< ယောရှု 8 >

1 တဖန် ထာဝရဘုရားကလည်း၊ သင်သည် မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သင်၌ပါသော စစ်သူရဲ အပေါင်းတို့ကို ခေါ်၍ အာဣမြို့သို့ ထသွားလော့။ အာဣ မင်းကြီးနှင့် သူ့လူများ၊ သူ့မြို့၊ သူ့မြေကို သင့်လက်၌ ငါအပ်မည်။
Yahweh akamwambia Yoshua, “Usiogope; usivunjike moyo. Chukua pamoja nawe watu wa vita. Pandeni kwenda Ai. Tazama nimemtia mkononi mwako mfalme wa Ai, watu wake, mji wake na nchi yake.
2 ယေရိခေါမြို့နှင့် မင်းကြီးအား ပြုသကဲ့သို့ အာဣမြို့နှင့် မင်းကြီးအား ပြုရမည်။ သို့ရာတွင် လုယူ သော ဥစ္စာ၊ တိရစ္ဆာန်များကို ကိုယ်အဘို့ သိမ်းရမည်။ မြို့နောက်မှာ ကင်းတပ်ကို ထားရမည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊
Mtafanya hivyo pia huko Ai na mfalme wake kama mlivyofanya kwa Yeriko na mfalme wake, isipokuwa mtachukua nyara na mifugo kwa ajili yenu. Pangeni mashambulizi ya uviziaji nyuma ya mji.”
3 ယောရှုနှင့် စစ်သူရဲအပေါင်းတို့သည် အာဣမြို့ ကို တိုက်ခြင်းငှါ ထကြ၏။ ယောရှုသည် ခွန်အားကြီးသော စစ်သူရဲသုံးသောင်းတို့ကို ရွေးချယ်၍ ညဉ့်အခါစေလွှတ် လျက်၊
Basi Yoshua aliinuka na akawachukua kwenda Ai watu wote wa vita. Kisha Yoshua akachagua watu elfu thelathini - wenye nguvu na ujasiri - na aliwatuma waende wakati wa usiku.
4 သင်တို့သည် ထိုမြို့ကို တိုက်ခြင်းငှါ မြို့နောက် မှာ ကင်းထိုလျက်နေကြလော့။ မြို့နှင့်ဝေးဝေးခွာ၍ မသွား ကြနှင့်။ တညီတညွတ်တည်း အသင့်နေကြလော့။
Aliwaamuru, “Tazama, mtalala katika hali ya mashambulizi ya uviziaji dhidi ya mji, kwa nyuma yake. Usiende mbali sana na mji, lakini ninyi nyote muwe tayari.
5 ငါနှင့်တကွ ငါ၌ပါသောသူအပေါင်းတို့သည် မြို့အနီးသို့ ချဉ်းကပ်မည်။ သူတို့သည် ယမန်ကဲ့သို့ တိုက် ခြင်းငှါ ထွက်လာကြသောအခါ၊ ငါတို့သည် သူတို့ရှေ့မှာ ပြေးရကြမည်။
Mimi pamoja na watu wote walio pamoja nami tutaukaribia mji. Na wakati watakapokuja kutushambulia sisi, tutawakimbia kama tulivyofanya hapo mwanzo.
6 သူတို့လည်း လိုက်ခြင်းငှါ မြို့ထဲကထွက်၍၊ မြို့ နှင့်ကွာမှန်းကိုမသိဘဲ ခွါ၍ လိုက်ကြလိမ့်မည်။ အကြောင်း မူကား၊ သူတို့ရှေ့မှာ ငါတို့သည် ပြေးသောအခါ၊ ယမန်ကဲ့ သို့ ငါတို့ရှေ့မှာ ပြေးကြပြီဟု သူတို့ဆိုကြလိမ့်မည်။
Watatoka nje watukimbize mpaka hapo tutakapokuwa tumewavuta mbali sana na mji, watasema, “Wanatukimbia kama walivyofanya mara ya mwisho.' Hivyo tutawakimbia na kwenda mbali.
7 ထိုအခါ သင်တို့သည် ကင်းထိုးလျက် နေရာအ ရပ်မှထ၍ မြို့ကိုတိုက်လျှင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့လက်၌ အပ်တော်မူမည်။
Kisha mtapanda kutoka sehemu mliyojificha, na mtauteka mji. Yahweh Mungu wenu atawapa mkononi mwenu.
