< ယောဟန် 3 >

1 ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲတယောက်သည်၊
la ni dinglime kange wi wo den cero Nicodemu, nii dur Yahuda.
2 ညဉ့်အခါ ယေရှုထံတော်သို့လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည်ပြတော်မူသော ဤနိမိတ် လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသောဆရာဖြစ်ကြောင်းကို သိကြပါ၏ဟုလျှောက်သော်၊
nii wo bow Yeecu nin ki kume la yico, “Rabbi, nyin nyumom mwin nii merangka wo bou kwama nine, wori nii kange mani wo ama diker nyimangkako mwi mane ri no kwama mani kange cori.”
3 ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါ အမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။
Yeecu ciya cinen, “bilenke, no cii bo nii takri, mani ci to liyar kwama ti”
4 နိကောဒင်ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်း ထဲသို့ တဖန်ဝင်၍မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။
Nicodimu yi co “ciya boten nii nyi ki kwama ci cirame? mani ca do mor fwiye nee ce ti kiritti yob naci bo ten co, can do wa?
5 ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။
Yeecu ciya,”bilenke, bilenke, no ci bo bo nii ki mwem kangi yuwa tangberi mani ci do liyar kwamak ti.
6 ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ် ဖြစ်၏။
wo cii bo mor nange ri nange, la wo cii bo mor yuwatangberi, yuwatenbe.
7 ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့်။
Niyimangde wori min yi nen miki tam nyo cia fulongum boka mweko.
8 လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်က ဖြစ်သည်၊ အဘယ်အရပ်သို့သွားသည်ကိုမသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့် တော်မူ၏။
yiwako ki cui fiye ci fobi, mwan nuwa diir cero, dila mwi nyombo fte cibow wiyeu kaka fiye ci yaken tiyeu. nyo kange nubo gwam wo ci bo co mor yiwu tangbeke.”
9 နိကောဒင်ကလည်း၊ ဤအမူအရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟု လျှောက်ပြန်လျှင်၊
Nicodimu ciya lan yi co “dikero wo a manyi?
10 ၁၀ တဖန်ယေရှုက၊ သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမူအရာကို မသိ သလော။
Yeecu ciya lan yi co “mwin nii meranka Icirailari durwal mwi nyombo digero wa?
11 ၁၁ ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကိုပြော၏၊ ကိုယ်မြင်သောအရာကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။
bilenke, bilengke ma yinenti tok ike nyi nyomeu, nyi nee to-e. di duwal kom yo bo warke nyeu.
12 ၁၂ မြေကြီးအရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ် သို့ ယုံကြလိမ့်မည်နည်း။
no min yi nen diker dor kalere mwi ne bo bilenke ri, mwa nee bilenke nyi no yinen dor diker dii kwama ri?
13 ၁၃ ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင် ဘုံသို့ မတက်ပြီ။
nii kange mani wo kwiken dii kwama no cum co wo yirau dii kwamari bi bwe nii fiye.
14 ၁၄ မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။
na wo ci yam kung bi bwe nii fiye dii,
15 ၁၅ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည်အကြောင်းတည်း။ (aiōnios g166)
ri la gwam wo nee bilenke atin fiye dume di riye. (aiōnios g166)
16 ၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။ (aiōnios g166)
kwama ciu kale wo ri cin neken bibwe ce wiin cuar, la wo ne bilenke cineneri mani a bwiya ti la wi ki lai dume diriri. (aiōnios g166)
17 ၁၇ လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။
kwama tungu bo bwew mor kalewo na kume dor bitinero dila na dor bitinero fiya fuloka fiye ci wiye
18 ၁၈ သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရား သခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏။
wo ne bilenke cine neri mani a bwiya ti, wo nebo bilenke cine neri, kweri bwiyam bwiya wiro ci nebo bilenke ki den bi bwe kwama ro wiin cuwareu.”
19 ၁၉ အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။
Won co dike bwi bolang filang ko bou dor bitiner, nubo cwi kuntacile la filang ko, wori nangen cero cile.
20 ၂၀ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။
No wo ma bwirang keri ko filang ko, bou bo filang nin wori nangen cero nungi yanglang.
21 ၂၁ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ညီသည်ကို ထင်ရှားစေခြင်းငှါ အလင်းသို့ချဉ်းကပ်သည်ဟု ဟောတော်မူ၏။
Bwen dwal nyiri, niwo ma bilenkeu, bou filang ko nin na nungi yang lang, nangen cero na kwama ce co mane.
22 ၂၂ ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ကျေးလက်သို့ ကြွတော်မူလျှင်၊ ထို အရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗတ္တိဇံကို ပေးလေ၏။
Bwikowo Yeesu kange bibei tomange ceu cuu biten Yahudiya, co yim wi lenger kange ci kange yuka mwengek kwamak.
