< ယောန 2 >

1 ငါး၏ဝမ်းထဲမှာနေစဉ်တွင်၊ ယောနသည် မိမိ ဘုရားသခင် ထာဝရဘုရားကို ဆုတောင်းသောစကားဟူ မူကား၊
ויתפלל יונה אל יהוה אלהיו ממעי הדגה׃
2 ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရ ဘုရားကို ဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရ ဏာနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နား ထောင်တော်မူ၏။ (Sheol h7585)
ויאמר קראתי מצרה לי אל יהוה ויענני מבטן שאול שועתי שמעת קולי׃ (Sheol h7585)
3 ကိုယ်တော်သည် အကျွန်ုပ်ကို နက်နဲသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့်၊ ပင်လယ် ရေသည် ဝိုင်း၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွန်း ကြပါ၏။
ותשליכני מצולה בלבב ימים ונהר יסבבני כל משבריך וגליך עלי עברו׃
4 ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကို ခံရ သော်လည်း၊ သန့်ရှင်းသောဗိမာန်တော်ကို မျက်မှောက်ပြု မြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ၏။
ואני אמרתי נגרשתי מנגד עיניך אך אוסיף להביט אל היכל קדשך׃
5 ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်းသဖြင့်၊ အကျွန်ုပ်သည် ပင်လယ်အလယ်၌ အချုပ်ခံရ ပါ၏။ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက်ရှိပါ၏။
אפפוני מים עד נפש תהום יסבבני סוף חבוש לראשי׃
6 တောင်ခြေရင်းအမြစ်သို့ အကျွန်ုပ်ဆင်း၍၊ မြေ ကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်စီးရာမှ ကယ်ဆယ်တော်မူလိမ့် မည်။
לקצבי הרים ירדתי הארץ ברחיה בעדי לעולם ותעל משחת חיי יהוה אלהי׃
7 အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရား ကို အောက်မေ့၍၊ အကျွန်ုပ်၏ပဌနာသည် သန့်ရှင်းသော ဗိမာန်တော်၌ ကိုယ်တော်ထံသို့ ဝင်ပါ၏။
בהתעטף עלי נפשי את יהוה זכרתי ותבוא אליך תפלתי אל היכל קדשך׃
8 မုသာအနတ္တကို မှီဝဲသောသူတို့သည် မိမိတို့ ကရုဏာခံရာအကြောင်းကို စွန့်ပစ်ကြပါ၏။
משמרים הבלי שוא חסדם יעזבו׃
9 အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသော စကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာဂတိ ထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။
ואני בקול תודה אזבחה לך אשר נדרתי אשלמה ישועתה ליהוה׃
10 ၁၀ ထိုအခါ ငါးကြီးသည် ထာဝရဘုရား၏ အမိန့် တော်ကို ခံ၍ ယောနကို ကုန်းပေါ်သို့ အန်လေ၏။
ויאמר יהוה לדג ויקא את יונה אל היבשה׃

< ယောန 2 >