8 တိုက်၍ အောင်သောအခါ မြို့ကို မီးရှို့ရကြ မည်။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုရကြမည်။ ထိုသို့ ငါဆင့်ဆိုသည်ဟု ထိုသူတို့အား မှာထားလေ၏။
Tazama nimewaamuru, mtakapouteka mji, mtauchoma moto. Mtayafanya haya wakati mtakapotii agizo lililotolewa katika neno la Yahweh.”
9 ယောရှုစေလွှတ်သည်အတိုင်း၊ ထိုသူတို့သည် ကင်းထိုးခြင်းငှါ သွား၍၊ ဗေသလမြို့နှင့် အာဣမြို့ စပ်ကြားတွင် အာဣမြို့ အနောက်ဘက်မှာ နေကြ၏။ ယောရှုသည် ထိုညဉ့်တွင် လူများထဲမှာနေသေး၏။
Yoshua akawatuma, na wakaenda sehemu ya uviziajia, na wakajificha kati ya Betheli na Ai sehemu ya magharibi ya Ai. Yoshua akalala miongoni mwa watu usiku ule.
10 ၁၀ နံနက်စောစောထ၍ လူများတို့ကို ရေတွက်ပြီးမှ၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်အတူ အာဣမြို့ သို့ အဦးချီသွားလေ၏။
Yoshua aliamka asubuhi na mapema na akawaandaa tayari wanajeshi wake, Yoshua na wazee wa Israeli walishambuliwa watu wa Ai.
11 ၁၁ ယောရှု၌ပါသော စစ်သူရဲအပေါင်းတို့သည် လိုက်၍ မြို့အနီးသို့ ရောက်ပြီးလျှင်၊ မြို့မြောက်ဘက်၌ တပ်ချကြ၏။ သူတို့နှင့် မြို့စပ်ကြားမှာ ချိုင့်တခုရှိ၏။
Watu wote wa vita waliokuwa pamoja naye walipanda na kuukaribia mji. Walisogea karibu na mji na wakapiga kambi sehemu ya kasikazini mwa Ai. Kulikuwa na bonde kati yao na Ai.
12 ၁၂ တဖန် အာဣမြို့အနောက်၊ ထိုမြို့နှင့် ဗေသလ မြို့စပ်ကြားမှာ ကင်းထိုးစေခြင်းငှါ လူငါးထောင်ခန့်မျှ ထားလေ၏။
Alichukua watu wapatao elfu tano hivi na akawaweka katika hali ya kuvizia katika upande wa magharibi mwa mji kati ya Betheli na Ai.
13 ၁၃ ထိုသို့လျှင်၊ မြို့မြောက်ဘက်မှာ ဗိုလ်ခြေအပေါင်း ခင်းကျင်းလျက်၊ အနောက်ဘက်မှာလည်း ကင်းထိုးလျက်၊ အသီးသီး နေရာကျကြသောအခါ၊ ယောရှုသည် ထိုညဉ့် တွင် ချိုင့်အလယ်သို့ သွားလေ၏။
Waliwapanga wanajeshi wote, jeshi kuu katika upande wa kasikazini mwa mji, na walinzi wa nyuma upande wa magharibi mwa mji. Yoshua alilala bondeni usiku ule.
14 ၁၄ ထိုအခြင်းအရာတို့ကို အာဣမင်းကြီးသည် မြင် လျှင်၊ မြို့သားယောက်ျားတို့သည် စောစောထ၍ အလျင် အမြန်ပြင်ဆင်ပြီးမှ၊ မင်းကြီးသည် လူအပေါင်းတို့နှင့်တကွ ဣသရေလအမျိုးသားတို့ကို တိုက်ခြင်းငှါ၊ ချိန်းချက်သော အချိန်၌ လွင်ပြင်သို့ ချီသွားလေ၏။ သို့ရာတွင် မြို့နောက် မှာ ကင်းတပ်ရှိမှန်းကို မသိ။
Na ilikuwa alipoona hilo mfalme wa Ai, yeye pamoja na jeshi lake, waliamka asubuhi na mapema na walitoka kwa haraka kwenda kuwashambulia Israeli katika eneo linalokabili bonde la Mto Yordani. Hakujua kuwa kulikuwa na shambulizi la kuvizia lilikuwa linasubiria kushambulia kutokea kwa nyuma ya mji.
