< ယောဟန် 1 >

1 အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
Kiogo sa kale pabile ni neno, ni ywa neno abile pamope ni Nnongo, nga ywa Neno abile Nnongo.
2 ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။
Aywoo, Neno, palyo kinchogo abile pamope ni Nnongo.
3 နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်း လွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ။
Ilebe yoti gatipangilwa petya ywembe, mana ntopo ywembe chalowa pangika kwaa hata kilebe chimo.
4 ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။
Nkati yake ngaubile ukoti, ni wolo ukoti wabile bweya ya bandu boti.
5 ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။
Bweya yating'ala mulubendo, wala lubendo lwaloweza kwaa kwiima.
6 ယောဟန်အမည်ရှိသော သူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။
Pabile ni mundu ywatumilwe kuoma kwa Nnongo, lina lyake akemelwa Yohana.
7 ထိုသူကိုလူအပေါင်းတို့သည် အမှီပြု၍ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေ ခံဖြစ်၍၊ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါလာ၏။
Ywaisile kati shaidi woshuhudia husu yelo bweya, ili bote baweze amini petya ywembe.
8 ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာလာ၏။
Yohana abile kwaa yelo bweya, ila aisile ili shuhudia husu yelo bweya.
9 ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်း ကို ပေးသောသူဖြစ်သတည်း။
Eyo yabile bweya ya kweli yabile yaisa mu'dunia niyembe yampea bweya kila yumo.
10 ၁၀ ထိုသူသည်ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလော ကသည် ထိုသူကိုမသိ။
Abile mu'dunia, ni dunia iumbilwe petya ywembe, ni dunia yantangite kwaa.
11 ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။
Aisile kwa ilebe yake, ni bandu bake bampokya kwaa.
12 ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
Ila kwa balo baingi babampokile, balo baamini lina lyake, kwa balo kabapeya haki ya kuwa bana ba Nnongo.
13 ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသော သားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင်ဘွားတော်မူသောသားဖြစ်သတည်း။
Bababelekilwe, kwa mwai kwaa, wala kwa mapenzi ga yega, wala kwa mapenzi ga mundu, ila kwa Nnongo mwene.
14 ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
Ni ywembe Neno apangilwe yega ni tama nkati yitu, tuubweni utukufu wake, kati utukufu wa mundu kichake wa kipekee ywabile kuoma kwa Tate, atwelile neema ni kweli.
15 ၁၅ ယောဟန်သည် ထိုသခင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာ သောသူသည် ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ၏။
Yohana atishuhudia husu ywembe, ni akoiye kwa lilobe kabaya, “Ayoo nga ywembe nimmakiye habari yake nibayite, “Yolo ywaisa baada yango nga nkolo kuliko nenga, kwa maana abile kabla yango.”
16 ၁၆ ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကိုငါတို့ရှိသမျှသည်ခံရကြပြီ။
Kwa mana kuoma mu'utimilifu wake, twenga twaboti, twapoki bure ipawa baada ya ipawa.
17 ၁၇ အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာ တရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။
Kwa mana saliya yatiisa petya Musa. Neema ni kweli yaisile petya Yesu Kristu.
18 ၁၈ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်း သောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
Ntopo mundu ywamwonile Nnongo muda wowoti. Mundu pekee ywabile nga Nnongo, abile mu'kifua sa Tate, apangite ywembe ayowanike.
19 ၁၉ ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊
Awoo nga ushuhuda ba Yohana palyo makuhani ni alawi bantumilwe kwake ni Ayahudi kubamwuliza.”Wenga wa nyai?”
20 ၂၀ ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်းမရှိ။ အတည့်အလင်းပြောဆို၏။
Bila kusitasita ni kakana kwaa, ila kaayangwa, “Nenga na Kristo kwaa.”
21 ၂၁ ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးမြန်းပြန်၏။ ယောဟန်က၊ ငါသည် ဧလိယမဟုတ်ဟုဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟု ဆိုပြန်၏။
Eyo kabannokiya, “kwa eyo wenga wanyai? wenga wa Eliya?” Kabaya, “Nenga kwaa” Kababaya, “Wenga wa nabii?” Kayangwa, “Hapana.”
22 ၂၂ ထိုသူတို့ကလည်း၊ သင်သည်အဘယ်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာ ရှိစေ ခြင်းငှါ၊ သင်သည်ကိုယ်ကို အဘယ်သို့ဆိုသနည်းဟု မေးပြန်ကြ၏။
Boka po kabammakiya, “Wenga wa nyai, ili tubapei jibu balo batutumile?” Kabaujishuhudie kwaa wenga wa mwene?”
23 ၂၃ ယောဟန်ကလည်း၊ ငါသည်ပရောဖက် ဟေရှာယဟောပြောသည်နှင့်အညီ၊ ထာဝရဘုရား၏ လမ်းခရီး တော်ကို ဖြောင့်စေကြလော့ဟု တော၌ဟစ်ကြော်သောသူ၏အသံဖြစ်သည်ဟု ဆို၏။
Kabaya, “Nenga nga lilobe lyake ywabile mmwitu:'Mwinyoshe ndela ya Ngwana,'kati nabii Isaya abayite.”
