< ယောဟန် 21 >

1 တဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူကား၊
tataḥ paraṁ tibiriyājaladhēstaṭē yīśuḥ punarapi śiṣyēbhyō darśanaṁ dattavān darśanasyākhyānamidam|
2 ရှိမုန်ပေတရုနှင့်ဒိဒုမုဟုအမည်ရှိသော သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏ သားနှစ်ယောက်၊ အခြားသောတပည့်တော်နှစ်ယောက်တို့သည် အတူရှိကြ၏။
śimōnpitaraḥ yamajathōmā gālīlīyakānnānagaranivāsī nithanēl sivadēḥ putrāvanyau dvau śiṣyau caitēṣvēkatra militēṣu śimōnpitarō'kathayat matsyān dhartuṁ yāmi|
3 ရှိမုန်ပေတရုက၊ ကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်းလိုက်မည်ဟု ပြောဆိုသည်နှင့်ထွက်သွားကြ၏။ ချက်ခြင်းလှေထဲသို့ဝင်၍ ထိုညဉ့်တွင် တကောင်ကိုမျှမရကြ။
tatastē vyāharan tarhi vayamapi tvayā sārddhaṁ yāmaḥ tadā tē bahirgatāḥ santaḥ kṣipraṁ nāvam ārōhan kintu tasyāṁ rajanyām ēkamapi na prāpnuvan|
4 နံနက်ရောက်သောအခါ ယေရှုသည်ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ။
prabhātē sati yīśustaṭē sthitavān kintu sa yīśuriti śiṣyā jñātuṁ nāśaknuvan|
5 ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစုံတခုရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။
tadā yīśurapr̥cchat, hē vatsā sannidhau kiñcit khādyadravyam āstē? tē'vadan kimapi nāsti|
6 တဖန်ယေရှုက၊ လှေလက်ျားဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူ သည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍များစွာသောငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုဆွဲ၍မရနိုင်။
tadā sō'vadat naukāyā dakṣiṇapārśvē jālaṁ nikṣipata tatō lapsyadhvē, tasmāt tai rnikṣiptē jālē matsyā ētāvantō'patan yēna tē jālamākr̥ṣya nōttōlayituṁ śaktāḥ|
7 ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအားပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။
tasmād yīśōḥ priyatamaśiṣyaḥ pitarāyākathayat ēṣa prabhu rbhavēt, ēṣa prabhuriti vācaṁ śrutvaiva śimōn nagnatāhētō rmatsyadhāriṇa uttarīyavastraṁ paridhāya hradaṁ pratyudalamphayat|
8 အခြားသော တပည့်တော်တို့သည် ကမ်းနှင့်မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍၊ ငါးများ နှင့်ပိုက်ကွန်ကို ဆွဲငင်လျက်လှေစီး၍ လာကြ၏။
aparē śiṣyā matsyaiḥ sārddhaṁ jālam ākarṣantaḥ kṣudranaukāṁ vāhayitvā kūlamānayan tē kūlād atidūrē nāsan dviśatahastēbhyō dūra āsan ityanumīyatē|
9 ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသောငါးကို၎င်း၊ မုန့်ကို၎င်းတွေ့မြင်ကြ၏။
tīraṁ prāptaistaistatra prajvalitāgnistadupari matsyāḥ pūpāśca dr̥ṣṭāḥ|
10 ၁၀ ယေရှုကလည်း၊ ယခုရသောငါးအချို့ကို ယူခဲ့ကြဟုမိန့်တော်မူ၏။
tatō yīśurakathayad yān matsyān adharata tēṣāṁ katipayān ānayata|
11 ၁၁ ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍၊ ငါးကြီးတရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက် ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏။
ataḥ śimōnpitaraḥ parāvr̥tya gatvā br̥hadbhistripañcāśadadhikaśatamatsyaiḥ paripūrṇaṁ tajjālam ākr̥ṣyōdatōlayat kintvētāvadbhi rmatsyairapi jālaṁ nāchidyata|
12 ၁၂ ယေရှုကည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့် တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်နည်းဟူ၍ တစုံတယောက်မျှမမေးမလျှောက်ဝံ့ကြ။
anantaraṁ yīśustān avādīt yūyamāgatya bhuṁgdhvaṁ; tadā saēva prabhuriti jñātatvāt tvaṁ kaḥ? iti praṣṭuṁ śiṣyāṇāṁ kasyāpi pragalbhatā nābhavat|
13 ၁၃ ယေရှုသည် လာ၍မုန့်နှင့်ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ၏။
tatō yīśurāgatya pūpān matsyāṁśca gr̥hītvā tēbhyaḥ paryyavēṣayat|
14 ၁၄ ထိုပြတော်မူခြင်းကား၊ ယေရှုသည်သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။
itthaṁ śmaśānādutthānāt paraṁ yīśuḥ śiṣyēbhyastr̥tīyavāraṁ darśanaṁ dattavān|
