< ယောရှု 15 >

1 ယုဒအမျိုးသားတို့သည် စာရေးတံပြု၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင်မျက် နှာ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှ စ၍ ဇိနတောဖြစ်သော၊
ויהי הגורל למטה בני יהודה למשפחתם אל גבול אדום מדבר צן נגבה מקצה תימן׃
2 တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင်၌ တောင်အကွေ့မှထွက်၍၊
ויהי להם גבול נגב מקצה ים המלח מן הלשן הפנה נגבה׃
3 တောင်မျက်နှာနား၊ အကရဗ္ဗိမ်ကုန်းကို ရှောက် လျက် ဇိနရွာသို့ ရောက်လေ၏။ တဖန် တောင်မျက်နှာ နား၊ ကာဒေရှဗာနာရွာ၊ ဟေဇရုန်ရွာ၊ အာဒါရွာ၊ ကာကာ ရွာ၊
ויצא אל מנגב למעלה עקרבים ועבר צנה ועלה מנגב לקדש ברנע ועבר חצרון ועלה אדרה ונסב הקרקעה׃
4 အဇမုန်ရွာကို ရှောက်သဖြင့် အဲဂုတ္တုချောင်းသို့ လိုက်၍ ပင်လယ်၌ ဆုံးလေ၏။
ועבר עצמונה ויצא נחל מצרים והיה תצאות הגבול ימה זה יהיה לכם גבול נגב׃
5 အရှေ့ဘက်၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝ တိုင်အောင် အရှေ့အပိုင်းအခြားဖြစ်၏။ မြောက်ဘက် အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ဆင်းရာ သောဒုံအိုင် ကွေ့မှ ထွက်၍၊
וגבול קדמה ים המלח עד קצה הירדן וגבול לפאת צפונה מלשון הים מקצה הירדן׃
6 ဗေသောဂလရွာသို့၎င်း၊ ဗေသရာဗရွာ မြောက် နားမှာရှောက်လျက် ရုဗင်သားဗောဟန်၏ ကျောက်သို့ ၎င်း ရောက်လေ၏။
ועלה הגבול בית חגלה ועבר מצפון לבית הערבה ועלה הגבול אבן בהן בן ראובן׃
7 အာခေါ်ချိုင့်မြောက်ဘက်မှထွက်၍ ဒေဗိရရွာ သို့၎င်း၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့၌ရှိသော ဂိလဂါလမြို့သို့၎င်း ရောက်ပြီးမှ၊ အင်ရှေမက်အိုင်၊ အင်္ရော ဂေလရွာလမ်းသို့ လိုက်လျက်၊
ועלה הגבול דברה מעמק עכור וצפונה פנה אל הגלגל אשר נכח למעלה אדמים אשר מנגב לנחל ועבר הגבול אל מי עין שמש והיו תצאתיו אל עין רגל׃
8 ဟိန္နုံသား၏ချိုင့်နား ယေရုရှလင်မြို့ရာ ယေဗု သိအရပ် တောင်ဘက်နားမှာရှောက်၍ ဟိန္နုံချိုင့်အ နောက်၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ပေါ်သို့ တက်လေ၏။
ועלה הגבול גי בן הנם אל כתף היבוסי מנגב היא ירושלם ועלה הגבול אל ראש ההר אשר על פני גי הנם ימה אשר בקצה עמק רפאים צפנה׃
9 ထိုတောင်ပေါ်မှဆင်းပြန်၍၊ နေဖတောစမ်းရေ တွင်းကို ရှောက်သဖြင့် ဧဖရုန်တောင်နှင့်ဆိုင်သော မြို့ များသို့၎င်း၊ ကိရယတ်ယာရိမ်မြို့ ရာဗာလာမြို့သို့၎င်း၊
ותאר הגבול מראש ההר אל מעין מי נפתוח ויצא אל ערי הר עפרון ותאר הגבול בעלה היא קרית יערים׃
10 ၁၀ ဗာလာမြို့အနောက်ဘက်နားမှာ ရှောက်လျက် စိရတောင်သို့၎င်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင်မြောက်ဘက်နားမှာ ရှောက်လျက် ဗက်ရှေ မက်မြို့၊ တိမနာမြို့သို့၎င်း၊
ונסב הגבול מבעלה ימה אל הר שעיר ועבר אל כתף הר יערים מצפונה היא כסלון וירד בית שמש ועבר תמנה׃
11 ၁၁ ဧကြုန်မြို့မြောက်ဘက်နားမှာ ရှောက်လျက် ရှိကြုန်ရွာသို့၎င်း၊ ဗာလာတောင်သို့၎င်း၊ ယာဗနေလရွာသို့ ၎င်း၊ ရောက်၍ ပင်လယ်၌ ဆုံးလေ၏။
ויצא הגבול אל כתף עקרון צפונה ותאר הגבול שכרונה ועבר הר הבעלה ויצא יבנאל והיו תצאות הגבול ימה׃
12 ၁၂ အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ် ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ်၏။ ဤရွေ့ ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည် နယ်အပိုင်းအခြားဖြစ်သတည်း။
וגבול ים הימה הגדול וגבול זה גבול בני יהודה סביב למשפחתם׃
13 ၁၃ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္န၏သား ကာ လက်အဘို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘအာ ဘ၏မြို့ကို ချပေးလေ၏။
ולכלב בן יפנה נתן חלק בתוך בני יהודה אל פי יהוה ליהושע את קרית ארבע אבי הענק היא חברון׃
