< ယောရှု 7 >

1 သို့ရာတွင် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည်၊ ကျိန်အပ်သောအရာကို သိမ်းယူ၍ ထိုအရာအားဖြင့် ဣသရေလအမျိုးသားတို့ သည် ပြစ်မှားသောအပြစ် ရှိသောကြောင့်၊ ထာဝရဘုရား သည် သူတို့၌ အမျက်ထွက်တော်မူ၏။
Forsothe the sones of Israel braken `the comaundement, and mystoken of the halewid thing; for Achar, the son of Charmy, sone of Zabdi, sone of Zare, of the lynage of Juda, toke sum thing of the halewid thing; and the Lord was wrooth ayens the sones of Israel.
2 ယောရှုသည်လည်း၊ ယေရိခေါမြို့မှ လူတို့ကို စေလွှတ်၍၊ သင်တို့သည် ဗေသလမြို့အရှေ့၊ ဗေသဝင်မြို့ အနားမှာရှိသော အာဣမြို့သို့ သွား၍ ထိုပြည်ကို ကြည့်ရှု ကြလော့ဟု မှာထားသည်အတိုင်း သူတို့သည် သွား၍၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင်၊
And whanne Josue sente men fro Jerico ayens Hai, which is bisidis Bethauen, at the eest coost of the citee Bethel, he seide to hem, Stie ye, and aspie ye the lond. Whiche filliden `the comaundementis, and aspieden Hay;
3 ယောရှုထံသို့ ပြန်လာ၍၊ ဤလူတို့ကို အကုန်အ စင် မသွားပါစေနှင့်။ လူနှစ်ထောင် သုံးထောင်လောက် သွား၍ အာဣမြို့ကို လုပ်ကြံပါစေ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့်။ မြို့သားတို့သည် မများပါဟု လျှောက်သည်နှင့်အညီ၊
and thei turneden ayen, and seiden to hym, `Not al the puple stie, but twey ether thre thousynde of men go, and do awei the citee; whi schal al the puple be trauelid in veyn ayens feweste enemyes?
4 လူသုံးထောင်ခန့်မျှ ချီသွား၍ အာဣမြို့သားတို့ ရှေ့မှာ ပြေးရကြ၏။
Therfor thre thousynde of fiyteris stieden, whiche turneden the backis anoon,
5 အာဣမြို့သားတို့သည် လူသုံးဆယ်ခြောက် ယောက်တို့ကို သတ်ကြ၏။ မြို့တံခါးမှသည် ရှေဗရိမ်အ ရပ်တိုင်အောင်လိုက်၍၊ ထိုအရပ်၌ ဆင်းရာတွင် လုပ်ကြံ ကြသောကြောင့်၊ လူများတို့၏ စိတ်နှလုံးသည် အရည်ကျို ၍ ရေကဲ့သို့ ဖြစ်လေ၏။
and weren smytun of the men of Hay; and sixe and thretti men of hem `felden doun; and aduersaries pursueden hem fro the yate til to Saberym; and thei felden doun fleynge bi lowe places. And the herte of the puple dredde, and was maad vnstidefast at the licnesse of watir.
6 ထိုအခါ ယောရှုသည် မိမိအဝတ်ကို ဆုတ်၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ မိမိတို့ခေါင်း ပေါ်၌ မြေမှုန့်ကိုတင်၍ ထာဝရဘုရား၏ သေတ္တာတော် ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျက်နေကြ၏။
Sotheli Josue torente hise clothis, and felde lowe to the erthe bifor the arke of the Lord, `til to euentid, as wel he, as alle the elde men of Israel; and thei castiden powdir on her heedis.
7 ယောရှုကလည်း၊ အိုအရှင် ထာဝရဘုရား၊ ကိုယ် တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့ အပ်၍ ဖျက်ဆီးစေခြင်းငှါ ယော်ဒန်မြစ်တဘက်သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန်မြစ်အရှေ့ဘက်၌ နေကြပါစေသော။
And Josue seide, Alas! alas! Lord God, what woldist thou lede this puple ouer the flood Jordan, that thou schuldist bitake vs in the hond of Ammorrey, and schulde leese vs? Y wolde, that as we bygunnen, we hadden dwellid biyondis Jordan.
8 အိုဘုရားရှင်၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ်၍ အကျွန်ုပ် သည် အဘယ်သို့ ပြောရပါမည်နည်း။
My Lord God, what schal Y seie, seynge Israel turnynge the backis to hise enemyes?