15 ၁၅ ယောရှုနှင့်ဣသရေလ အမျိုးသားအပေါင်းတို့ သည် ရှုံးဟန်ပြုလျက် တောလမ်းဖြင့် ပြေးကြ၏။
Yoshua na Waisraeli wote walikubali wenyewe kushindwa mbele yenu, na wakakimbia kuelekea nyikani.
16 ၁၆ သူတို့ကို လိုက်ခြင်းငှါ၊ အာဣမင်းကြီးသည် မြို့၌ ရှိသမျှသော ယောက်ျားတို့ကို နှိုးဆော်ပြီးလျှင်၊ မြို့သားတို့ သည် ယောရှုကိုလိုက်၍၊ မြို့နှင့်ကွာမှန်းမသိ ခွါသွားကြ၏။
Watu wote waliokuwa kwenye mji waliitwa kwa pamoja waende mbele yao, na walienda mbele ya Yoshua na kwa jinsi hiyo walivutwa mbali na mji.
17 ၁၇ ဣသရေလအမျိုးသားတို့ကို မလိုက်ဘဲ၊ အာဣ မြို့နှင့် ဗေသလမြို့၌ ယောက်ျားတယောက်မျှ မနေ၊ မြို့ကို လှပ်ထားလျက် ဣသရေလအမျိုးသားတို့ကို လိုက် ကြ၏။
Hapakuwa na mtu mme aliyesalia Ai na Betheli ambaye alikuwa hajaenda nje kuwafuatilia waisraeli. Na walipokuwa wanawafuatilia Waisraeli, Wakatoka na waliuacha mji wazi.
18 ၁၈ ထာဝရဘုရားကလည်း၊ သင်ကိုင်သောလှံကို အာဣမြို့သို့ ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ ငါအပ် မည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊ ယောရှု သည် မိမိကိုင်သောလှံကို ထိုမြို့သို့ရွယ်လေ၏။
Yahweh akamwambia Yoshua, “Nyosha mkuki huo ulio mkononi mwako kuelekea Ai, kwa kuwa nitaitia Ai mikononi mwako.” Yoshua akaunyosha mkuki uliokuwa mkononi mwake kuuelekea mji.
19 ၁၉ ရွယ်သောအခါ၊ ကင်းတပ်သားတို့သည် ချက် ခြင်းထ၍ အလျင်အမြန်ပြေးလျက် မြို့ထဲသို့ဝင်မိလျှင်၊ ကြိုးစား၍ သိမ်းယူပြီးမှ မီးရှို့ကြ၏။
Wanajeshi waliojificha katika hali ya kuvizia walitoka upesi katika eneo lao mara tu alipounyosha mkono wake. Walikimbia mbio na kuuingia mji na kuuteka. Na kwa haraka wakauchoma moto mji.
20 ၂၀ အာဣမြို့သားတို့သည် ပြန်ကြည့်၍၊ မြို့ကို လောင်သော မီး၏အခိုးသည် မိုဃ်းကောင်းကင်သို့ တက် လျက်ရှိသည်ကို မြင်သောအခါ၊ အဘယ်အရပ်ကိုမျှ ပြေး ခြင်းငှါ မတတ်စွမ်းနိုင်ကြ။ တောသို့ပြေးသောသူတို့သည် လည်း လိုက်သောသူတို့ကို ပြန်လှန်၍ တိုက်ကြ၏။
Watu wa Ai waligeuka na kuangalia nyuma. Waliona moshi kutoka katika mji ukipanda kwenda angani, na hawakuweza kutoroka kwa njia hii au ile. Kwa kuwa wanajeshi wa Israelei waliokuwa wamekimbia katika nyika, sasa walirudi kuwakabili wale waliokuwa wanawafuatilia.
21 ၂၁ ကင်းတပ်သားတို့သည် မြို့ကိုရ၍ မြို့၌ မီးခိုး တက်လျက် ရှိသည်ကို ယောရှုနှင့် ဣသရေလအမျိုးသား အပေါင်းတို့သည် မြင်လျှင်၊ တဖန် ပြန်လှည့်၍ အာဣမြို့ သားတို့ကို တိုက်သတ်ကြ၏။
Na wakati Yoshua na Israeli wote walipoona kuwa wale watu wa kuvizia wameuteka mji kwa ule moshi uliokuwa ukipanda, waligeuka nyuma na kuwaua watu wa Ai.