15 ၁၅ နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ် ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။
bhōjanē samāptē sati yīśuḥ śimōnpitaraṁ pr̥ṣṭavān, hē yūnasaḥ putra śimōn tvaṁ kim ētēbhyōdhikaṁ mayi prīyasē? tataḥ sa uditavān satyaṁ prabhō tvayi prīyē'haṁ tad bhavān jānāti; tadā yīśurakathayat tarhi mama mēṣaśāvakagaṇaṁ pālaya|
16 ၁၆ တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုး တို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။
tataḥ sa dvitīyavāraṁ pr̥ṣṭavān hē yūnasaḥ putra śimōn tvaṁ kiṁ mayi prīyasē? tataḥ sa uktavān satyaṁ prabhō tvayi prīyē'haṁ tad bhavān jānāti; tadā yīśurakathayata tarhi mama mēṣagaṇaṁ pālaya|
17 ၁၇ ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။
paścāt sa tr̥tīyavāraṁ pr̥ṣṭavān, hē yūnasaḥ putra śimōn tvaṁ kiṁ mayi prīyasē? ētadvākyaṁ tr̥tīyavāraṁ pr̥ṣṭavān tasmāt pitarō duḥkhitō bhūtvā'kathayat hē prabhō bhavataḥ kimapyagōcaraṁ nāsti tvayyahaṁ prīyē tad bhavān jānāti; tatō yīśuravadat tarhi mama mēṣagaṇaṁ pālaya|
18 ၁၈ ငါအမှန်အကန်ဆိုသည်ကား၊ ဥင်သည်ပျိုသော အသက်ရှိစဉ်ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဘက်ကိုဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။
ahaṁ tubhyaṁ yathārthaṁ kathayāmi yauvanakālē svayaṁ baddhakaṭi ryatrēcchā tatra yātavān kintvitaḥ paraṁ vr̥ddhē vayasi hastaṁ vistārayiṣyasi, anyajanastvāṁ baddhvā yatra gantuṁ tavēcchā na bhavati tvāṁ dhr̥tvā tatra nēṣyati|
19 ၁၉ တိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန်၏။
phalataḥ kīdr̥śēna maraṇēna sa īśvarasya mahimānaṁ prakāśayiṣyati tad bōdhayituṁ sa iti vākyaṁ prōktavān| ityuktē sati sa tamavōcat mama paścād āgaccha|
20 ၂၀ ယေရှုချစ်တော်မူ၍ အထက်က ညစာစားသောအခါ၌ ရင်တော်ကိုမှီ၍လျောင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသောသူကားအဘယ်သူနည်းဟု မေးသောတပည့်တော်သည်လည်း နောက်တော်သို့ လိုက် သည်ကို ပေတရုသည်လှည့်၍မြင်လျှင်၊
yō janō rātrikālē yīśō rvakṣō'valambya, hē prabhō kō bhavantaṁ parakarēṣu samarpayiṣyatīti vākyaṁ pr̥ṣṭavān, taṁ yīśōḥ priyatamaśiṣyaṁ paścād āgacchantaṁ
21 ၂၁ သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊
pitarō mukhaṁ parāvarttya vilōkya yīśuṁ pr̥ṣṭavān, hē prabhō ētasya mānavasya kīdr̥śī gati rbhaviṣyati?
22 ၂၂ ယေရှုက၊ ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ် သို့ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
sa pratyavadat, mama punarāgamanaparyyantaṁ yadi taṁ sthāpayitum icchāmi tatra tava kiṁ? tvaṁ mama paścād āgaccha|
23 ၂၃ ထိုစကားတော်ကိုထောက်လျှင်၊ ညီအစ်ကိုတို့က၊ ထိုတပည့်တော်သည် မသေရဟုအနှံ့အပြား ပြောဆို ကြ၏။ သို့သော်လည်း ထိုသူသည်မသေရဟု ယေရှုမိန့်တော်မူသည်မဟုတ်။ ငါကြွလာသည် ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင်သင်သည် အဘယ်သို့ဆိုင်သနည်းဟု မိန့်တော်မူသတည်း။
tasmāt sa śiṣyō na mariṣyatīti bhrātr̥gaṇamadhyē kiṁvadantī jātā kintu sa na mariṣyatīti vākyaṁ yīśu rnāvadat kēvalaṁ mama punarāgamanaparyyantaṁ yadi taṁ sthāpayitum icchāmi tatra tava kiṁ? iti vākyam uktavān|
24 ၂၄ ထိုတပည့်တော်ကား၊ ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူဖြစ်၏။
yō jana ētāni sarvvāṇi likhitavān atra sākṣyañca dattavān saēva sa śiṣyaḥ, tasya sākṣyaṁ pramāṇamiti vayaṁ jānīmaḥ|
25 ၂၅ သူ၏သက်သေခံချက်မှန်သည်ကို ငါတို့သိကြ၏။ ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ၏။
yīśurētēbhyō'parāṇyapi bahūni karmmāṇi kr̥tavān tāni sarvvāṇi yadyēkaikaṁ kr̥tvā likhyantē tarhi granthā ētāvantō bhavanti tēṣāṁ dhāraṇē pr̥thivyāṁ sthānaṁ na bhavati| iti||

< ယောဟန် 21 >