9 ခါနနိလူ အစရှိသော ဤပြည်သူပြည်သား အပေါင်းတို့သည် ထိုသိတင်းကို ကြားလျှင်၊ အကျွန်ုပ်တို့ကို ဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါ လိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သောနာမတော်အဘို့ အလိုငှါ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။
Cananeys, and alle dwelleris of the lond schulen here, and thei schulen be gaderid togidere, and schulen cumpas vs, and schulen do awei oure name fro erthe; and what schalt thou do to thi grete name?
10 ၁၀ ထာဝရဘုရားကလည်း၊ ထလော့။ အဘယ် ကြောင့် ဝပ်၍နေသနည်း။
And the Lord seide to Josue, Rise thou; whi liggist thou low in the erthe?
11 ၁၁ ဣသရေလအမျိုးသည် ပြစ်မှားပြီ။ ငါမှာထား သော ပဋိညာဉ်တရားကို ဖျက်လေပြီ။ ကျိန်အပ်သောအ ရာကို ခိုးယူ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာ ထား လေပြီ။
Israel synnede, and brak my couenaunt; and thei token of the halewid thing, and thei han stole, and lieden, and hidden among her vessels.
12 ၁၂ ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ် သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကို လှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲ က မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။
And Israel may not stonde bifore hise enemyes, and Israel schal fle hem, for it is defoulid with cursyng; Y schal no more be with you, til ye al to breke hym which is gilti of this trespas.
13 ၁၃ ထ၍ လူများတို့ကို သန့်ရှင်းစေလော့။ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြဟု ဆင့်ဆိုလော့။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော် မူသည်ကား၊ အိုဣသရေလအမျိုး၊ ကျိန်အပ်သောအရာ သည် သင်တို့အထဲ၌ ရှိ၏။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမှီတိုင်အောင် ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ။
Rise thou, halewe the puple, and seie thou to hem, Be ye halewid ayens to morewe; for the Lord God of Israel seith these thingis, A! Israel! cursyng is in the myddis of thee; thou schalt not mowe stonde bifor thin enemyes, til he that is defoulyd bi this trespas, be doon awei fro thee.
14 ၁၄ နက်ဖြန်နံနက်၌ သင်တို့သည် အမျိုးအနွယ်အ လိုက် ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူ သော အမျိုးသည်၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြ မည်။ ထာဝရဘုရား မှတ်တော်မူသောအမျိုးသည်၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည်။ ထာဝရ ဘုရား မှတ်တော်မူသော အိမ်ထောင်သည် လူအသီးသီး ချဉ်းကပ်ရကြမည်။
And ye schulen come eerli, alle men bi youre lynagis; and whateuer lynage the lot schal fynde, it schal come bi hise meynees; and the meynee schal come bi housis, and the hous schal come bi men.
15 ၁၅ ကျိန်အပ်သော အရာပါလျက် မှတ်တော်မူသော သူမှစ၍၊ သူ၌ရှိသမျှတို့ကို မီးရှို့ရကြမည်။ အကြောင်းမူ ကား၊ သူသည် ထာဝရဘုရား၏ ပဋိညာဉ်တရားကို ဖျက် ၍ ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုလေပြီဟု ယောရှု အား မိန့်တော်မူ၏။
And whoeuer schal be takun with this trespas, he schal be brent bi fier with al his catel, for he brak the couenaunt of the Lord, and dide vnleueful thing in Israel.
16 ၁၆ နံနက်စောစော ယောရှုသည် ထ၍ ဣသရေလ လူတို့ကို အမျိုးအနွယ်အလိုက် ဆောင်ခဲ့သဖြင့် ယုဒအမျိုး ကို မှတ်တော်မူ၏။
Therfor Josue roos eerly, and settide in ordre Israel, bi hise lynagis; and the lynage of Juda was foundun;
17 ၁၇ ယုဒအမျိုးကို ဆောင်ခဲ့သဖြင့်၊ ဇေရိအဆွေအ မျိုးကို မှတ်တော်မူ၏။ ဇေရိအဆွေအမျိုး အိမ်ထောင်စုံ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိအိမ်ထောင်ကို မှတ်တော်မူ၏။
and whanne that lynage was brouyt forth bi hise meynees, the meyne of Zare was foundun. And Josue brouyte forth it bi men, ethir housis, and foond Zabdi;
18 ၁၈ ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သ ဖြင့် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်ကို မှတ်တော်မူ၏။
whos hows he departide in to alle men bi hemsilf; and he foond Achar, the sone of Charmy, sone of Zabdi, sone of Zare, of the lynage of Juda.