22 ၂၂ အခြားသောသူတို့သည်လည်း မြို့ထဲကထွက်၍ တိုက်သောကြောင့် ဣသရေလအမျိုးသားတို့သည် အာဣ လူတို့ကို ညှပ်၍ တိုက်သဖြင့် တယောက်ကိုမျှမလွှတ် မကျန်ကြွင်းစေခြင်းငှါ လုပ်ကြံကြ၏။
Na wanajeshi wengine wa Israeli, wale waliokuwa wameingia ndani ya mji, walitoka nje ili kuwashambulia. Hivyo, watu wa Ai walikamatwa katikati ya majeshi ya Israeli, baadhi katika upande huu na wengine katika upande ule.
23 ၂၃ အာဣမင်းကြီးကို အရှင်ဘမ်း၍ ယောရှုထံသို့ ဆောင်ခဲ့ကြ၏။
Lakini walimhifadhi mfalme wa Ai, ambaye walimteka akiwa hai, na kisha wakamleta kwa Yoshua.
24 ၂၄ ဣသရေလအမျိုးသားတို့သည် လွင်ပြင်၌၎င်း၊ လိုက်ရှာရာ တော၌၎င်း၊ အာဣမြို့သားအပေါင်းတို့ကို လုပ်ကြံ၍ ထားဖြင့် အကုန်အစင်သုတ်သင်ပြီးမှ၊ တဖန် မြို့သို့ပြန်လာ၍ ထားဖြင့် လုပ်ကြံကြ၏။
Ilikuwa baada ya Israeli walipokuwa wamemaliza kuuwaua wenyeji wote wa Ai katika uwanda kariibu na nyika mahali walipowafuata, na baada ya wao wote, hata yule wa mwisho, walipokuwa wamekwisha kulala kwa ncha ya upanga, Waisraeli wote walirudi Ai. Waliuteka mji kwa ncha ya upanga.
25 ၂၅ ထိုနေ့၌ တသောင်းနှစ်ထောင်ခန့်မျှ ရှိသော အာဣမြို့သား ယောက်ျားမိန်းမအပေါင်းတို့သည် သေကြ ၏။
Wale wote walikufa siku hiyo walikuwa watu elfu kumi na mbili elfu, wanaume na wanawake, wote ni watu wa Ai.
26 ၂၆ အာဣမြို့သူမြို့သား အပေါင်းတို့ကို အကုန်အ စင် မဖျက်ဆီးမှီတိုင်အောင် ယောရှုသည် လှံကိုင်သော လက်ကို မသိမ်းမရုပ်။
Yoshua hakuukunja mkono wake ambao alikuwa ameunyosha huku akishikilia mkuki wake, mpaka pale alipowateketeza kabisa watu wote wa Ai.
27 ၂၇ သို့ရာတွင် ထာဝရဘုရားသည် ယောရှုအား မှာ ထားတော်မူသော စကားအတိုင်း၊ တိရစ္ဆာန်များနှင့် လက် ရဥစ္စာများကို၊ ဣသရေလအမျိုးသားတို့သည် ကိုယ်အဘို့ သိမ်းယူကြ၏။
Waisraeli walichukua tu wanyama na nyara kutoka katika mji kwa ajili yao wenyewe, kama Yahweh alivyokuwa amemwagiza Yoshua.
28 ၂၈ ယောရှုသည်လည်း အာဣမြို့ကို မီးရှို့၍၊ ယနေ့ တိုင်အောင် ထာဝရဖျက်ဆီးရာ အမှိုက်ပုံ ဖြစ်စေ၏။
Yoshua aliichoma Ai na kuigeuza kuwa kichuguu cha mapango. Ni mahali palipoachwa ukiwa hata leo.
29 ၂၉ အာဣမင်းကြီးကို ညဦးတိုင်အောင် သစ်ပင် တွင် ဆွဲထား၍၊ မိုဃ်းချုပ်သောအခါ၊ ယောရှုစီရင်သည် အတိုင်း၊ အသေကောင်ကို သစ်ပင်ကချပြီးလျှင် မြို့တံခါး ဝ၌ ပစ်ထား၍၊ အသေကောင်အပေါ်၌ များစွာသော ကျောက်တို့ကို စုပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ၏။
Alimtundika mfalme wa Ai juu ya mti mpaka jioni. Na jua lilipokuwa linaenda kuzama, Yoshua aliwaagiza na wakautoa mwili wa mfalme wakaushusha chini ya mti na kuutupa mbele ya malango ya mji. Huko wakaweka kichuguu kikubwa cha mawe juu yake. Kichuguu hicho kimebaki huko hata leo.