23 ၂၃ ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ်၌ ရေများသောကြောင့်၊ ဗတ္တိဇံကိုပေး၍ နေသဖြင့်၊ လူများတို့သည်လာ၍ ဗတ္တိဇံကို ခံကြ၏။
Yuwanna yuu mwem ti Ainon bidom kange Salima wori mwembo bidom wi. Nubo bouti cinen con yuu cinen mwembo.
24 ၂၄ ယောဟန်သည်ထောင်ထဲသို့မရောက်သေး။
Fiya Yuwana ci tung bo furcuna bwiri.
25 ၂၅ ထိုအခါယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု၍ ယုဒလူနှင့်ဆွေးနွေးငြင်းခုံခြင်း ရှိကြသဖြင့်၊
Kwalkang ke kweni tiber bibei tomange Yuwana kange Yahudawa, ker maka duklumek.
26 ၂၆ ယောဟန်ထံသို့လာ၍၊ အရှင်ဘုရား၊ ယော်ဒန်မြစ်တဘက်၌ ကိုယ်တော်နှင့်တကွရှိ၍၊ ကိုယ်တော် သက်သေပေးသောသူသည် ဗတ္တိဇံကိုပေးလျက်နေ၏။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏ဟု လျှောက်လျှင်၊
Cin ya Yuwana nin cin yi co ki, “nii merangka, nii wuro kange mweu dinge kon caji Jordaneu dor we? mo ware, too, co yuu mwem ti, takeu gwam ci yaken ti ci nin.
27 ၂၇ ယောဟန်က၊ ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် အဘယ်အရာကိုမျှမခံနိုင်ရာ။ ငါသည် ခရစ်တော်မဟုတ်။
Yuwana kari, “Nii mani a yoo kange diger ti, tano ci ne co dii kwamari.”
28 ၂၈ ခရစ်တော်ရှေ့၌စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။
Mo ki bwimi mwan wari, man toki ma kebo Kiristi', dila cin twomou ye nimde co.
29 ၂၉ မင်္ဂလာဆောင်သတို့သမီးကိုရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ်၏။ မင်္ဂလာဆောင်လုလင်၏ အနားမှာနေ၍ သူ၏စကားကိုကြားရသော အဆွေခင်ပွန်းသည် ထိုစကားသံကိုကြားသောအားဖြင့် ဝမ်းမြောက် ခြင်းရှိ၏။ ထိုနည်းတူ ငါ၏ဝမ်းမြောက်ခြင်း ပြည့်စုံ၏။
Bine ki nii bine, dila fakuwe nii bineu wo ti nuwa ceu, bilange ducce ki dir nii binero, wuro, co bilangtum mimbo kambo ken.
30 ၃၀ ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်။
Ca yokten miu man yiram.
31 ၃၁ အထက်မှလာသောသူသည် အလုံးစုံတို့၏ အထွဋ်ဖြစ်၏။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့် စပ်ဆိုင်၍ မြေကြီးအရာကိုပြောတတ်၏။ ကောင်းကင်ဘုံမှကြွလာသောသူသည် အလုံးစုံတို့၏အထွဋ်ဖြစ်တော် မူ၏။
Nii wo bou diyeu, la gwam. Nii wo dor bitenereu, ki no dorbitinerer, tok diger ti dor, dorbitinere. Nii wo bou dii kwamau la gwam.
32 ၃၂ မြင်သမျှကြားသမျှတို့ကိုလည်း သက်သေခံတော်မူ၏။ ထိုသက်သေခံချက်ကို အဘယ်သူမျှမခံမယူ၊
Co war kerti dor digero co toweu kange co nuwau, dila kange man wo ciya warke ceu.
33 ၃၃ သက်သေခံတော်မူချက်ကို ခံယူသောသူသည်ကား၊ ဘုရားသခင်သည် သစ္စာစောင့်တော်မူသည်ဟု တံဆိပ်ခတ်၏။
Nii wo ciya warkeceu, co nungi kwama nii bilenker.
34 ၃၄ ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ ထိုသူ အား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည် မရှိဘဲ ပေးတော်မူ၏။
La nii wo kwama tun ceu tok ker kwamar ti. Co nebo yuwa tangbe ki cuwaka.
35 ၃၅ ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍၊ ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့ အပ်ပေး တော်မူပြီ။
Tee cwi bi bwece, neken co digero gwam kang cak.
36 ၃၆ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။ (aiōnios g166)
Nii wo ne bilenke ki bweri, dume na ce, nii wo nuwabo bweri mani ca to dume ti, cwika kwama ko a yii kange co. (aiōnios g166)

< ယောဟန် 3 >