်၊ သူသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်၍ ရုပ်တုတို့သည် မိက္ခာအိမ်၌ ရှိ၏။
Kwa hiyo sasa, ninawarejesha.” Alipokuwa amrudishia mama yake fedha, mama yake alichukua vipande mia mbili za fedha na akawapa mfanyakazi wa chuma ambaye aliwafanya kuwa sanamu na kuchonga takwimu za chuma, na wakawekwa ndani ya nyumba ya Mika.
5 ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ၍၊ သင်တိုင်းတော်နှင့် တေရပ်ရုပ်တုကို လုပ်ပြီးမှ၊ မိမိ သားတယောက်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။
Mtu huyo Mika alikuwa na nyumba ya sanamu, naye akafanya efodi na nyumba ya miungu, naye akaajiri mmoja wa wanawe awe mkuhani wake.
6 ထိုကာလ၌ ဣသရေလရှင် ဘုရင်မရှိ။ လူတိုင်း မိမိစိတ် အလိုရှိသည်အတိုင်း ပြုသတည်း။
Siku hizo hapakuwa na mfalme huko Israeli, na kila mtu alifanya yaliyo sawa machoni pake.
7 ယုဒအမျိုးနှင့် စပ်ဆိုင်သော ဗက်လင် ယုဒမြို့သား လေဝိအမျိုး လုလင်တယောက်သည်၊ ဗက်လင် မြို့မှာ တည်းခို၍ နေပြီးလျှင်၊-
Kisha kulikuwa na kijana mmoja wa Bethlehemu huko Yuda, wa jamaa ya Yuda, ambaye alikuwa Mlawi. Alikaa huko ili kutimiza majukumu yake.
8 တဖန် ထွက်သွား၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့်၊ ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်လေ၏။
Mtu huyo aliondoka Bethlehemu huko Yuda kwenda kutafuta mahali pa kuishi. Alipokuwa akienda, afika nyumbani kwa Mika katika nchi ya mlima wa Efraimu.
9 မိက္ခာကလည်း၊ သင်သည် အဘယ်က လာသနည်းဟု မေးသော်၊ လုလင်က၊ ငါသည် ယုဒခရိုင် ဗက်လင်မြို့သား လေဝိလူဖြစ်၏။ တည်းခိုစရာအရပ်ကို ရှာ၏ဟု ပြန်ပြောသော်၊-
Mika akamwambia, Unatoka wapi? Huyo mtu akamwambia, Mimi ni Mlawi wa Bethlehemu huko Yuda, ninakwenda kutafuta mahali nipate kuishi.
10 ၁၀ မိက္ခာက၊ အကျွန်ုပ်နှင့်အတူ နေပါ။ အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ်လုပ်ပါ။ အကျွန်ုပ်သည် တနှစ်တနှစ်လျှင် ငွေအကျပ်တဆယ်နှင့် အဝတ်စုံကို၎င်း၊ စားစရာကို၎င်း ပေးပါမည် ဟု ပင့်ဘိတ်သောအခါ၊ လေဝိဘူသည် ဝင်၍၊-
Mika akamwambia, “kaa pamoja nami, uwe baba yangu na kuhani wangu. Nitawapa vipande kumi vya fedha kwa mwaka, suti ya nguo, na chakula chako.” Basi Mlawi akaingia nyumbani mwake.
11 ၁၁ ထိုသူနှင့်အတူနေခြင်းငှါ အလိုရှိသဖြင့် သားကဲ့သို့ ဖြစ်လေ၏။
Mlawi alikuwa na furaha ya kuishi na mtu huyo, na huyo kijana kwa Mika akawa kama mmoja wa wanawe.
12 ၁၂ မိက္ခာသည်လည်း၊ ထိုလေဝိလုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသည်အတိုင်း၊ လုလင်သည် ယဇ်ပုရောဟိတ် လုပ်၍ မိက္ခာအိမ်၌ နေ၏။
Mika akamtenga Mlawi kwa ajili ya kazi takatifu, na huyo kijana akawa kuhani wake, naye alikuwa katika nyumba ya Mika.
13 ၁၃ မိက္ခာကလည်း၊ ယခုမှာ လေဝိလူသည် ငါ၏ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ငါ၌ ကျေးဇူးပြုတော်မူမည်ကို ငါသိသည်ဟု ဆို၏။
Ndipo Mika akasema, Sasa najua ya kuwa Bwana atanifanyia mema, kwa kuwa Mlawi huyu amekuwa kuhani wangu.

< တရားသူကြီးမှတ်စာ 17 >