14 ၁၄ ထိုမြို့ထဲက ကာလက်သည် အာနကသားသုံး ယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို နှင်ထုတ်သော နောက်၊
וירש משם כלב את שלושה בני הענק את ששי ואת אחימן ואת תלמי ילידי הענק׃
15 ၁၅ ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရ မြို့သားတို့ရှိရာသို့ တဖန်ချီသွား၍၊
ויעל משם אל ישבי דבר ושם דבר לפנים קרית ספר׃
16 ၁၆ ကိရယဿေဖါမြို့ကို တိုက်ယူလုပ်ကြံသောသူ အား ငါသည် သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊
ויאמר כלב אשר יכה את קרית ספר ולכדה ונתתי לו את עכסה בתי לאשה׃
17 ၁၇ ကာလက်ညီ ကေနတ်၏သား ဩသံယေလ သည် ထိုမြို့ကိုတိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
וילכדה עתניאל בן קנז אחי כלב ויתן לו את עכסה בתו לאשה׃
18 ၁၈ ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက် ကို အဘ၌ တောင်းခြင်းငှါ လင်နှင့်တိုင်ပင်ပြီးမှ မြည်းပေါ် ကဆင်းလေ၏။ အဘကာလက်က အဘယ်အလိုရှိသ နည်းဟု မေးလျှင်၊
ויהי בבואה ותסיתהו לשאול מאת אביה שדה ותצנח מעל החמור ויאמר לה כלב מה לך׃
19 ၁၉ သမီးက ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ် တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေ တွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အ တိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေ တွင်းတို့ကို ပေးလေ၏။
ותאמר תנה לי ברכה כי ארץ הנגב נתתני ונתתה לי גלת מים ויתן לה את גלת עליות ואת גלת תחתיות׃
20 ၂၀ ဤရွေ့ကား၊ ယုဒအမျိုးသား အဆွေအမျိုးအ လိုက် ခံရသောအမွေမြေ ဖြစ်သတည်း။
זאת נחלת מטה בני יהודה למשפחתם׃
21 ၂၁ ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား၊ ဧဒုံ ပြည်နှင့်နီးစပ်သော တောင်ပိုင်း၌ ကပ်ဇေလမြို့၊ ဧဒေရ မြို့၊ ယာဂုရမြို့၊
ויהיו הערים מקצה למטה בני יהודה אל גבול אדום בנגבה קבצאל ועדר ויגור׃
22 ၂၂ ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊
וקינה ודימונה ועדעדה׃
23 ၂၃ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဣသနန်မြို့၊
וקדש וחצור ויתנן׃
24 ၂၄ ဇိဖမြို့၊ တေလင်မြို့၊ ဗာလုတ်မြို့၊
זיף וטלם ובעלות׃
25 ၂၅ ဟာဇော်မြို့သစ်၊ ဟာဇော်မြို့ဟောင်းတည်းဟူ သော ဟေဇရုန်မြို့၊
וחצור חדתה וקריות חצרון היא חצור׃
26 ၂၆ အာမန်မြို့၊ ရှေမမြို့၊ မောလဒမြို့၊
אמם ושמע ומולדה׃
27 ၂၇ ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့၊
וחצר גדה וחשמון ובית פלט׃
28 ၂၈ ဟာဇာရွာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာ မြို့၊
וחצר שועל ובאר שבע ובזיותיה׃
29 ၂၉ ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊
בעלה ועיים ועצם׃
30 ၃၀ ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊
ואלתולד וכסיל וחרמה׃
31 ၃၁ ဇိကလတ်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊
וצקלג ומדמנה וסנסנה׃
32 ၃၂ လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့၊ ရိမ္မုန် မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား သုံးဆယ်ခြောက်မြို့ တည်း။
ולבאות ושלחים ועין ורמון כל ערים עשרים ותשע וחצריהן׃
33 ၃၃ ချိုင့်၌လည်း ဧရှတောလမြို့၊ ဇောရာမြို့၊ အာရှ နာမြို့၊
בשפלה אשתאול וצרעה ואשנה׃
34 ၃၄ ဇာနောမြို့၊ အင်္ဂန္နိမ်မြို့၊ တာပွါမြို့၊ ဧနံမြို့၊
וזנוח ועין גנים תפוח והעינם׃
35 ၃၅ ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေကာ မြို့၊
ירמות ועדלם שוכה ועזקה׃
36 ၃၆ ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့၊ ဂဒေရော သိမ်မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား၊ ဆယ်ငါးမြို့တည်း။
ושערים ועדיתים והגדרה וגדרתים ערים ארבע עשרה וחצריהן׃