24 ၂၄ အစေခံသောသူတို့ကား၊ ဖာရိရှဲဖြစ်ကြသတည်း။
Bai pabile ni bandu batumilwe palyo kuoma kwa Mafarisayo. Kabannobiya no baya,
25 ၂၅ ထိုသူတို့ကလည်း၊ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သော ပရောဖက်မဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံကိုပေးသနည်းဟု မေးပြန်ကြ၏။
“Kwa mwanja namani wabatiza bai kati wenga wa Kristo kwaa wala Eliya wala nabii?”
26 ၂၆ ယောဟန်ကလည်း၊ ငါသည်ရေ၌ ဗတ္တိဇံကိုပေး၏။ သင်တို့အလယ်၌သင်တို့မသိသော သူတယောက် ရှိ၏။
Yohana kaayangwa kabaya, “Nabatiza kwa mase, Hata nyoo, nkati yinu atiyema mundu muntangite kwaa.
27 ၂၇ ထိုသူသည်ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါငါမထိုက်ဟုပြန်ပြော၏။
Aywoo nga aisa baada yango, Nenga nastahili kwaa kuilegeza gidamu ya ilatu yake.”
28 ၂၈ ယောဟန်သည်ဗတ္တဇံကိုပေးရာအရပ်၊ ယော်ဒန်မြစ်တဘက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။
Makowe aga gapangike Bethania, ng'ambo ya Yordani, pandu Yohana abile atibabatiza bandu.
29 ၂၉ နက်ဖြန်နေ့၌ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင် သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။
Lisoba lya naibele Yohana amweni Yesu aisa kwake kabaya, “Linga mwana ngondolo wa Nnongo ywaitola sambi ya dunia!
30 ၃၀ ငါမရှိမှီရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလို၏။
Aywoo nga ywembe ywa nilongela makowe gake natibaya, “Ywembe ywaisa kunchogo kwango nga nkolo kuliko nenga, kwa mana abile kabla yango.'
31 ၃၁ အစကထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗတ္တိဇံကိုပေးလျက်လာ၏။
Hata nenga nintangite kwaa ywembe, lakini ipangilwe nyoo ili aitambulishe mu'Israeli, naisile kwabatiza kwa mase.”
32 ၃၂ ထိုမှတပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူ သည်ကို ငါမြင်ရပြီ။
Yohana atishuhudia, “Namweni Roho kuoma kumaunde mpwano wa ua, ni abile nnani yake.
33 ၃၃ အစကထိုသူကိုငါမသိ။ ရေ၌ဗတ္တိဇံကိုပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏ အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကားသန့်ရှင်းသော ဝိညာဉ် တော်၌ ဗတ္တိဇံကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ။
Nenga nintangite kwaa lakini ywembe ywanitumile ili niabatize kwa mase anibakiye,'yolo ywabile lola Roho kauluka no tama nnani yake, Aywoo nga aabatiza kwa Roho Mtakatifu.'
34 ၃၄ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။
Namweni na kumshuhudia yolo nga Mwana wa Nnongo.”
35 ၃၅ တဖန်ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့နှင့် အတူရပ်နေ၍၊
Kae lisoba lyanaibele Yohana ayemi pamope ni anapunzi bake abele,
36 ၃၆ ယေရှုကြွတော်မူသည်ကိုမြင်လျှင်၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ဟုဆို၏။
bamweni Yesu katyanga ni Yohana kabaya, “Linga mwana ngondolo wa Nnongo!”
37 ၃၇ တပည့်နှစ်ယောက်တို့သည် ထိုစကားကိုကြားလျှင်၊ ယေရှုနောက်တော်သို့ လိုက်ကြ၏။
Anapunzi abele kaban'yowa Yohana kabaya aga kaban'yangwa Yesu.
38 ၃၈ ယေရှုသည်လှည့်၍ ထိုသူတို့ လိုက်ကြသည်ကိုမြင်တော်မူလျှင်၊ အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။ ထိုသူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက် ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။
Kae Yesu atikelebuka ni kuabona anapunzi balo bakinkengama, ni kabammakiya, “Mwapala namani? Kaban'yangwa, “Rabbi, (maana yake 'mwalimu,' utama kwaako?”
39 ၃၉ ယေရှုကလည်း လာ၍ကြည့်ကြလော့ဟု မိန့်တော်မူ၏။ ထိုသူတို့သည်သွား၍ နေတော်မူရာအရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီအချိန်ဖြစ်၍ မိုဃ်းချုပ်သည်တိုင်အောင် အထံတော်၌နေကြ၏။
Kaabakiya, “Muiche na mubweni, “Boka po kabayenda ni kubona pandu abile akitama, batitama pamope naywembe lisoba lelo, kwa mana ibile kati saa komi.