19 ၁၉ ယောရှုကလည်း၊ ငါ့သား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်း၍ ရှေ့တော်၌ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ပါလော့။ သင်ပြုသောအမှုကို ငါ့အားပြောပါလော့။ ဝှက်၍မထား ပါနှင့်ဟု အာခန်အားဆိုလျှင်၊
And he seide to Achar, My sone, yyue thou glorie to the Lord God of Israel, and knowleche thou, and schew to me what thou hast do; hide thou not.
20 ၂၀ အာခန်က၊ ဟုတ်ပါ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ။ ကျွန်တော်ပြုမိသောအမှု ဟူမူကား၊
And Achar answeryde to Josue, and seide to hym, Verily, Y synnede bifor the Lord God of Israel, and Y dide `so and so;
21 ၂၁ လုယူသော ဥစ္စာတို့တွင် မြတ်သောဗာဗုလုန် ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန် တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ကျွန်တော် တဲအတွင်း မြေ၌မြှုပ်လျက် ငွေသည် အောက်ဆုံးရှိပါ သည်ဟု ယောရှုအား ပြန်လျှောက်လေ၏။
for among the spuylis Y siy a reed mentil ful good, and two hundrid siclis of siluer, and a goldun reule of fifti siclis; and Y coueytide, and took awei, and hidde in the erthe, ayens the myddis of my tabernacle; and Y hilide the siluer with erthe doluun.
22 ၂၂ ထိုအခါ ယောရှုစေလွှတ်သောသူတို့သည် တဲသို့ ပြေး၍ ထိုဥစ္စာသည် တဲအတွင်း မြေ၌မြှုပ်လျက်၊ ငွေသည် အောက်ဆုံးရှိသည်ကို တွေ့သော်၊
Therfor Josue sente mynystris, whyche runnen to his tabernacle, and foundun alle thingis hid in the same place, and the siluer togidere; and thei token awei fro the tente,
23 ၂၃ တဲထဲကထုတ်၍ ယောရှုထံ ဣသရေလအမျိုး သားများရှေ့သို့ ဆောင်သွားသဖြင့်၊ ထာဝရဘုရားရှေ့ တော်၌ ထားကြ၏။
and brouyten `tho thingis to Josue, and to alle the sones of Israel; and thei castiden forth bifor the Lord.
24 ၂၄ ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည်၊ ဇေရသာအာခန်မှစ၍ ထိုငွေ၊ ဝတ်လုံ၊ ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲနှင့်တကွ သူ၌ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ ဆောင်သွားပြီးမှ၊
Therfor Josue took Achar, the sone of Zare, and the siluer, and the mentil, and the goldun reule, and hise sones, and douytris, oxun, assis, and scheep, and the tabernacle `it silf, and al the purtenaunce of household, and al Israel with Josue; and thei ledden hem to the valei of Achar;
25 ၂၅ ယောရှုက၊ ငါတို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း။ ယနေ့ ထာဝရဘုရားသည် သင့်ကို နှောင့်ရှက် တော်မူမည်ဟု ဆိုသဖြင့်၊ ဣသရေလအမျိုးသား အပေါင်း တို့သည် ကျောက်ခဲနှင့် ပစ်ကြ၏။ ကျောက်ခဲနှင့် ပစ်ကြ ပြီးမှ၊ မီးရှို့ကြ၏။
where Josue seide, For thou disturblidist vs, the Lord schal disturble thee in this dai. And al Israel stonyde hym; and alle thingis that weren hise, weren wastid bi fier.
26 ၂၆ သူ့အပေါ်၌ များစွာသော ကျောက်တို့ကို ပုံထား ကြ၍ ယနေ့တိုင်အောင်ရှိ၏။ ထာဝရဘုရားသည်လည်း အမျက်တော်အရှိန်ကို ငြိမ်းစေတော်မူ၏။ ထိုအမှုကို အစွဲ ပြု၍ ထိုချိုင့်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဟု ခေါ် ဝေါ်ကြသတည်း။
And thei gaderiden on hym a greet heep of stoonys, whiche dwellen til in to present day. And the strong veniaunce of the Lord was turned awei fro hem; and the name of that place was clepid the valey of Achar `til to day.

< ယောရှု 7 >