< တရားသူကြီးမှတ်စာ 14 >

1 တရံရောအခါ၊ ရှံဆုန်သည် တိမနတ်မြို့သို့ သွား၍၊ ထိုမြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်လျှင်၊
Samsoni akashuka kwenda Timna, na huko akaona mwanamke, mmojawapo wa binti za Wafilisti. Aliporudi, akamwambia baba yake na mama yake,
2 မိဘထံသို့ ပြန်လာ၍၊ တိမနတ်မြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်ခဲ့ပြီ။ ကျွန်ုပ် ကြင်ဘက်ဖြစ်ဘို့ရာ တောင်း၍ ပေးပါဟုဆိုသော်၊
'Nimemwona mwanamke huko Timna, mmojawapo wa binti za Wafilisti. Sasa mkanichukulie awe mke wangu.
3 မိဘတို့က၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား၍ ယူရမည် အကြောင်း၊ သင်၏ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတယောက်မျှ မရှိလောဟု ဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကို တောင်း၍ ပေးပါ။ အလွန်နှစ်သိမ့်ပါသည်ဟု အဘအား ပြောဆို၏။
Baba yake na mama yake wakamwambia, “Je, hakuna mwanamke kati ya binti za ndugu zako, au kati ya watu wetu wote? Je! Utachukua mke kutoka kwa Wafilisti wasiotahiriwa?” Samsoni akamwambia baba yake, “Nichukulie kwa ajili yangu, kwa maana wakati nilipomwangalia, alinipendeza.'
4 ထာဝရဘုရားစီရင်တော်မူသောအားဖြင့်၊ ရှံဆုန်သည် ဖိလိတ္တိလူတို့၌ အမှုရှာကြောင်းကို မိဘတို့သည် မရိပ်မိကြ။ ထိုကာလ၌ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို အုပ်စိုးသတည်း။
Lakini baba yake na mama yake hawakujua kwamba suala hili lilikuja kutoka kwa Bwana, kwa maana alitaka kutengeneza mgogoro na Wafilisti (kwa wakati huo Wafilisti walikuwa wakitawala Israeli).
5 ထိုအခါ ရှံဆုန်သည် မိဘနှင့်တကွ တိမနတ်မြို့သို့ သွား၍၊ တိမနတ်စပျစ်ဥယျာဉ်များသို့ ရောက်လျှင်၊ ခြင်္သေ့ပျိုတကောင်သည် သူ့ကိုတွေ့၍ ဟောက်လေ၏။
Basi Samsoni akaenda Timna pamoja na baba yake na mama yake; nao wakafika kwenye mashamba ya mizabibu ya Timna. Na, tazama, kuna simba mdogo wa alikuja na alikuwa akiunguruma.
6 ထိုအခါ ရှံဆုန်လက်၌ တစုံတခုမျှ မပါသော်လည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် ဆိတ်သငယ်ကို ဆွဲဖြတ်သကဲ့သို့ ထိုခြင်္သေ့ကို ဆွဲဖြတ်၏။ သို့ရာတွင် မိမိပြုသော အမှုကို မိဘတို့အား မကြားမပြောဘဲ နေ၏။
Roho wa Bwana ghafla akaja juu yake, naye akamrarua simba kwa urahisi kama ambavyo angeweza kumrarua mbuzi mdogo, naye hakuwa na kitu mkononi mwake. Lakini hakuwaambia baba au mama yake kile alichofanya.
7 မြို့သို့ ရောက်၍ မိန်းမနှင့် နှုတ်ဆက်သဖြင့် ရှံဆုန်သည် နှစ်သိမ့်၏။
Alikwenda na kuzungumza na mwanamke, na alipopomtazama, alimpendeza Samsoni.