37 ၃၇ ထိုမှတပါး၊ ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလဂဒ်မြို့၊
צנן וחדשה ומגדל גד׃
38 ၃၈ ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလမြို့၊
ודלען והמצפה ויקתאל׃
39 ၃၉ လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧကလုန်မြို့၊
לכיש ובצקת ועגלון׃
40 ၄၀ ကဗ္ဗုန်မြို့၊ လာမံမြို့၊ ကိသလိတ်မြို့၊
וכבון ולחמס וכתליש׃
41 ၄၁ ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့၊ ရွာနှင့်တကွ ဆယ်ခြောက်မြို့တည်း။
וגדרות בית דגון ונעמה ומקדה ערים שש עשרה וחצריהן׃
42 ၄၂ ထိုမှတပါး၊ လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊
לבנה ועתר ועשן׃
43 ၄၃ ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊
ויפתח ואשנה ונציב׃
44 ၄၄ ကိလမြို့၊ အောခဇိပ်မြို့၊ မရေရှမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။
וקעילה ואכזיב ומראשה ערים תשע וחצריהן׃
45 ၄၅ ထိုမှတပါး ဧကြုန်မြို့နှင့်သူဆိုင်သော မြို့ရွာများ၊
עקרון ובנתיה וחצריה׃
46 ၄၆ ဧကြုန်မြို့မှစ၍ ပင်လယ်တိုင်အောင်၊ အာဇုတ် မြို့နှင့်နီးစပ်သောမြို့ရွာများ၊
מעקרון וימה כל אשר על יד אשדוד וחצריהן׃
47 ၄၇ အာဇုတ်မြို့နှင့် သူဆိုင်သော မြို့ရွာများ၊ အဲဂုတ္တု မြစ်၊ ပင်လယ်ကြီး၊ ပင်လယ်ကမ်းပါးတိုင်အောင်၊ ဂါဇမြို့ နှင့် သူဆိုင်သော မြို့ရွာများ၊
אשדוד בנותיה וחצריה עזה בנותיה וחצריה עד נחל מצרים והים הגבול וגבול׃
48 ၄၈ တောင်ပေါ်၌လည်း၊ ရှမိရမြို့၊ ယတ္တိရမြို့၊ စော ခေါမြို့၊
ובהר שמיר ויתיר ושוכה׃
49 ၄၉ ဒန္နမြို့၊ ဒေဗိရမြို့တည်းဟူသော၊ ကိရယဿန္န မြို့၊
ודנה וקרית סנה היא דבר׃
50 ၅၀ အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊
וענב ואשתמה וענים׃
51 ၅၁ ဂေါရှင်မြို့၊ ဟောလုန်မြို့၊ ဂိလောမြို့၊ ရွာနှင့် တကွ ဆယ်တမြို့တည်း။
וגשן וחלן וגלה ערים אחת עשרה וחצריהן׃
52 ၅၂ အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊
ארב ורומה ואשען׃
53 ၅၃ ယာနုံမြို့၊ ဗက်တာပွါမြို့၊ အာဖက်မြို့၊
וינים ובית תפוח ואפקה׃
54 ၅၄ ဟုန္တမြို့၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့၊ ဇိအောရမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။
וחמטה וקרית ארבע היא חברון וציער ערים תשע וחצריהן׃
55 ၅၅ မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊
מעון כרמל וזיף ויוטה׃
56 ၅၆ ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာနောမြို့၊
ויזרעאל ויקדעם וזנוח׃
57 ၅၇ ကဣနမြို့၊ ဂိဘာမြို့၊ တိမနမြို့၊ ရွာနှင့်တကွ ဆယ်မြို့တည်း။
הקין גבעה ותמנה ערים עשר וחצריהן׃
58 ၅၈ ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊
חלחול בית צור וגדור׃
59 ၅၉ မာရပ်မြို့၊ ဗေသနုတ်မြို့၊ ဧလတေကုန်မြို့၊ ရွာ နှင့်တကွခြောက်မြို့တည်း။
ומערת ובית ענות ואלתקן ערים שש וחצריהן׃
60 ၆၀ ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ် ဗာလမြို့၊ ရဗ္ဗာမြို့၊ ရွာနှင့်တကွ နှစ်မြို့တည်း။
קרית בעל היא קרית יערים והרבה ערים שתים וחצריהן׃
61 ၆၁ တော၌လည်း၊ ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာ ကမြို့၊
במדבר בית הערבה מדין וסככה׃
62 ၆၂ နိဗရှန်မြို့၊ မေလက်မြို့၊ အင်္ဂေဒိမြို့၊ ရွာနှင့်တကွ ခြောက်မြို့တည်း။
והנבשן ועיר המלח ועין גדי ערים שש וחצריהן׃
63 ၆၃ ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို ကား၊ ယုဒအမျိုးသားတို့သည် မနှင်ထုတ်နိုင်ဘဲ သူတို့ သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။
ואת היבוסי יושבי ירושלם לא יוכלו בני יהודה להורישם וישב היבוסי את בני יהודה בירושלם עד היום הזה׃

< ယောရှု 15 >