< ယောဟန် 20 >

1 ခုနစ်ရက်တွင် ပဌမနေ့ရက်၊ မိုဃ်းမလင်းမှီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကိုမြင်လျှင်၊
Now on the first day of the week, Mary Magdalene went early, while it was still dark, to the tomb, and saw the stone taken away from the tomb.
2 ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို၏။
Therefore she ran and came to Simon Peter, and to the other disciple whom Jesus loved, and said to them, "They have taken away the Lord out of the tomb, and we do not know where they have put him."
3 ထိုအခါပေတရုနှင့် အခြားသော တပည့်တော်သည်ထွက်၍ သင်္ချိုင်းတော်သို့သွားကြ၏။
Therefore Peter and the other disciple went out, and they went toward the tomb.
4 ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကိုလွန်၍ သင်္ချိုင်းတော်သို့ အရင်ရောက်သည်ရှိသော်၊ ငုံ့၍ကြည့်သဖြင့်၊
They both ran together. The other disciple outran Peter, and came to the tomb first.
5 ပိတ်ပုဆိုးရစ်သည်ကိုမြင်လျှင်၊ မဝင်ဘဲနေ၏။
Stooping and looking in, he saw the linen cloths lying, yet he did not enter in.
6 ရှိမုန်ပေရုသည်နောက်သို့လိုက်၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင်၊ ပိတ်ပုဆိုးရှိရစ်သည်ကို၎င်း၊
Then Simon Peter came, following him, and entered into the tomb. He saw the linen cloths lying,
7 ခေါင်းတော်၌ရှိသောပုဝါသည် ပိတ်ပုဆိုးနှင့်အတူမရှိဘဲ တခြားစီလိပ်လျက်ရှိသည်ကို၎င်း မြင်လေ၏။
and the cloth that had been on his head, not lying with the linen cloths, but rolled up in a place by itself.
8 ထိုအခါသင်္ချိုင်းတော်သို့ အရင်ရောက်သောအခြားတပည့်တော်သည် ဝင်၍မြင်သဖြင့် ယုံလေ၏။
So then the other disciple who came first to the tomb also entered in, and he saw and believed.
9 ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည် ကြသေး။
For as yet they did not know the Scripture, that he must rise from the dead.
10 ၁၀ နောက်မှထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။
So the disciples went away again to their own homes.
11 ၁၁ မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ၍တွင်းထဲသို့ကြည့်လျှင်၊
But Mary was standing outside at the tomb weeping. So, as she wept, she stooped and looked into the tomb,
12 ၁၂ ကောင်းကင်တမန်နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော် လျောင်း ရာအရပ်၊ ခေါင်းရင်း၌တပါး၊ ခြေရင်း၌တပါး ထိုင်ကြသည်ကိုမြင်လေ၏။
and she saw two angels in white sitting, one at the head, and one at the feet, where the body of Jesus had lain.
13 ၁၃ ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွား ကြပြီ။ အဘယ်မှာထားကြသည်ကို မသိပါဟုပြောဆို၏။
They told her, "Woman, why are you weeping?" She said to them, "Because they have taken away my Lord, and I do not know where they have put him."
14 ၁၄ ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ် တော်မူသည်ကိုမသိ။
When she had said this, she turned around and saw Jesus standing, and did not know that it was Jesus.
15 ၁၅ ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော် မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။
Jesus said to her, "Woman, why are you weeping? Who are you looking for?" She, supposing him to be the gardener, said to him, "Sir, if you have carried him away, tell me where you have put him, and I will take him away."
16 ၁၆ ယေရှုကလည်း၊ မာရိဟုခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။
Jesus said to her, "Mary." She turned and said to him in Hebrew, "Rabboni." which is to say, "Teacher."
17 ၁၇ ယေရှုကလည်း၊ ငါ့ကိုမဘက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ၊
Jesus said to her, "Do not touch me, for I have not yet ascended to the Father; but go to my brothers, and tell them, 'I am ascending to my Father and your Father, to my God and your God.'"
18 ၁၈ မာဂဒလမာရိသည် သွား၍မိမိသည် သခင်ကိုတွေ့မြင်သည်ကို၎င်း၊ ထိုသို့မိန့်တော်မူသည်ကို၎င်း၊ တပည့်တော်တို့အားကြားပြောလေ၏။
Mary Magdalene came and told the disciples, "I have seen the lord," and that he had said these things to her.
19 ၁၉ ခုနစ်ရက်တွင် ပဌမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။
When therefore it was evening, on that day, the first day of the week, and when the doors were locked where the disciples were, for fear of the Jewish leaders, Jesus came and stood in the midst, and said to them, "Peace be to you."
20 ၂၀ ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့်နံဖေးတော်ကိုပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။
When he had said this, he showed them his hands and his side. The disciples therefore were glad when they saw the Lord.
21 ၂၁ တဖန်ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည် နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊
Jesus therefore said to them again, "Peace be to you. As the Father has sent me, even so I send you."
22 ၂၂ ထိုသူတို့အပေါ်၌ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့။
When he had said this, he breathed on them, and said to them, "Receive the Holy Spirit.
23 ၂၃ အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင်၊ ထိုသူသည် အပြစ်လွှတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏ဟု မိန့်တော်မူ၏။
Whoever's sins you forgive, they are forgiven them. Whoever's sins you retain, they have been retained."
24 ၂၄ ထိုသို့ ယေရှုသည်ကြွလာတော်မူသောအခါ တမန်တော်တကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟုအမည်ရှိသော သောမသည်ထိုတပည့်တော်တို့နှင့်အတူမရှိ။
But Thomas, one of the twelve, called Didymus, was not with them when Jesus came.
25 ၂၅ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည်သခင်ကို မြင်ရကြပြီဟု သောမအားပြောဆိုကြလျှင်၊ သောမက၊ လက်တော်၌သံရိုက်ရာချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို၏။
The other disciples therefore said to him, "We have seen the Lord." But he said to them, "Unless I see in his hands the mark of the nails, and put my finger into the mark of the nails, and put my hand into his side, I will not believe."
26 ၂၆ ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျှက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေ သတည်းဟု မိန့်တော်မူ၏။
After eight days again his disciples were inside, and Thomas was with them. Jesus came, the doors being locked, and stood in the midst, and said, "Peace be to you."
27 ၂၇ ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။
Then he said to Thomas, "Put your finger here, and observe my hands. Reach out your hand, and put it into my side; and do not be unbelieving, but believing."
28 ၂၈ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။
Thomas answered and said to him, "My Lord and my God."
29 ၂၉ ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။
Jesus said to him, "Because you have seen me, you have believed. Blessed are those who have not seen, and have believed."
30 ၃၀ ဤကျမ်းစာ၌ ရေး၍မထားသောအခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည်တပည့်တော်တို့ မျက်မှောက်၌ပြတော်မူ၏။
Therefore Jesus did many other signs in the presence of his disciples, which are not written in this book;
31 ၃၁ ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို သင်တို့သည် ယုံ မည်အကြောင်း၊ ထိုသို့ယုံ၍နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း။
but these are written, that you may believe that Jesus is the Christ, the Son of God, and that believing you may have life in his name.

< ယောဟန် 20 >