< ယုဒ 1 >

1 ယေရှုခရစ်၏ ကျွန်ဖြစ်သောယာကုပ်ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မတော်မူသော သူတို့ကို ကြားလိုက်ပါ၏။
Hiche lekhathot hi Yeshua Christa soh le Jacob sopipa, Jude a kon ahi. Keiman, nangailu uleh Yeshua Christa venbitna noiya nahongbit jinguvah, Pa Pathen in akouho jouse dinga hiche lekhathot hi kahinjih ahi.
2 သင်တို့၌ကရုဏာရှိပါစေသော။ ငြိမ်သက်ခြင်း နှင့်ချစ်ခြင်းများ ပြားပါစေသော။
Pathen in nangho hepina, cham-lungmonna chule ngailutna napeh be jingu hen.
3 ချစ်သူတို့၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး၍ ပေးလိုက် ခြင်းငှါ ငါသည်အလွန်ကြိုးစားသည်တွင်၊ သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်း တရား ဘက်မှာ သင်တို့သည် ကြိုးစား၍တိုက်လှန်စေခြင်းငှါ နှိုးဆော်သွေးဆောင်၍ ရေးလိုက်ရသောအကြောင်းရှိ၏။
Deitah teho, keiman nangho henga eiho jousen chan ineikhom'u huhhingna thudol hi kahinjih got ahi. Hinlah tun keiman achom dang khat, Pathen in amithengte henga khatveiya apehdoh tahsanna a pandet ding thujoh hi jihlouva phamo dan in kagel tai.
4 အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကိလေသာ၏ ညစ်ညူးခြင်း အလိုငှါမှောက်လှန်လျက်၊ တပါးတည်း အစိုးရတော်မူသောအရှင်၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှါ ရှေးကစီရင် မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။
Hiche kiseilona ajeh hi Pathen ngaisahlou phabep nahoubung sung uvah ahunglut un, Pathen milungsetna kidangtah hin thenlouna hinkho man aphatsah dan'in aseidoh'uvin ahi. Hitobang mi ho themmo channa hi masang apat'a kisun ahitai, ajehchu amahohin Ipipu'u khatseh le IPakaiyu aseilep un ahi.
5 ထို့ကြောင့် သင်တို့သည်သိနှင့်သော်လည်း ငါသည် သတိပေး၍ ပြောချင်သော အကြောင်းအရာ ဟူမူကား၊ ထာဝရဘုရားသည် ဣသရေလ လူတို့ကို အဲဂုတ္တုပြည်မှ ကယ်လွှတ်တော်မူပြီးလျှင်၊ မယုံကြည်သော သူတို့ကိုတဖန် ဖျက်ဆီးတော်မူ၏။
Hijeh a chu, hicheho jouse hi nahetsau hijongleh avel a kageldohsah nomu chu, Pakai chun Israel nam mite chu amasatah in Egypt'a konin ahuhdoh in, hinlah tahsan theitah a umjom louho chu khonungin asumangin ahi.
6 ထိုမှတပါး၊ မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှါ၊ ထာဝရ ချည်နှောင်ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော် မူ၏။ (aïdios g126)
Chule Pathen in thuneina ahibep apeh kalvala chon, aumnau mun dalha a potdoh vantil ho chu muthim lah a songkul'a thihkhauva ahen chahkheh a, athutanna niloupini chu ngah a uma ahiu chu keiman kageldoh sah kit nahiuve. (aïdios g126)
7 ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့်ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေထင်ရှားလျက်ရှိကြ၏။ (aiōnios g166)
Chule Sodom le Gomorrah chule akinaipi khopi ho chu thenlouna jonthanhoina chule numei le pasal kingaichatna phalou dimset ahiuve ti sumil hih un. Hiche khopiho chu meiyin suhmangin aumin, tonsot meidil a Pathen thutanna um dinga gihna ahitai. (aiōnios g166)
8 ယခုယောင်ယမ်းသောအဓမ္မလူတို့သည်၊ ရှေးနည်းတူမိမိတို့ ကိုယ်ကိုညစ်ညူးစေ၍၊ အာဏာစက် ကိုပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ၏။
Hitima chun, hiche mi ho–amangmat uva kona thuneitah'a kigel ho hin, thenlouna in hinkho amanguvin, thuneiho anelkal uvin, chule boltheina kidang bol ho jong ajontaiyun ahi.