40 ၄၀ ယောဟန်၏စကားကိုကြား၍ နောက်တော်သို့ လိုက်သောသူနှစ်ယောက်တို့တွင် တယောက်ကား ရှိမုန် ပေတရုညီအန္ဒြပေတည်း။
Yumo nkati ya balo abele kaban'yowa Yohana kalongela ni boka po kankengama Yesu abile Andrea, nnuna wake Simoni Petro.
41 ၄၁ ထိုသူသည် မိမိအစ်ကို ရှိမုန်ကို ရှေးဦးစွာတွေ့လျှင်၊ ငါတို့သည် မေရှိကိုတွေ့ကြပြီဟု ပြောဆိုလျက်၊
Amweni nnongo bake Simoni ni kummakiya, “Tumweni masihi” (maana yake Kristo)
42 ၄၂ သူ့ကိုယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း။ ယေရှုသည် ထိုသူ ကိုကြည့်ရှု၍၊ သင်သည်ယောန၏သားရှိမုန်ဖြစ်၏ ကေဖအမည်သစ်ကို ရလတံ့ဟုမိန့်တော်မူ၏၊ ကေဖအနက် ကား ပေတရုဟုဆိုလိုသတည်း။
Atikunneta kwa Yesu. Yesu atikunlola ni kubaya, “Wenga wa Simoni mwana wa Yohana “wakemilwe Kefa,” (maana yake 'Petro')
43 ၄၃ နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ကြွခြင်းငှါ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့၍၊ ငါ့နောက်သို့ လိုက်လော့ ဟု မိန့်တော်မူ၏။
Lisoba lya isile palyo Yesu kabapala kuboka kuyendya Galilaya, ampatike Filipo no kum'bakiya, “Ngengame nenga.”
44 ၄၄ ဖိလိပ္ပုကား၊ အန္ဒြေနှင့်ပေတရုမွေးဘွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း။
Filipo ywabile mwenyeji wa Bethsaida mji wa Andrea ni Petro.
45 ၄၅ ဖိလိပ္ပုသည်နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက်တို့သည် သူတို့ကျမ်း ၌၎င်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သား ယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။
Filipo ampatike Nathanaeli ni kummakiya, Tuweni yolo ywaandikilwe habari zake mu saliya ya manabii. Yesu mwana wa Yusufu, kuoma Nazareti.
46 ၄၆ နာသနေလကလည်း၊ နာဇရက်မြို့ထဲက ကောင်းသောအရာတစုံတခုမျှ ထွက်နိုင်သလောဟုမေးလျှင်၊ ဖိလိပ္ပုက၊ လာ၍ကြည့်ပါဟုဆို၏။
Nathanieli kammakiya, “Je kilebe kinoite chalowa boka Nazareti?” Filipo kammakiya, Uiche ni ubone.”
47 ၄၇ နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သော ဣသရေလလူစစ်ကိုကြည့်လော့ဟု ထိုသူကိုအမှတ်ပြု၍ မိန့်တော်မူ၏။
Yesu amweni Nathanieli kaisa kwake nobaya, “Linga, mwisaeli ywa kweli abile kwaa ni ubocho nkati yake!
48 ၄၈ နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မှီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ရှိသည်ကို ငါ မြင်သည်ဟု ပြန်၍မိန့်တော်မူလျှင်၊
Nathanieli kammakiya “Unitangite kwaa nenga?” Yesu kayangwa ni kummakiya, “Kabla Filipo akukema kwaa paubile pae ya mtini, natikubona.”
49 ၄၉ အရှင်ဘုရား၊ ကိုယ်တော်သည် ဘရားသခင်၏သားတော်ဖြစ်တော်မူ၏၊ ဣသရေလလူတို့၏ ရှင်ဘုရင် လည်း ဖြစ်တော်မူ၏ဟု နာသနေလလျှောက်လေ၏။
Nathanieli kayangwa, “Rabbi wenga wa mwana wa Nnongo! wenga wa mpwalume wa Israeli”!
50 ၅၀ တဖန်ယေရှုက၊ သင်္ဘောသဖန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့် ယုံသလော။ ထိုမျှ မက သင်သည်သာ၍ ကြီးစွာသောအကြောင်းအရာကို မြင်လတံ့။
Yesu kayangwa ni kummakiya, kwa mana nikumakiye,'natikubona pae ya mtini' je waamini? walowa bona makowe makolo kuliko aga.”
51 ၅၁ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ဘုရား သခင်၏ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက်ရှိနေသည်ကို၎င်း၊ သင်တို့သည် မြင်ရကြလတံ့ဟု မိန့်တော်မူ၏။
Yesu kabaya, Amini amini naabakiya mwalowa kubona maunde gayongolilwe, ni kubona malaika kabaoboka ni uluka nnani ya mwana wa Adamu.”

< ယောဟန် 1 >