8 အချိန်စေ့၍ ထိုမိန်းမကို သိမ်းယူခြင်းငှါ သွားစဉ်အခါ၊ ခြင်္သေ့အကောင်ကို ကြည့်ရှုအံ့သောငှါ၊ လမ်းမှ လွှဲသွား၍ ခြင်္သေ့အကောင်ထဲမှာ ပျားအုံနှင့် ပျားရည်ရှိသည်ကို တွေ့မြင်လျှင်၊
Siku chache baadaye aliporudi kumwoa, akageuka na kutafuta mzoga wa simba. Na, tazama, kulikuwa na kundi la nyuki na asali katika kile kilichobaki katika mwili wa simba.
9 နှိုက်ယူ၍စားလျက် ခရီးသွားလေ၏။ မိဘထံသို့ ရောက်သော် ပေး၍ သူတို့သည်လည်း စားကြ၏။ သို့ရာတွင် ထိုပျားရည်ကို ခြင်္သေ့အကောင်ထဲက နှိုက်ယူကြောင်းကို မကြားမပြောဘဲ နေ၏။
Akaweka asali mikononi mwake na akaenda, akala huku akienda. Alipokuja kwa baba yake na mama yake, akawapa, nao wakala. Lakini hakuwaambia kuwa amechukua asali nje ya kile kilichobaki kwenye mwili wa simba.
10 ၁၀ အဘသည်လည်း၊ မိန်းမနေရာအရပ်သို့ သွားပြန်၍ ရှံဆုန်သည် လူပျိုထုံးစံအတိုင်း ပွဲလုပ်လေ၏။
Baba yake Samsoni akaenda chini alipokuwa mwanamke, na Samsoni akafanya sikukuu huko, kwa maana hii ilikuwa desturi ya vijana.
11 ၁၁ ထိုအရပ်သားတို့သည် ရှံဆုန်ကို မြင်သောအခါ၊ သူနှင့်အတူ ပွဲခံခြင်းငှါ အပေါင်းအဘော်သုံးဆယ်တို့ကို ခေါ်ခဲ့ကြ၏။
Mara tu ndugu zake walipomwona, walimletea rafiki zao thelathini kuwa pamoja naye.
12 ၁၂ ရှံဆုန်ကလည်း၊ သင်တို့အား စကားဝှက်ကို ငါပြောမည်။ ပွဲခံရာခုနစ်ရက်တွင် ဘော်ပြနိုင်လျှင် ခြုံထည် သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါပေးမည်။
Samsoni akawaambia, Hebu nawaambieni kitendawili. Ikiwa mmoja wenu anaweza kuipata na kuniambia jibu wakati wa siku saba za sikukuu, nitatoa nguo za kitani thelathini na seti ya nguo thelathini.
13 ၁၃ မဘော်မပြနိုင်လျှင် သင်တို့သည် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါ့အား ပေးရမည်ဟုဆိုသော် သူတို့က၊ သင့်စကားဝှက်ကို ငါတို့အား ကြားပြောပါဟု ဝန်ခံကြ၏။
Lakini ikiwa hamuwezi kuniambia jibu, basi utanipa nguo za kitani thelathini na seti za nguo thelathini. ' Wakamwambia, Utuambie kitendawili chako, ili tukisikie.
14 ၁၄ ရှံဆုန်ကလည်း၊ စားတတ်သောသူ၏အထဲက အစာ၊ သန်စွမ်းသော သူ၏အထဲက အချိုထွက်လေစွဟု ဆို၏။ ထိုစကားဝှက်အနက်ကို သူတို့သည် သုံးရက်ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။
Akawaambia, 'Kati ya mtu aliyekula alikuwa kitu cha kula; nje ya nguvu ilikuwa kitu tamu. Lakini wageni wake hawakuweza kupata jibu katika siku tatu.