9 ကောင်းကင်တမန် မင်းမိက္ခေလမူကား၊ မောရှေ၏ ကိုယ်ကို အကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူစေ သတည်းဟူ၍ သာပြောဆို၏။
Hinlah Michael, vantil lah'a athanei pen khat, jeng jong chun Diabol chu taitoma houset angampon, hinlah, “Pakaiyin nasamse hen,” tibou aseiye. (Hiche hi Michael'in Mose long chungchanga Diabol toh akinel pet a thilsoh ahi).
10 ၁၀ ထိုသူတို့မူကား၊ မိမိတို့နားမလည်သောအရာများကို ကဲ့ရဲ့တတ်ကြ၏။ တိရစ္ဆာန်ကဲ့သို့ ပကတိအတိုင်း မိမိတို့နားလည်သော အရာများဖြင့် မိမိတို့ကိုပုပ်ပျက်စေတတ်ကြ၏။
Hinlah hiche mihohin ahetchenlouvu thil ho chu nuisat hoh'in aneiyuve. Amaho hi lunggel asuhsah neilou gancha ho bangin, ahinauvin ahinphut dung juiyin amoh bolbol uvin, chuti chun amahotah in amanthahna diu akiloilut jiuve.
11 ၁၁ သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကာဣနနောက်သို့လိုက်ကြ၏။ အခကိုရခြင်းငှါ ဗာလမ်မှားယွင်းသကဲ့သို့ အလွန်မှားယွန်းခြင်းရှိကြ၏။ ကောရ၏ငြင်းခုံခြင်းအပြစ်နှင့် ဖျက်ဆီးခြင်းသို့ရောက် ကြ၏။
Amaho hi itobang lunggimnan angau hitam! Ajehchu amahon asopipa thatpa, Cain lampi chu ahotauve. Balaam bangin, miho sum deichatnan alhemlhauve. Chule Korah bangin, doulung aputnauva amah thahlo tauve.
12 ၁၂ မေတ္တာပွဲလုပ်၍ သင်တို့နှင့်အတူ စားသောက်သောအခါ အားမနာဘဲ၊ မိမိတို့ကိုဝစွာကျွေး၍ ပွဲ၌ အစွန်းအကွက်ဖြစ်ကြ၏။ ရေမရှိ၊ လေတိုက်၍လွင့်သော မိုဃ်းတိမ်ကဲ့သို့၎င်း၊ ညှိုးနွမ်း၍ အသီးမတင်၊ နှစ်ကြိမ် သေ၍ နှုတ်ပစ်သော သစ်ပင်ကဲ့သို့၎င်း၊
Hiche mihotoh hin Pakai ngailutna geldohna a an nehkhom nanei tengu leh, amaho hi twinoiya songpi um tobang, nakong'u kesah thei ahiuve. Amaho hi jachatna neilou kelngoi ching amabou kikhohsah ho ahiuve. Amaho hi leiset chung lama hung kitol lea ahiala go a julhalou meibol tobangbep ahiuve. Amaho hi chavang laiya thingphung, nivei thisa, aga sodohlou ajung geiya kibotdoh tobang ahiuve.
13 ၁၃ မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့၎င်း၊ ကြယ်ပျံကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။ (aiōn g165)
Amaho hi twikhanglen kinong husetah tobang, jachat umtah athilsebol'u twiphon kinotkhom banga umho ahiuve. Amahohi ahsi-somleng tobang ahiuvin, tonsot'a themmo changa muthim lhangkhal kihehlah a dinga gotsa ahiuve. (aiōn g165)
14 ၁၄ အာဒံမှဆင်းသက်၍ ခုနှစ်ဆက်မြောက်သောသူ ဧနောက်က၊ ထာဝရဘုရားသည် ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသောအဓမ္မအမှုရှိသမျှတို့၏ အပြစ်ကို၎င်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ပြောသောကြမ်းတမ်းသော စကား ရှိသမျှတို့၏ အပြစ်ကို၎င်းဘော်ပြခြင်းငှါ၊
Adam'a pat khang sagi lhina a anahing, Enoch chun hiche mite chungchang ah gaothu anaseidoh e. Aman aseiyin, “Ngaiyun! Pakai chu amitheng sim a simjoulou asang sang hotoh ahunguve.
15 ၁၅ အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွကြွလာတော် မူလိမ့်မည်ဟု ပရောဖက်ပြု၍ ဟောပြောလေ၏။
Vannoi mite chungthu tan dinga hung ahi. Aman mitin Pathen ngaisahlouna a athilbol'u le amadouna a jachatsahna dinga athusei dohhouva kona ahetphotsah ding ahi” ati.