30 ၃၀ ထိုအခါ ယောရှုသည်၊ ဧဗလတောင်ပေါ်မှာ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဘို့၊ ယဇ်ပလ္လင်ကို တည်လေ၏။
Kisha Yoshua akajenga madhabahu kwa Yahweh, Mungu wa Israeli katika Mlima wa Ebali,
31 ၃၁ ထာဝရဘုရား၏ ကျွန်မောရှေသည်၊ ဣသရေ လအမျိုးသားတို့ကို မှာထား၍ မောရှေ၏ ပညတ္တိကျမ်း၌ ရေးမှတ်လျက်ရှိသည်အတိုင်း၊ သံတန်ဆာမပါမသုံးဘဲ မကွဲမပြတ်သော ကျောက်တို့ဖြင့် ယဇ်ပလ္လင်ကို တည်၍၊ ထာဝရဘုရားအဘို့ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ၏။
kama vile Musa mtumishi wa Yahweh alivyowaagiza watu wa Israeli, kama ilivyoandikwa katika kitabu cha sheria ya Musa: “Madhabahu ya mawe yasiyochongwa, ambayo juu yake hakuna mtu yeyote aliyetumia zana ya chuma.” Na allimtolea Yahweh sadaka ya kuteketezwa juu yake na wakatoa sadaka ya amani.
32 ၃၂ ယောရှုသည်လည်း၊ ထိုကျောက်ပေါ်၌ မောရှေ ၏ ပညတ်တရားကို ဣသရေလအမျိုးသားတို့ရှေ့မှာ ရေးကူးလေ၏။
Na huko aliandika juu ya mawe nakala ya sheria za Musa mbele ya watu wa Israeli.
33 ၃၃ ဣသရေလအမျိုးသားတို့ကို ကောင်းကြီးပေး ခြင်း အလိုငှါ၊ ထာဝရဘုရား၏ကျွန် မောရှေမှာထားခဲ့ သည်အတိုင်း၊ ဣသရေလအမျိုး အသက်ကြီး၊ ဗိုလ်မင်း၊ တရားသူကြီး အမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရော ဟိတ် လေဝိသားထမ်းသော ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာနှစ်ဘက်၌ ရပ်၍၊ အမျိုးသားစစ်နှင့် တကျွန်းနိုင် ငံသားပါလျက်၊ ဂေရဇိမ်တောင်ပေါ်မှာ လူတဝက်၊ ဧဗလ တောင်ပေါ်မှာ တဝက်တို့သည် နေကြလျှင်၊
Waisraeli wote, wazee wao, maafisa, na waamuzi wao walisimama katika sehemu mbili za sanduku mbele ya makuhani na Walawi ambao hulibeba sanduku la Agano la Yahweh - wageni pamoja na wazalia, nusu yao walisimama mbele ya Mlima Gerizimu na nusu walisimama mbele ya Mlima Ebali. Waliwabariki watu wa Israeli kama Musa mtumishi wa Yahweh alivyowaagiza hapo mwanzo.
34 ၃၄ ပညတ္တိကျမ်း၌ ရေးထားသမျှသော ကောင်းကြီး မင်္ဂလာစကားနှင့် ကျိန်ခြင်းအမင်္ဂလာစကား တည်းဟူ သော တရားစကားအလုံးစုံတို့ကို ဘတ်ရွတ်လေ၏။
Baada ya hayo, Yoshua alisoma maneno yote ya sheria, baraka na laana, kama zilivyoandikwa katika kitabu cha sheria.
35 ၃၅ ယောရှုသည် မောရှေမှာထားသော စကားတ ခွန်းကိုမျှ မချန်မထား၊ မိန်းမ၊ သူငယ်၊ တကျွန်းနိုင်ငံသား ပါသော ဣသရေလအမျိုးသား ပရိတ်သတ်အပေါင်းတို့ ရှေ့မှာ အကုန်အစင် ဘတ်ရွတ်လေ၏။
Halikusalia hata neno moja katika yote ambayo Musa alimwagiza Yoshua ambalo halikusomwa mbele ya kusanyiko la Waisraeli lilojumuisha wanawake, watoto wadogo na wageni walioishi miongoni mwao.

< ယောရှု 8 >