15 ၁၅ စတုတ္ထနေ့ရောက်မှ၊ သူတို့က၊ သင်၏လင်သည် စကားဝှက်အနက်ကို ဘော်ပြစေခြင်းငှါ သူ့ကို ချော့မော့ ရမည်။ သို့မဟုတ် သင်နှင့်တကွ သင့်အဆွေအမျိုးကို မီးရှို့မည်။ ငါတို့ဥစ္စာကို လုယူခြင်းငှါ ငါတို့ကို ခေါ်ဘိတ်သလောဟု ရှံဆုန်၏ မယားကို ဆိုသောကြောင့်၊
Siku ya nne wakamwambia mkewe Samsoni, 'Mdanganye mume wako ili atuambie jibu la kitendawili, au tutakuchoma moto wewe na nyumba ya baba yako. Je, umetualika hapa ili kutufanya maskini? '
16 ၁၆ သူသည် လင်ရှေ့မှာ ငိုကြွေး၍ သင်သည် ငါ့ကို မချစ် မုန်းပါ၏။ ငါ့အမျိုးသားချင်းတို့အား စကားဝှက်ကို ပြောသော်လည်း၊ အနက်ကို ငါ့အား မပြပါတကားဟု ဆို၏။ ရှံဆုန်ကလည်း၊ ငါသည် ကိုယ်မိဘကိုမျှ မပြဘဲ သင့်အား ပြရမည်လောဟုဆိုသော်လည်း၊
Mke wa Samsoni alianza kulia mbele yake; Akasema, 'Yote unayoyafanya ni kunichukia! Hunipendi. Umesema kitendawili kwa baadhi ya watu wangu, lakini hujawaambia jibu. ' Samsoni akamwambia, 'Angalia hapa, kama sijawaambia baba yangu au mama yangu, nikuambie wewe?'
17 ၁၇ ပွဲခံရာခုနစ်ရက်စေ့အောင် လင်ရှေ့မှာ ငိုကြွေး၍ ခုနစ်ရက်မြောက်သော နေ့၌ အလွန်ပူဆာသော ကြောင့် အနက်ကို ဘော်ပြ၏။ မိန်းမသည်လည်း အမျိုးသားချင်းတို့အား ပြန်ပြောလေ၏။
Alilia kwa siku saba ambazosikukuu yao iliendelea. Siku ya saba alimwambia jibu kwa sababu alimlazimisha sana. Akawaambia jibu jamaa zake.
18 ၁၈ မြို့သားတို့သည် ခုနစ်ရက်မြောက်သောနေ့ နေမဝင်မှီလာ၍ ပျားရည်ထက် အဘယ်အရာ ချိုသနည်း။ ခြင်္သေ့ထက် အဘယ်အရာ သန်စွမ်းသနည်းဟု ဘော်ပြကြ၏။ ရှံဆုန်ကလည်း၊ သင်တို့သည် ငါ့နွားမပျို နှင့် မထွန်လျှင် ငါ့စကားဝှက်အနက်ကို ရှာ၍ မတွေ့ဟုဆို၏။
Na watu wa mji wakamwambia, siku ya saba kabla ya jua kuzama, 'Ni nini kilicho bora zaidi kuliko asali? Ni kitu gani chenye nguvu kuliko simba? ' Samsoni akawaambia, 'Ikiwa hamkulima na ng'ombe wangu, hamtapata jibu la kitendawili changu.'
19 ၁၉ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် အာရှကေလုန်မြို့ သို့ သွား၍ မြို့သားသုံးဆယ်ကို သတ်ပြီးမှ သူတို့ဥစ္စာကို လုယူ၍ စကားဝှက်အနက်ကို ဘော်ပြသော သူတို့အား အဝတ်စုံတို့ကို ပေးပြီးမှ၊ အမျက်ထွက်၍ မိမိအဘအိမ်သို့ ပြန်သွားလေ၏။
Kisha Roho wa Bwana akaja kwa Samsoni kwa nguvu. Samsoni akashuka kwenda Ashkeloni na kuuawa watu thelathini kati ya watu hao. Akachukua mateka yao, na akawapa seti ya nguo kwa wale waliomjibu kitendawili chake. Alikasirika akaenda nyumbani kwa baba yake.
20 ၂၀ မယားကို ကားရှံဆုန်ပေါင်းဘော်သော အဆွေခင်ပွန်းအား ပေးစားသတည်း။
Na mke wake akachukuliwa na rafiki yake wa karibu.

< တရားသူကြီးမှတ်စာ 14 >