16 ၁၆ ထိုသူတို့သည် မြည်တမ်း၏ အပြစ်တင်တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ၊ ထောင်လွှားသော စကားကိုပြောတတ်သောသူ၊ ကိုယ်အကျိုးစီးပွားကြောင့် သူ့မျက်နှာကို ထောက်ထား ခန့်ညားတတ်သော သူဖြစ်ကြ၏။
Hiche mite hi phunchel hat le mi-oimo hat ahiuvin, alung ngaichat u suhbulhitna dinga bou hinga ahiuve. Ama ho hin achungchang thubou ahaseiphong uvin, chule alung ngaichat u akimu theina teiding uvin midang aseiseuvin ahi.
17 ၁၇ ချစ်သူတို့၊ နောက်ဆုံးသောကာလ၌၊ မိမိတို့မတရားသော တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊ ပြက်ယယ်ပြုတတ်သော သူတို့သည် ပေါ်ကြလိမ့်မည်ဟု
Hinlah nangho, kagol ngaitahten, IPakaiyu Yeshua Christa solchah hon ipi anaseiyu nageldoh dingu ahi.
18 ၁၈ ငါတို့သခင်ယေရှုခရစ်၏ တမန်တော်တို့သည် ဟောပြောနှင့်သော စကားများကို အောက်မေ့ကြလော့။
Amahon ninunung phattengleh mitaitom hat, ama lung ngaichat phalou suhbulhit ding bouseh ngaito ho, hung um ding ahi tia nanahil'u ahitai.
19 ၁၉ ထိုသူတို့သည်သင်းခွဲသောသူ၊ ဝိညာဉ်တော်နှင့် ကင်းသော ဇာတိပကတိလူဖြစ်ကြ၏။
Amaho hi nalahuva kitomona hinsemdoh ho ahiuve. Amaho hin alungsunguva Pathen Lhagao aneilou jeh uva amihinau ngaitona lungput chu ajuiyu ahi.
20 ၂၀ ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက် လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း ပဌာနပြုလျက်၊
Hinlah kagol ngaitahte, nangho natahsannau theng chungnung a chun khat le khat kisadoh un, Lhagao Theng thahatna achun taovun,
21 ၂၁ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍ ထာဝရအသက်အလိုငှါ၊ ငါတို့သခင် ယေရှုခရစ်၏ ကရုဏာတော်ကို မြော်လင့်၍ နေကြာလော့။ (aiōnios g166)
chule i-Pakaiyu Yeshua Christa, tonsot hinna a napui dingu, mikhotona chu ngahjing un. Hiche lampi a chu nangma hotah Pathen ngailutna a chu bit keiya naumthei diu ahi. (aiōnios g166)
22 ၂၂ ပိုင်းခြား၍သိတတ်သော ဥာဏ်ရှိ၍ အချို့တို့ကို သနားကြလော့။
Chule nanghon tahsanna a detjoulou ho chunga khotona navetsah dingu ahi.
23 ၂၃ ကိုယ်ကာယနှင့်ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင် စက်ဆုပ်ရွံရှာ၍ ကြောက်ရွံ့ခြင်းနှင့်တကွ၊ အချို့ တို့ကို မီးထဲမှ ဆယ်နှုတ်ကယ်တင်ကြလော့။
Adangho chu thutanna meikou deujejua konchun loidoh un. Midang ho suhthipna dingin khotona vetsah un, ahin chingtheitah in vetsah un, ahinkhou suboh chonsetnen chu thetbol un.
24 ၂၄ ထိမိ၍ လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှါ၎င်း၊ အပြစ် မရှိဘဲဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှါ၎င်း တတ်နိုင်တော်မူသော သူတည်းဟူသော။
Tun, nangho lhuhna theiya kona nahongbit thei uvah, chule kipana lentah a napuilut theiyuvah, Aloupina angsunga themmona neokhat jengjong umlouva nakoitheiyu, Pathen chu loupina jouse chang hen.
25 ၂၅ ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တဆူတည်းသောဘုရားသခင်သည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့်၊ ယခုမှစ၍ကမ္ဘာ အဆက်ဆက်ဘုန်းတန်ခိုး အာနုဘော်နှင့် အစွမ်းသတ္တိအာဏာ စက်ရှိတော်မူစေ သတည်း။ အာမင်။ (aiōn g165)
I-Pakaiyu Yeshua Christa a kona eihuhhingpau, achangseh'a Pathen hi, Ama a chun loupina jouse umhen. Loupina jabolna, thaneina le thuneina jouse chu, phat jouse masanga, chule tupet'a, chule phat hung lhung ding ho jouse geiyin Ama a hijing hen! Amen. (aiōn g165)

< ယုဒ 1 >